Subscribe to our RSS Feed

မြောက်ကိုရီးယားတို့ တာတိုပစ် ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့

From :MRTV-4

မြောက်ကိုရီးယား နိုင်ငံမှာ မြေပြင်မှ သင်္ဘောသို့ ပစ်ခတ်သည့် တာတိုပစ် ဒုံးကျည် နှစ်စင်းကို ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါသို့ စမ်းသပ်

ပစ်လွတ်ခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယား အစိုးရ သတင်း အရင်းအမြစ်များမှ ပြော့ရာတွင် မြောက်ကိုရီးယားမှ ပစ်လွှတ်သည့် ဒုံးကျည် နှစ်စင်းမှာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခရိုင် တစ်ခုတွင် ရှိနေသော အခြေစိုက် စခန်းမှ ကြာသပတေးနေ့ နံနက်ပိုင်းက ပစ်လွတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

အဆိုပါ KN-01 သင်္ဘောဖျက် ဒုံးကျည်မှာ ကီလိုမီတာ ၁၂၀ အကွာအဝေး အထိ ပစ်ခတ်နိုင်ကြောင်းလည်း အမည်မဖော်လိုသူ အဆိုပါ သတင်းအရင်းအမြစ် အရ သိရသည်။ ယခုလို ပစ်လွှတ်မှုမှာ လာမည့် လတွင် ပြုလုပ်မည့် ဂြိုဟ်တု လွှတ်တင်မှု အစီအစဉ်နှင့် ဆက်စပ်မှု့ ရှိပုံ မရကြောင်း အဆိုပါ လူမှပြောသည်။ တောင် ကိုရီးယား နိုင်ငံမှာ မြောက်ကိုရီးယားတို့ အနေဖြင့် တာဝေးပစ် ဒုံးကျည်ကို စမ်းသပ်ရန် စီစဉ်နေသည်ဟု ယုံကြည်ထားကြောင်း သိရသည်။

ယခုလို တာတိုပစ် ဒုံးကျည်ကို စမ်းသက်ခြင်းမှာ သင်္ဘောဖျက် လက်နက်များ၏ ပစ်နိုင်အားကို စမ်းသပ်ချင်၍ြ်ဖစ်နိုင်ကြောင်းလည်း အဆိုပါ သတင်း အရင်းအမြစ်မှ ပြော သည်။ စောင့်ကြည့်သူများမှ ပြောရာ၌မူ မြောက်ကိုရီးယား နိုင်ငံမှ တောင်ကိုရီးယား နှင့် အမေရိကန်တို့ကို သတိပေးရန် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

source : NHK news


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်