Subscribe to our RSS Feed

တစ်ဖက်နိုင်ငံမှ နေ၍ ကချင်ပြည်နယ်တွင်း စစ်ပွဲများ ဖန်တီးနေသော ကေအိုင်အို ခေါင်းဆောင်များ

From : http://www.oppositeyes.info/2012/12/blog-post_7787.html

ယခု ဒီဇင်ဘာလ အတွင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ KIO နှင့်ငြိမ်းချမ်းရေး ဆွေးနွေးမည့်စာကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပေးပို့သည်၊ မြောက်ပိုင်းတိုင်း တိုင်းမှူးမှ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်လိုသဖြင့် ကေအိုင်အေတပ်များ နောက်ဆုတ်ပေးရန် အကြောင်းကြားစာအား ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ တစ်ဆင့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။ အချိန်မရွေး စစ်ဆင်နွှဲ နိုင်သော အင်အားရှိသည့် တပ်မတော်နှင့် နိုင်ငံအစိုးရ ၀န်ကြီးတို့၏ သဘောထားများကို အင်အား မတန်ဘဲ ကေအိုင်အေ မည်သည့် အတွက် ဆန့်ကျင်သနည်း။
ကြိုးဆွဲရာကရသော ဂွမ်မော်
သမ္မတမှ နေပြည်တော်သို့ လာရောက်ရန် အာမခံပေး၍ ဖိတ်ခေါ်ခဲ့သော်လည်း ကေအိုင်အေမှ ငြင်းဆန် ကာ တရုတ်ပြည်ထဲတွင် တွေ့ဆုံရန် ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ကို ဆုံးဖြတ်နိုင် မည့် အစည်းအဝေးသို့လည်း ကေအိုင်အေ စစ်ဦးစီးချုပ် မတက်ရောက်ခဲ့။ တရုတ် မြန်မာ နယ်စပ်တစ်ေ လျှာက် တိုက်ပွဲများသာမက ကချင်ပြည်နယ်အတွင်း မိုင်းထောင် ဗုံးခွဲခြင်း၊ ရဲစခန်း စီးနင်းခြင်းများကိုပင် ပြုလုပ် လာ ကြသည်။ မည်သည့်အတွက်ကြောင့် ဒီလောက် ရဲတင်းရ သနည်း။
လိုင်ဇာဝင်ပေါက်၊ တိုက်ပွဲများ ဖြစ်ပွားနေသော လဂျားယန်
၂၀၁၁ ခုနှစ် ဇွန်လတွင် လျှပ်စစ်ဓာတ်အားပေးတိုင်များအား ကေအိုင်အေမှ ဖောက်ခွဲဖျက်ဆီးသည်မှ စကာ တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး လိုင်ဇာအနီး ၅ အထိ တပ်မတော်မှ ခြိမ်းခြောက်ခဲ့သည်။ ထို ကာလ အတွင်း ကေ အိုင် အိုမှ ကုလသမဂ္ဂသို့ စာပို့ခြင်း အပါအ၀င် နိုင်ငံတကာ အကူအညီများ ရရှိရေး လုပ်ဆောင်ခဲ့ သည့် အတွက် ၂၀၁၁ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သမ္မတမှ ကာကွယ်ရေးဦးစီးချုပ်ထံ ထိုးစစ်ရပ်ရန် ညွှန်ကြား ခဲ့သည့် အတွက် တပ်မတော် စစ်ကြောင်းများ ရပ်နားထားခဲ့သည်။

ထိုကာလမှ စ၍ ကေအိုင်အေမှာ မိုင်းထောင် ဗုံးခွဲခြင်း၊ လူသစ်စုဆောင်းခြင်းများ တရစပ် ပြုလုပ်ခဲ့ရာ တစ်နှစ် အတွင်း အင်အား ၃ ဆ ခန့် တိုးပွားလာခဲ့သည်။ ကချင်ပြည်နယ်အား ကာကွယ်ရန် ကေအိုင် အေ လူသစ် စုသည် ဆိုပါက ထိုလူသစ်များသည် လိုင်ဇာမြို့မှ ၁၀ မိုင် ပတ်လည် လက်ဆန့်ထား၍ ရသည့် အင် အား ဖြစ်သည်။ သို့သော် ထိုလူသစ်များသည် ရှမ်းပြည် တောင်ပိုင်းတွင် အသေခံရသည်။ ယခုနှစ် ဒီဇင်ဘာ လအ တွင်း တိုက်ပွဲကြီးငယ် ၁၄၀ ကျော် ဖြစ်ခဲ့ချိန်အတွင်း လူမသိ၊ သူမသိ သေဆုံး ခဲ့ကြရသည်။ တွေ့ရာ လူဆွဲ၍ စုဆောင်းခဲ့သဖြင့် စာရင်း မရှိ၊ အမည်မရှိ။

ထိုသို့သော စေခိုင်းချက်များသည် လိုင်ဇာ ဌာနချုပ်မှ အမိန့် မဟုတ်။ တရုတ်ပြည်ထဲတွင် အကာ အကွယ် ယူပြီး ဖြစ်သော ကေအိုင်အို ထိပ်သီးများ၏ အကွက်ချ ကြံစည်မှု ပင်ဖြစ်သည်။ ငြိမ်းချမ်းရေး ကို အကြောင်း ပြပြီး သည့် ကာလရှည်အတွင်း ကေအိုင်အိုခေါင်းဆောင်များ ဆယ်သက် စားမကုန် သည့် ငွေကြေးဥစ္စာ များ ကို ကချင်ပြည်နယ်အတွင်းမှ ရရှိခဲ့သည်။ အစိုးရ ပြုပြင် ပြောင်းလဲမှု စသည်နှင့် ကချင်ပြည်နယ် အတွင်း ကချင်အစိုးရ အစစ်တက်လာသည်မှ စကာ ကေအိုင်အိုတို့ တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင် ခဲ့ကြ သည်။
ကေအိုင်အိုတို့၏ ကြိုတင်အကွက်ချ ကြံစည်ထားသည့် ကာကွယ်ရေး အစီအမံ
ကေအိုင်အေတို့အနေဖြင့် ရှမ်းပြည်စခန်းများကို လက်လွှတ်နိုင်သော်လည်း ကချင်ပြည်နယ်ကို လက် လွှတ်၍ မရ။ အဖိုးမဖြတ်နိုင်သည့် ကျောက်စိမ်း လုပ်ကွက်များ၊ သီးခြား တိုင်းရင်းသား လက်နက်ကိုင် မရှိသည့် ဒေသတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများမှ ရလာနိုင်သည့် ငွေကြေးများကို ကေအိုင်အို တို့ အလိုရှိကြသည်။ ထိုအခွင့်အရေးများ ရရှိရန်မှာ ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးပြီး ကေအိုင်အိုအပေါ် လူထုက ကြောက်ရွံ့နေစေရန်သာ ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း ကေအိုင်အိုတို့ အတိအကျ လိုက်ပါဝင်ခြင်း မရှိ။ အပြီးသတ် ဆွေးနွေးနိုင် မည့် အခြေအနေတွင် ကေအိုင်အိုတို့ ဂွမ်မော်ကို ပထုတ်ကာ အကြမ်းဖက်မှုများ ဆက်လက် လုပ်ဆောင် ခဲ့သည်။ ကေအိုင်အို တို့အဓိက လိုလားချက်မှာ ကချင်ပြည်နယ် တိုးတက်ရေး မဟုတ်။ ကချင် ပြည် နယ်အတွင်း တပ်မတော် မရှိရေးသာ ဖြစ်သည်။

သမ္မတရုံး ၀န်ကြီး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ နောက်ကွယ် အပစ်အခတ်ရပ်စဲရေး အဆင် မပြေ မှု များမှ ကေအိုင်အို ခေါင်းဆောင်များ ဖြစ်လာနိုင်သည့် စစ်ပွဲများ အခြေအနေကို ကြိုသိပြီး ဖြစ်သည်။ ကေအိုင် အို၏ လိုင်ဇာဌာနချုပ်ကို မတိုက်နိုင်စေရန် အဓိက အကာအကွယ်မှာ ဒုက္ခသည်များ လိုင်ဇာတွင် ပိုမို များပြားလာစေရန် ဖြစ်သည်။ သို့မှသာ လူသားတံတိုင်းအဖြစ် ကာကွယ်နိုင်မည်ဖြစ်ပြီး ထိုအချိန်တွင် ကေအိုင်အို ခေါင်းဆောင်များက တစ်ဖက်နိုင်ငံမှ ကွပ်ကဲမည် ဖြစ်ပြီး၊ ကေအိုင်အေ ထိပ်သီးများကတော့ ရှမ်းပြည်ဘက်မှ တစ်ဆင့် တရုတ်သို့ ကူးရန် ပြင်ဆင်ပြီး ဖြစ်သည်။
တရုတ်နိုင်ငံအတွင်း တစ်ဖက် ၀င်ရောက်နေသည့် လိုင်ဇာဌာနချုပ်၊ 
တိုက်ပွဲများ စတင်ချိန်တွင် တရုတ်အစိုးရမှ နယ်စပ်ဂိတ်များ ပိတ်ထားပြီး ဖြစ်သည်။ ဒုက္ခသည်များကို တရုတ်ပြည် တွင်းသို့ ၀င်ရောက်ခွင့် လုံးဝ ပြုမည် မဟုတ်သလို တိုက်ရိုက်ပါဝင် စွက်ဖက်ခြင်းလည်း ပြုမည် မဟုတ်။ ထို့ကြောင့်ပင် ABSDF ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည်။ ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များကြောင့် ထောက်ပံ့ငွေ အခက်အခဲများ ရှိလာသည့် ABSDF သည်လည်း ငွေကြေး များ ရရှိသော ကေအိုင်အေဖြင့် ပူးပေါင်းသည်။ ထိုအဖွဲ့များကို ကချင်ပြည်နယ်မှ ပြန်လည် ပထုတ်ရန် လည်း မဖြစ်နိုင်တော့။ ရခိုင်တပ်မတော် အမည်ခံ သောင်းကျန်းသူများ၊ ဂေါ်ရခါး တပ်ရင်း အမည် ခံ ဘင်္ဂလီများအား မဖြစ်နိုင်သည့် မျှော်လင့်ချက်များပေးကာ တရုတ်နိုင်ငံအတွင်းမှ စီမံကွပ်ကဲ၍ ကချင်ပြည် နယ်ကို စစ်ပွဲဒဏ်သင့်စေတော့မည့် ကေအိုင်အို ခေါင်းဆောင်များ၏ လုပ်ရပ် ကား ယုတ်မာလွန်းလှပေသည်။
 

6 comments:

ဖြစ်နိုင်ရင် တစ်ခါတည်း ရှင်းပြစ်လိုက်

ဂမ်ရှောင်ဆိုတဲ့မသာကြီး..သေသွားရင်..ကချင်ပြည်နယ်အားလုံးအားလုံး အိုကေသွားပါလိမ့်မယ်။ ကေအိုင်အေသမိုင်းမှာတော့ ဂမ်ရှောင်လို ထိပ်သီး တွေကို အောက်က ကောင်တွေက ပြန်သတ်လေ့ရှိခဲ့ပါတယ်။ ကချင်အာဇာနည်နေ့ပေါ်ပေါက်ခဲ့တာ အဲဒါပါ။

ကိုယ် ကျိုး ရှာ အကြမ်း ဖက်သ မား များ ကို အ ပြတ် ချေ မှုန်း ပါ။ ကျ ဆုံး သေ ကျေ ဒဏ် ရာရ စစ် သည် များ ရဲ့ ဘ၀ မှီ ခို များရဲ့ ဘ၀ နား လည် ပေး ပါ၊ အိမ် ထောင် သည် လိုင်း ထဲ တပ် ရင်း မှူး ဇနိး လာ ရင် ကိုယ်. ခင် ပွန်း သည် ရဲ့ မကောင်း သတင်း လာ ပြော တာ မ ဖြစ် ပါ စေ နဲ့  ဆု တောင်း နေရ တဲ့ အပူ မီးတွေ ကိုစာ နာပေး ပါ။ ဘ၀ ကို စစ်သား မ ယားပီသစွာရင် ဆိုင် ရဲ ပါ တယ်၊ မုဆိုး မ ဘ၀ နဲ့ ထမင်း ရှာ စား ရဲ ပါတယ်။ ငြိုမ်း ချမ်း ရေး လို လို ၊ဘာ လို လို နဲ့  ရန် သူ ပစ် တာ တိုက် ခိုက်တာ ကို ငြိမ် ခံနေ ရ လို့ ၊ အချောင် သေ ရတဲ့ အဖြစ် မျိုး မဖြစ် ချင် ပါ ဘူး၊ အ များ အေး အေး ချမ်း ချမ်း နေ ရ ဖို့  အ ကြမ်း ဖက် သမား တွေ ကို တိုက် ပွဲ ၀င် ရင်း ကျ ဆုံး ရ တဲ့ သူ ရဲ ကောင်းစစ် သား မ ယား ၊မု ဆိုး မ အဖြစ် ဂုဏ် ယူ ပါ ရ စေ၊ သ မ တကြီး ရှင့်  ကျွန် မ တို့  ယောက် ကျား တွေ မှာအ သက် အ ပို မ ပါ တာ ဂ ရု ပြု ပေး ပါ ။

fuck bengalis, fuck allah, fuck kia.

Tell china not to help KIA terrorist group

ဂမ်ရှောင်၊ဂွမ်မော် တို့ကို ရှင်းပစ်ဖို့ပြောတာကို ထောက်ခံပါတယ်။

ကေအိုင်အေ ထဲမှာ ချောင်ပိတ်မိနေတဲ့ ကချင်နဲ့ ရှမ်းညီအစ်ကိုများ ခင်ဗျား...
ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းတွေကြောင့် ဒီစစ်ကြီး ကြာနေတာပါ။ သူတို့တွေ အသက်ရှင်နေသရွေ့ ကချင်နဲ့ ရှမ်းတွေ၊ ဗမာနဲ့တခြားတိုင်းရင်းသားတွေ သေပေးကြရပါဦးမယ်။ ဒုက္ခခံကြရပါဦးမယ်။

အစိုးရအနေနဲ့ကတော့ ဒီလိုတဇောက်ကန်းတွေကို ရှင်းဖို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ လုပ်လို့မရပါဘူး။ကေအိုင်အေထဲက ညီအစ်ကိုတွေ လုပ်မှပဲ ရမှာပါ။

သေသေချာချာ စဉ်းစားကြပါခင်ဗျား။ အများကြီးသေ၊ အများကြီးဒုက္ခရောက်နေတာကို အဖြစ်ခံမလား။ တဇောက်ကန်းတွေကို ရှင်းပြီး ဇာတ်လမ်းဖြတ်လိုက်မလား။

. . .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်