Subscribe to our RSS Feed

ပြန်ပါအမိရယ်


From : ရဲထွန်းမှတ်တမ်း


အသိအမြင် ပုံမမှန်သည့် အတွက်ရယ်ကြောင့်
အမိရင်ခွင် စုံကန်၍ ထွက်ခဲ့ပြီပေါ့
ညည့်လင်ကို ယုံရန်ဖြင့် ခက်လှပါသကွဲ
ဘုံပျံကနက်မှာတော့ ရှက်စဖွယ်။ ။
တစ်ပြည်သားကိုမှ
ရွှေပြားဂဟေဆော်၍
ဒွေးနှစ်ဖော် သံဝါညှိမိတာက
မပြေးသော် ကန်ရာရှိပီပဲ့
ပြန်ပါ့အမိရယ်တဲ့ ပြောကြတယ်။ ။
ဒို့ပြေ ဒို့မြေမှာ
ဒို့တစ်တွေ အခြေတည်တာက
ပဝေသဏီ ဟိုးရှေးရှေး အတိတ်သမိုင်း မတင်မီ ကတည်းကပါကွဲ့
ဒို့ဘိုးဘေးဘီဘင်တွေ စိတ်ပိုင်းရုပ်ပိုင်း ညီညာစွာနဲ့
ပြည်မြန်မာ တည်ကာဆောက်နိုင်ခဲ့
မသတီစရာ ၀င်လာနှောင့်သူက
အနောက်ကုလားဖြူတစ်စုဟာ ၀ရုန်းသုန်းကားနဲ့
သူဖုန်းစား ခွက်ပျောက်သလို
အမုန်းတရားနဲ့ မရှက်မကြောက် သူတမင်လီဆယ်
အိုကွယ် .. ကုန်းစကား တစ်ဝက်တစ်ပျက်နဲ့ သူအလွန်ပလီတယ်
မဒီကေသွယ်ကတော့ ထင်မှတ်မှား ။ ။
သိလျက်နှင့်ပင်
ဝိပါက် ကြမ္မာငင်တော့
ဥာဏ်ကြီးရှင် အယူမှောက်ပါပေါ့
အသူတရာ ချောက်မှာ ကျချက်နာပါဘိ
ဘ၀တစ်သက်တာနော်ဗျာ အပြီးအပိုင်သာမှတ်လိုက်ပါတော့
(အမယ်မင်း အမိုက်မရေ )
အဘအတွက်မှာတော့ ပုတီးကိုင်လျက်က
အထပ်ထပ်အခါခါ သနား..

Myanmar Express

4 comments:

daw su ka than shwe pa sat ko thone p...naing ngan char thar ko phin khan thwar tar par

အစကNO VOTE/VOTE NOအော်လာတာအခုမှဆောက်ရှက်မရှိအ မြီးနန့်ပြီးVOTE /VOTE/VOTEနဲ့ဟောင်နေတာလဲဒီ ခွေးသူတောင်းစားမကြီးပဲ

ဆိုးလိုက်တာကွာ။ ကိုယ့်တိုင်းပြည်တစ်ခုလုံးက အမုန်းကြီးမုန်းနေတဲ့ တိုင်ငံသားကိုမှ လင်တော်ရတယ်လို့ ခန္ဒီကလဲ တော်တော်ကောင်းတာပဲနော်။ မည်သို့ပင်ဆိုဆို အဲလိုလုပ်ကတည်းက ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားလိုက်တာပါပဲ။ မြန်မာမျိုးဟေ့ သခင်မျိုးလို့ ကြွေးကြော်ခဲ့တဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေ ဘိုးဘေးတွေကိုစော်ကားတာပါ။ အဲဒါကိုမြန်မာနိုင်ငံကို ပြန်ပြီးအုပ်ချုပ်ချင်တယ်ဆိုတော့ အရှက်တရားကင်းမဲ့လိုက်တာဗျာ ကျွတ်ကျွတ်.....

ကောင်းလိုက် တဲ့ လေးချိုး ဆရာကြီး မှိုင်း တောင် ငိုလောက်တယ် ကလောင် နာမည်တောင် ထည့်မထားဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်