Subscribe to our RSS Feed

ဂျပန်နိုင်ငံမှ မြောက်ကိုရီးယား ဒုံးပျံအတွက် ပြင်ဆင်နေ

From : MRTV-4

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ မြောက် ကိုရီးယားနိုင်ငံရဲ့ ဒုံးပျံလွှတ်တင်မယ့် အစီအစဉ် အတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ပူးတွဲကာကွယ်ရေး

တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ဧပြီလ ၁၂ရက်နေ့နဲ့ ၁၆ရက်နေ့အကြားမှာ ဂြိုဟ်တုတင်ဆောင်ထားတဲ့ ဒုံးပျံတစ်စင်း လွှတ်တင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီး အဲ့ဒီ ဒုံးပျံရဲ့ အစိတ်အပိုင်းတချို့ဟာ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတချို့ပေါ်ကို ပြုတ်ကျနိုင်ကြောင်း ခန့်မှန်းထား ပါတယ်။

ဒါကြောင့် ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာနဟာ အဲ့ဒီ ဒုံးပျံအပိုင်းအစတွေ ဂျပန်ပိုင်နက်ကို ကျလာပါက ကြားဖြတ်ဖျက်ဆီးပစ်ဖို့ အဆင်သင့်ပြင် ထားမှာဖြစ်ပြီး လာမယ့် သီတင်းပတ်အတွင်းမှာ ကာကွယ်ရေးဝန်ကြီး နာအိုကီတာနာကာက တရားဝင်ညွှန်ကြားချက် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယား ဒုံးပျံအစိတ်အပိုင်းတွေကို ဖျက်ချဖို့ PAC-3 မြေပြင်မှ ဝေဟင်ပစ်ကြားဖြတ်ဒုံးလက်နက်တွေကို အီရှီဂါကီ၊ မီယာကိုနဲ့ အိုကီနာဝါ ကျွန်းတို့ အပါအ၀င် နေရာတော်တော်များများမှာ တပ်ဖြန့်ထားရှိမှာ ဖြစ်ပြီး SM-3 ဖျက် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Aegis ဖျက်သင်္ဘောတွေကိုလည်း အိုကီနာဝါ ကျွန်းအ နီး ရေပြင်မှာ တပ်ဖြန့်ထားရှိမှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ လာမယ့် သောကြာနေ့မှာ ၀န်ကြီးချုပ် ယိုရှီဟီကိုနိုဒါ နဲ့ အခြားဝန်ကြီးတွေ တက်ရောက်မယ့် လုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပမှာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာ မြောက်ကိုရီးယား ဒုံးပျံအစိတ်အပိုင်းတွေကို ကြားဖြတ်ပစ်ချမှု လုပ်၊ မလုပ် ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Reference : NHK.com


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်