မတ်လ (၂၇) ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီ လောကရဲ့ ဝမ်းနည်းစရာ အကောင်းဆုံး နေ့တစ်နေ့ပါတယ်။။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ ဝမ်းအနည်းဆုံး နေ့ဖြစ်ပြီး အမြဲတမ်း ကြိတ်ငိုနေရုံမျှ မက စိတ်ထိခိုက်ကာ အိပ်ယာထဲ လဲတတ်တဲ့ အပြင် ခေါင်းမူး အော့အန် တတ်တဲ့ နေ့ ဖြစ်နေလို့ပါ။ မတ်လ (၂၇) ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖူးစာဆုံမှတ် ထိမ်းမြားလက်ထပ် ထားတဲ့ အချစ်တုံး အချစ်ဆုံးကြီး ဖြစ်သူ မိုက်ကယ် အဲရစ်တစ်ယောက် သေဆုံးသွားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
လင်ယောင်္ကျား သေဆုံးမှု ဟာ မိန်းမတစ်ယောက်အတွက် အကြီးမားဆုံး ဝမ်းနည်းခြင်း၊ အကြီးမား ဆုံး ဆုံးရှုံးခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက်ရဲ့ အကြီးမားဆုံး ဝမ်းနည်း ဆုံးရှုံးခြင်း ဆိုတာ ဒီမိုကရေစီ လောက တစ်ခုလုံးရဲ့ ဝမ်းနည်း ဆုံးရှုံးခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းကလည်းပဲ ဒီနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သွားလေသူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ကို လွမ်းဆွတ် ကြေကွဲ ဝမ်းနည်း စွာနဲ့ အိပ်ယာထဲက မထ နိုင်ဖြစ်နေပြီး ၄ ရက် ၅ ရက် လောက် နားမယ်လို့ တောင် ထုတ်ပြန် ကြေညာ ထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၄၅ ခုနှစ် ဇွန် ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဘာမှမသိတတ်၊ စကားမပြောတတ်၊ ဦးနောက် မဖွံ့ဖြိုးသေးတဲ့ အရွယ်မှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အသက် ၁၅ နှစ် အရွယ်က စပြီး နိုင်ငံခြားကို အပြီး ထွက်သွားကာ ၁၉၇၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အသက် ၂၇ နှစ် အရွယ် ဆင်ခြင်တုံတရား ရှိကာ မျိုးချစ်စိတ်ဓာတ် ထက်သန် ရမယ့် အချိန်မှာပဲ ဗြိတိန်နိုင်ငံသား မိုက်ကယ် အဲရစ်ကို မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သဘောမတူတဲ့ ကြားက အတင်းလက်ထပ်ယူ ခဲ့ပါတယ်။ မိုက်ကယ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည် ထက် အသက် တစ်နှစ် ငယ်သူဖြစ်ပြီး မြန်မာ မမ ကြီး တစ်ဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရေလာလို့ မြောင်းပေးလိုက်ရတာလို့လည်း ဗြိတိန် အသိုင်းအဝိုင်းမှ သတင်းများ အရ သိရပါတယ်။ မိုက်ကယ်အဲရစ်ရဲ့ လုပ်ရည်ကိုင်ရည် ကောင်းမှုကြောင့် ယူပြီး တစ်နှစ် အကြာမှာပဲ အလက်စန္ဒား အဲရစ် ဆိုတဲ့ သား အကြီးကို မွေးဖွားခဲ့ပြီး နောက် ၃ နှစ် ကျော် လောက်မှာ နောက်ထပ် သား ဖြစ်သူ ကင်မ်အဲရစ် ကို မွေးဖွား ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ကို လုံးဝ မေ့ထားတဲ့ အပြင် ပြန်လာဖို့ အစီအစဉ် မရှိတာကြောင့် သားနှစ်ယောက်လုံးကို မြန်မာစကား မသင်ပေးခဲ့ပါဘူး။ ဒါကြောင့် သားနှစ်ယောက်ကလည်း မြန်မာစကား မတတ်တဲ့ အပြင် မြန်မာကိုလည်း အထင်မကြီးသူတွေ ဖြစ်နေပါတယ်။ ဒီနေ့လို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားပေါင်းစုံ လာရောက်နေချိန်မှာတောင် ဒေါ်အောင်ဆန်းစုကြည်ဆီကို သားအငယ်ကသာ လာခဲ့ပေမယ့် သားအကြီးက လုံးဝ မလာပဲ အကြောက်အကန် ငြင်းဆန်နေတုန်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၂ နှစ် ကျော်မှ မိခင် ဒေါ်ခင်ကြည်နေမကောင်း တာကြောင့် မြန်မာ နိုင်ငံသို့ ပြန်လာခဲ့ပါတယ်။ စကားနားမထောင်တဲ့ သမီးမိုက် အနားရောက်လာချိန်မှာပဲ မိခင်ဒေါ်ခင်ကြည်လည်း အမောဆို့ သေသွားခဲ့ပါတယ်။
ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း ဆိုသလိုပဲ ကံဆိုးမ ဒေါ်အောင်ဆန်းစုကြည် အသက် ၅၄ နှစ်မှာ ယေင်္ကျားဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ် အဲရစ် က ရောဂါနဲ့ သေပြန်ပါတယ်။ ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမတ်တော် မိုက်ကယ် အဲရစ် သေဆုံးခဲ့တာ ဖြစ်ပြီး ဒီနေ့ဆိုရင် ဗိုလ်ချုပ် သမတ်တော် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည်ပြီ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် အိမ်နဲ့ NLD ရုံး မှာ မကြာခင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၅ မိနစ် ငြိမ်ခြင်းနဲ့ ခွတ်ဒေါင်းအလံကို တဝက် လွှင့်ထူခြင်း အထိန်းအမှတ်တွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
ကွယ်လွန်သူ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို အာဇာနည် ဗိမ္မာန်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ကို အာဇာနည် ကုန်း မှာ မြုပ်နှံခွင့်ပေးခဲ့တဲ့ စစ်အစိုး ရဟာ အမျိုးသား ဖခင်ကြီးရဲ့ သမတ်တော်ကြီး ရဲ့ ရုပ်အလောင်းကိုတော့ အာဇာနည် ကုန်းမှာ မြုပ်နှံခွင့် မပေးခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညနေ (၆) နာရီမှာ MEG အဖွဲ့များက ဦးစီးပြီး ဆန္ဒပြဖို့ စီစဉ်ထားတဲ့ အပြင် မိုက်ကယ်အဲရစ် သေခဲ့တဲ့ ၁၉၉၉ တုန်းက တက္ကသိုလ်ကျောင်းသား ဖြစ်သူ ကိုးဆယ့်ကိုး ကျောင်းသားများကလည်း စုတောင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။
Myanmar Express

မြန်မာ့ဒီမိုကရေစီ မိခင် အမေစု နဲ့
မြန်မာ့ ဒီမိုကရေစီ မိခင်၏ ယောက်ျား ဖြစ်သူ ဖခင် အဖေ အဲရစ်

7 comments:
ဟားဟားဟားဟားဟားဟားဟားဟား
haha,haaaaaaaaaa,,good writer,,
"ဗိုလ်ချုပ် သမတ်တော်" what a shame!!!!!
ဒီပိုစ်ဖတ်ရတာ ရင်နာလို့ မဆုံးဘူး
ဖြစ်မှဖြစ်ရလေ ကံဆိုးလှတဲ့ မြန်မာပြည်ရယ်
အဖေက အဖြူကိုမောင်းထုတ်
သမီးကအဖြူကိုပြန်ယူ
သမီးယူတဲ့အဖြူယောင်္ကျား သေတဲ့နေ့ကလည်း တပ်မတော်နေ့မှာမှတဲ့လား
တပ်မတော်ကို စော်ကားသူရဲ့ ယောက်ျား တပ်မတော်နေ့မှာသေတာ နမိတ် မကောင်းဘူး နော် သတိထားဦး ဒေါ် စု
ပြောရင်တော့ လေတစ်လုံးမိုးတစ်လုံး
ဖေဖေထောင်ခဲ့တဲ့ တပ်မတော်
ဖေဖေထောင်ခဲ့တဲ့ တပ်မတော်
ဖေဖေထောင်ခဲ့တဲ့ တပ်မတော် နဲ့
နားကြားပြင်း ကပ်တယ်
တစ်ကယ့်နေ့ကျ ထွက်မလာဘူး
နှာစေးနေတဲ့ အလည်မကြီး
ဟားးးးးးးးးးးးးကောင်းကောင်း
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်