Subscribe to our RSS Feed

ကောက်ကျစ်သော ကေအိုင်အေ လူသားတံတိုင်းလုပ်၍ လိုင်ဇာဌာနချုပ်ပေါ် တင်


မြောက်ပိုင်းတိုင်းတိုင်းမှူးက လဂျားယန်ကို အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့ရှိတဲ့အတွက် လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ KIA တပ်ဖွဲ့တွေကို ဒီဇင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး ပြောင်းရွှေ့ ပေးဖို့ သတိပေးစာ ထုတ်ထားတာကို KIA ခေါင်းဆောင်တွေက သူတို့လိုရာသူတို့တွေးပြီး မဆုတ်ပေး နိုင်ကြောင်းနဲ့ သူတို့ကို စစ်ရာဇသံပေးတယ်လို့ယူဆနေပါတယ်။

 ``သူတို့တွေက နောက်ဆုတ်မပေးတော့ ဒီဇင်ဘာ ၂၆ ကစပြီး အစိုးရစစ်တပ်က လက်နက် ကြီးတွေနဲ့ နေ့ရော ညရောပစ်နေပါတယ်။ အဲဒါ ကျွန်တော်တို့ အခုကြားတာကတော့ KIO နဲ့ KIA က ခေါင်းဆောင်ပိုင်းတွေ သူတို့မိသားစုတွေ အကုန်လုံးကိုခေါ်ပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားပြီလို့ သိရပါတယ်။ အောက်ခြေက KIA စစ်သားတွေလည်း ဘယ်သူက အမိန့်ပေးနေမှန်းမသိနဲ့ ထိတ်လန့်နေပြီး စိတ်ဓါတ်ပျက်နေတယ်လို့. မနေ့က ဝထောင်မှာရှိတဲ့ KIA တပ်ရင်း ၃ က ရွာကိုထွက်ပြေးလာတဲ့ တူးမိုင်က ပြောပြပါတယ်`` လို့ မြစ်ကြီးနားကို ဈေးလာဝယ်တဲ့ မထုဘွမ်ရွားသားတစ်ဦးက ပြောပြပါတယ်။
          မနေ့က စပြီး လိုင်ဇာမှာရှိတဲ့ တရုတ်နယ်စပ်ဖြတ်ကျော်ဂိတ်ကိုလည်း KIA က ပိတ်လိုက်ပြီလို့ သိရ ပါတယ်။ KIA ခေါင်းဆောင်ကြီးများက သူတို့မိသားစုဝင်တွေအားလုံး တရုတ်နိုင်ငံဘက်ကို ပြောင်းရွှေ့ ပြီးတဲ့အချိန်မှာ ဒီ.လိုင်ဇာဘက်မှာ ကျန်ခဲ့တဲ့သူတွေအားလုံးကို လိုင်ဇာမြို့ကနေ ဘယ်မှသွားခွင့်မပေးတော့ ပါဘူး၊ နောက်ပြီး ဒုက္ခသည်စခန်းတွေကိုလည်း လိုင်ဇာမြို့ပတ်ပတ်လည်မှာ ပြောင်းရွှေ့ချထားလိုက်ပြီး  လိုင်ဇာမြို့ကို လူသားတံတိုင်းနဲ့ ကာကွယ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  (http://www.kachindailynews.com/2012/12/blog-post_30.html)



တပ်မတော်မှ လဂျားယန်သို့ ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် သွားရောက်မည် ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားပြီး ဖြစ်သည်။ တပ်မတော်မှ လိုင်ဇာကို တိုက်မည်ဟု ကြေငြာခဲ့ခြင်း မရှိ။ သို့သော် ကောက် ကျစ်သော ကေအိုင်အေတို့သည် ဒုက္ခသည်များအား လိုင်ဇာဌာနချုပ်ရှေ့တွင် လူသား တံတိုင်းအဖြစ် ကြောက်လန့် တကြား ထားရှိနေကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၂၈ မှ ၃၀ ရက် အတွင်း ဒုက္ခသည် စခန်းများမှ လူများအား လဂျားယန်နှင့် လိုင်ဇာ ကြား ဒုက္ခသည် စခန်းအဖြစ် ပြောင်းလဲ ထားရှိခဲ့သည်။ ထို့ပြင် ဒုက္ခသည် စခန်းများ ဖြစ်ကြောင်း သိသာစေရန် အလံများထောင် ခြင်း၊ လူများ လှုပ်ရှားနေစေခြင်းတို့ကို ပြုလုပ်လျှက် ရှိကာ တပ်မတော် (လေ)မှ ဗုံးလာကြဲလိမ့်မည် ဖြစ်ကြောင်း၊ ထိုသို့ မကြဲအောင် ကေအိုင်အေမှ ကာကွယ်ပေးမည် ဖြစ်ကြောင်း ပြောပြီး လိုင်ဇာဌာနချုပ်ရှေ့တွင် အလံ ထောင်ကာ ဒုက္ခသည် စခန်းအဖြစ် ထားရှိ ထားကြောင်း ဆိုသည်။ ကေအိုင်အို ခေါင်းဆောင်များနှင့် ပတ်သက် သည့် မိသားစုများနှင့် ကေအိုင်အို ခေါင်းဆောင် ပိုင်းများ ကတော့ တစ်ဖက် နိုင်ငံအတွင်းသို့ ထွက်ပြေး သွားပြီ ဖြစ် သည်။
တပ်မတော်၏ ရိက္ခာပို့ စစ်ကြောင်းများအား လိုင်ဇာကို လာတိုက်မည့် စစ်ကြောင်းများဟု ထင်ကာ နောက် ကွယ် မှ လိုက်လံ တိုက်ခိုက်ခြင်းများ ပြုလုပ်လျှက် ရှိပြီး တပ်မတော်မှ ရိက္ခာပို့သည့်ကိစ္စအား တပ်ရင်း(၃) ရင်းဖြစ်သာ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ လိုက်လံ တိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း မြန်မာ့ တပ်မတော်မှ အင်အား(၃၀)ခန့် ကျဆုံးသော်လည်း အထက် အမိန့်တွင် လိုင်ဇာကို တိုက်မည်ဟု ညွှန်ကြားထားခြင်း မရှိကြောင်း၊ ရိက္ခာပို့ ကိစ္စ သက်သက်သာ လုံခြုံရေး လိုက်ပါလုပ်ဆောင်ပေးရန် ဖြစ်ကြောင်း မြန်မာ့တပ်မတော် အရာရှိ တစ်ဦးမှ ပြောကြားသည်။
ကျွန်တော်တို့ကို ပစ်ခတ်တာတွေ လုပ်တယ်။ ပြန်ပစ်မယ်ဆိုပြီး ပစ်မှတ်နေရာကို ကြည့်လိုက် တော့ ဒုက္ခ သည် တွေနဲ့ ဒီကောင်တွေ ရောထွေးနေတယ်။ ပြန်ပစ်ဖို့ အမိန့်တောင်း လိုက်တိုင်း မပစ်နဲ့။ ဒုက္ခသည်တွေ ရှိနေ တယ် ဆိုတော့ ကျွန်တော်တို့ ထပ်ပြီး အသေခံရသလို မဖြစ်နေဘူးလား လို့ သူက ဆက်ပြီး ပြောခဲ့ ပါတယ်။ တရုတ် မြန်မာ နယ်စပ်နှင့် လိုင်ဇာ ပတ်လည်တွင် ကေအိုင်အေမှ ထိန်းချုပ် ထားသည့် ဒုက္ခသည် စခန်း ၃၀ ကျော်ရှိ သည်ဟု ကေအိုင်အေမှ ကြေငြာခဲ့သည်။ (http://www.oppositeyes.info/2012/12/blog-post_30.html)
 
 www.MyanmarExpress.net
 

7 comments:

myanmar express ရေ
၈၈ တိရစ္ဆာန် တွေကို ဆုံးမ လိုက် ပါ ဦး။
ဒီ တိရစ္ဆာန် တွေ ရန်ပုံ ငွေ တွေ ထောက် ပံ့ ငွေ တွေ နဲ့
နှပ် နေ ကြ တယ်။
ပြဿနာ တခု ဖြစ် ရင် ပါးစပ် က ဟောင် တတ် တာ က လွဲ လို့ ခုချိန်ထိ ပြည်သူ အတွက် ၁ ပြား ဖိုးအကျိုး ရှိ အောင် မလုပ် ဖူး ဘူး။
ဒီ ကောင် တွေကို အားကျ ပြီး အခု တ လော နိုင် ငံ ရေး
လုပ်စား မဲ့ ဟာ တွေ အများကြီး ပေါ် လာ နေပြီ။
အဲဒီ ကောင် တွေကိုလဲ စာရင်း ပြုစု ပြီး ဆုံးမ ပေးပါ။
နော်အုန်းလှ ,အောင် မှိုင်းဆန်း,လက် ပံ တောင်းတောင် တုန်းက ခွေးမ တွေ, အများကြီး ပဲ။
ကြာရင် ဒီ အမှိုက် တွေ ကြောင့် တိုင်းပြည် အလုပ် ရှုပ် တော့ မယ်။
ဆုံးမ ပေးပါ ။။
စောင့် မျှော် လျက်...

၈၈ အဖွဲ့ဘာလုပ်နေလဲ ထောက်ခံနေတာလား

Combat and crush down the laiza head quarter
as fast as by the combined operation of
Amy and Air force

ကလိန်ကကျစ်
ခွေး မသား တွေ ကို
နာနာလေး ဆုံး မ စမ်း ပါ
ဒီလောင် ဒုက္ခပေး နေ တာ
တွေ ကို သ ဘော ကောင်း ပြ နေ တာ လား?
ပြည်တွင်း က မီဒီယာ တွေ က တော့
အစိုးရ ဘာ လုပ်လုပ် ဆောက် ကောင်း မြင် တဲ့ ကောင်
တစ် ကောင် မှမရှိတာ ဆောက် ဂရု စိုက် မ နေ ပါ နဲ့ကွာ
လုပ် စရာ ရှိတာ ဆက် လုပ်
လေယာဉ် နဲ့ ဗုံး ကြဲ တယ် ဆို ရင် လည်း
အား ပေး တယ် ကွာ...

အဲဒီ ၈၈ ဆိုတဲ့ နိုင်ရေးသမားတွေက ငြိမ်းချမ်းရေးလုပ်ပါလို့ တော်ဝင်နှင်းဆီမှာ လုပ်နေတယ်။ သူအဖေ/ပထွေးတွေက တပ်ကို လာတိုက်နေတာ မသိချင်ယောင်ဆောင်နေတာလဲ။ မျိုးကြီးဆိုတာလဲ မမှားဘူးနော်။ ဖြေးဖြေးပြော လက်တွေ့လုပ်ပြဖို့လိုတယ်

ဂမ်ရှောင်၊ဂွမ်မော် တို့ကို ရှင်းပစ်ဖို့ပြောတာကို ထောက်ခံပါတယ်။

ကေအိုင်အေ ထဲမှာ ချောင်ပိတ်မိနေတဲ့ ကချင်နဲ့ ရှမ်းညီအစ်ကိုများ ခင်ဗျား...
ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းတွေကြောင့် ဒီစစ်ကြီး ကြာနေတာပါ။ သူတို့တွေ အသက်ရှင်နေသရွေ့ ကချင်နဲ့ ရှမ်းတွေ၊ ဗမာနဲ့တခြားတိုင်းရင်းသားတွေ သေပေးကြရပါဦးမယ်။ ဒုက္ခခံကြရပါဦးမယ်။

အစိုးရအနေနဲ့ကတော့ ဒီလိုတဇောက်ကန်းတွေကို ရှင်းဖို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ လုပ်လို့မရပါဘူး။ကေအိုင်အေထဲက ညီအစ်ကိုတွေ လုပ်မှပဲ ရမှာပါ။

သေသေချာချာ စဉ်းစားကြပါခင်ဗျား။ အများကြီးသေ၊ အများကြီးဒုက္ခရောက်နေတာကို အဖြစ်ခံမလား။ တဇောက်ကန်းတွေကို ရှင်းပြီး ဇာတ်လမ်းဖြတ်လိုက်မလား။

. . .

ဦးသိန်းစိန်နဲ့ဦးမင်းအောင်လှိုင်ကိုတောင်းဆိုချင်ပါတယ်။ kia လက်နက်ချတွေနဲ့ကချင်ပြည်သူတစ်ချို့ကိုရန်ကုန်ခေါ် လာပြီးလွတ်လပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပေး စေလိုပါတယ်။အစိုးရအတွက်ဝါဒဖြန့်ရန်မဟုတ်ပါ။မြန်မာ ပြည်သူတွေ(အထူးသဖြင့်)တက်ကြွပြီးတိုင်းပြည်ချောက် ထဲကျမှာမလိုလားတဲ့မြန်မာလူငယ်တွေအတွက်သတင်းအမှန်သိစေလိုလို့ဖြစ်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်