Subscribe to our RSS Feed

ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း 2

(40)
ဒီနေရာမှာသီချင်းမဆိုပါနဲ့ ။ ကျနော်မကြားချင်လို့ ပါ။ ကျနော်အိပ်ချင်လို့ ပါ။
သူ့ ကိုမအိပ်ခိုင်းနဲ့ ။ နှိုးလိုက်စမ်း။
ခဏလေးပါ။ခဏလေးအိပ်ပါရစေ။
Even the lion sleeps likes an eagle. Sure, fishing is the naughty fame. ငါးတွေကငါးမြှားချိတ်ကိုမြင်နိုင်ဘူး။Then, it is a trick. It is not a fair game. ဒါမျှတတဲ့ကစားပွဲတခုမဟုတ်ဘူး။
မင်းဘာလို့ လပ်ကီးစထရိုက်မကြိုက်တာလည်း။
ကျနော်အစီခံမပါတာပိုကြိုက်တယ်။
မနက်ဖြန်ရမယ်။
ငါတို့ လွတ်တော့မယ် ။
နိုး။နိုး။ကျနော်ရေမချိုးချင်ဘူး။အရမ်းအေးလွန်းတယ်။
ဘေးမှာ ဇော်ဇော်မင်းကရပ်ပြီး စပ်ဖြဲဖြဲမျက်နှာနဲ့ ။ ရေပုံးအခွန်ကိုကိုင်လို့ ။ ထိုင်နေတဲ့ အနေအထားမှာ ကျနော်စိုရွှဲလို့ ။ အခြေအနေကိုခုထိ ရေရေလည်လည်သဘောမပေါက်သေး။ ဒါပေမယ့်သေချာတာက နာကျင်မှု။ နာကျင်မှုဝေဒနာက တကိုယ်လုံးမှာ။ခေါင်းထဲကထိုးတယ်။ငယ်ထိပ်ကထိုးတယ်။ ဘာကိုမှ သဲသဲကွဲကွဲမမြင်နိုင်ဘူး။
ဒီကနေ့ နည်းနည်း သက်သာတယ်။ ဘာလို့ လည်းဆိုတော့ အခုပဲ အဆုံးသတ်အထိတွေးလိုက်လို့ ။ သူတို့ ငါ ဆီ ရောက်လာတယ်။ မန္တလေးက ထောက်လှမ်းရေးဗိုလ်မှူးမောင်မောင်ချိုလို့  တံဆိပ် ကပ်သွားတယ်။ညီအကိုဝမ်းကွဲ ထွန်းအောင်ကျော်ကလည်းအဲဒီဌာန ဗိုလ်မှူးပဲ။
သောက်ရူးတွေ။ မှတ်ပုံတင်မှာငါနာမည်က အောင်သန်း။ မန္တလေးက မစ်ရှင်ကျောင်းသွားတော့ ဖရက်ဒီ။ ချိုကြီးဆိုတာရင်းနှီးသူတွေခေါ်တာ။ သူတို့ အခုငါ့ကိုနာမည်သစ်တခုပေးတယ်။


(45)
ဒီကိစ္စကိုကျနော်ချဲ့ ကားမပြောဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ကိုကောက်ကြောင်းတ ခုဆွဲပြ မယ်။ သေသွားတဲ့ပြည်စိုးနိုင် နဲ့ ခင်ချိုဦးတို့ အကြောင်းပါ။ ပြည်စိုးနိုင်က စစ်ကြောရေးလုပ်တုန်း ညှင်းဆဲခံရ တယ်။စစ်ကြောရေးမှာဝန်ခံလာအောင်အရိုက်ခံရ။ညှင်းဆဲခံရတယ်။ သူ့ နောက်ဆုံးစကားက ကျောင်းသားတပ်မတော်ကိုငါ မရွံရှာ။မစက်ဆုပ်ချင်ဘူး။
His last words were “I don’t want to disgust ABSDF.”
ဒီစကားပြောပြီးနောက် သတိလစ်ပြီး နောက်တော့သေဆုံးသွားတယ်။ပြည်စိုးနိုင်ဘာမှ ၀န်မခံပဲသေ ဆုံးသွားတော့ သူတို့ ဒီအခြေအနေကိုမကျေနပ်ဘူး။ခင်ချိုဦးကို အလောင်းဘေး ကိုခေါ်လာ တယ်။ ပြည်စိုးနိုင်ရဲ့ အလောင်းကိုဖက်ခိုင်းတယ်။ငိုခိုင်းတယ်။ ဒါကိုဗီဒီယိုမှတ်တမ်းယူတယ်။ဒါ ဟာ စီအီးစီ အဖွဲ့ ဝင်၊ ကျောင်းသားတပ်မတော်ထောက်လှမ်းရေးအဖွဲ့ ဝင်တွေရှေ့ မှာဖြစ်ခဲ့တာပါ။ ဂျူဂျူး။သိမ့်ဆွေ နဲ့ တင်စမ်းဦးဆိုတဲ့ အ မျိုးသမီးအဖွဲ့ ဝင်တွေပါရှိတယ်။ ခင်ဆွေဦးကို ပြည်စိုးနိုင် အလောင်း က ယောက်ျား အင်္ဂါကို orall sex လုပ်ခိုင်းတယ်။
ခင်ဗျားတို့ ဒါမျိုးကြားဖူးကြရဲ့ လား။ တကယ့်လူမဆန်တဲ့ဖြစ်ရပ်။
သူတို့ ကအဖမ်းဆီးခံ ထားရတဲ့သူတွေဟာ ခွေးတွေလိုပဲ ၀ါဒဖြန့် တယ်။ကြည့်ကြ။ ခင်ချိုဦးဟာ ဥပမာ တခုပဲ။ သေသွားတဲ့သူ့ ရည်းစား စပိုင် ရဲ့ အလောင်း ကိုတောင်ဒါမျိုး မစဉ်းစားရဲစရာမဖွယ်မရာတွေ လုပ် တယ် လို့ ဝါဒဖြန့် တယ်။


(48)
၁၂၃၄
ခေါင်းကသွေးတွေ မျက်နှာပေါ်သွေးတွေစီးကျလာတယ်။
ရန်အောင်နာကျင်မှုဝေဒနာတစက်မှမပြပဲ မျိုးဝင်းရဲ့ မျက်နှာကိုစိုက်ကြည့်တယ်။
၂၈ ၂၉ ၃၀ ၃၁ ၃၂
မျိုးဝင်းရပ်လိုက်တယ်။ ရန်အောင်ရဲ့ ခုခံတဲ့စိတ်ဓာတ်နဲ့  ဆန္ဒကို ဖြုံသွားပုံပဲ။ သူအော်တယ်။ဆဲဆို ကန်ကျောက်ပြီး စစ်ရုံးထဲကထွက်သွားတယ်။ ဘယ်သူကသတ္တိရှိပြီး ဘယ်သူက သူရဲဘောကြောင်လည်း တဆိတ်လောက်ရှင်းပြပါလား။သတ္တိဆိုတာ ရုပ်ပိုင်းလား စိတ်ပိုင်းလား။ ရုပ်ပိုင်း ကနေစိတ်ပိုင်းကို ဘယ်လိုပြောင်းသွားလဲ။ သူရဲ့ နယ်ခြားစည်းကဘယ်မှာလည်း။

ဒီနေရာမှာ တခုပြောဖို့ မေ့နေတာက စစ်ကြောရေးလုပ်နေစဉ်ကာလ မှာလေးလက်မသံချောင်း ကို ပြည်စိုးနိုင် ရဲ့ စ အိုထဲရိုက်ထည့်ထားပြီး ၂၂၀ ဗို့ အားလည်းရှော့ရိုက်ထားတယ်။ ကျနော်အတွက်တော့ ရုပ်ပိုင်းအရ မခုခံနိုင်ဘူး။ I have never asked extra treatment. I have already enough.မနက်ဖြန်ဆို ကျနော်တို့ ကိုရှင်းတော့မယ်လို့  သိထားတယ်။ကောင်းကောင်းအိပ်ပြီးဒီ အတွက်ပြင်ဆင်ရမှာ ပဲ။ကောင်းကောင်း အိပ်တာနာကျင်မှုကိုသက် သာစေတဲ့ဆေးပဲ။ နာကျင်မှုကိုတောင်အရ သာတွေ့  သလိုလို ဖြစ်လာသလားပဲ။ အိုကေ။ အတိုက်အခံခေါင်းဆောင်တွေနဲ့ အင်အယ်လ်ဒီ အယ်အေ ဘာလုပ်မ လဲကြည့်ကြရအောင်။

(50)
အမျိုးသမီး ၂ ယောက်ကို ကားစင်ပေါ်တင်ပြီး ကြာပွတ်နဲ့ တကိုယ် လုံးကိုရိုက်တယ်။ မျက်နှာတွေပါမချန်ဘူး။ စကားလုံးတွေနဲ့ ဘလက် ကာယလုပ်တယ် ။ ဒါတကယ့် မဟာ အကြံအစဉ်နဲ့  စီစဉ်ထားတဲ့စတိတ်ရှိုးပဲ။ မတော်တဆဖြစ်တာမဟုတ်။ သေသေချာ ချာအ ကွက်ချပြီး ဒါတွေဖြစ်လာတာ။ ကျနော့်မှာ ရှင်းပြဖို့ အချက်အလက်တွေအပြည့်ပဲ။ ဒီအမျိုး သမီး ၂ယောက်အပြင် ဖမ်းခံရတဲ့အထဲမှာတခြား မိန်းကလေး သုံးယောက်ရှိသေး တယ်။
နန်းစော။သင်းသင်းညီနဲ့  တူးတူး။ သင်းသင်းညီကမကြာခင်လွတ်တောမယ်လို့ ။ မကြာခင် လွတ်တော့မှာမို့ သင်းသင်းညီကို ရိုက်ခွင့်မပြုဖူး အစောင့်တွေကပြောပါတယ်။ ဒါမှ အပြကောင်းမယ်။သူ ကို ခပ်ဆဆလေး ငါးချက်လောက်ပဲရိုက်ရမယ်။

မနက်စာစားအပြီး ထွန်းအောင်ကျော်နဲ့ ကျနော့်ကို သတ်ဖို့ တောင်ကုန်းကိုခေါ်သွားတယ်။ လက်ဝါး ကပ်တိုင် ၂ ခုက တခုနဲ့ တခု ၁၀ ပေအကွာ။ အဖမ်းခံရတဲ့အထဲက တချို့ ရောက် လာပြီး သက်သေထွက်ကြတယ်။အဲဒီအချိန် မျိုးဝင်းကအားလုံးကို ဒီကိစ္စဆွေးနွေးဖို့ ပြော တယ်။ ခင်မောင်ဇော်နဲ့ မိုးကြီးကလွဲလို့ ဘယ်သူကမှဘာပြောရမှန်းမသိဘူး။ မျိုးကြီးနဲ့  ခင်မောင်ဇော်ကကျနော်တို့ ဟာအစိုးရသူလျှိုတွေဖြစ်ကြောင်း၊ အသက်မ သေချင် ရင် ကျောင်းသား တပ် မတော် နဲ့ တော်လှန်ရေး မှာ ပါဝင်ရမယ်ဖြစ်ကြောင်းပြောပါတယ်။


(52)
...သူတို့ ကခင်ဗျားကို နည်းနည်းအနားပေးလိမ့်မယ်။ နို့ မိုဆိုရင်တော့ ခင်ဗျားကိုသေတဲ့အထိရိုက်သတ်လိမ့် မယ်။ ဒီကောင်တွေက ဒီစကားလုံးမျိုးတွေကို ကြိုက်တာသဲခြေခိုက်ပဲ။ ဒီစကားတွေကြားရင်သူတို့  ကျေနပ် သွားတယ်။ဒါမှမဟုတ်ရင်တော့ သူတို့ ဒေါသက ရူးသွပ်မှုကိုပြောင်းသွားတယ်။

ဇော်ဇော်မင်း က အော်ဟစ်ရယ်လိုက်ပြီး လေးလက်မသံကို သူအိင်္ကျီ အိတ်ထဲ ကထုတ်လိုက် တယ်။ မောင်ဌေး က အောက်ကိုသွားပြီး တူသွားယူတယ်။ ဇော်ဇော်မင်းက ထွန်းအောင်ကျော် လက်ဖ၀ါးနှစ် ဖက်စလုံးထဲကို လက်ဝါးကပ်တိုင်မှာကပ်ပြီး သံရိုက်ထည့်လိုက်တယ်။

နာကျင်တာနဲ့ အော်ဟစ်တာ။ အော်ဟစ်တာ။နာကျင်တာ။ ဒါတွေက ဖမ်းဆီးခံထားရတဲ့သူတွေအတွက် တစိမ်းတွေမဟုတ်တော့ဘူး။ ဒီနှစ်ခုဟာ ကြိုတင်သတိပေးမထားပဲ ကျနော်တို့ ဆီရောက်ရောက်လာတယ်။ ကျနော်တို့ အထဲကမနာကျင်ရ၊မအော်ဟစ်ရတဲ့သူတယောက်ယောက်ရှိတယ်ဆိုရင်အဲဒီလူဟာ သစ္စာဖောက် ပဲ။ မိုးကြီး တို့ ခင်မောင်ဇော်တို့ လိုပေါ။့ သူတို့ နေသာဖို့ ကျနော်တို့  ကိုသစ္စာဖောက် သွားကြ တယ်။
Myo Zaw and Win Myint would not be left out.

ဥက္ကဌအောင်နိုင်။ ဒီစစ်ရုံးထဲမှာအခုရှိနေတဲ့သူတွေအားလုံးတယောက်မှ အစိုးရသူလျှိုတွေမဟုတ်ဘူးဆိုတာဒီကောင်သိတယ်ဆိုတာ ကျနော် လောင်းရဲတယ်။ Even the glorious chairman Aung Naing; I will bet that he knows that everybody in this war office is not the government agents. ဒီအောင်နိုင်ဆိုတဲ့ကောင်ဟာ သူ လုံခြုံဖို့ အတွက်ဆို သူ့ အမေကိုတောင်ရောင်း စားဖို့ ဝန်မလေး တဲ့ကောင်။ ခင်မောင်ဇော်နဲ မျိုးကြီးက မသိနားမလည်တဲ့ကျောင်း သားတွေကို ဖမ်းဆီးခံထားရတဲ့သူတွေကို လက်ညိုးထိုးပြီး သူတို့  ဟာ အေဘီအက်ဒီအက်ဖ် ကို ဖြိုခွဲဖို့ လာခဲ့တာ လို့ ပြောကြတယ်။
ရပြီ။ရပြီ။ ဒီလောက်ဆိုလုံလောက်ပါပြီ။


(175)
ကျနော်က ဆန္ဒပြတဲ့ကာလတုန်းက ခေါင်းဆောင်တွေထဲမှာဝင်ရောပြီး စစ်တပ်အာဏာပိုင်တွေကို အားလုံး သ တင်းပို့ ရ ပါတယ်။ သူတို့ ကျနော်လုပ်ဆောင်ချက်တွေ ကိုသဘောကျလို့ ရာထူးတိုးပေးပါတယ်။
မင်းအဆင့်ကဘာလည်း။
ကျနော်တပ်ကြပ်ကြီးကနေ ဒုဗိုလ်အဖြစ်ရာထူးတိုးပေးပါတယ်။
အိုးဂျမ့်ပ်ပရိုးမိုးရှင်းပါလားကွ။ (သေလိုက်စမ်း။ငါဘယ်လောက်နမော်နမဲ့နိုင်လိုက်သလဲ။နာကျင်မှုတွေကြောင့်ဖြစ်မယ်ထင်တယ်။ မတတ်နိုင်ဘူး။ကိုယ့်ကိုယ်ကို ရာထူးခုန်ကျော်ပြီးတိုးပေးလိုက်တယ်။)
မင်းကိုငါ ကျေနပ်ပြီ။ကျေနပ်ပြီ။ မင်းစစ်မြေပြင်တွေဘာတွေကိုရောသွားဖူးသလားကွ။
တခါမှမသွားဖူးပါဘူး။ဒါကကျနော့်အလုပ်မဟုတ်ပါဘူး။
ဒါဆိုမင်းအလုပ်ကဘာလည်း။
ကျနော်က upgrading section ကပါ။
ဘာတုန်းကွ Upgrading section ဆိုတာ။
ကျနော်တို့ က စစ်ရေးထက်နိုင်ငံရေးဖက်ကိုပိုအလုပ်လုပ်ရပါတယ်။We were upgraded there, in that section.
ဒီမှာ တွေ့ တဲ့ကော်လန်တွေကဘာတွေလည်းကွ။
ဘာသာစကားပါ။ တရုတ်။ထိုင်း။ဟင်ဒီ။အင်္ဂလိပ်။ရုရှား၊စီးပွားရေးနဲ့ နိုင်ငံရေးပါ။ ကျနော်က အင်္ဂလိပ်စာဌာန က ကျူတာပါ။
အော်။အော် ဒါကြောင့်မင်းအင်္ဂလိပ်စာကောင်းတာကိုး။ အင်္ဂလိပ်စာဘယ်မှာသင်ခဲ့လည်း။
ကျနော်တို့ ဌာနက ဗိုလ်မှူးဆီမှာပါ။
မင်းကိုဒီကိုဘယ်သူကလွှတ်လိုက်တာလည်း။
မန္တလေးက ဗိုလ်မှူးမြင့်ဦးပါ။ ကျနော့်ကိုဒီကိုလွှတ်တော့ဗိုလ်အဖြစ်ရာထူးတိုးပေးပါတယ်။
(ဗိုလ်မှူးမြင့်ဦးက မန္တလေးထောက် လှမ်းရေး ၁က ဗိုလ်မှူးပါ။)


(67)
ဆေးကျောင်းတက်နေတဲ့ ကျနော့်ညီအငယ်ဆုံးရဲ့ သူငယ်ချင်း။သူ့ ထက် နှစ်နှစ်လောက်ကြီးပါတယ်။ သူ့ အ ဖေအမေတွေက အစိုးရကဖိအားပေးလို့  သူ့ ကိုအမွေပြတ်စွန့် လွှတ်ထားရပါတယ်။ သူနေသိပ် မကောင်းတော့ အိမ်မှာလာနေပါတယ်။ ကျနော့်ညီက သူကို ဆေးကုပေးပါတယ်။
မျိုးဝင်းနဲ့ အောင်နိုင် ရီပြီး အပြင်ထွက်သွားကြတယ်။
မင်းဒီကိုလာတော့ အထူး သင်တန်းတွေတက်ခဲ့ရလား။
ဟုတ်ကဲ့။ တက်ရပါတယ်။ တက်ရောက်သူ ၁၃ ယောက်ပါပါတယ်။ ကျနော်ကခြောက်ယောက်မြောက် ပါ။(တကယ်တော့ ညီအကိုမောင်နှမတွေကြားမှာ ကျနော်က ခြောက်ယောက်မြောက်ပါ။)
ပြော။အဲဒီသင်တန်းသားတွေကို။
တင်မောင်။တင်မောင်ညွန့် ။တင်စိုး။ ချစ်ပို။ချစ်ဖေ။ လှရွှေ။ရဲမြင့်။ မျိုးလွင်။ခင်မောင်မြင့် နဲ့ …အကုန် မမှတ်မိတော့ဘူးဗျ။
အိုကေအိုကေ အကုန်ပြောစရာမလိုပါဘူး။
(ဒီနာမည်တွေက မန္တလေး။တောင်စဉ်ကုန်းဗလီဝင်းမှာနေတဲ့ အိမ်ထောင်ဦးစီးတွေရဲ့ နာမည်တွေ)
ထောက်လှမ်းရေး ၁ ကို ဘယ်လိုသတင်းကပို့ သလဲ။
(ဘယ်လို။ ငါက ထောက်လှမ်းရေး ၁က ဗိုလ်ပါလို့ ပြောခဲ့ပြီးပြီလေ။ ငါ့ရုံးကိုငါ သတင်းအချက် အလက်တွေ ပို့  ဖို့ အထူးအထွေနည်းစနစ်တွေလိုသေးလို့ လားကွ)
ပုံမှန်အားဖြင့် တပတ်တခါ သတင်းပို့ ပါတယ်။ညီမင်းလို့  ခေါ်တဲ့ မူဆလင်ကားပြင်ဝပ်ရှော့နားက ကားအစိတ်အပိုင်းတွေရောင်းတဲ့သူက ကျနော့်ဆက်သားပါ။
(တကယ်တော့ သူက ကျနော့်ညီရဲ့ သူငယ်ချင်း)
အရေးပေါ်ဆိုရင်ကော
မျိုးလွင် ၂၉လမ်းနဲ့ ၉၃လမ်းဒေါင့်က သူ ကအရေးပေါ်အတွက်ပါ။
ရေဒီယိုထရန်စ္စမစ်တာတို့ တယ်လီဖုန်းတို့ ……


(69)
ငါမင်းကိုအခွင့်အရေးတခုပေးမယ်။ဟုတ်လား။ သေနတ်တွေ အဆိပ်တွေ ငါ့ကို ထုတ်ပေးစရာမလို ဘူး။ငါလို ချင်တာက မင်းဝန်ခံဖို့ ပဲ။ ၀န်မခံရင်တော့သေပြီလို့ သာမှတ်တော့။
စီအက်စ် ကျနော်သူလျှိုမဟုတ်ပါဘူး။
ကျနော်တကိုယ်လုံးကို ထိုးကြိတ်ကန်ကျောက်တာတွေလာပါတော့တယ်။
ခွေးမသား။ထပ်မေးဦးမယ်။ မျိုးဝင်း ကတ္တရာဘုတ်ကြီးသယ်လာပါပြီ။
ငါအသက်ကိုကယ်ဖို့ ငါတယောက်ပဲရှိတယ်။အသက်ဥာဏ်စောင့်ပဲ။ ဒီနေရာမှာ အသေခံပြီးသူရဲကောင်း မလုပ်ချင်ဘူး။
ပူတယ်။ ပူတယ်။ ပူတာထက်ပိုပူတယ်။ ဒီထက်ပိုပြီးငါသည်းမခံနိုင်တော့ဘူး။ရပ်ပါတော့။ရပ်ပါတော့။ ကျနော်အကုန်ပြောပါတော့မယ်။
အိုကေ။မင်းက မင်းဟာ ဗိုလ်မှူးပါလို့ ဝန်ခံတယ်။ဟုတ်လား။
ဟုတ်ပါတယ်။ဟုတ်ပါတယ်။
သူ့ ကိုကြိုးဖြေပေးလိုက်။ အခုမင်းတော်တော်သဘောပေါက်လာပြီ။ စောစောက၀န်ခံလိုက်ရင် မင်းဒီလိုအ သားမနာဘူး။ ခင်မောင်ဇော်လိုတောင်ဖြစ်နိုင်တယ်။
ကျနော်ဘာမှထပ်မကြားလိုတော့ဘူး။တကိုယ်လုံးနာကျင်နေသလို စိတ်ထဲမှာလည်းနာကျင်နေတယ်။ သူ တို့  ကျနော်တို့ အားလုံးကို စစ်ရုံးပြန်ပို့ ကြတယ်။


(71)
စစ်ကြောရေးကာလမှာ ကျနော်ဟာကျောင်းသားစစ်စစ်ပါ။စစ်တပ်နဲ ဘာမှမပတ်သက်ပါဘူးဆိုတာ ကျိန် တွယ်ပြီးပြောခဲ့ပါတယ်။ ပြသနာက သူတို့ ကကျနော်ကို ဗိုလ်မှူးလို့ တံဆိပ်ကပ်ပြီးဖြစ်နေတာပါပဲ။ ဖမ်းဆီးခံ ရသူတွေအတွက်ကျနော်ဝမ်းနည်းပါတယ်။ တကယ်ကိုဝမ်းနည်းကြေကွဲရပါတယ်။ သူတို့ ကျနော်တို့ ကို ယုံကြည်အားကိုးကြတယ်။အထူးသဖြင့် ကိုထွန်းအောင်ကျော်ကိုပေါ့။
အခု အခြေအနေက ကျနော်တို့ ဟာကိုယ့်ကိုယ်ကိုတောင် မကယ်နိုင်တဲ့အခြေအနေ။ညှင်းပန်းမှုတွေကြံ့ကြံ့ မခံနိုင်တဲ့နောက် ကိုယ်ကိုယ့် ကိုယ်မုန်းတဲ့အစိုးရရဲ့ သူလျှိုအဖြစ်ဝန်ခံရတဲ့အဖြစ်ပါ။ ဒီဝန်ခံချက်တွေကြောင့် ဖမ်းဆီးခံရ သူတွေပိုလို့ ညှင်း ပန်းမှုခံလာရတယ်။ညှင်းပန်းခံရလို့ ဝန်ခံ။ ၀န်ခံလို့ ပိုညှင်း ပန်းနဲ့ ကျောင်းသား တပ် မတော် ပျက် သုဉ်းမှ ဒီသံသရာရပ်တော့ မယ်ထင်ပါတယ်။ ဒါကသေချာပါတယ်။
Those confessions would bring further torture among the detainees and it will bring further confession till to the devastation of ABSDF.This is the most sure thing. Later, there will be a Red Shan Army in the place of ABSDF.
ကျနော့်ထွက်ဆိုချက်ကြောင့်ကျောင်းသားဘယ်နှစ်ယောက်အနှိပ်စက်ခံခဲ့ရလည်းကျနော်မသိနိုင်ပါဘူး။ ဒီကျောင်းသားတွေဟာ တော်လှန်ရေးမှာပါဝင်ဖို့ လာခဲ့ကြသူတွေ။ ခုလိုညှင်းဆဲခံဖို့ ၊ခေါင်းဖြတ်ခံရဖို့ ရောက် လာကြသူတွေမဟုတ်ဘူး။အခုတော့အားလုံးနောက်ကျကုန်ပါပြီ။
ဆေးတပ်ဖွဲ့ ကကျနော့်ဒဏ်ရာကိုကုဖို့ လာတယ်။တချို့ ကကိုထွန်းအောင်ကျော်အနားမှာ။ အနာကိုဆေး လိမ်းတော့ ဒီအနာက ဒီအနာရတုန်းကလိုပဲနာတယ်။ ရင်ထဲမှာလည်းနာနေပါတယ်။ ရင်ထဲကအနာကို သူတို့ ဆေးမလိမ်းပေးနိုင်ပါဘူး။ ထွန်းအောင်ကျော်ဆီကလည်းနာလို့ အော်တဲ့အသံကြားရတယ်။ ဒါပေမယ့် လည်း ဂရုမစိုက်နိုင်တော့ပါဘူး။


(77)
အစောင့်တွေအားလုံးသူ့ စကားကိုရီကြတယ်။ ဖမ်းဆီးခံထားရသူတွေကလွဲရင်ပေါ့။ စခန်းကလူတိုင်း အာဆိုက်ရဲ့ အော်သံကိုကြားကြတယ်။နောက်တော့အမျိုးသမီးဆေးဝန်ထမ်းရောက်လာပြီး ဒဏ်ရာကိုဆေး ထည့်ပေးတယ်။ သေသေချာချာတော့မဟုတ်ပါဘူး။ ဂျန်တာမိုက်ဆင် ဆေးထိုးတယ်။
ဖြစ်စဉ်တခုလုံးကိုဘာတွေဖြစ်နေလည်း ကောက်ကြောင်းချနေမိတယ်။ ဒီမိုကရေစီချစ်မြတ်နိုးပါတယ် ဆို တဲ့ ကျောင်းသားတွေက ဒီမိုကရေစီချစ်မြတ်နိုးတဲ့ကျောင်းသားတွေကိုညှင်း ဆဲနေတယ်။ အသက်ကြီး တဲ့ဒီမို ကရေစီ ချစ်မြတ်နိုးပါတယ်ဆိုတဲ့သူတွေနဲ့ ပရိသတ်က မျက်စိပိတ်မသိချင်ယောင်ဆောင်နေကြ တယ်။

ဒီပွဲမှာပါတဲ့သူတိုင်းကဒီမိုကရေစီချစ်မြတ်နိုးတဲ့ တော်လှန်သမားတွေချည့်။
တန်ဖိုးရှိတဲ့ဒီမိုကရေစီအမည်ခံပြီးဒီမှာလူသတ်နေကြတယ်။နှိပ်စက်ညှင်းပန်းနေကြတယ်။ရာဇ၀တ်တခုကျူး လွန်ပြီးတဲ့နောက်အဲဒါကိုဖုန်းကွယ်ဖို့  နောက်ထပ်ရာဇ၀တ်မှုနဲဖုံးကွယ်ဖို့ လုပ်ရတယ်။
အဲဒီအချိန် သူ့ ကိုဆန့် ကျင်သူတွေရဲ့ ပါးစပ်ကိုပိတ်ဖို့ ၊စိန်ခေါ်ဖို့ အတွက်သူရာဇ၀တ်မှုတွေ ပိုကျူး လွန် ရတော့တယ်။မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအသေးစိတ် ဖြစ်စဉ်ခင်ဗျား ကိုကျနော်ပြော ပြ မယ်။
At that time he had to commit more crime in order to challenge the opposition to shut the mouths. I am giving you the detail mental progression of ABSDF (NB)


(83)
တချို့ ကို သူတို့ ပြန်လွှတ်ချင်တယ်။ လွှတ်လိုက်ရမှာလည်းကြောက်နေတယ်။အဓိကကတော့ ကျနော် တို့  မြို့ ကိုပြန် သွား မှာကြောက်နေတာ။ဒီပွဲကို ဘယ်လိုအဆုံးသတ်ရမလည်းဆိုတာလည်း သူတို့ သိပုံမရ ဘူး။ သူတို့ အရမ်းကို ကျွံသွားခဲ့ပြီးဆိုတာတော့သူတို့ ကိုယ်သူတို့ သိတယ်။ ထပ်လည်းမသတ်ရဲ။ သူတို့ လုပ်ခဲ့ တဲ့ရာဇ၀တ်မှုကြောင့် လွှတ်လည်းလွှတ်မပေးရဲ။
မိုးကြီးနဲ့ ခင်မောင်ဇော်က ဒီနေရာမှာ အခရာ။ သူတို့ ကကျောင်းသားတွေ ယုံကြည်လာ အောင်ပြောကြ တယ်။ မအေလိုးနှစ်ကောင်။သူလျှိုကွင်းဆက်ကြီးကိုဖော်ထုတ်ခဲ့ပြီး ဒီသတ်ပွဲကြီး က တရားဝင်သယောင်။ ဘာအမှားမှမရှိခဲ့သယောင်ယောင်။
သူတို့ ကြောင့်ပဲ ဥက္ကဌအသစ် အောင်နိုင်က
လူတယောက်ယောက်ကို မှားယွင်းဖမ်းခဲ့ရင်ဖြစ်ဖြစ်၊ မှားယွင်းပြီးတယောက်ယောက်ကို သတ်ခဲ့ရင်ပဲဖြစ်ဖြစ် ငါတို့ အားလုံးကိုယ့် ဆန္ဒနဲ့ ကိုယ့်ဘာသာကြိုးစင်ပေါ်တက်သွားမယ် တဲ့ ။
“If we do a single mistake in detaining and killing a single man, we will climb up to the gallows with our own will, without any legal examination”.

နောက်ပိုင်းမှာဒါက ကျောင်းသားတပ်မတော်မြောက်ပိုင်းရဲ့ နေ့ စဉ်အလုပ်။ ဒါကိုဘာလို့ နေစဉ်တတွတ် တွတ် သူတို့ ပြောနေရပါသလဲ။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့တယောက်ယောက် အပေါ်သူတို့ လုပ်ခဲ့တဲ့ ဒုစရိုက် မှုကခြောက်လှန့် လာတဲ့အခါ ဒါကိုတတွတ်တွတ်ရွတ်တော့တယ်။အိပ်ယာက ထတယ်။ ရေတခွက်သောက် တယ်။ ပြန်မအိပ်နိုင်တော့ဘူး။ဒါနဲ့ တပက်နှစ်ပက်။ ဆယ် ပက်လောက်ဖြစ် လာလည်းမူးလာပေမယ့် သူ့  ကိုခြောက်လှန့် နေတုန်းပဲ။


(83) A

ဒီနေ့ ကတကယ့်မှတ်မှတ်ရရနေ့ ပဲ။အစောင့်တွေက ဖမ်းခံထားရသူတွေကို လက်ဝှေ့ ပွဲလုပ်ဖို့ စီစဉ်တယ်။ ထိန်းသိမ်းခံထားရသူတွေ တယောက်ကိုတယောက်တကယ်ထိုးရမယ်။ တချို့ ကတော့ အချင်းချင်း တကယ် ကန်ကြ။တကယ်ထိုးကြ။ အချင်းချင်းတယောက်ကိုတယောက်ဒီလို ထိုးကြိတ်နေကြတာကြည့်တာ သနားစရာ။ ဆိုးတယ်။တကယ်ဆိုးဝါးပါတယ်။ ကျနော့်အလှည့်။ လှမျိုးအောင် ကဒီပွဲ ကို သေသေ ချာချာကြည့်တယ်။ မျိုးဇော်က ချိုကြီးကိုခေါ်လာတယ်။ ၀င်းမြင့်က ကျနော့်ကို စည်းဝိုင်းထဲဝင်ဖို့ ခေါ် တယ်။ ချိုကြီးဟာ တခါက ကျနော်ကရာတေးကစားတုန်းက ကျနော့်သင်တန်းဆရာ။ သူက သုံးဘက်ခ်ျလောက် ဟိုင်ကာရီ ကရာတေးကလပ်မှာ စီနီယာကျတယ်။တက္ကသိုလ်တက်တော့ ဓာတုမေဂျာမှာ ကျနော်တို့ က အတန်းဖော်တွေ။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ အခုအတူတူ အဖမ်းခံနေ ရတယ်။သူကဖျားနေ တယ်။ကျနော်သူ့ ကိုဘယ်လိုနာအောင်လုပ်ရက်ပါ့မလဲ။
တယောက်နဲ့ တယောက် မျက်နှာ ချင်းဆိုင်လိုက်တော့ချိုကြီး က သူ့ ကိုကန်ဖို့  နာအောင် လုပ်ဖို့ ပြော တယ်။ ဒါပေမယ့်ကျနော့်လိပ်ပြာနဲ့ သိက္ခာက ဒါကိုခွင့်မပြုဘူး။ ဘယ်လိုလုပ်နိုင်မှာလည်း။ ဖျားနေတဲ့ ကျနော့်သူငယ်ချင်းကို ကျနော်ဘယ်လိုလုပ်နာကျင်အောင်လုပ်ရက်မှာလည်း။ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၅နှစ်က ကရာတေးအခြေခံနဲ့ နင်ဂျာရွှေ့ ကွက်တွေကိုသင်ပေးခဲ့တဲ့ သင်တန်းဆရာကို ဘယ်လိုနာ ကျင်အောင် လုပ်ရက်မှာလည်း။
ရပ်လိုက်တော့။ရပြီ။
ဆရာ ဒီကုလားကဘာမှစောက်သုံးမကျဘူး။
အေး။ဘာမှသုံးမရတဲ့ကုလားပဲ။
မျိုးဇော်က ၀င်းမြင့်နဲ့ သဘောတူတယ်။ ကျနော့်မျက်နှာကိုထိုးတယ်။ ကောင်းကောင်းမချလို့ ပေါ့။ ဒါပေမယ့် ဒီတခါအထိုးခံရတာ နာပေမယ့်ကျနော် ကျေနပ်တယ်။ အိပ်ယာ ကိုစောစောဝင်ခဲ့တယ်။
သီချင်းကိုအရင်ထက် ပိုကြာကြာဆိုရမယ်။ အိမ်မက်ထဲမှာခင်ဝမ်းရဲ့  ဘုရင်အာချာ သီချင်းကိုဆိုမိတယ်။ သီချင်းရဲ့ အဓိက ကတော့ မမျှမတ။မတရားအနိုင်ကျင့်ခံရတဲ့ သူတွေကိုအားပေးထားတဲ့သီချင်းပါ။


(86)
ကျနော်တခုတောင်းဆိုချင်ပါတယ်။
သူကျနော်စကားကို သသေချာချာနားစိုက်ပြီး ငါမင်းကိုဘာလုပ်ပေးရမလဲ။ သူ့ ငါးမျှားချိတ်ထဲငါး တကောင်တော့ လာမိပြီလို့ တွေးနေတာလည်းဖြစ်နိုင်ပါတယ်။
အော်။ ကျနော် ဆေးပေါ့လိပ်တလိပ်လောက် လိုချင်လို့ ပါ။
ရမယ်။ရမယ်။ မင်းကိုဆေးလိပ်သောက်ခွင့်ပေးဖို့ သူတို့ ကိုပြောလိုက်မယ်။
(အေး။ သံချောင်း။ မင်းရဲ့ ကောက်ကျစ်မှုမှာ ငါတို့ ပထမအကြိမ်မိခဲ့ပြီ။ နောက်တကြိမ်ကတော့ငါအလှည့်ပဲ။ အဲဒီအခါမင်းခုလိုပဲနေနိုင်ပါစေ။)

သိန်းထွန်းနဲ့ ဒေါက်တာနိုင်အောင်ကဒီလို။

ဒေါက်တာနိုင်အောင်ကသိန်းထွန်းကို ကောင်းကောင်းသိလို့ သိန်းထွန်းစပိုင် မဖြစ်နိုင်ဘူးပြောတယ်။အဲဒီအချိန် သိန်းထွန်းက တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြတယ်။ သူ့ ကိုယ်သူလည်း အဝေးရောက်အစိုးရ ၀န်ကြီး ဒေါက်တာသောင်းထွန်းနဲ့  ၀မ်းကွဲညီအကိုတော်စပ်တယ်လို မိတ်ဆက် ပါတယ်။

ဒေါက်တာနိုင်အောင်ဒေါသပေါက်ကွဲသွားတယ်။ ၀န်ကြီးရဲ့ နာမည်အလွဲသုံးစား မလုပ်နဲ့ လို့  ဆိုတယ်။ အဲဒီမှာ နိုင်အောင်က သိန်းထွန်းကိုထိုးတယ်။ ကြာပွတ် နဲ့ အရိုက်ခံရတယ်။ နံပါတ်တုတ်နဲ့ အရိုက်ခံ ရ တယ်။ သိန်းထွန်းကိုပြစ်ဒဏ်ပေးဖို့ လိမ်တဲ့ပါးစပ်ကို လျှပ်စစ်ရှော့ရိုက်ဖို့ ဒေါက် တာနိုင်အောင်က အမိန့် ပေးတယ်။


ကဲ ညီညီကိုခေါ်ခဲ့ ။
ညီညီငါမင်းပြောမယ့်စကားတွေကြားချင်တယ်။
အလ္လာကယ်ပါ။ အခုပြောမယ့်စကားတွေ က ကျနော်ရှေ့ ရေးကို ဆုံးဖြတ် မှာ ကျနော် သိနေတယ်။


(88)

It also may bring further accusation because they surely will cont the fled as an indirect confession.Everybody agree on that point and agree to live till the ship sinks.
အာဆိုက်ကတော်တော်အခြေအနေဆိုးနေပြီ။ သူ့ အနာက လောက်တွေတွယ်နေတာ ကျနော်တို မြင်နေရ တယ်။ သူက ကိုထွန်းအောင်ကျော်ဘေးမှာထိုင်တယ်။ ကိုထွန်းအောင်ကျော်က ၀ါးစတစ ယူပြီးသူ့ အနာ က လောက်တွေကို ဖယ်ပေးနေတယ်။ ဒီမှာရှိတဲ့သူအားလုံး ဒဏ်ရာကိုယ်စီနဲ့ ။ ကျနော်က ဗိုက်မှာ လောင် ထားတဲ့ဒဏ်ရာ။ကိုထွန်းအောင်ကျော်ကဘယ်ဖက်ဒူးခေါင်း။ ကျော်ဝေကလက်တဖက်ပဲရှိတော့တယ်။အောင်ဖြိုး မှာလဲ လက်တဖက်ပဲ ကျန်တော့တယ်။ တခါတခါ ၀န်ထမ်းတွေလာပြီး ညီညီကျော်ခေါင်းကို ထပ်ခါ ထပ်ခါရိုက်နှက်တယ်။
ဇော်ဇော်မင်းကမေးတယ်။ ဘယ်မှာလည်း ဆက်သွယ်ရေးစက်တွေ။တခါတလေ နီးစပ်ရာလူကိုရိုက်သွား တတ်သေးတယ်။ သေနတ်တွေ ဘယ်မှာလည်း။ အဆိပ်တွေ ဘယ်မှာလည်း။
ဒီတခါတော့အာဆိုက်နာလွန်းလို့ အော်တယ်။သံချောင်းကသူ့ ကို တော်တော်ဆိုးဆိုးဝါးဝါးရိုက်တယ်။ ချောင်း ဆိုး ပြီး ချွဲတွေ၊သလိပ်တွေနှာခေါင်းကထွက်လာတယ်။ လက်နဲ့ ဖယ်ထုတ်ပြီးရှင်းတော့လက်မှာ ချွဲသ လိပ်တွေ ကပ်ပါ လာ တယ်။ ၀ါးချောင်းလေးနဲ့ လက်က ချွဲတွေ ရှင်းဖို့ လုပ်တော့ 
မအေလိုး။ ပြန်စားပစ်စမ်း။မျိုချပစ်။ မငြင်းဆန်ရဲ ပါဘူး။ မျိုချဆိုတော့ ပြန်မျိုချလိုက်ရတာပဲ။


91
ဒီကောင်တွေ့ သွေးဆာနေတုန်းပဲ။ ဒီအဖြစ်အပျက်ပြီးရင် ဘယ်လို ရက်စက်မှုမျိုးလာဦးမလဲကျနော် မသိဘူး။ကျနော်အကောင်းမြင်သမားတယောက်မဟုတ်ပါဘူး။ ဒါပေမယ့် ကြွက်အနံ့ ရတယ်။ တခုခု မကြာခင်ဖြစ်တော့မယ်။

ဒါစိတ်ရောဂါ။ ဒီကောင်တွေသူတို့ ရဲ့  မကောင်းဆိုးဝါးစိတ်ကို သူတို့ မထိန်းသိမ်းနို င်ဘူး။ ကျောင်းသား တပ်မတော်ထောက်လှမ်းရေး နောက်လိုက်တွေက ဒီလိုရက်စက်တဲ့လုပ်ရပ်တွေကို ပူဇော်ပသကြနေတယ်။ ဒီလိုလုပ်တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ကိုအားကျနေကြတယ်။ သူကို ကိုးကွယ်နေကြတယ်။ ငယ်တဲ့သူတွေ က ကြီးတဲ့သူတွေကိုအတုခိုးကြတယ်။ သံချောင်းနဲ့ မျိုးဝင်းက အလွန်အကျွံဖြစ်လာတော့ ၀န်ထမ်းတွေ အစောင့်တွေလည်းအလွန်အကျွံဖြစ်လာကြတယ်။ ဒါကူးစက်ရောဂါပဲ။
ဒေါက်တာအောင်နိုင်ကဒီကိစ္စမှာပရိသတ်ပါ။ သူ့ မိတ်ဆွေ အောင်နိုင်ဦးကဖမ်းခံထားရတဲ့ ကျော်နိုင်ဦးကိုလာတွေ့ တော့ ငါမင်းကို ဒီမှာ စစ်တပ်အရာရှိအဖြစ်တွေ့ ရတာတော်တော်အံ့သြတယ်လို့ ပြော တယ်။ ကျော်နိုင် ဦး ကငါလည်းမင်းပါးစပ်ကဒီစကားမျိုးထွက်လာတာတော်တော် အံ့သြတယ်။ ငါအိမ် မှာလပေါင်း များစွာပုန်းသွားပြီး မင်းပါးစပ်က ခုလိုစကားမျိုးထွက်လာတာ ငါ လည်းတော်တော်အံ့သြ တယ်။ အောင်နိုင်ဦး ပြန်ထွက်သွားတယ်။ သူဘာကိုဆို လိုသ လဲ ကျနော်သိပ် မသေချာပါဘူး။ ဒါပေ မယ့် အေဘီ အက်ဒီအက်ဖ် အဖွဲ့ ဝင် တွေကြား ထဲမှာ အောင်နိုင်ဦးက ကျော်နိုင်ဦးကို အစိုးရသူလျှိုအဖြစ် လက်ခံတယ် လို့ သဘောပေါက်သွားကြပါတယ်။ အဲဒီအချိန် ဒီပွဲမှာ ဒေါက်တာနိုင်အောင်က ကြားနေ။ နောက်တော့ သူလည်း သံချောင်း၊ မျိုးဝင်းတို့ ကို အတု ခိုးပါတော့ တယ်။



94

အောင်ဖိုး။မင်းအရူးပဲ။ မင်းတိတ်တိတ်နေရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ချိုကြီး ငါ အာဆိုက်လို အဖြစ်မခံနိုင် ဘူး။ ဒီ ကောင်တွေသွေးဆာနေတာ။ ကျနော် မဟုတ်ပဲတခြားတယောက်ဆို ပြတ်သွားပြီ။
သူတို့ ကျနော့် ကို သတ်မှာသေချာတယ်။ ဒါကြောင့် ဒါကိုကျနော်လုပ်တာ။ နောက်ထပ် ကျနော့်သူငယ်ချင်း တယောက်ယောက် ကိုယ် လက်အင်္ဂါမဆုံးရှုံးစေချင်ဘူး။ ကျနော်ကကံဆိုးတဲ့သူ။ ကံကောင်းတဲ့သူတွေကို ကျနော်ကယ်ချင်တယ်။ I was an unlucky person and I want to save lucky ones not to be unlucky.
ညီညီကျော်အလှည့်။ ဘယ်မှာလည်း ဆက်သွယ်ရေးစက်နဲ့ သေနတ်တွေ။
အခုငါမပြောနိုင်ဘူး။
ခွေးသား။ဘယ်မှာလည်း။ည်ီညီင်္ကျော်အော်တယ်။ ဒါပေမယ့်နိုးပဲ။
ငါအခုပြောတော့မင်းတို့  က ငါ့ကိုဘာအခွင့်အရေးပေးမှာမို့ လည်း ။ အခုငါပြောရင် မင်းတို့ ငါ့ကို အခုပဲ သတ်မှာ။ ဒါကြောင့် ဗီစီအက်စ်လာမှ ငါဖြေမယ်။
နာတယ်ကွ။ အေးရိုက်ထား။မင်းတို့ လုပ်တာတွေကို ဗီစီအက်စ်အတွင်းရေးမှူးကိုသတင်းပို့ မယ်း။ မင်းတို့ ငါ ကိုသေ နတ်ဘယ်မှာလည်းမေးနေတာမဟုတ်ဘူး။သတ်နေတာ။
ညီညီကျော်ဒီလိုပြောတော့ သန်းဇော်နဲ့ ဇော်ဇော်မင်း သူ့ ကိုရိုက်နှက်တာရပ်သွားတယ်။ ဒါက ဘာနဲ့ တူမ လည်းဆိုတော့ အရေးပါတဲ့ သက်သေကို မားဖီးယားက ရဲ စခန်းမှာ သုတ်သင်သလိုဖြစ်သွားနိုင်တယ်။ မျိုးဝင်းရဲ့ ဒေါသကိုတော့ သူတို့ ကြောက်ရတယ်။
အေး။ကောင်းပြီ။မင်းဒဏ်ရာတွေကိုကုဖို့ လုပ်။

96
ထမင်းစားတော့ ကျနော်တို့ လေးယောက်တစုပါ။ ကိုထွန်းအောင်ကျော်ဟိုဝိုင်းဝင်ဒီဝိုင်းဝင်နဲ့ နောက်ဆုံး ကျနော်တို့ နဲ့  ထိုင်ပါတယ်။ ကျနော်တို့ အဖွဲ့ က ကိုထွန်းအောင်ကျော်၊၀ဏဇော်၊ကျနော်။ တ၀ိုင်းမှာ သုံးယောက်ပဲရှိတာ ကျနော်တို့ အစုတစုထဲပါ။
ထမင်းစစားတော့ ကိုထွန်းအောင်ကျော် ကခေါင်းငုံ့ ပြီးစားချင်ယောင်ဆောင်ပါတယ်။
သူကျနော့်ကို
ဟေးညီညီ။ ချိုကြီးနဲ့ ငါကတော့မကြာ ခင်အသတ်ခံရတော့မယ်။
ဟာဗျာ။ မဖြစ်နိုင်ပါဘူး။ ချိုကြီးတော့ထားတော့။ ဒါပေမယ့် ခင်ဗျား က မြို့ က ကျောင်းသားတွေကြားမှာ လူသိများတဲ့ကျောင်း သားခေါင်းဆောင် တယောက် ပဲ။ မသတ်လောက်ပါဘူး။
ကျေးဇူးပြုပြီးတော့ ငါ့စိတ်သက်သာရာရအောင် မပြောပါနဲ့ ကွာ။အခြေအနေ ကိုငါသိတယ်။ ငါ့မှာအချိန်နည်း နည်း ပဲရှိတော့တယ်။ နားထောင်။ မင်းဘာမှပြန် မပြောနဲ့ ။ သူတို့ စ ကားအရ မင်းကိုတော့သတ်မှာမဟုတ် ဘူး။ မင်းဒီရာဇ၀တ်မှု ကိုဖော်ထုတ်ပေးပါ။ I also want our name to be dignified back.
လုပ်မယ်လို ငါ့ကိုကတိပေးပါကွာ။
ခင်ဗျားဟာမန္တလေးမှာအသိုင်းအ၀ိုင်းမရှိတဲ့ တကောင်ကြွက် မဟုတ်ပါဘူးဗျာ။
You are not the lone wolf from Mandalay.
သူတို့ ခင်ဗျားကိုဒီလိုပုံစံနဲ့ သေးသိမ်အောင်လုပ်လို့ မရပါဘူး။ ဒါပေမယ့်ကျနော် ဒီကောင်တွေကိုလက် စားချေမယ်လို့ ကျနော်ကတိပေးပါတယ်။
But I promise to revenge them and save your names back.
ငါရဲဘော်လေးတွေကိုလည်းမင်းတာဝန်ယူစေချင်တယ်။
စိတ်ချပါ ကိုထွန်းအောင်ကျော်။ စိတ်ချပါ။
သူကြည့်ရတာစကားပြောတာနဲ့ တောင်မောနေတယ်။ ငါဘာလုပ်နိုင်လဲ။ ငါဘာလုပ်သင့်သလဲ။
ဝဏဇော် ကျနော်တို့ စကားတွေကို ဆိတ်ဆိတ်ပဲနားထောင်နေတယ်။
နောက်ဆုံး ကိုထွန်းအောင်ကျော်က ကျနော်သူ့ ကို အကြံပေးခဲ့တာတွေကို နားမထောင်ခဲ့မိတာတောင်းပန် တယ်။
ညီညီ နောက်တခုက ကျောင်းသားတပ်မတော်ကို တနည်းနည်းနဲ့ Nyi Nyi, next thing is try your best to dismantle ABSDF by any means.သူတို့ ဟာ အစိုးရစစ်တပ်ထက်ပိုဆိုးလာလိမ့်မယ်။ ကျနော်ဒါမျိုးဘယ်လိုလုပ်နိုင်မှာလည်း။If there is a revolt, you can.



 Myanmar Express

3 comments:

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။

· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။

နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။


(ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။

မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။ လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်