Subscribe to our RSS Feed

ငါ့နောက်မပါသူ ငါ့ရန်သူ




From : ရဲထွန်း

ယနေ့နိုင်ငံတကာ အခြေအနေကို လေ့လာပါက တစ်ဦးတည်းသော မဟာအင်အားကြီး (Solo Super Power) နိုင်ငံမှ မဟာအင်အားလွန် နိုင်ငံ (Hyper Power) အဆင့်သို့ တက်လှမ်းနေသည့် အမေရိကန်သည် တစ်လောကလုံး အရေးသည် ၄င်း၏ အရေးဟု မှတ်ယူကာ မည်သည့် နိုင်ငံတကာ ဥပဒေ ၊ ပြဌာန်းချက်၊ စာချုပ် စာတမ်းများကိုမှ အလေးမထားဘဲ မလိုလျှင် မလိုသလို အင်အားသုံး ပါဝင်စွက်ဖက်ကာ ဗိုလ်ကျ စိုးမိုးရေး ၀ါဒ ( Hegemonism ) ကိုလက်ကိုထားပြီး ( Unilateralism ) ၀ါဒဖြင့် ကမ္ဘာ့စစ်ပုလိပ်ကြီးသဖွယ် လက်ဝါးကြီးအုပ်စိုးကာ ထင်တိုင်း ကြဲနေလျက် ရှိပါသည်။ ကျန်ကမ္ဘာ့နိုင်ငံ အများစုကမူ ဒွိ မဏ္ဍိုင်စနစ် ( Biplarity) ပျက်သုံးသွားပြီးနောက် ဗဟုမဏ္ဍိုင်စနစ် ( Multipolarity ) ဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်း လိုကြပါသည်။

အမေရိကန်တို့သည် အထက်ဖော်ပြပါ အန္တိမရည်မှန်းချက်ကို ဖော်ဆောင်ရန် ၄င်းတို့၏ အမျိုးသား ကာကွယ်ရေး မူဝါဒ (၃)ရပ်ကို ချမှတ်ခဲ့သည်။ ပထမဆုံးအချက်မှာ ပုံဖော်ခြင်း (Shape) ဖြစ်သည်။ ပုံဖော်သည် ဆိုရာတွင် နိုင်ငံတကာနှင့် လိုက်လျောညီထွေမှု တည်ရှိနေရန် ပုံဖော်သည်ဟု ဆိုသော်လည်း အမှန်စစ်စစ် အမေရိကန် အလိုကျ ပုံဖော်ခြင်းသာ ဖြစ်ပါသည်။ ဒုတိယအချက်မှာ တုန့်ပြန်ခြင်း ( Respond) ဖြစ်ပြီး ကမ္ဘာ့ခြိမ်းခြောက်မှု အန္တရာယ်အသွယ်သွယ်ကို လက်မနှေးတု့န်ပြန်ခြင်း ဖြစ်သည်။ ၄င်းမှာလည်း အမေရိကန် အလိုမကျမှုများကို အရေးယူ ဆောင်ရွက်သည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။ နောက်ဆုံး အချက်မှာ ပြင်ဆင်ခြင်း ( Prepare) ဖြစ်ပြီး မျှော်မှန်း၍ မရနိုင်သည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အေးလွန်ကာလတွင် ၄င်းတို့ ကျင့်သုံးခဲ့သည့် ကွန်မြူနစ်ဝါဒ ပြန့်ပွားခြင်းကို ထိန်းချုပ်သည့် မူဝါဒသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် အသုံးမတည့်တော့သည့်အခါ အမေရိကန်သည် လွတ်လပ်သည့် စီးပွားရေးစနစ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံများ တိုးတက်ပြန့်ပွားရန် အားပေးကူညီရေး ဟူသည့် နိုင်ငံခြား ရေး မူဝါဒအသစ်ကို ချမှတ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှု ကမ္ဘာ့ရှေ့ပြေးနေသည့် အမေရိကန် နိုင်ငံသည် လွတ်လပ်သည့် ဒီမိုကရေစီ ၀ါဒီများ ဖြစ်သည်နှင့်အညီ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်း ညာတာထောက်ထားမှု အစရှိသည့် အတွေးအခေါ် အယူအဆများကို အသက်သွင်းပေးလျက် ကမ္ဘာကြီး၏ စစ်ပုလိပ် ( Global Police Man ) သို့မဟုတ် ကမ္ဘာ့အုပ်ချုပ်ရေးမှူးကြီး ( Global Governor ) အဖြစ် ရပ်တည် ဆောင်ရွက်လာခဲ့ပါသည်။

““ ကမ္ဘာတွင် မည်သည့်နေရာ ဖြစ်စေ ၄င်းတို့၏ လူသားချင် ညှာတာထောက်ထားမှု ရှုဒေါင့်မှ ကျူးလွန်ပါက အမေရိကန်သည် အင်အားအသုံးပြုလျှက် ကာကွယ်တားဆီးရေး ဆောင်ရွက် ရမည်ဟူသော မူဝါဒ အတိုင်း ဆိုမာလီ၊ ဆူဒန်၊ ဟေတီ၊ ကိုဆိုဗို၊ အီရတ် အစရှိသည့် အရေးအခင်းတွင် စစ်အင်အားကို အသုံးပြုကာ ၀င်ရောက် စွက်ဖက်ခဲ့ပါသည်။ ကမ္ဘာ့တစ်ဝန်းတွင် သြဇာပြန့်ကျက်ရေးနှင့် ၄င်းတို့၏ သြဇာမနာခံ သူများအား ပြစ်ဒဏ်ခတ်ရေးကို ဆောင်ရွက်ရာတွင် ယင်းတို့၏ စံနှုန်းများကို ကမ္ဘာစံနှုန်းအဖြစ် နေရာတိုင်း တိုင်းတာကာ လိုရင် လိုသလို၊ မလိုရင် မလိုသလို ပြုကျင့်လာခဲ့ပါသည်။ ကမ္ဘာငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးမည့် ကုလ သမဂ္ဂကြီးပင်လျှင် အမေရိကန်၏ လက်ကိုင်တုတ်သဖွယ် ဖြစ်နေပြီး ကမ္ဘာတစ်ဝှမ်းလုံး လက်ဝါးကြီးအုပ် စိုးမိုး ချယ်လှယ်ဗိုလ်ကျမှုသည် ထိန်းမနိုင်၊ သိမ်းမရအောင် ဖြစ်နေခဲ့ပါသည်။

ထိုကဲ့သို့ ဗိုလ်ကျစိုးမိုးရေး ၀ါဒကို ကျင့်သုံးလာသော အမေရိကန်သည် တစ်ဖက်မှလည်း ၄င်းတို့၏ အကျိုးစီးပွားကို ဆန့်ကျင်အကြမ်းဖက် တိုက်ခိုက်လာသည့် ခြိမ်းခြောက်မှု မှန်သမျှကို ဟန့်တားရန်နှင့် ချေမှုန်း ရန်မှာ အမေရိကန် တပ်ဖွဲ့ရဲ့ အခြေခံစည်းမျဉ်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်တို့သည် နိုင်ငံတကာ ပတ်ဝန်းကျင် လုံခြုံရေးကို လွှမ်းမိုးထားရန်နှင့် အကျိုးစီးပွားကို ထိခိုက်လာနိုင်မည့် အရေးကိစ္စမှန်သမျှကို ထိရောက်စွာ လက်တုန့်ပြန်ပြီး မသေချာသော အနာဂတ်အတွက် ပြင်ဆင်ရန် အထက်ဖော်ပြပါ ကာကွယ်ရေး မဟာဗျူဟာကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် လက်ရှိ အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရ့် အယူဝါဒဖြစ်သော “ Either you are with us, or you are with the terrorists “ ““ ငါ့နောက်မပါ ငါ့ရန်သူ ”” သည် ကမ္ဘာတတိယ နိုင်ငံများ အတွက် စိုးရိမ် တုန်လှုပ်မှုများကို ဖြစ်ပွားစေခဲ့ပါသည်။



Myanmar Express

9 comments:

post about "ngar min swe" what happened in myan aung?

Nan Su Ya Ti Soe is right. She can choose what she likes. This is called Democracy?

i agreed with this post...every wise men can think clearly.

ဟုတ်ပါတယ်.. .တခြားဘလောက် တော်တော်များများမှာ ကိုလေးဖြူကို ထောက်ခံ ကော်မန့် ပေးမိတာ ၀ိုင်းကိုက်ခံရတယ် .. ဘာကြောင့်လဲ နားမလည်နိုင်တော့ဘူး နိုင်ငံသားတစ်ယောက်အနေနဲ့ သူကြိုက်နှစ်သက်ရာကို မဲပေးနိုင်ခွင့်ရှိရမယ် ... ပြောရရင် အဲ့ဒီအချိန်တုန်းက NLD ကို ကိုလေးဖြူ မဲပေးချင်ခဲ့ရင်တောင် ပေးလို့ ရရဲ့လား .. NLD ၀င်မပါလို့ ကြံခိုင်ရေး ကိုပေးလိုက်တာ လို့ပြောရင် အခုအော်နေတဲ့သူတွေ ဘာပြန်ပြောမလဲ... စိတ်ကုန်တယ် ... ဒီလိုလူတွေကို...

ပြည်သူများရွန်ရှာမုန်းတီးသော သူများကို ထောက်ခံပံ့ပိုးသောအားခြင့် ပြည်သူ့ ချဉ်ဖတ်ဖြစ်သွားရခြင်း ဖြစ်ပါသည်။ ပြည်သူများမှ ထိုသူအား ရွံရှာမုန်းတီးကြောင်း လွတ်လပ်စွာ သဘောထား ဖေါ်ထုပ်နေခြင်းဖြစ်ပါသည်။ ရန်သူ ဟူ၍ သတ်မှတ်သည်ဟုမယူဆပါ။

အမေရိကန်ရဲ့ နိုင်ငံတကာ ဥပဒေ၊ ပြဌာန်းချက် စာချုပ် စာတန်းများကို အလေးမထားဘူး ဟူသည့် စွပ်စွဲချက်ကို ဥပမာ ပြပါ၊ Source ပေးပါ။

အမေရိကန်သည် နိုင်ငံတစ်ကာအခင်းအကြင်းတွင် အခြားကမ္ဘာ့နိုင်ငံ အများစု၏ ထောက်ခံ အကူ အကူအညီ ပေးမူ မပါပဲ ပြည်သူလူထုတင်မြောက်ထားသော အချုပ်အခြာအာဏာရှိုသည့် နိုင်ငံများတွင် ၀င်ရောက်စွပ်ဖက်ခြင်း မရှိုပါ။ ကမ္ဘာတွင် မည်သည့်နေရာဖြစ်စေ လူသားချင်း ညှာတာထောက်ထားမူ အတွက်ဖြစ်စေ၊ နိုင်ငံ့အကြိုးစည်းပွားအတွက်ဖြစ်စေ အင်အားသုံး ကာကွယ်တားဆီးရေး ဆောင်ရွက်တိုင်း ပြည်သူလူထုရွေးခြယ်တင်မြောက်ထားသည့် နိုင်ငံ့ခေါင်ဆောင်များ နှင့် ဆွေနွေးသဘောတူညီမူ ရယူရ စမြဲဖြစ်သည်။ အမေရိကန်နိုင်ငံသည် မဟာမိတ်နိုင်ငံများနှင့် အစဉ်အမြဲအလုပ်အတူ တွဲလုပ်လေ့ရှိုသည်။ စာရေးသူ့ အဆိုအတိုင် တစ်ဦးတစ်ယောက်ထဲ ထင်ရာစိုင်းသည့် အပြုအမူမြား လုပ်လေ့ မရှိပါ။ အမေရိကန်သည် ဗဟုမဏ္ဍိုင်စနစ်ကို နိုင်ငံတစ်ကာအခင်းအကြင်းတွင် acccountability ရှိစေရန်အတွက် လိုလားပါသည်။ အမေရိကန်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၌တွေပင် ဤစနစ်ကို "လုပ်ပိုင်ခွင့် အာဏာဝေငှ ခွဲခြမ်းခြင်း" (Separation of power) နှင့် (Check and Balance) စနဏ် ပြထန်း ကျင့်သုံး ထားပါသည်။ သို့၍ စာရေးသူ ၏ အမေရိကန် ရဲ့ ဒွိ မဏ္ဍိုင်စနစ်ကို လက်ကိုင်ထား ကျင့်သုံး နေသည်ဟူ၍ စပ်စွဲချက်မှာ မမှန်ကန်ကြောင်း ထောက်ပြအပ်ပါသည်။

နိုင်ငံတိုင်း အနည်းနဲ့ အများ အတိုင်း၊ အမေရိကန်သည်လဲ နိုင်ငံတစ်ကာ ဥပဒေ များကို နိုင်ငံအကြိုးအတွက် ဥပက္ခာပြုသည့် လုပ်ရပ်များ ရှိခဲ့ပါသည်။ လတ်တလော ဥဗမာ - ပါကစ်စတန် (Parkistan) တွင် နိုင်ငံ့အာဏာပိုင်များကို အသိမပေးပဲ ညချင်း အိုစမာ ဘင်လာဒင် (Osama bin Laden) ကိုလုပ်ကြံမှု။ နိုင်ငံတစ်ကာ စည်းမြင်းစည်းကမ်းများအရ ဤလုပ်ရပ်သည် တရားဝင်လုပ်ပိုင်ခွင့် မရှိပါ။ အချုပ်အခြာအာဏာ နိုင်ငံတစ်နိုင်ငံ အတွင်းသို့ အသိမပေပဲ ၀င်ရောက်ခွင့်မရှိပါ။ နှစ်ပေါင်းများစွာ ဤကဲ့သို့ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံသာများကို အစုလိုက် သတ်ဖြတ်မှုအတွက် အမေရိကန်သာမက ကမ္ဘာ့နိုင်ငံများကပါ အသေရ၊ အရှင်ရဖမ်းစီးရန်လိုလားနေသော အိုစမာ ဘင် လာဒင် ကို ပါကစ်စတန် (Parkistan) စစ်တပ် အစိပ်အချို့ အပိုင်း၏ အကာအကွယ် ပေးမှုကို သံသယရှိသောကြောင့် အသိမပေးခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။ ဤကဲ့သို့ ဥပက္ခာ ပြုတိုင်း အမေရိကန်သည် ကမ္ဘာ့နိုင်ငံများနဲ့  တာဝန်ယူဖြေရှင်းရစမြဲပင်ဖြစ်သည်။ သို့သာ် များသောအားဖြင့် အမေရိကန် နိုင်ငံသည် နိုင်ငံတစ်ကာ စည်းမြင်း စည်းကမ်း များဖြင့် အလုပ်လုပ် နေသော နိုင်ငံကြီးတစ်ခု ဖြစ်ပါတယ်။ ဥပမာ - မူပိုင်ခွင့်၊ ကုန်ကူးသန်းရေး သဘောတူညီမူများ၊ ကမ္ဘာ့စစ်ခုန်ရုံး၊ ကမ္ဘာ့ကုလ သမဂ္ဂ။

အမေရိကန်တို့ရဲ့ အမျိုးသား ကာကွယ်ရေး မူဝါဒ သည် ၎င်းတို့ ၏အမျိုးသားရေးအတွက် တရားမျှတ သင့်တင့် လျှောက်ပတ်မူ ရှိပါသည်။ ပြန်ဆန်းစစ်ကြည့်လျှင် ဘာမှ အပြစ်ပြောစရာမရှိပါ။ စာရေးသူ အနေနဲ့ ထင်မြင်သလို ကောက်ချက်ချ နိုင်ပါတယ်။

၁။ (Shape) နိုင်ငံတကာနှင့်သင့်တင့်လျှောက်ပတ်စွာနေခြင်း
၂။ (Respond) လက်မနှေး တုန့် ပြန်ခြင်း
၃။ (Prepare) ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ခြင်း

ဆက်လက်ရန် ->

ဆက်လက်၍ - ၂

မြန်မာ့စစ်တပ်ရဲ့ အမျိုးသားရေး မူဝါဒကို ဘာတွေလဲလို့ မေးခွန်းထုပ်ပါရစေ။ ဗိုလ်ချုပ် အောင်ဆန်း လက်ထပ်နောက်ပိုင်း မြန်မာ့စစ်တပ် ရဲ့မူ ၀ါဒကို ပြန်သုံးသပ်မယ်ဆို ရင်ဒီလို နဲ့ တူပါတယ်။

၁။ ပြည်သူတွေငတ်ပြတ်ပြီး စာသင်ကျောင်းတွေ မိုးယိုနေပစေ ပြည်ပရန်သူမရှိ သည့်တိုင်အောင် နိုင်ငံ့ဘဏ္ဏာငွေ ကဋေ၊ကဋာ နဲ့ ချီ သုံးပြီး အာရှမှာ အင်အားအကြီးမားဆုံး စစ်တပ်တည်ဆောက်ရေး
၂။ ပြည်တွင်း တိုင်းရင်းသား ပဠိပခ တွေကို စကားပြောဆွေးနွေးကာ ဖြေရှင်းအပေးအယူပြုမူရှိပဲ လက်နက်ကိုင် ဗိုလ်ကျ ဖြေရှင်းရေး။
၃။ ပြည်သူတွေ စစ်ယူနီဖောင်းမြင်တာနဲ့  အကျိုးသေ ကြောင်ရွံ့ အမိန့် နာခံစေရေး တို့ များဖြစ်နေမလားလို့  ထင်ရပါတယ်။

ကွန်မြူနစ် ၀ါဒရဲ့ ဆိုးကြိုးတွေ နဲ့ ကွန်မြူနစ် အစိုးရတွေရဲ့ ကိုယ့်နိုင်ငံရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ် သတ်ဖြတ် မူတွေကို သမိုင်းမှာ ပြန်ကြည့်ရင် အမေရိကန်အစိုးရတွေရဲ့ ကွန်မြူနစ်ဝါဒကြဆုံးပြီး ပြည်သူ အုပ်ချုပ်သည့် ဒီမိုကရေစီ စနစ်ထွန်းကားရန် ကြိုးပန်းမူတွေကို နားလည်အသိအမှတ် ပြုကောင်းပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်အတွင်းမှာ တရုပ်၊ ရှရား၊ ဗီယနမ် တောင်ကိုရီးယား အစပြုတဲ့ ကွန်မြူနစ် အစိုးရတွေတဲ့ ကိုယ့်ပြည်သူ တွေကိုပြန်သတ်သည့်လူဦးရေ စာရွက်စာတမ်း အထောက်အထား သက်သေတွေအရ ခန် မှန်ချေအရ အနည်းဆုံး သန်း 100 ကျော်ရှိပါတယ်။

ကမ္ဘာ့စစ်အေးကာလ အမေရိကန်ဦးဆောင်တဲ့ ဒီမိုကရေစီ ကြိုးပန်းခြင်းရဲ့ ရလဒ် တွေကိုတောင်နဲ့ မြောက်ကိုရီးယား ( North and South Korea) နိုင်ငံနှစ်ခုရဲ့ နှစ်ငါးဆယ်ကျော် အခြေအနေကို သုံးသပ်ခြင်းဖြင့် ဥပမာ သိနိုင်ပါတယ်။ ယခုဆိုရင် မြောက်ကိုရီးယား (North Korea) ဟာ ကွန်မြူနစ်စနစ်ကို မအောင်မမြင် ကျင့်သုံး ဆဲဖြစ်ပြီး အနှစ်ငါးဆယ်ကြာသည့်တိုင်အောင် လျှက်စစ်မီးမရှိ၊ ကျန်းမာရေး၊ လူမူရေး စောင့်ရှောက် မူမရှိ ပြည်သူတွေ နေ့ စဉ် အစာရေစာပြတ်လတ်မူနဲ့  သေကြေနေကြပါတယ်။ သို့၍ နိုင်ငံတကာကို နယူးကလီးယား လက်နက်၊ ဒုံးကြည်တွေနဲ့ ကမ္ဘာ့လုံခြုံရေးကို အကြပ်ကိုင် ချိန်းခြောက်ပြီး ရိပ်ခါတောင်စားနေရတဲ့ အဆင့်အတန်းကို ရောက်ရှိနေကြပါတယ်။ တောင်ကိုရီယား (South Korea) ကတော့ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂတပ်တွေနဲ့  အတူ တရုပ် နဲ့ ရုရား နောက်ခံ ထားတဲ့ မြောက်ကိုရီးယား ကကွန်မြူနစ်စစ်တပ် သိမ်းပိုက်မှုကို 1953 ခုနှစ်မှာတိုက်ထုပ်ကာ ကိုယ်ပိုင် အခြေခံ ဥပဒေကိုရေးဆွဲပြီး ယခုအချိန် ကြိုးစာလာခဲ့ကြတာ ယခုဆိုရင် တောင်ကိုရီးယား (South Korea) ဟာ ကမ္ဘာ့အင်အားစု စီးပွားရေး၊ နိုင်ငံရေးဦးဆောင်တဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ပါပြီး။ နိုင်ငံတစ်ကာသိ၊ Brands တွေဖြစ်တဲ့ Samsung၊ Hyundai စတဲ့ တောင်ကိုရီးယား ကုန်ပနီတွေမှ နိုင်ငံတစ်ကာ အရေအသွေးမှီ စက်မှုနည်းပ္ပညာ တွေကိုတီထွင် တင်ပို့နေ နိုင်ပါတယ်။ ဆယ်စုနှစ် အနည်းအနယ်အတွင်း စစ်ကြောင့် ဆင်းရဲမွဲတေ၊ ဘာသယံဇာတ မှမရှိတဲ့ ကျွန်းစွယ် နိုင်ငံသေးလေးဘ၀က နေဒီလိုအခြေအနေ ရောက်အောင် လုပ်နိုင်တာဘာကြောင့်လဲ? နိုင်ငံတစ်ကာနှင့်သင့်တင့် လျှောက်ပတ်အောင် ဆက်ဆံနိုင်မှု၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ကျင့်သုံးနိုင်မှု နဲ့ ပြည်သူတွေရဲ့ ကြိုးစားအားထုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ယာဉ်ကျေးမူနဲ့  အနုပ္ပညာ တွေဟာလဲ ကမ္ဘာပရိပ်သတ်တွေကို လွှမ်းမိုးမူ ရှိပါတယ်။ ဥပမာ - Kpop၊ Korean Drama။ အကယ်၍ အမေရိကန်ဝင် ရောက်စွက်ဖက်မှုမရှိခဲ့ ရင်ယခုကနေ့ တောင်ကိုရီးယားနိုင်ငံဟူ၍ပင်ရှိမည်မဟုတ်ပါ။ တရုပ်မဟာမိတ်နိုင်ငံ ကမ္ဘာ့နိုင်ငံတစ်ကာ ချည်ပတ် တောင်ကိုရီးယားနိုင်ငံ တစ်ခုတည်သာရှိမည် ဖြစ်သည်။

ဆက်လက်ရန် ->

ဆက်လက်၍ - ၃

ယခုအချိန်အထိ အမေရိကန် စစ်တပ်တွေကို တောင်ကိုရီးယားမှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေနဲ့  နယ်ပယ်လုံချုံ ရေးအတွက် စခန်းချထားဆဲဖြစ်ပါတယ်။ ဒါဟာ အမေရိကန်မှ တောင်ကိုရီးယားကို ကြိုးကိုင်ခြင်းမဟုတ်ပါဘူး၊ မဟာမိတ် နိုင်ငံတွေနဲ့ တောင်ကိုရီးယန်း တွေရဲ့ လိုလားမူနဲ့ ဒေသတည်ငြိမ် လုံခြုံရေး (Regional Security/ stability) အတွက် အတူပူးပေါင်း လုံခြုံရေးဆောင်ရွက်မူဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အတွက် အချက်အခြာကျတဲ့ တောင်ကိုရီးယား ကျွန်းဆွယ်လေးရဲ့ တည်ငြိမ်လုံခြုံရေးဟာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်ဦးနှစ်ဖက်နိုင်ငံ အကြိုးစီးပွားအတွက် အရေးကြီးပါတယ်။ ဒီစခန်းတွေမှာ အမေရိကန်နဲ့တာင်ကိုရီးယား စစ်သည်တွေ အတူစား အတူသွား အတူသင်တန်းယူ စစ်ရေးလေ့ကျင့် လျှက်ရှိပါတယ်။
အမေရိကန်စစ်တပ်တွေကို တစ်ကမ္ဘာလုံးက အချက်အခြာကျတဲ့ မဟာမိတ်နိုင်ငံတွေမှာ စစ်စခန်း (military bases) တွေချထားပါတယ်။ ဒါဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အကြိုးစီးပွားရေးအတွက် အမျှောက်အမြင် ရှိရှိချထားတဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်။ ဒီလို ပွင့်လင်းပြီး ပြည်သူလူထု တင်မြောက်ထားတဲ့ အစိုးရနဲ့ မဟာမိတ်နိုင်ငံတွေအားလုံး အမေရိကန်နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မူကို ကြိုးကိုင်မူဟူ၍သံသယအမြင်တွေ မရှိသည့်အတိုင်း အမေရိကန်ပြည်သူတွေ ကလဲ တိုင်တစ်ပါး နိုင်ငံကို ကြိုကိုင်ချယ်လှယ် လိုစိတ်မရှိသလို သူတို့ ရွေးချယ် တင်မြောက်ထားတဲ့ အစိုးရဲ့ တိုင်းတစ်ပါးနိုင်ငံတွေကို ကို အမိန့် ပေးကြိုးကိုင်မှုတွကို လက်ခံမှာ မဟုတ်ပါ။ အမေရိကန်နိုင်ငံ သည်လည်း ဗြိတိန်နိုင်ငံမှ ကိုလိုနီအုပ်ချုပ် အခွန်ကောင် အမြတ်ထုပ်မှုကို တော်လှန်ရင်း ပေါက်ဖွားလာသည့် အချုပ်အချာအာဏာ နိုင်ငံတစ်ခုဖြစ်သည်။ ဂျူလိုင်လ လေးရက်နေ့သည် အရေိကန်နိုင်ငံ၏ ဗြိတိန်မှ လွပ်လပ်ရေးရသော နေ့ဖြစ်သည်။

အာဏာရှင်များ၊ လူမျိုးနဲ့ ဘာသာရေးအစွန်းရောက်၊ အမျိုးသား ကြီးစိုးရေးဝါဒကို လက်ကိုင်ထားသူများသာ အမေရိကန် ရဲ့သြဇာနဲ့ အရှိန်အ၀ါကို ၄င်းတို၏ အဒွန့်ရှည် ရေးအတွက် စိုးရိမ် တုန်လှုပ် ကြပါတယ်။ ပြည်သူလူထုကိုယ်စားပြုသည့် မည့်သည့်အစိုးအရမဆို အမေရိကန်၏ သြဇာ အရှိန်အ၀ါကိုနှင့် ကြိုးကိုင်ချယ်လှယ်ခြင်းကို စိုးရိမ်ခြင်းမရှိပါ။ မည်သို့ ဆိုသော် အမေရိကန်သည် လွပ်လပ်သော ပြည်သူလူထု အုပ်စိုးသော နိုင်ငံဖြစ်ပြီး မည်သည့်နိုင်ငံသားမဆို လွပ်လပ်သောဘ၀ကို လိုလားပြီး တိုင်းတစ်ပါး၏ ကြိုးကိုင်ခြင်းကို မလိုလားသောကြောင့် ဖြစ်ပါသည်။


ပြည်သူလူထုအုပ်ချုပ်ပြီး ပွင့်လင်း စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတွေအားလုံး ကို အမေရိကန်မှ အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ် မူဝါဒအရ သတ်မှတ်ပြီး နိုင်ငံရေး စီးပွားရေးအရ လက်တွဲကာ ကုန်သွယ် ကူသန်းခြင်း နည်းပ္ပညာ ဖယ်လှည်ခြင်းတို့ဖြင့် ထိတွေ့ ဆက်ဆံပါတယ်။ အင်အားနည်းသည့် မဟာမိတ်နိုင်ငံများကိုလည်း နည်းပ္ပညာအရ၊ စီးပွားရေးအရ ကူညီထောက်ပံ့မူ များပြုပါသည်။ သို့၍လည်း အမေရိကန် နှင့် မဟာမိတ်နိုင်ငံများသည် ဖွင့်ဖြိုးပြီး သို့ မဟုတ် ဖွင့်ဖြိုးစဲနိုင်ငံ အခြေနေများကို ရောက်နေကြပါသည်။
အမေရိကန် မှနည်းပ္ပညာထွန်းကားပြီး စည်းပွားရေး အကြီးမားဆုံးနှင့် စစ်ရေးအင်အား အကြီးမားဆုံး မဟာနိုင်ငံဖြစ်သည့်အလျှောက် လွပ်လပ်သည့် ကမ္ဘာ့ပြည်သူပြည်သာများ တည်ငြိမ်လုံခြုံရေးအတွက် မဟာမိတ်နိုင်ငံများနဲ့အတူ ဒေသ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နှင့်၊ စစ်ရေး နိုင်ငံအရေးအကူ အညီပေးခြင်းဖြင့် တာဝန်ယူ ဦးဆောင် နေခြင်းဖြစ်ပါတယ်။

အမေရိကန်စစ်တပ်တွေရှိတဲ့ မဟာမိတ်နိုင်ငံတွေအချို့ တ၀က် - တောင်ကိုရီးယား (South Korea)၊ ဂျပန် (Japan) ၊ စင်ကာပူ (Singpore)၊ ဟောင်ကောင် (Hong Kong)၊ ကနေဒါ (Canada)၊ ဒိန်းမတ် (Denmark)၊ ဂျာမနီ (Germany)၊ သြစတြေးလျ (Australia)၊ နယ်သာလန် (Netherlands)၊ ပေါ်တူဂီ (Portugal)၊ နယူး ဇီယာလန် (New Zealand)၊ စပိန် (Spain)၊ တူရကီ (Turkey)

ဆက်လက်ရန် ->

ဆက်လက်၍ - ၅

Sources: ကိုးကား များ

အမေရိကန်စစ်အင်အားစု ကိုရီးယား
United States Forces Korea
http://www.usfk.mil/usfk/

ကွန်မြူနစ် စနစ် လူ့ အသက်ရှူံးမူ ဦးရေ
How many people did Communism Killed?
http://www.battleswarmblog.com/?p=1191

မြောက်ကိုရီးယား စားနပ်ရိပ်ခါနှင့် ဒေသလုံခြုံရေးလဲလှည်ခြင်း
U.S. Scraps Food Aid As North Korea Plans Missile Launch
http://www.ibtimes.com/articles/320938/20120328/north-korea-obama-food-aid-missile-launch.htm

တောင်ကိုရီးယား ဖွဲ့ စည်းပုံအခြေခံ ဥပဒေ
Constitution of Republic of Korea
http://en.wikipedia.org/wiki/Constitution_of_the_Republic_of_Korea

ကိုရီးယား စစ်ပွဲ
Korean War
http://en.wikipedia.org/wiki/Korean_War

မြန်မာ့ ကာကွယ်ရေး ငွေအသုံးအစွဲ
Why Asia’s Men in Green are Celebrating
http://globalspin.blogs.time.com/2011/03/07/why-asias-men-in-green-are-celebrating/

အမေရိကန်သည် ကမ္ဘာအလျှူအတန်းမှုအပြုဆုံးနိုင်ငံဖြစ်သည်
USA: World's Most Charitable Nation
https://www.cafonline.org/publications/2011-publications/world-giving-index-2011.aspx

အိုစမာ ဘင် လာဒင် လုပ်ကြံမူ တရားဝင်ပါသလား
Is Osama bin Laden killing legal? International Law experts divided
http://www.ibtimes.com/articles/142448/20110507/osama-bin-laden-killing-legal-violate-international-law-experts-lawyers-divided.htm

အမေရိကန် ရဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက အာဏာ ချိန်ခွင် လျှာညှိခြင်း
Check and Balance/ Separation of powers under the United States Constitutionhttp://en.wikipedia.org/wiki/Separation_of_powers_under_the_United_States_Constitution

ကမ္ဘာတစ်ဝှမ်းမှ အမေရိကန်စစ်တပ်
Us Mlitary bases around the world.
http://news.nationalpost.com/2011/10/28/graphic-mapping-a-superpower-sized-military/

နှစ်ဆယ့် တစ်ရာစု နဲ့ ညီတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး မူ၊ ဗျူဟာ
Strengthening Transatlantic Security. A U.S. Strategy for the 21st Century - Chapter II: A Strategy of Engagement http://www.pdgs.org.ar/Archivo/sts-cap2.htm

ဆက်လက်၍ - ၎

လတ်တလောက အီရပ်မှာ (Iraq) သတင်းအချက်အလက်အမှား (false intelligence) တွေနေအစပြုခဲ့တဲ့ အမေရိကန်ရဲ့ စစ်အာဏာရှင် အစိုးရပြုတ်ကျရေး ကြိုးပန်းမူတွေဟာ ပြည်တွင်း အုံကြွမူ၊ ဘာသာရေး အရသဘောထားကွဲလွဲ အစွန်းရောက်မူ တွေကြောင့် ဆယ်စုနှစ် ကြာသည့်တိုင်အောင် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် မထူထောင်နိုင်ခဲ့ပါဘူး။ ၍အချက်အလက်များကို ကြိုတင်တွေးတော ပြင်ခြင်ခန့် မှန်းနိုင်ခြင်းမရှိသောကြာင့် အောင်မြင်မှုမရှိ ခဲ့ခြင်းဖြစ်သည်။

1994 ခုနှစ်တွင် ရ၀န်းဒါ (Rwanda) အာဖရိက၌ သူမျိုးရေး သုပ်သင်ရှင်းလင်းခြင်းများ ဖြစ်နေခြင်းကို နိုင်ငံတစ်ကာမှ သိသော်လည်း ရပ်တန့်ရန်လက်နှေးခဲ့ သောကြောင့် လူဦးရေ တစ်သန်းနီးပါး အသတ်ခံခဲ့ ရပါသည်။ ဆက်လက်ဤ လက်တလော အတွင်း ဆူဒန် နိုင်ငံတွင်ဖြစ်ပွားနေသော လူအစုလိုက်သတ်ဖြတ် မူတွေကို နိုင်ငံတစ်ကာမှ ရပ်တန့် နိုင်စွမ်း မရှိပါ။ ဤကဲ့သို့ မည်သည့်အစိုးရမှ အကာအကွယ်ပေးမှုမရှိသည့် အားကိုရာမဲ့ လူသားများကို ကာကွယ်အကူအညီပေးရန် သနားညှာတာစိတ်ရှိသည့် နိုင်ငံတိုင်း နိုင်ငံသားတိုင်းမှ တာဝန်သိသိ အကူအကြီပေးရမည်ဟူသော အမြင်ရှိပါသည်။ ဤကမ္ဘာသာမက လကမ္ဘာတွင်ပင် ခြေရာထွင်းနိုင်ခဲ့သည့် အမေရိကန်သည် နိုင်ငံနှင့် ဘာသာစကားများ ဟူသော လူသားများအခြင်းခြင်း ကာစီးထားသည့်တစ်တိုင်း များကို ကျော်လွန်၍ လူသားများကို “လူ” ဟူ၍သာမြင်၍ မည်သည့် လူသားရေးရာမဆို ၄င်း၏အရေးဟု ယူမှတ် ခြင်းသည် အဆန်းမဟုတ်ပါ။ ကမ္ဘာ့မြေသာမက အလင်းအမြန်နှုန်း မိုင်သန်းပေါင်းများစွာမက အကွာအဝေးရှိသော ကြယ်အစုးအဝေးများကို မြင်နိုင်စွမ်းရှိပြီး အခြားဂြိုလ် များတွင် လူသားများ အခြေချ နေထိုင် နိုင်ရန် တီထွင် ကြံစည်နေသော လူသားတိုင်း လူသားအမျိုးအနွယ် များ၏ရှင်သန်ရေးအတွက် ဤအမြင်းကို လက်ကိုင်စွဲထားကြပါသည်။ လူမျိုးရေး ဘာသာရေး ဟူသည့် ခြားနားချက်များကိုပင် မကျော်လွန်မတွေးမြင် နိုင်သေးသောသူများသာလျှင် လူအချင်းချင်း လူမျိုးရေး ဘာသာရေးအစွဲများဖြင့် အသိတရားကင်းမဲ့စွာ တိရိဆ္ဃန် များကဲ့သို အမုန်းပွား တိုက်ခိုက် သတ်ဖြတ်နေခြင်းပြုနေဆဲဖြစ်ပါသည်။

အမေရိကန်၏ သြဇာအရှိန်အ၀ါအစစ်အမှန် သည် အမေရီကန်၏ စစ်တပ်မဟုတ်ပါ။ အမေရိကန်၏ သြဇာကြီးမားမူသည် အမေရိကန်နိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးပြု ကြိုးစားအားထုပ် မှုများ၏ ရလဒ် ဖြစ်ပါသည်။ ဤစာကို ရေးရန်သင်အသုံးပြုနေသော Computer သည် အမေရိကန်နိုင်ငံမှ ဖန်တီးလိုက်သော အရာဖြစ်သည်၊ သင်အသုံးပြုနေသော Internet နှင့် သင်ရေးနေသောနေသော website၊ သင်အသုံးပြုနေသော software သည်အမေရိကန်နည်းပ္ပညာဖြစ်သည်။ သင်ခေါ်ဆိုနေသော ဆဲလ်ဖုန်း (cell phone)၊ အိမ်တိုင်းတွင် ကြည့်နေသာ Television၊ နိုင်ငံတကာ တွင်ပျံသန်းနေသော လေယာဉ်၊ ရှပ်ရှင်၊ စာပေ၊ ဂီတ အနုပ္ပညာ နှင့် အတွေးအခေါ် စသည်ဖြင့်တို့သည် အမေရိကန် ၏သြဇာ လွှမ်းမိုး မှုများဖြစ်သည်။ အမေရိကန်တို့ရဲ့ ကမ္ဘာနိုင်ငံ အရပ်ရပ်မှ ကဏ္ဌအမျိုးမျိုးတို့ကို စည်းပွားရေးအကြပ်အတည်း များစွာရင်ဆိုင် နေသည့်တိုင်အောင် အလျှူအတန်းမှုများပြုခဲ့သော ကြောင့် ကမ္ဘာ့ အလျှူအတန်းမှု အပြုဆုံး နိုင်ငံတစ်ခုအဖြစ်အဖြစ် နှစ်စဉ် စရင်းဝင်သတ်မှတ်ခြင်းခံရပါသည်။ အမေရိကန်သည် ကမ္ဘာ့နိုင်ငံသားများ အကြိုးပြုခြင်းဖြင့် မဟာမိတ်နိုင်ငံ အမြားအပြား ၏ လေးစား ယုံကြည်အားထားမှုကို ရရှိနိုင်ခြင်းဖြစ်သည်။ အမေရိကန်သည် အနိုင်ကျင့်ဗိုလ်ကျဖြင်းဖြင့် ရင်းနှီးသော မိတ်ဆွေများဖွဲ့ ၍မရပါ။ အနိုင်ကျင့်ဗိုလ်ကြရုံဖြင့် သြဇာအာဏာ ကြာညောင်းခြင်းမရှိပါ။ အနိုင်ကျင့်ဗိုလ်ကျ လိုသူများသာလျှင် ဤအမြင်ကိုယုံကြည် လက်ကိုင် ထားပါသည်။ အနိုင်ကျင့် ဗိုလ်ကျသူများ မိတ်ဆွေမရှိပါ၊ သက်ဆိုးမရှည်ပါ။ အနိုင်ကျင့်ဗိုလ်ကျနေသော အာဏာရှင်များနှင့် သူတို့ ၏မိတ်ဆွေများ၏ ဇာတ်ကြောင်း ကမ္ဘာ့သမိုင်းမှာ သက်သေခံပါသည်။ ဤသို့သောသဘောတရာကို အမေရိကန်နားလည်ထားသည်။ ကောင်းသောလုပ် ရပ်များကို လုပ်ဆောင်အကြိုးပြုခြင်းသာ ကမ္ဘာသူ ကမ္ဘာသားများ၏ စစ်မှန်သော လေးစားလက်ခံမှုနှင့် သြဇာညောင်းမူများကို ထာဝစဉ် ရရှိမှာဖြစ်ပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်