Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဇော်အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Heyn လာရောက်တွေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဇော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Heyn သည် ၂၀၁၂ ခုနှစ် မတ်လ (၂၁) ရက်နေ့မွန်းလွဲ (၁) နာရီ အချိန်တွင် နေပြည်တော် ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံ သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဇော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Heyn တို့တွေ့ဆုံဆွေးနွေးစဉ်

တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသိန်းဇော်နှင့်အတူ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံး၊ ဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗြိတိသျှ သံအမတ်ကြီး H.E Mr.Andrew Heyn နှင့်အတူ Deputy Head of Mission, Mr.Jeremy Hodges တို့ တက်ရောက်ကြသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဇော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Heyn တို့တွေ့ဆုံဆွေးနွေးစဉ်

ထို့သို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဇော်က ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒလမ်းစဉ်များ မြန်မာနိုင်ငံ ၌ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်အောင်မြင်မှု အခြေအနေများ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်မည့် အခြေအနေ များ၊ နိုင်ငံတကာနှင့် ချစ်ကြည်ရေး တိုးမြှင့်ဆက်ဆံနေမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေး ပြော ကြားသည်။

ထို့နောက်ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Heyn ကသိလိုသည်များကို မေးမြန်းရာ ပါတီဗဟို အတွင်းရေးမှူး ဦးသိန်းဇော်က အသေးစိတ်ရှင်းလင်း ပြောကြားကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်