Subscribe to our RSS Feed

လိုင်ဇာကို မည်သည့်အကြောင်းနှင့်မှ လေကြောင်းဖြင့် တိုက်ခိုက်မည် မဟုတ်

From : http://www.oppositeyes.info/2012/12/blog-post_4113.html


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၀ တွင် တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ် တစ်ပြည်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေ တစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင် ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဆောင် ရွက်နိုင်စွမ်း မရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းက တင်ပြ လျှင်သော် လည်း ကောင်း နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင် စီနှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာတည်သည့်  အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေငြာနိုင် သည်ဟု ဖော်ပြပါရှိသည်။

ဒါ့ပြင် ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် သမ္မတက စစ်အုပ်ချုပ်ရေး သတ်မှတ် တာ၊ ကာချုပ်ရဲ့ လုပ်ပိုင်ခွင့် သတ်မှတ်ပေးတာ၊ ကာချုပ်ကလည်း ထိုလုပ်ပိုင်ခွင့်နှင့် တာဝန်တွေ ကို မိမိကိုယ်တိုင် (သို့) စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို လွှဲပေးတာတွေ ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါ တယ်။

ဒီတော့ ကချင်ပြည်နယ်မှာ ထိုးစစ် မဆင်ဖို့ကို သမ္မတကြီး ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တဲ့ တပ်မတော်၊ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ကာကွယ်ပါ့မယ်လို့ မိန့်ခွန်းပြောကြားခဲ့ဖူးတဲ့ ကာချုပ်တို့ဟာ ဒီနေ့ တိုက်ပွဲတွေ ဆင်နွှဲေ န ဖို့ကို ပြည်တွင်းက အမိန့်တစ်စုံတစ်ရာ မရဘဲ ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူး။ အခု မီဒီယာတွေက သတင်း ထုတ်ပြန်နေတာက လိုတာထက်ကို ပိုပြီး များနေတာ အမှန်ပါ။ ကချင်ပြည်နယ်မှာ မိုင်းထောင်၊ ဗုံး ခွဲ၊ ရဲစခန်း ၀င်စီးတာတွေ လုပ်နေတုန်းက သုံးသပ်ချက်မထုတ်ခဲ့တဲ့ မီဒီယာတွေက အခုမှ ကေအိုင်အေနဲ့ အတူ လေကြောင်း စစ်ဆင်မှုတွေ လုပ်နေပါပြီဆိုပြီး သတင်းတွေ ထုတ်ပြန်နေတာဟာ တိုင်းပြည်ရဲ့ တည်ငြိမ်ေ အးချမ်း မှုကို ဖျက်ဆီးနေသလိုပါပဲ။

လက်ရှိအချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်က ကျောင်းဆင်းပွဲတွေ၊ တပ်စစ်ဆေးတာတွေကို ပုံမှန်အတိုင်း လုပ် ဆောင်နေတယ်။ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လုပ်ေ ဆာင် နေတယ်။ နယ်စပ် စခန်းတွေမှာ အခြေချနေတဲ့ စစ်သားတွေ ငတ်နေတာလည်း ကြာခဲ့ပြီ။ တပ်အလဲ အပြောင်း၊ ရိက္ခာပို့၊ လူနာသယ် အုပ်ချုပ်မှု ကိစ္စတွေကလည်း တပ်မတော်ရဲ့ ပုံမှန် လုပ်ရိုး လုပ် စဉ် ကိစ္စပါ။ လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ကွဲပြားတာကတော့ အပစ်ရပ်ဖို့ အမိန့်နဲ့ တိုက်ပွဲ မဖန်တီးဘဲ အုပ်ချုပ် မှု ကိစ္စကို လုပ်ရတာမို့ အင်အား ရာကျော်နဲ့ ၀ိုင်းပတ် ခြုံခိုတတ်တဲ့ ကေအိုင်အေရဲ့ မြေပြင်ကို ကင်းထော က်ဖို့ အတွက်ပါပဲ။ လက်နက်ကြီးတွေ မသုံးချင်တဲ့အတွက် အမောင်းသင် လေယာဉ်သုံးတယ်။ ကင်းလှည့် သဘောဆောင်ပြီး ပျံသန်းတယ်။ လိုအပ်တယ်ထင်တဲ့ နေရာတွေကို ခြောက်လှန့်ပစ်ခတ်တယ်။ ဒါမှလည်း အုပ်ချုပ်မှုကိစ္စကို အန္တရာယ်ကင်းကင်း ဆောင်ရွက်နိုင်မှာပါ။
ကွန်ပျူတာ တစ်လုံး ကိုင်ယုံဖြင့် လိုင်ဇာမြို့ မီးဟုံးဟုံးတောက်မလို ၀ါဒဖြန့်ကြပုံ(၁)
နိုင်ငံတစ်ခုရဲ့ တပ်မတော် အနေနဲ့ ပြည်သူတွေ ရှိနေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခွင့် မရှိပါ ဘူး။ အထူးသဖြင့် လေကြောင်းက စစ်ဆင်တိုက်ခိုက်မှုမျိုး ပြုလုပ်တာမျိုး လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအချိန် မှာ ကေအိုင်အေက ဒီဗွီဘီနဲ့ပေါင်းပြီး လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်လာပြီ ဆိုပြီး ၀ါဒဖြန့် တယ်။ ဦးလနန်တို့၊ လဆိုင်းတို့က ထပ်ဆင့်အသံလွှင့်ပေးကြတယ်။ အဆုံးသတ်ကတော့ ကေအိုင်အေ ခေါင်းေ ဆာင် များက ဒုက္ခသည်တွေကို စုပြီး ခုခံဖို့ ပြင်လာတာပါပဲ။
ကတုတ်ကျင်းထဲမှ ကင်မရာ ကိုင်ကာ ကိုယ့်စခန်း ကိုယ်ကျင်းတူးပြီး ဗုံးကြဲသယောင် လုပ်မည့် ကေအိုင်အေ

လဂျားယန်ဒေသဟာ တပ်မတော်ရဲ့ အမြောက် စခန်းတွေအားလုံးနဲ့ အနီးဆုံးပါ။ လဂျားယန် တစ်ဝိုက်က ကေအိုင်အေ စခန်းတွေကို တိုက်မယ်ဆိုရင် သာမန်တွေးယုံနဲ့ လက်နက်ကြီး ပစ်ကူယူမယ်။ လက်နက်ကြီးနဲ့ အရင်ေ ချမှုန်းပြီး ခြေလျင်တပ်တွေက ၀င်သိမ်းမယ်။ ဒါက တိုက်ပွဲ လုပ်ငန်းစဉ်ပါပဲ။ အခု ဖြစ်ပေါ်နေတဲ့ သတင်း တွေအရ တိုက်ပွဲဖြစ်တဲ့ နေရာတွေက စခန်းသိမ်း မဟုတ်ဘဲ ရိက္ခာပို့ လမ်းကြောင်းတွေမှာ ဖြတ်ေ တာက် တိုက် ခိုက်ခြင်းခံနေရတာကို တွေ့ရမှာပါ။
ကွန်ပျူတာ တစ်လုံး ကိုင်ယုံဖြင့် လိုင်ဇာမြို့ မီးဟုံးဟုံးတောက်မလို ၀ါဒဖြန့်ကြပုံ(၂)

လဂျားယန်ကို ကျော်ပြီး လိုင်ဇာကို လေယာဉ်နဲ့ ဗုံးကြဲဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘေးပတ်လည်မှာ ကေအိုင်အေ စခန်းတွေ ရှိနေတဲ့အတွက် အဲဒီစခန်းတွေကို အရင်သိမ်းပိုက်ရမယ်ဆိုတာ စစ်ပွဲအကြောင်း နည်း နည်းလောက် နားလည်ရင်ကိုပဲ သဘောပေါက်မှာပါ။နောက်ပြီး တရုတ်ပြည်ထဲကို တစ်ခြမ်းေ ရာက်ေ နတဲ့ လိုင်ဇာကို ဘယ်နည်းနဲ့မှ လေကြောင်းသုံးပြီး တိုက်လို့ မရပါဘူး။ အဆုံးစွန်ဆုံး လုပ်ရင်တောင် ဘေးပတ် လည် တောင်ကုန်းတွေကို စိုးမိုးပြီး ကေအိုင်အေကို ခြိမ်းခြောက်ယုံလောက်ပဲ ရှိမှာမို့ မီဒီယာ များ က လေကြောင်းမှ တိုက်ခိုက်မယ် ဆိုတဲ့ သတင်းတွေကို ကေအိုင်အေအကြိုက် ၀ါဒဖြန့်ဖို့ လုံးဝကို မလိုအပ် တာပါ။

အင်အား ၁၂၀ လောက်ရှိတဲ့ တပ်ရင်းတစ်ရင်းနဲ့ အင်အား ၄၀၀ ကေအိုင်အေတို့ ထိတွေ့တိုက်ပွဲ ဖြစ်တယ် ဆိုရင် တပ်ရင်းအဆင့်လက်နက်တွေရဲ့ ပစ်ခတ်သံဟာ ၅ မိုင်ပတ်လည် အတွင်း ကောင်းကောင်း ကြားနိုင် ပါ တယ်။ ပေါက်ကွဲသံတွေ၊ မီးခိုးတွေကိုလည်း ကေအိုင်အေ စခန်းတွေက တစ်ဆင့် ကောင်းကောင်း မြင်နိုင် ပါ တယ်။ အခုလက်ရှိမှာ လေယာဉ်ပျံနေတာနဲ့ မီးခိုး တစ်လုံးထွက်တာလောက်ကို တိုက်ပွဲကြီး ပါဆိုပြီး အသံလွှင့် နေတာတွေက မီဒီယာတိုက်ပွဲ အသွင်ဆောင်နေပါပြီ။ တကယ်ဆို အခုအချိန်မှာ မီဒီယာ များအနေ နဲ့ကော၊ ပြည်သူများ အနေဖြင့်ပါ စိုးရိမ်စိတ်တိုးပွားစေတဲ့ မဟုတ်မမှန် ၀ါဒဖြန့်တာတွေကို ရှင်း လင်းပြဖို့က အကောင်းဆုံး ပါပဲ။
 
 
 
 www.MyanmarExpress.net
 

5 comments:

ကေအိုင်အေကို အမြစ်ပြတ် ချေမှုန်းပါဆိုတဲ့စကားကို တင်းပြည့်ကျပ်ပြည့် မထောက်ခံပါဘူး။ ကေအိုင်အေထဲမှာ ပြန်မပြောရဲလို့ ခေါင်းငုံ့နေရတဲ့ ကချင်တွေ၊ ရှမ်းတွေ အများကြီး ရှိနေပါတယ်။ တကယ့်ပြသနာကောင် အစစ်တွေက ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းအုပ်စုပါ။

ဒီကောင်တွေကို ရှင်းပစ်လိုက်တာနဲ့တင် တော်တော်များများ ပြေလည်သွားပါလိမ့်မယ်။

ဂမ်ရှောင်၊ဂွမ်မော် တို့ကို ရှင်းပစ်ဖို့ပြောတာကို ထောက်ခံပါတယ်။

ကေအိုင်အေ ထဲမှာ ချောင်ပိတ်မိနေတဲ့ ကချင်နဲ့ ရှမ်းညီအစ်ကိုများ ခင်ဗျား...
ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းတွေကြောင့် ဒီစစ်ကြီး ကြာနေတာပါ။ သူတို့တွေ အသက်ရှင်နေသရွေ့ ကချင်နဲ့ ရှမ်းတွေ၊ ဗမာနဲ့တခြားတိုင်းရင်းသားတွေ သေပေးကြရပါဦးမယ်။ ဒုက္ခခံကြရပါဦးမယ်။

အစိုးရအနေနဲ့ကတော့ ဒီလိုတဇောက်ကန်းတွေကို ရှင်းဖို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ လုပ်လို့မရပါဘူး။ကေအိုင်အေထဲက ညီအစ်ကိုတွေ လုပ်မှပဲ ရမှာပါ။

သေသေချာချာ စဉ်းစားကြပါခင်ဗျား။ အများကြီးသေ၊ အများကြီးဒုက္ခရောက်နေတာကို အဖြစ်ခံမလား။ တဇောက်ကန်းတွေကို ရှင်းပြီး ဇာတ်လမ်းဖြတ်လိုက်မလား။

. . .

ကြားတယ်နော်...လာနန်။မင်းတို့ဝါဒဖြန့်ဘို့လုပ်နေတဲ့ဓါတု လက်နက်တွေကိုမြန်မာစစ်တပ်ကသုံးနေပါတယ်ဆိုတဲ့ပုံ ပြင်လေးကိုပြန်စဉ်းစားလိုက်အုံး။တော်ကြာနဂိုကမှမရှိတဲ့ သိက္ခာတွေမြောင်းထဲထပ်ရောက်သွားအုံးမယ်။စေတနာနဲ့ ပြောတာ...သဘောပေါက်သားကြီး။

သတင်း မီ ဒီ ယာ စာ စောင် တွေ ဒီ ပုံ စံ တာ ဆက် လုပ် နေ ရင် မင်း တို့ သတင်း ထောက် တွေ ကို ရိုက် ပစ် မယ် စောင့် ကြည့် ပါ

ပြည်သူလူထုရှိတဲ့နေရာကိုတပ်ကဘယ်တော့မှဗုံးမကြဲဘူး.လဂျားယန်ကိုတပ်မတော်ကသိမ်းထားပြီးပြီ။စစ်ရေးအမြင်နဲ့ပြောရင်လဂျားယန်ကလိုင်ဇာကိုစိတ်တိုင်းကျလက်နက်ကြီးနဲ့DIRECT HITပစ်လို့ရတဲ့စိုးမိုးကုန်း။မြေပြင်ကြည့်ပြီးမျက်စိမှိတ်ပစ်ခတ်ချေမှုန်းလို့ရတယ်။ဒုက္ခသည်ပြည်သူတွေအထိနာမှာကြောင့်ချင့်ချိန်နေတာကိုသဘောပေါက်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်