Subscribe to our RSS Feed

ရပ်ကွက်အုပ်ချူပ်ရေးမှူးများကို လွှတ်တော်မှ အတည်ပြုပြီးဖြစ်သော ဥပဒေအတိုင်း အသစ်ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရ


From : Myanmar Post

လွှတ်တော်မှအတည်ပြုလိုက်ပြီးဖြစ်သော ရပ်ကွက်အုပ်ချူပ်ရေးမှူးနှင့် သက်ဆိုင်သော ဥပဒေများအရ နောက်ပိုင်းကာလတွင် အုပ်ချူပ်ရေးမှူးများကို အသစ်ပြန်လည်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းကပြောသည်။

“အချိန်တော့ နည်းနည်းယူရမယ်ထင်ပါတယ်။ အခုလွှတ်တော်ကတော့ ဒီဥပဒေကို တည်ပြုလိုက်ပြီဆိုပေမယ့် နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားလွှာတွေထပ်ထွက်လာတော့မှာပါ။ ဒါတွေထွက်လာပြီးနောက်ပိုင်းမှာ ဥပဒေအတိုင်း အသစ်ပြန်ခန့်အပ်ဖြစ်မှာပါ။” ဟု၎င်းကပြောသည်။

ထိုရပ်ကွက်အုပ်ချူပ်ရေးမှူးများနှင့်သက်ဆိုင်သော ဥပဒေအရ အသစ်ပြန်လည်ရွေးချယ်ရာတွင် ဆယ်အိမ်စုအလိုက် ရပ်မိရပ်ဖ တစ်ဦးစီကို ကိုယ်စားလှယ်အဖြစ်ရွေးချယ်ပြီးမှ ထိုကိုယ်စားလှယ်များမှ စုပေါင်းပြီး မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ဦးသာဝင်းက ဆက်ပြောသည်။ ယခင်က ပါတီ၏ သဘောတူချက်အရ ရွေးချယ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဥပဒေအတိုင်းသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရပ်ကွက်အုပ်ချူပ်ရေးမှူး များကိုနောက်ဆုံးအကြိမ်ရွေးချယ်ခန့်အပ်ခဲ့စဉ်က ပြည်သူများအကြားတွင် အငြင်းပွားစရာများဖြစ်ခဲ့ကြပြီး အုပ်ချူပ်ရေးမှူးများ၏ သတ်မှတ်ချက်နှင့် မပြည့်စုံသောသူများကိုလည်း ခန့်အပ်ခဲ့ကြောင်း၊ ယခုလို ဥပဒေအတိုင်း အသစ်ပြန်လည်ရွေးချယ်မည်ဆိုလျှင် ဒေသအုပ်ချူပ်ရေးများတွင် ပိုမိုအဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ချို့ကပြောသည်။

“အုပ်ချူပ်ရေးမှူးဥပဒေနဲ့ ပတ်သတ်ပြီးတော့ အတည်ဖြစ်သွားတော့ သိပ်မပြောလိုတော့ဘူး။ ဒါပေမယ့် အခုလို အသစ်ပြန်ခန့်မှာ ကိုတော့ ကောင်းပါတယ်။ ဒါပေမယ့် သုံးနှစ်အထိတောင် ဆိုတာကတော့ များနေမယ်ထင်တယ်။ လူထုက စိတ်ဝင်စားတဲ့ဆယ်အိမ်မှူးတွေရွေးတာက အခြေခံကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲလိမ်တာ၊ ခြိမ်းခြောက်မဲယူတာ၊ မြေယာမြေပြဿနာ ဒါတွေအားလုံးက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေက အစ ပါဝင်ပတ်သက်နေတာ။ နောက်ပြီး သူတို့ကို လုပ်ပိုင်ခွင့်အာဏာတွေ အများကြီးပေးမထားရင် ပိုကောင်းမယ်။ သူတို့ရဲ့ သိမြင်နှံစပ်နိုင်စွမ်းထက် ပိုခိုင်းရင်မကောင်းဘူး။ ဒါကြောင့်အုပ်ချူပ်ရေးမှူးတွေကို ရွေးတာမှာ စနစ်တကျဖြစ်ဖို့အရမ်းကို လိုတယ်။” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဥက္ကဌဖြစ်သူ ဦးနေမျိုးဝေကပြောသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်