Subscribe to our RSS Feed

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ ကျုံးသန်စန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ မတ်လ ၂၀ ရက်နေ့က ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်သည့် ခရီးစဉ်အတွင်း ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတကျုံးသန်စန်း၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyen Phuc Trong ၊ ဗီယက်နမ် ၀န်ကြီးချုပ် Nguyen Tan Dung တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကာကွယ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ ထို့ပြင် ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခြေအနေများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်းတို့ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတတို့၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံများသို့လည်း ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်