Subscribe to our RSS Feed

ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ၂၅ % ကိုဖယ်ရှားဖို့ကြိုးစားတာ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်တာလား ဒေါ်စုကြည်


ကိုယ့်ထီး ကိုယ့်နန်း နဲ့နေလာခဲ့တဲ့ မြန်မာ့သမိုင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း တပ်မတော်ဆို တာ ရှိခဲ့ပါတယ်။ ဒုတိယမြန်မာနိုင်ငံ တော်ကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှာလည်း ရှိခဲ့ပါတယ်။ တတိယမြန်မာနိုင်ငံ တော်ကိုတည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်မှာလည်း မပါမဖြစ်ရှေ့ဆုံးကပါပဲ။ ဒါပေမယ့် အလောင်းမင်းတရားကြီးက စတဲ့ လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ ဖောင်း၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ ဆိုတဲ့ မင်းဆက် ၁၁ အုပ်ဆိုးခဲ့တဲ့ တတိယမြန်မာနိုင်ငံတော်ကြီး ပျက်ဆီးဖို့ အကြောင်းအရင်းဟာ စုဖုရားလတ်(စုပါတယ်နော် သတိထား) လက်ထက်ကစပြီး ပျက်စီးပါ တော့တယ်။

စုဖုရားလတ်ရဲ့မယ်တော်ဟာ မင်းတုန်းမင်းကြီးရဲ့ မိဖုရား ဆင်ဖြူမရှင်ပါပဲ။ ဆင်ဖြူမရှင်ရဲ့ မယ်တော်ကတော့ ငယ်ငယ်တုန်းကစာသင်တဲ့အထဲမှာပါတဲ့ ရာဇ၀င် မိန်းမဆိုးကြီး နန်းမတော်မယ်နုဆိုတာ အားလုံးသိကြမှာပါ။ သဇင်ပန်းတွေပွင့်လို့ ဦးဦးဖျားဖျားပန်တဲ့သူက နန်းမတော်မယ်နုရဲ့ ဓါးစက်အောက်မှာ အသက်ပျောက်လောက်အောင် မာနခက်ထန် မိဖုရားတို့ရဲ့ မာန်အပြည့်ရှိခဲ့သူပါ။ နန်းမတော်မယ်နုရဲ့သမီး ဆင်ဖြူမရှင်ကလည်း နန်းတွင်းမှာ သူဆွဲထားတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ အုပ်စိုးနိုင်ဖို့ ဖုန်းကြီးကျောင်းသားလေး သီပေါဘုရင်ကို နန်းတင်ဖို့ကြံစည်ခဲ့သူပါ။ စုဖုရားလတ်ကလည်း အစ်မဖြစ်သူနဲ့ ညီမဖြစ်သူကိုကျော်ပြီး ရာဇပလ္လင်တက်လို့ သီပေါဘုရင်ကို လုခဲ့တဲ့သူပါပဲ။ မိန်းမတွေအုပ်စိုးလို့ နန်းတွင်းပြဿနာတွေရှုပ်ရာကတဆင့် မီးလောင်ရာလေပင့်သလိုဖြစ်ပြီး သီပေါဘုရင်ပါတော်မူလို့ တစ်မျိုးသားလုံး သူ့ကျွန်ဘ၀ရောက်ခဲ့ရပါတယ်။


နန်းမတော်မယ်နုကစ၊ ဆင်ဖြူမရှင်အလယ်၊ စုဖုရားလတ်အဆုံး အထက်မြက်ဆုံးလို့ထင်ရပေမယ့် တဇွတ်ထိုးလုပ်ရပ်တွေကြောင့် ပြည်သူတွေဒုက္ခရောက်ခဲ့ရတယ်။ အဲဒါတောင်နောင်တမရ၊ အမှောင်ကျနေတဲ့ လူတစ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ကြိုးစား နောက်တစ်ကြိမ်ကျွန်ဖြစ်အောင် စွမ်းဆောင်နေတာလားလို့ မေးလိုက်ချင်တယ်။ တပ်မတော်ရဲ့တာဝန်ထဲမှာပါတဲ့ “ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ တပ်မတော်ရဲ့အဓိကတာဝန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး” ဆိုတာသိလို့ ထိပ်တိုက်ရင်ဆိုင်နေတာလား ဒေါ်စုကြည်ရယ်။ ဖေဖေက လက်နဲ့ရေး၊ သမီးကခြေနဲ့ဖျက်၊ တိုင်းပြည်ကို တိုင်းတပါးလက်ဝယ်ခံဘ၀ကိုရောက်ဖို့ ကြိုးစားနေတာလား ဒေါ်စုကြည်ရယ်..

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နိုင်ငံပိုင်သတင်းမီဒီယာကနေတစ်ဆင့် လွှင့်တဲ့အချိန်မှာ “လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုပေးရမယ်ဆိုရင် ရွေးကောက်ခံမဟုတ်တဲ့လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို ပြည်သူတွေအသိဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မတွေကတော့ အနာဂတ်နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍကပါရမယ်ဆိုတဲ့ဟာ။ ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိတယ်ဆိုတဲ့ ပုဒ်မတွေဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ တစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

ကျည်ဆံဗုံးဆံအမြောက်ဆံတွေကြားမှာ ပေါက်ဖွားလာတဲ့ ခေတ်အဆက်ဆက်က ပြည်သူ့တပ်မတော် ဟာ ပြည်သူကိုကာကွယ်ရင်းနဲ့ ဒေါ်စုကြည်တို့လိုလူမျိုးတွေရဲ့ အတိုက်အခိုက်တွေရဲ့ကြားမှာ ရှင်သန်လာခဲ့တာ ၇ နှစ်သား ၈ နှစ်သားမဟုတ်တော့ပါဘူး။ ဒေါ်စုကြည်ရဲ့အသက်ထက်ကြီးတဲ့ ၆၇ နှစ်မြောက် တပ်မတော်နေ့ကို ရောက်နေပြီဆိုတာ ဒေါ်စုကြည်သဘောပေါက်သင့်ပါပြီ။ တပ်မတော်ကို ပြည်သူနဲ့ဘယ်လိုသွေးခွဲသွေးခွဲ ပြည်သူ့ဘက်က အမြဲရပ်တည်ပေးခဲ့တဲ့ တပ်မတော်ရဲ့စေတနာတွေကို နားလည်ခဲ့လို့ အခက်အခဲမရှိဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ပြည်သူနဲ့လက်တွဲပြီး လျှောက်လှမ်းနေတယ်ဆိုတာ တိုင်းသိပြည်သိ ကမ္ဘာက တုန်လှုပ်တဲ့အထိပါပဲ။ အဲဒါကြောင့် ဒေါ်စုကြည်ရဲ့ အကောင်းမမြင်တတ်တဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်တွေက စင်္ကြာဝဠာထဲက သဲမှုန်တစ်ပွင့်လို မကြာခင် အချိန်အတွင်းမှာ ပျောက်ကွယ် သွားမယ်ဆိုတာ ယုံကြည်နေတဲ့ မျိုးချစ်သူရဲကောင်းစစ်စစ်ကြီးတွေ ရှိနေတယ် ဆိုတာ သိထားသင့်ပါတယ်။

လွတ်တော်ထဲမှာပါတာက တပ်မတော်သား ၂၅ % ထဲပါ.. ပြည်သူလူထု ကိုယ်စားလှယ် အမတ်လောင်းတွေက ၇၅%တောင်ပါတဲ့အတွက် ဒေါ်စုကြည်ကိုသာ လေးစားချစ်ခင်ကြည်ညိုမယ်ဆိုရင် ဘာဖြစ်လို့များ ၂၅ %ကို ပယ်ရှားချင်တဲ့စကားတွေ ပြောချင်နေရတာလဲ.. ကောင်းမြတ်တဲ့ တပ်မတော်ရဲ့ အစဉ်အလာတွေကို ကြောက်လို့လား.. အမှန်တရားကို ပြည်သူတွေနားလည်လာတဲ့တစ်နေ့ မထောက်ခံမှာ စိုးလို့ ကြိုတင်ဖယ်ရှားတာလားဆိုတာကတော့ ဒေါ်စုကြည်သာ အသိဆုံးဖြစ်ပါလိမ့်မယ်…

အမေရိကန်နိုင်ငံ၊ ဗြိတိန်တို့လို ဒီမိုကရေစီနိုင်ငံအတွက်ဖို့ အချိန်အတိုင်းအတာတစ်ခုထိ လျှောက်လှမ်း ရမယ်ဆိုတာ ဒေါ်စုကြည် သိသင့်တယ်။ အတွေးအခေါ်မှန်မှန်စဉ်းစားသင့်ပါတယ်။ ခေတ်အဆက်ဆက်မှာ တပ်မတော်က နိုင်ငံတော်ကို လွတ်လပ်ရေးရအောင်၊ မင်းမဲ့စရိုက်ဆန်ဆန် ၈၈ အရေးအခင်းမှာ ခေါင်းဖြတ်သတ်၊ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးခဲ့တာကို တပ်မတော်အနေနဲ့ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားကြီး လည်ပတ်ဖို့ နိုင်ငံတော်ဘဏ္ဍာငွေရာဂဏန်းလောက်နဲ့ စတင်ပြီး တည်ဆောက်ခဲ့တာ ပြည်သူအားလုံးအသိပါပဲ။ တပ်မတော်သားတွေကို အရွေးမခံလွှတ်တော်ကိုယ်စားလှယ်လို့ ပြောဆိုပြီး ဖယ်ရှားဖို့ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းတုန်း လုံခြုံရေး အစောင့်အရှောက် မပါတဲ့ မင်းသမီးတစ်ယောက်လိုဖြစ်နေမှာပါ။ ဒေါ်စုကြည်တောင်မှ စည်းရုံးရေး ခရီးစဉ်တွေမှာ လုံခြုံရေးတွေမပါမဖြစ် ပါနေတာဖြစ်လို့ ဒီလို ဒီမိုကရေစီပြောင်းလဲရေးမှာ နိုင်ငံတော်ကိုကာကွယ်နေတဲ့ တပ်မတော်သားတွေ ပါဝင်ရမယ်ဆိုတာ ဒေါ်စုကြည်နားလည်မှာပါ။

Myanmar Express

13 comments:

well, i like this post . Actually , i am a supporter of NLD ( i used NLD ) not Daw Aung San Su Kyi . That mean, I am fully supported "Democracy" not " a Person" . I supported Democracy as a Whole. as a saying goes " Main ma phat Pyi taung Pyit ei" . However, I don't like MIlitary regime, That do not mean , i don't like Military. I do not like Military people especially General , their friends and their relative. Because, these General's friends, Sons, Relatives are using utmost power and oppressed BUrmese people. ( You know it ). BUt, i wish , OUr country will be get better soon.

NLD NLD အလို မရှိ၊
စုကြည် စုကြည် ရို့ရို့

တော်တော့်ကို အရှက်ကင်းမဲ့ပြီး မြန်မာနိုင်ငံကို သူများကျွန်ဘ၀ရောက်အောင် ကျွန်ဇာတ်ခင်းတဲ့ဘွားတော်။ သေရင်တောင် အသေကောင်းနဲ့မသေဘဲ အသေဆိုးနဲ့သေမှာပဲ။ သေပြီးရင်လဲ နတ်ပြည်မပြောနဲ့ အ၀ီစိကတောင် တက်မှာမဟုတ်ဘူး။ သူ့အဖေတောင်ဂျပန်မှာ အပင်ပန်းဆင်းရဲခံ ပါးရိုက်ခံသင်ခဲ့ပြီး ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ကို သူမို့ပြောရက်တယ်ဗျာ။ မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်ပြီး တိုင်းတပါးသားကို လင်တော်ထားတဲ့ လဒတို့ရဲ့ ခေါင်းဆောင် လဒဘွားတော်ကြီး ဒေါ်စုကြည်....

နိုင်ငံတစ်နိုင်ငံရယ်လို့ ဖြစ်လာခဲ့ရင် အုပ်ချုပ်သူ (ဘုရင်/အကြီးအကဲ)ဆိုတာ မရှိမဖြစ် ရှိနေရမဲ့အရာတစ်ခုပါ ဒါကိုလည်း ပြည်သူများသိကျမှာပါ ကျွန်တော်တို့ ဘိုးဘွား စဉ်ဆက်လက်ထက်ကတည်းက တိုင်းပြည်ကို ဘုရင်များ အုပ်ချုပ်လာတာလဲ ပြည်သူများအသိပါ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ တစ်နေရာကနေ တပ်မတော်က ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်နေတာ ပြည်သူတွေသိကြမှာပါ တပ်မတော်သားတွေဟာ မိမိတို့ရဲ့အသက်တွေကို ပဓာနမထားပဲ ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်တည်ပေးနိုင်ခဲ့ပါတယ် စုဖရားလတ်ကြောင့် တတိယမြန်မာနိုင်ငံတော်ကြီး ပျက်စီးခဲ့ဖူးပါတယ် အခုလည်းကြည့်ကြဦးလေ ဖေဖေကလက်နဲ့ရေး သမီးက ခြေနဲ့ဖျက် ဆိုတာ ဟုတ်တော့မယ်ထင်ပါရဲ့ဗျာ ပြည်သူတွေအနေနဲ့စဉ်းစားကြည့်ကြပါဦးဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးကို နောက်တစ်ကြိမ် အဆုံးရှုံးမခံကြစမ်းပါနဲ့ဗျာ ကျွန်တော်အကြံပြုပါရစေ

You can not tell all Generals are bad, who was the first General in Myanmar, General Aung San was the 1st General and founder of BDA, BIA and BNA. If someone says " I am a faithful person to my country" who is much much less than any Myanmar Military person's faiyhfulness. You can not tell you don't like Military people, Generals and their families, it is not mean you love Democracy. If you like Democracy, you must love Military persons, if you love your country you must love the people(Military persons) who love and give their live for your country, they are the only one can give the security of your country's Democracy, Myanmar Military is the only one "Safety Guard" of Myanmar peoples' Democracy. I love Myanmar Military and I salute on March 27th, 67th of Myanma Armed Forces Day.

လိုက်ဖတ်ရတာ အာရုံနောက်တယ်ကွာ။ ကွန်းမန့် ကို မြန်မာဆို မြန်မာလိုရေးစမ်းပါ။ အူကြောင်ကြားနဲ့ ။

ပြည်သူများရဲ့ ရင်နှစ်သည်းချာတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ကို အလိုမရှိလို့ ဟစ်အော်နေတဲ့ NLD ပါတီဝင်တွေနဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လိုပုံစံမျိုးလဲဆိုတာကို မသိနားမလည်တဲ့လူငယ်များ (စည်းရုံးရေးခရီးစဉ်တွေမှာ NLD ဒေါင်းတံဆိပ် နဖူးစီးကို ပတ်သူ ၁၀ နှစ်အောက်ခလေးများ)၊ အင်တာနက် စာမျက်နှာ ပေါ်တွေမှာ ဒီမို ဒီမိုလို့ သူများအော်တိုင်း လိုက်အော် နေတဲ့ လူငယ်နလပိန်းတုံးများ . ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာရော သိကြလို့လား.. ဒီမိုကရေစီဆိုတာ မင်းတို့က ဟေ့လား ၀ါးလားလုပ်ပြီး ခလေးကစားစရာလို ထင်နေကြတာလား.. အမေစု အမေစု လို့ ခေါ်နေကြတာ မင်းတို့ရဲ့ ရင်ထဲကအသံတွေလား.. သူများယောင်လို့ လိုက်ပြီးတော့ ယောင်မနေကြပါနဲ့.. မင်းတို့ ခေါ်နေတဲ့ အမေစုက တိုင်းတစ်ပါးကို အထင်ကြီးပြီး ငါတို့တိုင်းပြည်ကို လက်ညိုးထိုး ရောင်းစားနေတယ်ဆိုတာ မင်းတို့တစ်နေ့ သိလာရ လိမ့်မယ်.. လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားလေးကို ပြောလိုက်မယ်.. ဒီနိုင်ငံက တပ်မတော်သာမရှိခဲ့ရင် အမြန်ဆုံး ဖာနိုင်ငံကြီး ဖြစ်မယ်ဆိုတာပဲ.. အခုပဲ ကြည့်လိုက်.. NLD တောင် အာဏာမရသေးဘူး.. အမတ်လောင်း စန္ဒာမင်းက လင်ငုတ်တုတ်ကြီးရှိနေတာတောင် ပုဂံဟိုတယ်မှာ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းကြီးက မြန်မာတစ် နိုင်ငံလုံးတင်မကဘူး.. ကမ္ဘာကပါ သိလာနေပြီ.. ဒါကြောင့် တစ်ခုလေးပဲ မေးလိုက်ချင်ပါတယ်.. ဒါလား NLD လိုချင်နေတဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်ဆိုတာ...

To ->Anonymous says: 27 March 2012 01:42
Your step father is saying "Tatmadaw is a father, Tatmadaw is a mother". You said "Pyi Thu (including Tatmadaw) is a father and a mother". Who is right?
Every sector is important for building a nation. Let Politician, Technician, Economic guy, etc. build the nation and Tatmadaw should protect them from door gate. In other word, don't sit in the main house and pretend tatmadaw is very important than any other sectors. Whoever leading Tatmadaw should know where is the right place. You got it?

စလုံးတို့ ဆလိမ်တို့နဲ့ စတဲ့ မိန်းမတွေကိုက သူယုတ်မာအနွယ်ဝင်တွေထင်တယ်

-စုဖရားလတ် (ကျွန်ဖြစ်စေသူ)
-စုကြည် (လင်ကအဖြူ)
-စန္ဒာမင်း (နောက်မီးလင်း အမတ်လောင်း)
-ဆုမွန် (အမေရိကားရောက် ဒုက္ခသယ်မ)
-

OUT OF DATE IDEA ! GO OUTSIDE AND LOOKING THE WORLD. WHAT HAPPENING!

ယနေ နံနက် ၁၀း၄၈ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပါသည်

ယနေ့ နံနက် ၁၀နာရီ ၄၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန် သွားပါပြီ

post ဖတ် သူ များ သ တိ ထား မိ ကြ ပါ လိမ်. မယ် ထင် ပါ တယ်။
၁၄.၃.၁၂ နေ. က အန် နယ် ဒီ ဒေါ် စု ကြည် မြန်မာ. ရုပ် မြင် သံ ကြား မှ မဲ ဆွယ် စည်း ရုံး ရေး ဟော ပြော ပွဲ မှာ " မိ ဘ ပြည် သူ များ ရှင်. " လို. နုတ် ခွန်း ဆက် စ ကား လေး တောင် ၊ မြန် မာ. ယဉ် ကျေး မှု အ စဉ် အ လာ အ တိုင်း ပြော မ သွား ခဲ. ပါ ဘူး ၊ သူ မ ပြီး ၊ နောက် မြန် မာ. လူ ဘောင် သစ် ဒီ မို က ရက် တစ် ပါ တီ ( သူ မ ထက် အ သက် ငယ် တဲ.သူ ) က တောင် ပြည် သူ များ ကို နုတ် ခွန်း ဆက် စ ကား လေး ပြော သွား ပါ တယ်။ နိုင် ငံ တော် သ မ တ နဲ.ပါ တီ အား လုံး နီး ပါး အ ဆုံး မိ ဘ ပြည် သူ များ လို.နုတ် ခွန်း ဆက် သွား တာ ကို တွေ. သိ ကြ ပါ လိမ်. မယ်။
အဲ ဒီ လောက် ဆို သူ မ ရဲ. လူ မှု ယာဉ် ကျေး မှု အ တိုင်း အ တာ ကို သ ဘော ပေါက် မိ ကြ ပါ လိမ်. မယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်