Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲ သတင်းများကို ဂြိုလ်တုမှ သတင်းရယူခြင်း


From : ခေတ်လူငယ်

ဆောင်ရွက်လိုသော သတင်းဌာနများ ဂြိုလ်တုမှ သတင်း ပေးပို့/ရယူနိုင် ၁.၄.၂၀၁၂ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သတင်းများကို ဂြိုလ်တုမှ သတင်းရယူခြင်း (SNG; Satellite News Gathering) ဆောင်ရွက်လိုသော သတင်းဌာနများအတွက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း၊ ရန်ကုန်) စသည့် (၃) နေရာမှ Thaicom-5 ဂြိုလ်တုသို့ Satellite Uplink လုပ်ငန်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သတင်းပေးပို့လိုသော သတင်းဌာနများသည် ညွှန်ကြားရေးမှူးချုပ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထံ Booking Time လျှောက်ထား၍ သတ်မှတ်အခကြေးငွေ ပေးပြီး Uplink ဆောင်ရွက်နိုင်သည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ- ၀၆၇-၇၉၄၇၁၊ ၀၆၇-၇၉၄၇၄၊ Fax; ၀၆၇-၇၉၄၇၃၊ ၀၆၇-၇၉၄၆၄ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်