Subscribe to our RSS Feed

ရွာလုံးကျွတ်မီးလောင်နေတာတောင် ဖျော်ဖြေပွဲကို ဆက်ပြသတဲ့ NLD ပါတီ

 ဧပြီ လ  ၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီ သည် ပါတီ အောင်နိုင်ရေးအတွက် ရုပ်ရှင်မင်းသား၊မင်းသမီး အဆိုတော်များဖြင့် မဲစည်းရုံးရေး ဖျော်ဖြေပွဲများ အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကာ လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။အဆိုပါဖျော်ဖြေရေး အဖွဲ့များ မတ်လ ၂၉ ရက်နေ့က စစ်ကိုင်းမြို့သို့ စည်းရုံးရေးအတွက်ဖျော်ဖြေဖို့ရောက်ရှိနေစဉ် ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာတွင် ရွာလုံးကျွတ် မီးလောင်ကျွမ်းမူဖြစ်ခဲ့ကြောင်းကို MEG သတင်းထောက်တစ်ဦးမှ ပေးပို့ခဲ့သည်။

 မီးလောင်နေသော်လည်း ပါတီ အောင်နိုင်ရေး ကို အဓိကထား ဖျော်ဖြေနေသူများ

 မီးလောင်ကျွမ်းခံခဲ့ရတဲ့ အဲ့ဒီရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့ သိရပြီး တရွာလုံးနီးပါး မီးလောင်သွားတယ်လို့ သတင်းရရှိပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် သောက်ရေသုံးရေ အလွန် ရှားပါးတယ်လို့ သိရပါတယ်။
ပုလဲမြို့က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ပေမဲ့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့ အခက်အခဲတွေ အများအပြား ကြုံတွေ့ခဲ့ရပြီး တရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရတာ ဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာ အောင်မြင်နိုင်ရေးအတွက်   NLD ပါတီ အနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးရေး လုပ်ငန်းများ ကို အနယ်နယ်အရပ်ရပ်တွင် လုပ်ဆောင်နေသော်လည်း လုပ်ဆောင်ခဲ့သည့် မြို့နယ်များ အတွင်း လူသေမူဖြစ်ပွားခြင်း၊မီးလောင်မူဖြစ်ပွားခြင်း များဖြင့်သာ ကျန်နေခဲ့လေသည်။

Myanmar Express 

7 comments:

ဒါတောင် မဲမထည့်ရသေးဘူးနော်.. မဲသာထည့်လိုက်လို့ ကတော့ ထည့်တဲ့ နယ်တိုင်း မီးလောက်ပြင်ဖြစ်သွားမယ်.. နိုင်ငံခြားသား မိန်းမတစ်ယောက်ကြောင့် အခုလို ကျိန်စာသင့်တာပဲ .. ထိုင်းမှာ ရေကြီးသလိုပေါ့ .. ဒေါ်စုက အာဏာတောင်မရသေးဘူး .. ပြည်သူက ကျိန်စာတွေမိနေပြီ . လောင်လိုက်တဲ့ မီး နေရာတိုင်းမှာပဲ .. ခုလဲ ဆွယ်နေတုန်းတောင် တစ်ရွာလုံးပြုတ်တာ .. မဲနိုင်ပြီး အာဏာ ရလာလို့ ကတော့ တစ်နိုင်ငံလုံးပြုတ်ဖို့ သာပြင်ပေတော့

အမေ့ထမီခြုံရင်မီးကွင်းတယ်ဆို ခုတော့ အမေ့ထမီကသွားလေရာမီးလိုက်လောင်နေပါ့လား..ဒါဆိုလဲ အဲ့ထမီဝတ်မနေနဲ့ ချွတ်သာထားလိုက်တော့...စိတ်လေတယ်

အမေ့ထမီခြုံရင်မီးကွင်းတယ်ဆို ခုတော့ အမေ့ထမီကသွားလေရာမီးလိုက်လောင်နေပါ့လား..ဒါဆိုလဲ အဲ့ထမီဝတ်မနေနဲ့ ချွတ်သာထားလိုက်တော့...စိတ်လေတယ်

ဟုတ်တယ်လေဗျာသူပြောတာမှန်ပါတယ်။ ဒေါ်စုထမိန်က မီးကွင်းတယ်လေ။ သူ့ထမိန်ပဲမလောင်တာ ကျန်တာအကုန်လောင်သွားတာပဲ။ မဟုတ်ဘူးလားဗျ။ ဟားဟား။ ဒါပေမယ့်အကျီ င်္တို့ ဘာတို့တော့ လောင်မလောင်မသိဘူးဗျ။ သိချင်ရင်မေးသာကြည့်ကြပါဗျာ။။

all commenter,, very good ,,

fiter lay

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်