Subscribe to our RSS Feed

ဥရောပအကြီးဆုံး ဆောက်လုပ်ရေးသုံး ပစ္စည်းထုတ် လုပ်ငန်းစုကြီးက မြန်မာကိုမျက်စိကျနေ

From : SMG



ဝင်ရောက်ချင်နေကြောင်း ၇-၃-၂၀၁၂ ရက်ကသိရသည်။ ဗြိတိန်အခြေစိုက် JCBအနေဖြင့် ယခုနှစ်နှစ်လယ်ပိုင်းတွင် ၀င်ရောက်လိုနေပြီး မျက်စိကျရခြင်းသည် ယခင်က ရှိခဲ့သော စီးပွားရေး ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးတော့မည့် အလားအလာများကို တွက်ဆမိ၍ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော့်အထင်ပြောရရင် မြန်မာနိုင်ငံက လာမယ့်နှစ် အနည်းငယ်အတွင်းမှာ အရမ်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ စီးပွားရေး လုပ်ကွက် နေရာသစ်တစ်ခုပါပဲ။ ကျွန်တော်တို့က အဲဒီဈေးကွက်သစ်ကြီးဆီကို ဒီနှစ်လယ်ပိုင်းမှာသွားဖို့ စီစဉ်နေတယ်'' ဟု ယင်းကုမ္ပဏီ၏ ဒေသတွင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်သူ MrRajenNairက ပြောကြားသည်။ JCBအနေဖြင့် ဗြိတိန်နိုင်ငံ၏ မြန်မာကို စိတ်ဝင်စားသည့် တစ်ခုတည်းသော လုပ်ငန်းစုမဟုတ်ခဲ့ဘဲ StandardChartered ဘက်ကလည်း စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။''ကျွန်တော်တို့ရဲ့ ၇၀ရာခိုင်နှုန်းသော ၀င်ငွေကို အာရှဒေသက ရရှိထားတာဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းစုက နည်းနေသေးပါတယ်'' ဟု၎င်းက ဆက်လက် ပြောကြားသည်။ ဗြိတိန်အခြေစိုက် JCBအနေဖြင့် ဗြိတိန်ဝန်ကြီး စီလျံမော့ခ်နှင့် EUမှ ဖွံ့ဖြိုးတိုးတက်ရေး ကောင်မရှင်နာ AndrisPiebalge တို့၏ မြန်မာပြည်ခရီးစဉ်အပြီး မက်ဆေ့ခ်ျ မျှဝေခြင်းများကြောင့် ပိုမို စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် ပြည်တွင်းရှိ စီးပွားရေး အထူးဇုန်ကြီးမျိုးစုံကို ထောက်ပံ့ပေးနိုင်သော လုပ်ငန်းစုတစ်ခုအဖြစ် မြန်မာသို့ လာရောက်လိုနေကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်