Subscribe to our RSS Feed

ဒါဖတ်ပြီးမှ NLD ပါတီကို ကိုမဲထည့်ဖို့ စဉ်းစားပါ

ကျနော် သူများတွေလို စာကောင်းကောင်းမရေးတတ်ဘူး။ လိုရင်းနဲ့တိုရှင်းကိုပဲပြောဖို့ အားရတယ်။ အခု ပြောချင်တာကို တိုတိုနဲ့ရှင်းရှင်းပြောမယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်တဲ့အခါ ပြည်သူတွေအနေနဲ့ NLD ကို လုံးဝ မဲမထည့်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့

၁။ နံပတ် (၁) NLD က ၉၀-ရွေးကောက်ပွဲရလဒ်တောင် အရည်အချင်းမရှိ အကောင်အထည်မဖော်နိုင်ဘူး။ ဒါ့ကြောင့် နောက်တခါ မဲထည့်လည်း အာဏာရအောင်လုပ်နိုင်မယ့် အနေအထားမတွေ့ရဘူး။ အထူးသဖြင့် မယုံရဲဘူး။

၁၉၉၀ တုန်းကလည်း ပြည်သူ့သည်းခြေကြိုက် စကားတွေ ဖောင်ဖွဲ့ပြောသွားဖူးတာပါပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူပြောခဲ့သမျှ စကားတွေကို တစ်ခုမှ အကောင်အထည်မဖော်နိုင်ပါဘူး။

၉၀ တုန်းက မဲရသွားတဲ့ ကိုယ်စားလှယ်တွေ အနှစ် ၂၀ ကျော်လုံး နိုင်ငံခြားမှာ အရက်သောက်လိုက်၊ အင်တာနက်သုံးလိုက်၊ အထောက်အပံ့ စားလိုက်နဲ့ပဲ အချိန်ဖြုန်းသွားတယ်။ ပြည်သူ့အကျိုး တစ်ခုမှ မလုပ်ခဲ့ကြဘူး။ နောက်ဆုံးတော့ ပြည်သူတွေကို ရပ်တည်နိုင်ဖို့ မလုပ်နိုင်တဲ့အပြင် သူတို့အဖွဲ့တွေကိုတောင် ရပ်တည်နိုင်စွမ်းမရှိလို့ ဖျက်လိုက်ရတယ်။

ရပ်တည်နိုင်စွမ်းမရှိလို့ ဖျက်လိုက်ရတဲ့ CRPP အဖွဲ့

အနှစ် ၂၀ ကျော် ယိုယွင်း ပျက်ဆီးခဲ့သော NLD

မဲဆွယ်တုန်းက ဆွယ်ပြီး နောက်တော့ အလကားဖြစ်ခဲ့ရ

၂။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ကို NLD က ဦးဆောင်ပြီး ကန့်ကွက်မဲထည့်ခိုင်းလို့ ထည့်ခဲ့ကြတာ၊ ဆန္ဒမပြုခဲ့ကြတာတွေလည်း ဘာမှဖြစ်မလာပါဘူး။ NLD က ပြည်သူတွေကို ခိုင်းဖို့သာ တတ်တယ်။ NLD ခိုင်းတိုင်းလုပ်ခဲ့ တဲ့ ပြည်သူတွေကို NLD က ဘာမှ ပြန်လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘူး။ အပြောပဲ တတ်တယ်။ ဒါကြောင့် ဒီတခါလည်း NLD ရဲ့ စကားကို နားမယောင်မိဖို့လိုတယ်။

မအောင်မြင်ခဲ့တဲ့ NLD ဦးဆောင်ပြီး အခြေခံဥပဒေနဲ့ နိုင်ငံတော်အလံကို ဆန့်ကျင်မှု

၃။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း "အခြေခံဥပဒေ အရ မဲမပေးပဲ နေခွင့်ရှိတယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လို့ မဲမပေးပဲ နေခဲ့ကြတဲ့ လူတွေ အတွက် NLD က ဘာမှ ပြန်လုပ်မပေးနိုင်ခဲ့ဘူး။ တစ်ခါ အလိမ်ခံရရင် လိမ်တဲ့ သူ အပြစ်၊ ၂ ခါ အလိမ် ခံရရင် အလိမ်ခံရသူ အပစ် ဆိုရင် ခဏခဏ အလိမ်ခံနေရတဲ့ ပြည်သူတို့ နောက်တစ်ခါ အလိမ်မခံရဖို့ အတွက် NLD ကို လုံးဝ မဲမပေးမိဖို့လိုတယ်။

မအောင်မြင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လုပ်ရှားမှု
ကိုယ်တိုင် မှတ်ပုံမတင်ခဲ့လို့ သူများတွေကို မဲမပေးဖို့ လှုပ်ရှားခဲ့တဲ့ NLD

မစားရတဲ့ အမဲ သဲနဲ့ပတ် တဲ့ NLD ရဲ့ ပင်ကို စရိုက်

၎။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ တော့ သေချာ စဉ်းစား သုံးသပ်ဖို့ လိုပါလိမ့်မယ်။ အဓိက အရေးကြီးတာကတော့ NLD မှာ အရည်အချင်းရှိတဲ့ လူငယ် တစ်ယောက်မှ မရှိပါဘူး။ ရွေးကောက်ပွဲကို ဝင်ဖို့ ရွေးခြယ်ခံထားရတဲ့ လူတွေကိုပဲ ကြည့်ပါ။ အတော်ဆုံးဆိုပြီး စကာတင် ရွေးချယ်ခံရတဲ့လူတွေကတောင် ဘာမှအရည်အချင်းမရှိ၊ ကိုယ်ပြိုင်မယ့် နယ်မြေကို စည်းရုံးနိုင်စွမ်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပြပြီး စည်းရုံးနေရတာကိုပဲကြည့်ပါ။

ဂျာနယ် လက်ပွေ့ရောင်းနေကြသော အားကိုးစရာ NLD လူငယ်များ

တွန်းလှည်းနဲ့ လှည့်ရောင်းတဲ့ အားကိုဖွယ် NLD လူငယ်

အမျိုးသမီးအခွင့်အရေးအတွက် ပါတီဝင်အမျိုးသမီးများကို ဈေးရောင်းခိုင်းတဲ့ NLD

၅။ NLD က အတော်ဆုံးဆိုပြီး ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို အယုံအကြည်မရှိပါဘူး။ ဒါကတော့ ကျွန်တော်တင်မဟုတ်ဘူး။ ဘယ်သူကမှ အယုံမကြည်မရှိပါဘူး။ အဓိကကတော့ အရည်အချင်းမရှိလို့ပါ။ ပြည်သူ့အကျိုး ဘာမှမလုပ်ဖူးတဲ့ အဆိုတော်တွေပါတယ်၊ သမိုင်းအကြောင်းနားမလည်တဲ့ ဖောက်ပြန်တတ်တဲ့ မိန်းမတွေပါတယ်၊ နိုင်ငံရေးအကြောင်း ဘာမှမသိတဲ့ AIDS ရောဂါသည်တွေနဲ့ အတူနေသူတွေပါနေတယ်။ အဲဒီလူတွေက လွှတ်တော်ထဲမှာ ဘာတွေ ဆွေးနွေးပြောဆိုနိုင်မှာလဲ။

ကြက်သားကို ဖက်ပေါ်တင်ပြီး စားပြသည့် NLD ကိုယ်စားလှယ်

နောက်မီးလင်းသည့် NLD ကိုယ်စားလှယ်

ရက်(ပ်) သီချင်းဆိုသည့် NLD ကိုယ်စားလှယ်

၆။ အရေးအကြီးဆုံး အချက်ကတော့ NLD ကိုယ်စားလှယ်တွေမှာ နိုင်ငံတော်အုပ်ချုပ်ရေး အတွေ့အကြုံမရှိဘူး။ ကျေးရွာ မြို့နယ်တောင် အုပ်ချုပ်ဖူးတာ မဟုတ်ဘူး။ နိုင်ငံတော် တည်ဆောက်ရေး အစည်းအဝေးတွေမှာ ဘယ်နေရာမှ တက်ရောက်ဆွေးနွေးဖူးကြတာ မဟုတ်ဘူး။ အဲလိုလူတွေလက်ထဲကို ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံမအပ်နိုင်ဘူး။

နားနားပြီးပြော

စကားပြောရင်း မိုက်ထိပ် မပွတ်ရ

၇။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အချို့အချက်တွေ ကို အရမ်းလေးစားပါတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာ၊ လူအများက စိတ်ဝင်စားအောင် လုပ်နိုင်တာ၊ ပြည်ပနိုင်ငံတွေအပေါ်မှာ သြဇာညောင်းတာ တွေပေါ့။ ဒီလိုအရည်အချင်းမျိုးတွေက လူတိုင်းမှာ မရှိပါဘူး။ ဒါပေမယ့် ခက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းတွေက မြန်မာပြည်သူလူထုအတွက် တစ်ခုမှ ဖြစ်မလာတာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းလို မျိုးချစ် တစ်ယောက် မဖြစ်ခဲ့ပါဘူး။ နယ်ချဲ့အင်္ဂလိပ်နဲ့ ရွှေလက်တွဲပြီး မျိုးဆက်ပျောက်အောင် လုပ်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါ။ လူအများ စိတ်ဝင်စားအောင် လုပ်နိုင်တဲ့ အရည်အချင်းထက် လူအများကို ကောင်းကျိုးပြုနိုင်တဲ့ အရည်အချင်း ရှိတာ ပိုကောင်းပါတယ်။ လူတွေက စိတ်ဝင်စားလို့ လာကြည့်ကြတယ်၊ ကြည့်ပြီး ပြန်သွားတော့လည်း ဒုံရင်းဒုံရင်း ပါပဲ။

လင် ရပြီးကာစ ၂၇ နှစ်အရွယ် ဒေါ်စု

ပြည်ပနိုင်ငံတွေ အပေါ်မှာ သြဇာညောင်းတာကတော့ မဟာ အရည်အချင်းတစ်ခုပါ။ ဒါကြောင့်လည်း နိုင်ငံ အသီးသီးက ဆုပေါင်း တစ်ထောင်ကျော် အိမ်အပေါ်ထပ်မှာ ပြည့်နေတာပါပဲ။ ဒါပေမယ့် ခက်တာက အဲဒီ ဆု တစ်ထောင်ကျော်က မြန်မာပြည်သူလူထု အတွက် အသုံးမဝင်တဲ့ ဆုတွေဖြစ်နေပြန်ပါတယ်။ မီးသတ်ရဲဘော် တစ်ယောက် ရတဲ့ ဆုက အနည်းဆုံး လူ ၁၀ ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆု တစ်ထောင်က မြန်မာ ပြည်သူ တစ်ယောက်ရဲ့ အသက်ကို ကယ် ခဲ့တာ တစ်ခုမှ မပါပါဘူး။ ဒါ့အပြင် ပြည်ပနိုင်ငံတွေအပေါ်မှာ သြဇာညောင်းတယ် ဆိုပြီး ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ် သမားတွေ ကျောင်း သားတွေ အားလုံးက ဒေါ်အောင်ဆန်း စုကြည်နာမည်နဲ့ ဘာမှ လုပ်စား လို့မရပါဘူ။ ဖမ်းဆီးတာတွေ ခံနေရတုန်း၊ အနိုင်ကျင့်တာတွေ ခံနေရတုန်း၊ မတရားတာတွေ ခံနေရတုန်း၊ ပြည်ပက ပညာသင်ဆု ရဖို့ အသည်းအသန် ရှာဖွေနေရတုန်းပါ။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD_LA မလေးရှားကို မလေးရှား ရဲက ဝင်စီးတာတောင် ဒေါ်အောင်ဆန်းစုကြည်ကရော၊ NLD ခေါင်းဆောင်တွေကပါ ဘာမှ ကာကွယ်ပေးနိုင်စွမ်း၊ ရပ်တည်ပေးနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒီအချက်တွေကို ကြည့်ပြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပြည်ပ နိုင်ငံတွေ အပေါ်မှာ သြောဇာညောင်းမှုဆိုတာကို သံသယဖြစ်လာပါတယ်။

ဒီထက်ဆိုးတာကတော့ ရခိုင်ပြည်နယ်ကို ရိုအင်ဂျာ ပြည်နယ်အဖြစ် သတ်မှတ် ခံရချိန်တွေ၊ ရေပိုင်နက် ပြဿ နာတွေဖြစ်နေ ချိန် မှာ ပြည်ပ ကို သြေဇာညောင်းတယ်ဆိုတဲ့ ဒေါ်စု တုတ်တုတ်မှ မလှုပ်ရဲအောင် ငြိမ်နေတာပါပဲ။

အမေစု အားပေးတဲ့ ဘီဘီစီက တိုင်းရင်းသားတွေကို စော်ကားမှု

အမေစုအားကိုးတဲ့ အမေရိကန်က ဗုဒ္ဓကို စော်ကားမှု

၈။ ကောင်းတဲ့ အရည်အချင်းတွေ ပြောပြီးလို့ မကောင်းတဲ့ အရည်အချင်းတွေ ပြောရရင်တော့ မျိုးချစ်စိတ်မရှိတာ၊ အမျိုးဂုဏ် မစောင့်ထိန်းတာက အရင်ဆုံး စရပါလိမ့်မယ်။ မဆင်မခြင် နိုင်ငံခြားသား ကို လက်ထပ်ယူခဲ့ပြီးနောက်မှာ မြန်မာစကား မပြောတတ်တဲ့ မျိုးမစစ် တွေ မွေးခဲ့လို့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ပျက်ခဲ့ရပါပြီ။

နောက်တစ်ခုကတော့ အသက် ၄၂ နှစ် ကျော် မှ မြန်မာနိုင်ငံ ပြန်လာရမှန်း သိတာပါပဲ။ မြန်မာနိုင်ငံကို တကယ်ချစ်တဲ့လူတစ်ယောက်က နိုင်ငံခြားသားကိုလည်း ယူဖို့မလိုသလို အသက် ၄၀ ကျော်ထိ နိုင်ငံခြားမှာ နေတယ်ဆိုတာ မဖြစ်သင့်ဆုံး အချက်ပါ။


နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်းမရှိကြောင်း ရုပ်လုံးပေါ်သွားစေတဲ့ ဒုတိယ ပင်လုံ ဆိုတာကြောင့်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ပထမဆုံး ခြေလှမ်းဆိုပြီး ဒုတိယ ပင်လုံဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို မနားတမ်းအော်ခဲ့ပါတယ်။ ၂ လ ကြာတဲ့ အချိန်မှာ ဒုတိယ ပင်လုံ က ပျက်သွားပါတယ်။ ဘယ်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း။ KNU ခေါင်းဆောင်တွေနဲ့ ဦးအောင်မင်း တို့ ငြိမ်းချမ်းရေး ယူပြီးတော့ မှ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲမှာ ကရင်ဝတ်စုံတွေနဲ့ တွေ့ရတဲ့ အဆင့်ပါ။ တကယ်တမ်း ရင်ကြားစေ့အောင်လုပ်လိုက်တာကတော့ ဦးအောင်မင်း ဖြစ်နေပါတယ်။ အဲလိုပဲ မွန်တွေနဲ့ကျလည်း အတူတူပါပဲ။ အဆိုးဆုံးကတော့ အချင်းချင်း ညီညွတ်ဖို့ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိခင် ဒေါ်ခင်ကြည်နဲ့လည်း လုံးဝ မတည့်ခဲ့သလို တစ်ဦးတည်းသော မောင်နှမ ရင်းချာ ဦးအောင်ဆန်းဦးနဲ့လည်း သူတပြန်ကိုယ်တပြန် ရုံးတင် နေကြတာပါပဲ။ ဒါတောင် ဗိုလ်ချုပ်အောင်ဆန်း စောစော ကျဆုံးသွားလို့ပါ။ ဗိုလ်ချုပ်သာ နောက်ကျမှ ဆုံးလျှင် ဗိုလ်ချုပ်နဲ့ပါ တည့်မှာမဟုတ်ပါဘူး။ သေချာတာကတော့ ၂၇ နှစ်မှာ နိုင်ငံခြားသား ကို ယူတာနဲ့ ဗိုလ်ချုပ်က အမွေပျက် စွန့်လွှတ်မှာပါပဲ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ၂ နှစ် သမီးမှာ ဗိုလ်ချုပ် ကွယ်လွန်သွားတာကြောင့် ဗိုလ်ချုပ်အနေနဲ့ ဘာမှမဆုံးမနိုင်၊ မျိုးချစ်စိတ်တွေ ထည့်မပေးသွားနိုင်၊ အရည်အချင်းရှိအောင် သင်မပေးသွားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နံ့သာဆီနဲ့ အီးလို ခြားနားသွားရတာပါပဲ။


ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ ဘာအရည်အချင်းရှိလဲ မရှိလဲဆိုတာကို အခု ၁၆ လ အတွင်းမှာ ဘာတွေ အောင်မြင်ခဲ့ သလဲဆိုတာ အမြင်သာဆုံးပါပဲ။ အထုတ်နဲ့ အထည်နဲ့ သက်သေပြစရာ ဘာမှမရှိပါဘူ။ ၁၂ လ သားပဲ ရှိသေးတဲ့ ဦးသိန်းစိန်က ပြောသွားတဲ့ မိန့်ခွန်းက အားရစရာ ကောင်းသလောက်၊ အဓိပ္ပါယ်တွေ ပြည့်ဝသလောက်၊ ၁၆ လ သမီး ဒေါ်စု အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေနဲ့ပဲ ကိုယ့်စကားနဲ့ ကိုယ်ပိကာ အလုပ်မဖြစ် ဖြစ်နေပါတယ်။

မပြောချင်ပေမယ့် အားလုံးသိသင့်တဲ့ နောက်ဆုံးတချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေးဗစ်လှမြင့် တို့ရဲ့ ဇတ်လမ်းပါပဲ။ လူမှုရေးဇတ်ရှုတ်မို့ အကျယ်ချဲ့ပြီးမပြောချင်ပါဘူး။ ရှေ့မှီနောက်မှီ လူကြီးတွေဆီ မေးမြန်းပြီး အကျင့်ပျက် ဖောက်ပြန်သူ တစ်ယောက်ကို မဲပေးသင့်မပေးသင့် ကိုယ်တိုင် စဉ်းစားကြပါ။ ဂျွန်ယက်တော့ကို အိမ်ခေါ်အိပ်တာကတော့ အမြင်သာဆုံးပါပဲ။

၉။ နောက်တချက်က အသက်အရွယ် အိုစာနေလို့ပါ။ ဒီကနေ့ ၂၀၁၂ မှာ အောင်ဆန်းစုကြည်ကလည်း အသက် ၆၈ ပြည့်ပါမယ်။ ၂၀၁၅ ဆိုရင် ၇၀ ကျော်ပါပြီ။ မန္တလေး မှာ စကားပြော ရင်း ရှော့ ဖြစ်သွားတာက အမြင်သာဆုံး ဥပမာ ပါပဲ။ နိုင်ငံခြား တိုင်းပြည်တွေမှာ အသက် အငယ်ဆုံး ခေါင်းဆောင်တွေ နေရာ ဝင်ယူနေ ကြတာကို သတိထား မိပါတယ်။ ဒီမိုကရေစီနိုင်ငံကြီး အမေရိကန် က သမ္မတ အိုဘားမား ကို ကြည့်ပါ။ အားလုံး အပြစ်တင်နေတဲ့ ကွန်မြူနစ် နိုင်ငံကြီး မြေက်ကိုရီးယားက ကင်ဂျုံအန်း ကိုကြည့်အုံးမလား။ အမျိုးသမီးဝန်ကြီးချုပ် အုပ်ချုပ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ရင်လတ် ကို ကြည့်အုံးမလား။ ငယ်ငယ်ရွယ်ရွယ် လေးတွေချည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို အရိုးပေါ် အရေတင်နေတဲ့ အမေအို တစ်ယောက် နဲ့ အရမ်းကွာခြားလွန်းနေပါတယ်။

အရိုးပေါ်အရေတင် အမေအိုစု

၁၀။ NLD ကို မဲပေးမယ်ဆိုရင် အထူးသတိထားရမှာ က ဝန်ထမ်းတွေပါ။ မြန်မာနိုင်ငံမှာ ဝန်ထမ်းအင်အားက ၃ ရာခိုင်နှုံးကျော်ပဲ ရှိတယ် ဆိုပေမယ့် အဲဒီ ဝန်ထမ်းကို မှီခိုနေရတဲ့ ပြည်သူ အင်အားက ၆၀ ရာခိုင်နှုံးကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေ ကို တစ်ခါမှ အကောင်းမပြောခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလွှင့်နေတဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေကလည်း ဝန်ထမ်း ဆိုရင် ရန်သူ တစ်ယောက်လို သဘောထားကာ စာရိတ္တမကောင်းကြောင်းတွေ၊ ရိုင်းစိုင်းကြောင်းတွေကိုပဲ ပြောဆို သတင်းလွှင့်နေကြတာ အားလုံး အသိပါ။ ကျောင်းဆရာဆိုရင်လည်း ကျောင်းဆရာ အလျှာက်၊ ဆက်သွယ်ရေးရုံးက ဝန်ထမ်းဆိုရင်လည်း ဆက်သွယ်ရေးရုံးက ဝန်ထမ်း အလျှောက် နည်းမျိုးဆုံ အပြစ်တင် ဝေဖန်နေတာ အားလုံး အသိပါ။ ဒေါ်အောင်ဆန်းစုကြည်ကနည်း အမေရိကန် အစိုးရရဲ့ ဝန်ထမ်းတွေဖြစ်တဲ့ ဗွီအိုအေ က လူတွေကို အသားပေးသလောက် မြန်မာနိုင်ငံက ဝန်ထမ်းတွေဆိုရင် ကြည့်တဲ့ မျက်လုံးကိုက မတူသလို မတန်သလိုနဲ့ အဆင့်တန်းခွဲခြားတဲ့ အကြည့်နဲ့ ကြည်ပါတယ်။ အခု NLD က လွှတ်တော်ထဲဝင်ရင် ဝင်ထမ်းတွေကို နိပ်ကွပ်ပါလိမ့်မယ်။ ဝန်ထမ်းတွေကို နိပ်ကွတ်ရင် ဝန်ထမ်းတွေကို မှီခိုနေခဲ့ရတဲ့ အဘိုးအဘွားတွေ၊ သားသမီးတွေ အားလုံး ဒုက္ခရောက်ကြရမှာပါ။ ဒီတော့ ဝန်ထမ်းတွေရော၊ နီးစပ်သူတွေရောပါ NLD ကို မဲပေးမယ်ဆိုရင် သေချာစဉ်းစားပါ။ နှစ်ပေါင်း ၂၃ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ဝန်ထမ်းတွေအပေါ်မှာ ဘယ်လောက်ကောင်းခဲ့လည်းဆိုတာကို သေချာစဉ်းစားပါ။ ဝန်ထမ်းတွေ ရဲ့ ဘဝကို ဝန်ထမ်း တွေကသာ နားလည်နိုင်ပါတယ်။ နိုင်ငံခြားမှာ အသက် ၄၀ ထိ နေလာတဲ့ လူတစ်ယောက်က ဝန်ထမ်းဘဝ ကို နားလည်နိုင်မှာမဟုတ်ပါဘူး။

၁၁။ ပြီးတော့ တပ်မတော်သားတွေ။ မြန်မာနိုင်ငံမှာ စစ်သည် အင်အား တစ်သန်း နီးပါးရှိပါတယ်။ စစ်သည်တွေကို မှီခိုနေတဲ့ ပြည်သူလူထု အင်အားကလည်း ၁၀ သန်းကျော်ရှိပါတယ်။ မုန်တိုင်းဝင်လို့ ပျက်ဆီးသွားတာတွေ ရှင်းရတော့လည်း စစ်သည်တွေပါ၊ ရထားလမ်းဖောက်ရတော့လည်း စစ်သည်တွေပါ၊ မြို့ပေါ်မှာ ဗုံးကွဲတော့ အရင်ဆုံးပြေးရတာ စစ်သည်တွေပါ၊ သောင်းကျန်းသူတွေ နှိမ်နှင်းရတော့လည်း စစ်သည်တွေပါ၊ လက်ပြတ် ခြေထောက်ပြတ်ရုံမှမက အသက်ပေးရတော့လည်း စစ်သည်တွေပါ။ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ စည်းရုံးရေးဟောပြာမှုကို မြန်မာ့အသံ ကလွှင့်တဲ့အချိန်မှာ စစ်သည်တွေကို နိုင်ငံတည်ဆောက်ရေးမှာ မလိုတဲ့အကြောင်း ထည့်ပြောသွားပါတယ်။ အရင်ကတည်းကလေည်း စစ်တပ်ကို တစ်ခါမှ အကောင်းမပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘက်တော်သား ပြည်ပမီဒီယာတွေကလည်း စစ်တပ်အကြောင်းဆိုလျှင် ရဲဘော်လေးတွေကစပြီး ကာကွယ်ရေး ဦးစီးချုပ်ထိ ကို ရစရာမရှိအောင် အပြစ်တင် နေတာ အားလုံး အသိဖြစ်ပါတယ်။




အခု ဆိုရင် တပ်မတော်ကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေကိုတောင် ဖယ်ရှားဖို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေပါတယ်။ ဒါကြောင့် စစ်သည်တွေနဲ့ မှီခိုသူတွေအနေနဲ့ NLD ကို မဲပေးမယ်ဆိုရင် သေချာစဉ်းစားပါ။ စစ်သားတွေရဲ့ ဘဝကို စစ်သားတွေကသာ နားလည်နိုင်ပါတယ်။ နိုင်ငံခြားမှာ အသက် ၄၀ ထိ နေလာတဲ့ လူတစ်ယောက်က စစ်သားဘဝ ကို နားလည်နိုင်မှာမဟုတ်ပါဘူး။


၁၂။ စီးပွားရေးသမားတွေကတော့ ပိုဆိုးပါတယ်။ ဒီနေ့ စီးပွားရေးပိတ်ဆို့အောင် ဘယ်သူလုပ်ထားတာလဲ အားလုံးသိပါတယ်။ မြန်မာ့ခရီးသွားနှစ် ၁၉၉၆ တုန်းက မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားတွေ မလာအောင် တိုက်တွန်းခဲ့တာ လည်း ဒေါ်အောင်ဆန်းစုကြည်ပါ။ အခုချိန်ထိ တခြားနိုင်ငံသားတွေကတောင် စီးပွားပိတ်ဆို့မှု ရပ်ပေးဖို့ တောင်းဆိုနေပေမယ့် အောင်ဆန်းစုကြည်က စီးပွားပိတ်တာကို အားပေးနေတုန်းဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံကို ချမ်းသာစေလိုသူတွေအနေနဲ့ စီးပွားပိတ်ဆို့မှုကို အားပေးနေတဲ့ NLD ကို မဲမပေးမိဖို့ လိုပါတယ်။


၁၃။ အနုပညာ သည်တွေလည်း အတူတူပါပဲ။ အရင်တုန်းက အနုပညာလောကနဲ့ အခုအနုပညာလောကက မတူတော့ပါဘူး။ အရင်တုန်းက တစည်းတလုံးတည်း ပျော်စရာကောင်းသလောက် အခုတော့ နှစ်ဖွဲ့ ကွဲနေပါတယ်။ သာကူး နဲ့ သာမကူး ပေါ့။ အနုပညာသမားက အနုပညာလုပ်ပြီး အနုပညာကို တိုးတက်အောင်လုပ်တာပဲ ကောင်းပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုရုံးခေါ်တွေ့တာတွေ၊ ကမကထ လုပ်တာတွေကြောင့် အနုပညာလောကကြီးက ပျော်စရာမကောင်းတော့တာ အားလုံး အသိပါ။ မြန်မာနိုင်ငံမှာ ပါတီပေါင်း ၄၀ ကျော်ရှိပေမယ့် ဘယ်ပါတီ ကမှ အနုပညာရှင်တွေကို အိမ်ခေါ်တွေ့တာ မရှိပါဘူး။ မင်းသား မင်းသမီးတွေ လွှတ်ပြီး စည်းရုံးခိုင်းတာ မရှိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD မပါတုန်းက အနုပညာ လောကတခုလုံး ငြိမ်းချမ်းနေခဲ့ရပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD လည်းပါရော အနုပညာ သည်တွေမှာ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ ပြောဆိုလုပ်ဆောင်လာကြတာကြောင့် ပရိတ်သတ်တွေ စိတ်ပျက်စေခဲ့ပါတယ်။ အနုပညာအဖွဲ့ကို စည်းလုံးမှု ပြိုကွဲစေတဲ့ NLD ကို စဉ်းစဉ်းစားစား ဆက်ဆံပြီးမှ တခြားပါတီကို ရွေးချယ်မဲပေးဖို့လိုပါတယ်။

ပါဂျဲရိုး တွယ်စီးတဲ့ NLD အနုပညာရှင် လင်းလင်း

NLD ပါတီဝင် မင်းသား ရဲတိုက်

NLD ကို မဲထည့်ဖို့ စည်းရုံးနေသော ကျောပိုးအိတ် နဲ့ သီချင်းဆိုသူ ဆောင်းဦးလှိုင်

၁၄။ အရေးအကြီးဆုံးကတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးကိုင်းရှိုင်းတဲ့ ခေါင်းဆောင်ကိုပဲ ရွေးချယ်မဲပေးသင့်ပါတယ်။ အသက် ၇၀ ပြည့်ခါနီး တတိယအရွယ်ရဲ့ နောက်ဆုံးအချိန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာရေး အလွန်အားနည်းသူ တစ်ယောက်ဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲ ဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော် ဖြစ်တော်မူသော စွယ်တော်မြတ် ကြီး ရန်ကုန်မှာ အပူစော်ခံနေချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က လုံးဝ သွားရောက်ဖူးမျှော်ခြင်းမရှိသလို မြန်မာနိုင်ငံရဲ့ ပြရုပ်ဖြစ်တဲ့ ရွှေတိဂုံ စေတီရဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့် အခမ်းအနားကိုလည်း နိုင်ငံခြားသားတွေ အများကြီး လာရောက်ဖူးမျှော်နေတာတောင် ဒေါ်အောင်ဆန်းစုကြည်က လုံးဝ မသွားခဲ့ပါဘူး။ ဒါ့အပြင် မန္တလေးမြို့ ရောက်ခဲ့တာတောင် မဟာမုနိဘုရားကို ဝင်မဖူးပဲ ပြန်လာခဲ့သလို ဘုန်းကြီးတွေကိုလည်း လမ်းဘေးမှာ စာကပ်ပြီး အိမ်ကို ကြွခိုင်းခဲ့ပါသေးတယ်။

အနုပညာလောကလိုပဲ ဘုန်းကြီးတွေမှာလည်း NLD ကြောင့် နှစ်ဖွဲ့ကွဲတာတွေ ရှိနေသလို ဘာသာရေးမလိုက်စားကြ၊ တရားအားမထုတ်ကြတော့ပဲ ဘုန်းကြီးတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မလျှော်ညီတာတွေ လုပ်ဆောင်နေကြတာ ကို တွေ့လာရပါတယ်။ တခြား ဘယ်ပါတီမှ အဲလိုမရှိပါဘူး။ NLD ပါတီ အာဏာရလာလျှင် အဲဒီဘုန်းကြီးတွေ ပိုဆိုးလာနိုင်သလို ဘုန်းကြီးတွေ အချင်းချင်း ကွဲပြားသွားနိုင်ပါတယ်။ ဒါကြောင့် NLD ကို မဲပေးမယ်ဆိုရင် သေချာ သတိထား စဉ်းစားပါ။

NLD ဘုန်းကြီးကွ

ဘုရားကို ဦးထိပ်မှာထားကြောင်း သက်သေပြရန် စိန်ဖူးတော်ကို ခေါင်းပေါ်တင်နေစဉ်

ဒုတိယ ဘုရားသခင် အမေစုက စောင့်ခိုင်းလို့ စောင့်နေကြသည့် ဒေသခံ NLD ပါတီဝင်များ

ယောက်ျားများက ဘေးမှာ ဒူးထောက်လျှက်

ဒုတိယ ဘုရားသခင်အား ရှိခိုးကြ


ပါဂျဲရိုကို ထိခိုက်မှုမရှိရန် ဘေးမှ လူများက လက်ဆန့်ကာကွယ်

NLD ပါတီမှ လူ့စွမ်းအား အရင်အမြစ်များကို ကောင်းစွာ အသုံးချလျှက်ရှိ

ဒေါ်အောင်ဆန်းစုကြည် လာမည့်လမ်းကို မြေဖို့ပေးရ
(မှတ်ချက်။ ။ဤအလုပ်များလုပ်ပေးရန် NLD ပါတီဝင် တစ်သိန်း ခေါ်ယူမည်။)

၁၅။ ပြည်ပရောက် ကျောင်းသားတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းကို မခံစားရသလိုပဲ ပြည်တွင်းက ကျောင်းသားတွေလည်း ဘာမှ မခံစားရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်အပေါ်ထပ် တစ်ခုလုံး ဘာမှန်းမသိတဲ့ ဆု တွေ ပြည့်နေပေမယ့် ပြည်တွင်းက ကျောင်းသား လူငယ်တွေ အတွက် ဘာပညာ တစ်ခု မှ မပေးနိုင်သလို၊ ဘာအထောက်အပံ့မှလည်း မပေးနိုင်ပါဘူး။ ဒါ့အပြင် အသက် ၅၀ ကျော် ကြီးတွေကိုတော့ ကျောင်းသား တွေပါဆိုပြီး အရေးတယူ အိမ်ခေါ် တွေ့တာ တွေ ခဏခဏ လုပ်ခဲ့ပါတယ်။

၈၈ ကျောင်းသားတွေ နိုင်ငံရေးလုပ်တယ် ဆိုတာ

၁၆။ နောက်ဆုံး ပြောချင်းတာကတော့ အင်အားစုတွေကတော့ တိုင်းရင်းသား အင်အားစုတွေကိုပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံတယ်၊ တိုင်းရင်းသား အားလုံးက ထောက်ခံတယ် ဆိုတာ လုံးဝ မဟုတ်ဘူး ဆိုတာပါပဲ။ NLD ပါတီ ကိုသာ တိုင်းရင်းသား အားလုံးက ထောက်ခံရင် ဒီကနေ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပါတီ ဆိုတာ တစ်ခုမှ ရှိမှာတောင် မဟုတ်ပါဘူး။ ကရင်လူမျိုးအားလုံး၊ မွန်လူမျိုး နဲ့ ရခိုင်လူမျိုးအားလုံးကသာ NLD ကို ယုံကြည် ထောက်ခံကြရင် ကရင်ပါတီ၊ မွန်ပါတီတွေနဲ့ ရခိုင် ပါတီတွေ တစ်ခုမှ ရှိမှာမဟုတ်ဘူးဆိုတာ သိသင့်ပါတယ်။

NLD ကို မထောက်ခံလို့ ကိုယ်ပိုင် ပါတီ ထူထောင်နေကြတာပါပဲ။ တိုင်းရင်းသား တွေကို မပြောပါနဲ့အုံး။ ဒေါ်အောင်ဆန်းစုကြည် နေတဲ့ ရန်ကုန်မြို့ကလူတွေတောင် NLD ကို အပြည့်အဝ မထောက်ခံကြပါဘူး။ ရန်ကုန်မြို့မှာ ပါတီပေါင်း ဗမာ ပါတီပေါင်း ၃၀ ကျော် ရှိပါတယ်။ အဲဒီပါတီ အားလုံးက NLD ကို မထောက်ခံလို့ ကိုယ့်ပါတီနဲ့ ကိုယ် ရပ်တည်နေကြတာကို အရှင်းလင်းဆုံး မြင်နိုင်ပါတယ်။ ဒီတော့ NLD ပါတီဝင်တွေ ပြောတတ်တဲ့ NLD ကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံတယ် ဆိုတဲ့ စကားက လုံးဝ မဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ်။

လူထုတရပ်လုံးက ထောက်ခံနေတယ်ထင်ပြီး NLD ကို မဲထည့်ဖို့ စိတ်ကူးနေကြတဲ့ ဗမာ လူမျိုးများရော တိုင်းရင်းသား အားလုံး သတိထားဖို့ပါ။

၁၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "ငါ့နောက်မပါသူ ငါ့ရန်သူ" ဆိုတဲ့ မူဝါဒကြောင့် အဖွဲ့အစည်းတိုင်းက နှစ်ခြမ်းကွဲကုန်ပါပြီ။ ဘုန်းကြီးဆိုရင်လည်း NLD ဘုန်းကြီး နဲ့ ဘာသာရေးလိုက်စားတဲ့ ဘုန်းကြီး၊ အနုပညာ သည်တွေဆိုရင်လည်း NLD အနု ပညာသည် နဲ့ ပြည်သူ့ အနုပညာ သည်၊ ကျောင်းသား ဆိုရင် လည်း ၈၈ ကျောင်းသားနဲ့ သာမန်ကျောင်းသား စသဖြင့် အကွဲကွဲအပြားပြားတွေ ဖြစ်ကုန်ကြပါတယ်။



ဒီကနေ့ လမ်းပေါ်မှာ မျက်စိနောက်လို့ ဂွစာ မိတာ က အကောင်းဆုံး သက်သေပါပဲ။ ပြည်သူတွေလည်း အတော်လေး မျက်စိနောက်နေကြပါပြီ။ အင်တာနက်ပေါ်မှာလည်း အတူတူပါပဲ NLD သမားတွေနဲ့ နဲ့ တခြား ပြည်သူတွေနဲ့ အမြဲ ပြဿနာ တက်နေတာ အရှင်းသား ဖြစ်ပါတယ်။ ဘယ်နေရာမှာ ရန်ဖြစ်လိုက် ရန်ဖြစ်လိုက် တစ်ဖက်ကတော့ NLD သမားတွေ ဖြစ်ပြီး ယုတ်မာ ရိုင်းစိုင်းစွာ ဆဲဆိုနေကြတာကြောင့် တခြားပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်နေကြပါတယ်။ အကယ်၍သာ NLD အာဏာ ရသွားခဲ့သော်...... အရာအားလုံးက မတွေးဝံ့စရာပါပဲ။

စည်းကမ်းမလိုက်နာမှုတွေ များလာမယ်၊ ထင်တိုင်းကျဲမှုတွေများလာမယ်၊ ဒီမိုကရေစီ ဆိုပြီး ရမ်းကား မှုတွေ နေ့စဉ်မြင်ရလာပါလိမ့်မယ်။





၁၈။ ဒီကနေ့ ဖြစ်နေတာတွေဟာ နောင်တချိန်မှာ သမိုင်းဖြစ်သွားမှာပါ။ မြန်မာ့ သမိုင်းလှပဖို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ နောင်လာနောက်သားတွေ ကို ကောင်းမွေ ပေးခဲ့ဖို့ ဒီနေ့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဘာတွေ အမွေပေးခဲ့မှာလဲ။ အရေးကြီးတာက မြန်မာစာပေ မြတ်နိုးတတ်ဖို့၊ မြန်မာ့ယဉ်ကျေးမှု မြတ်နိုးတ်ဖို့ နဲ့ အမျိုး ဂုဏ်စောင့်တတ်စေဖို့ပါ။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစာ ကို အထင်ကြီးသူ တစ်ယောက်မဟုတ်သလို စာလုံးပေါင်းတောင် မှန်အောင်ပေါင်းနိုင်သူ တစ်ယောက်မဟုတ်ပါ။ မြန်မာစကားကိုလည်း လေးစားသူ မဟုတ်တဲ့အပြင် မြန်မာအချင်းချင်းတောင် အင်္ဂလိပ်လို ပြောရမှ ကျေနပ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ဆီလာတဲ့ နိုင်ငံခြားသားတွေကို လူရှေ့သူရှေ့မှာ ဖတ်နမ်းပြီး ဆက်ဆံနေတာပါပဲ။ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီသလို နောက်လာနောက်သား မြန်မာမိန်းခလေးများ အတုယူ မှားနိုင်ပါတယ်။

သင့်ကြောင့် နောက်လာနောက်သားတို့ အတုယူမမှားပါစေနှင့်

သင့်ကြောင့် သင့်သမီးတွေ၊ မြေးမတွေ နိုင်ငံခြားသား မိန်းမ မဖြစ်ပါစေနှင့်...။

အိမ်က ၈ နှစ် သမီးလေး လက်ရေးကတောင်
ဒေါ်စု ၁၀ နှစ်သမီး လက်ရေးထက် မှန်ပြီး လှသေးတယ်


သင့်ကြောင့် Mrs Aris ဆိုသူ ကို နိုင်ငံ့ခေါင်းဆောင် အဖြစ်အဖော်ပြ မခံရပါစေနှင့်

(
ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို နိုင်ခြားခြား စာမျက်နှာများက Mrs Aris လို့သာ ဖော်ပြကြသည်၊ Mrs Aris သည် Mr Aris ရဲ့ မိန်းမ သာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း သမီး မဟုတ်ပေ..)

ဒီမှာ အဓိကပြောချင်တာက တခြား ဘယ်ပါတီကို မဲပေးပါလို့ မပါဘူး။ ဒါပေမယ့် သေချာတာကတော့ NLD ကိုအာဏာ ရအောင် မဲပေးဖို့ရည်ရွယ်ချက် လုံးဝ မရှိတော့ဘူး။ ရှင်းရှင်းပြောရင် အစိုးတရပ်ဖြစ်နိုင်တဲ့ အရည်အချင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာမရှိဘူး။ အသဲကြားက မဲတပြားနဲ့ အကောင်းဆုံး ပါတီကို မဲမပေးရင်တောင် NLD ပါတီကို မဲမပေးမိဖို့ စဉ်းစားဆင်ခြင်နိုင်ကြပါစေ....။

လမ်းကြုံရင် ဒေါ်စုကိုပြောလိုက်ပါ.. ရုပ်ရှင်ရိုက်ဖို့ သိန်း တစ်ထောင် အကုန်မခံပါနဲ့.. ထမင်းစားဖို့မရှိသူများကို ကိုယ်ချင်းစာပြီး ကျပ် တစ်ထောင်လောက်ပဲ ပေးလိုက်ပါ... လို့....

Myanmar Express

24 comments:

ခုလိုအပြုသဘောဆောင်ပြီးထောက်ပြပေးတာကျေးဇူးတင်ပါတယ်ရှင်
ကျွန်မလည်းအစကNLDကိုမဲပေးမလို့စဉ်းစားထားတာပါပဲ...
ခုတော့စဉ်းစားစရာလေးတွေရသွားပါတယ်...
ကျေးဇူးပါနော်

လို၇င်းတို၇ှင်း ပြောပေလို့ပဲ...

အမလေးဟ.. လိုရင်း တိုရှင်း ရေးပေလို့ပဲဗျာ.. ခေါင်းတောင် နောက်သွားတယ်.. ရှိစေအုံးတော့.. ဒါကလဲ စာရေးသူရဲ့ ကရုဏာရသအပြည့်နဲ့ မြန်မာပြည်ကြီး နောက်ထပ်တစ်ဖန် သူ့ကျွန်ဘ၀မျိုးမရောက်စေလိုသော စေတနာအပြည့်နဲ့ ရေးထားတာဆိုတော့ ဒီလောက်လဲ ရှိမှာပေါ့.. ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုကြည် ကိုယ်တိုင်က လိမ်ညာမုသားတွေကို သုံးနေတော့ သူ့လက်အောက်က နလပိန်းတုံး ၄ ယောက်ပေါင်းမှ ၁၀ တန်းသာအောင်တဲ့သူတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေကို မပြောလိုတော့ပါဘူး.. NLD မှာ ရှိတဲ့လူတွေက များသောအားဖြင့် ထောင်ထွက်၊ လူမိုက်၊ ၀ရမ်းပြေး၊ အလုပ်အကိုင် မယ်မယ်ရရ မရှိ၊ ဘေးထိုင်ဘုပြောတဲ့သူတွေ ပါဝင်တာကို… နောက်တစ်ချက်က အမျိုးသမီးတွေထဲမှာလဲ အကျင့်ပျက် အိနြေ္ဒသိက္ခာမရှိတဲ့ ဒေါ်စန္ဒာမင်းတို့လို သူမျိုးတွေကလဲ ပေါမှ ပေါ.. အဲဒီလို လူတွေနဲ့ စုစည်းထားတဲ့ NLD ဟာ ဘယ်လိုလုပ် ရေရှည်တည်မြဲနိုင်ပါ့မလဲ.. စဉ်းစားကြည့်ပါ မြန်မာပြည်သူအပေါင်းတို့.. နားမျက်စိ အားလုံး ဖွင့်ထားကြပါလို့ ပြောပါစေ..

ရေးသင့်တာကတော့ အတော်ကြာသွားပါပြီ။ ဒါပေမဲ့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ဖန်ကလပ်ဗ်က ဝက်ဝက်ကွဲဆိုတော့ အကျယ်အကျယ်တွေ လာနေမှာ စိတ်ရှုပ်တာနဲ့ မရေးဖြစ်ဘူး။ ကျနော်ထင်ပါတယ်၊ မနေနိုင်တော့တဲ့အဆုံးမှာသာ သတ္တိမွေးပြီး ဇွတ်ရေးချလိုက်ကြရတာပါ၊ ဒေါ်အောင်ဆန်းစုကြည် ရွှေဘောတော်ငြိုမှာ အမျက်တော်ရှမှာမျိုးကို ဘယ်သူမဆို လက်ရှောင်ချင်ကြမှာ ကျိန်းသေပါတယ်။ ကျနော်လဲ “ဆိုရေးရှိက ဆိုအပ်စွ၏ ဆိုစများလျား ထားပချေမိ ငါ့ဝန်ရှိခဲ့” အဖြစ်မခံချင်လို့ ချရေးလိုက်ပါပြီ။

ဒေါ်စုတို့ ပြည်နယ်တွေမှာ ဝင်မပြိုင်သင့်၊
ကိုယ့်သွေးချင်းတွေရဲ့နေရာကို အထူးသဖြင့် အခုလို ပြည်ထောင်စုသားတွေ ရင်ကြားစေ့ဖို့ အဖက်ဖက်က ကြိုးစားနေရတဲ့အချိန်မှာ ဒီလို လုံးဝမလုပ်သင့်။
ဒီချုပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ မဲတွေ ပြားမသွားသင့်။
ဖျံ၂ကောင် အစာလုရင်း မြေခွေးက ရင်ဘတ်ပိုင်းရသွားအောင် မလုပ်သင့်။

ပြောတော့ စာနယ်ဇင်းတို့ မီဒီယာတို့ဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်တဲ့၊ အဖက်ဖက်က အကျင့်ပျက်နေတဲ့နိုင်ငံမို့ ချက်ခြင်းအားလုံးကောင်းမလာသေးတာ နားလည်ပါတယ်။ ဒါပေမဲ့ အပြောကြီး လေကြီးတဲ့ စာနယ်ဇင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ တစ်ခုတည်းအတွက်ပဲ ထောင်ထားသလားအောက်မေ့ရအောင် အပြိုင်အဆိုင်ကို ဖော်လံဖားပြ နေကြတာတွေ့ရတာ တဖြည်းဖြည်း ရွံဖို့တောင် ကောင်းလာပါတယ်။ ပြည်ပက ရေဒီယိုတိုင်းက ဆိုရင်လဲ အချိန်ပြည့်ကြော်ငြာရေဒီယိုကြီးလုပ်နေကြတာ သူတို့မို့ မရှက်ကြတယ်လို့ပဲ သြောချရပါတယ်။ ကျန်တဲ့အဖွဲ့တွေကို မကောင်းတတ်လွန်းလို့ မျှတသယောင်လုပ်ချင်မှ နည်းနည်းလေး နေရာပေးပါတယ်။ ဟိုဖက်က တစ်ခုခုများ မမှားလိုက်နဲ့ ဆော်စရာအပေါက်များ မဟလိုက်နဲ့၊ အဲဒီအနာအဆာကို လူတွေကြားစေ့ချင်တာနဲ့ကို ဒါမျိုးကျတော့ အကြိမ်ကြိမ်လွှင့်ပေးပါလိမ့်မယ်။ ဘာ မီဒီယာကျင့်ဝတ်မှ သူတို့နဲ့မဆိုင်သလိုချည်းပါလား။

အချိန်ကတော့ လက်မတင်လေးပဲ ကျန်ပါတော့တယ်။ ဒီစာကို ကျနော် ဒီချုပ်ကိုလဲ သီးသန့်ပို့ပါမယ်။

ကျနော်တိုက်တွန်းချင်တာကတော့၊
ဒီချုပ်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဝင်မပြိုင်တော့ဘူးလို့ ရုတ်တရက်ကြေငြာပြီး ပြိုင်ပွဲကထွက်ပါ။
ဒီနေရာလောက်နဲ့ ရှင်ဘုရင်လဲ မဖြစ်၊ ဘာမှလဲ မဖြစ်ပါဘူး။
လွှတ်တော်ထဲမှာ အဲဒီတိုင်းရင်းသားအမတ်တွေ အဖွဲ့တွေဟာ ဒီချုပ်ရဲ့မဟာမိတ်တွေ ဖြစ်လာပါလိမ့်မယ်။
မဟုတ်လို့ သူတို့စိတ်ကွက်ရင် အခုဖျက်ဖို့ကြိုးစားနေတဲ့ သံသယတွေ မယုံသင်္ကာမှုတွေဟာ ပိုပြီးသာ ကြီးထွားလာပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်ကြီးတွေ ခေါင်းခြင်းရိုက်ကြပါ။ မြန်မြန်နောက်ဆုတ်ကြပါ။
ဒီချုပ်ကလဲ တိုင်းရင်းသားတွေကို ကိုယ်စားလှယ်လောင်းလုပ်ပေးတယ်ဆိုတာနဲ့ မလုံလောက်ပါဘူး။
ခု အချိန်မှာ သူတို့ဒေသရဲ့ကိုယ်စားလှယ်ဟာ သူတို့ဒေသကရွေးတဲ့ သူတို့ထဲကလူပဲဖြစ်သင့်ပါတယ်။
ဗမာလူမျိုးကြီးဝါဒလို့ တိုင်းရင်းသားတိုင်းလောက်က စွပ်စွဲကြပါတယ်။ ကျနော်တို့ သဘောမတူပါဘူး။
အခု ဒီချုပ်က ပါတီကြီးဝါဒ မလုပ်စေချင်ပါဘူး။
အတိတ်ကံကြောင့် ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ တိုင်းခြား လူမျိုးခြားနဲ့ယူထား လူမျိုးခြားသားမြေးတွေရှိနေတာတောင် အခုလောက် နေရာရနေတာဖြစ်ပါတယ်။
နဂိုကသာ ဒီအခြေခံမရှိရင် အပေါ်ကို လုံးဝမှ မတက်လာနိုင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တကယ်က တတိုင်းပြည်လုံးနဲ့ဆိုင်ပါတယ်။ တတိုင်းပြည်လုံးက ပိုင်ပါတယ်။ ဗိုလ်ချုပ်က အလုပ်ကြံခံသွားရတော့ အားလုံးနစ်နာပါတယ်။ အထူးသဖြင့် သူ့ကိုယုံပြီး ပုံအပ်ခဲ့ကြတဲ့ တိုင်းရင်းသားတွေလဲ အများကြီးနာပါတယ်။ အဲဒီ အကြွေးတွေရှိပါတယ်။ သူ့သမီးက ချင့်ချိန်ဖို့လိုပါတယ်။

လွှတ်တော်ထဲမှာ နေရာများများလိုချင်ရင် ၂၀၁၀ တုန်းက ကိုယ်သာဝင်ပြိုင်ခွင့်မရတာ ပါတီက အခြားသူတွေ အများကြီး အရွေးခံရဖို့ ကျိန်းသေရှိခဲ့ပါလျက်နဲ့ ပေါ်လစီအမှားကြီးကို အသေဆုပ်ပြီး သမိတ်မှောက်ခဲ့တာကို ပြန်စဉ်းစားပါ။ ဒေါ်စုတို့ဆင်ခြေပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံက အချက်တချို့ပြင်ပေးလို့ဆိုတာ တကယ်တော့ ရယ်စရာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ကို လေးစားလိုက်နာပါမည်လို့ပြောင်းတာဟာ ကလေးကို သွားမေးပါ၊ ကုလားကြီးနဲ့ အရာကြီး ဘာကွာသလဲလို့။

အခုဒေါ်စုတို့ပေါ်လစီပြောင်းတာကို ပြောင်းသင့်တာပြောင်းတယ်လို့ယူဆတဲ့အတွက် ထောက်ခံပါတယ်၊ အားပေးပါတယ်။ ဒါပေမဲ့ ဘာလုပ်လုပ်တော့ အားမပေးနိုင်ပါ။ ပြောစရာရှိရင် ပြောမှာပဲဖြစ်ပါတယ်။

ဒီလောက်ပြောရင် သဘောပေါက်မယ်လို့ထင်ပါတယ်။

မောင်ညွန့်(မင်းကျောင်းတိုက်) (အမည်ရင်း ညွန့်ရွှေ) သင်္ကန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥိးဆောင်ကော်မီတီဝင်ဟောင်း (၁၉၈၈/၉၁ ဖေဖဝါရီ)

တော်သေးတယ်ဗျ လိုရင်းတိုရှင်းပေလို့ပဲ။ ခက်တာက အားလုံးက အမှန်တွေဖြစ်နေတယ်။ စိတ်ချပါဗျာ ကျုပ်ကတော့ ဘယ်တော့မှ NLD နဲ့ သူ့ပါတီဝင်တွေကို မဲထည့်ဖို့စိတ်မကူးဘူး။ အရင်တုန်းကလဲ မကူးခဲ့ဘူး အခုလဲ မကူးဘူး နောက်လဲ စိတ်ကူးမှာ မဟုတ်ဘူးဗျို့ စိတ်သာချ။ အမှန်တရားတွေအတွက် သူ့ဘက်တော်သားတွေကတော့ ဒါကိုဖတ်ပြီး အနာပေါ်တုတ်ကျ စွေ့စွေ့ခုန် ဖြစ်နေဦးမယ်။ ကျုပ်တို့ကတော့ ကြိုက်တယ် ဆက်သာရေး၊ ဆက်သာလုပ်။ ပြည်သူအားလုံးသိလာရင် စေတီမှတ်လို့ ကိုးကွယ်နေတာ အမှန်တကယ်တမ်း ဖွတ်ထွက်တဲ့တောင်ပို့ဆိုတာ အခု သူ့နောက်က သူ့ကို ဘာမှန်းညာမှန်းမသိပဲ သံယောင်လိုက် ထောက်ခံနေတဲ့ပြည်သူတွေပါ သိသွားပါလိမ့်မယ်။

NLD ၀င်ပါလာလို့ နိုင်ငံမှာ နိုင်ငံရေးစိတ်ဝင်စားသူတွေများလာတယ်လို့ ထင်ပါတယ် ကျွန်တော်အပါအ၀င် ဘာမှ မကြုံဘူးပဲ စာရွက်ထဲက သမိုင်းဖတ်ပြီး (မီဒီယာ အားကောင်းတဲ့ဘက် မှိုင်းဝင်ပြီး ) အထူးအဆန်းကိုလက်တည့် စမ်းချင်သူတွေ ရှိပါတယ်
ဘာပဲဖြစ်ဖြစ် .....
ကျွန်တော်ငယ်ငယ် ( ၈၈ တုန်းက) TV မှာကြည့်ခဲ့ရတဲ့ Very good လို့ပြောပြီးခေါင်းဖြတ်တဲ့ ခံစားမှုမျိုး အခုထပ်မကြုံချင် မခံစားချင်ဘူး

ကျေးဇူးတင်လိုက်တာ အမေစုသောက်တလွဲလုပ်ခဲ့တာတွေအခုမှ စုံစုံလင်လင်သိရလို့....၁ ရက်နေ့ကျရင် ကြံ့ခိုင်ရေးကိုမဲထည့်အုံးမယ်

ဗိုလ်ချုပ်က အစိတ်စိတ်အမွှာမွှာကွဲနေတဲ့နိုင်ငံတော်ကို စတုတ္ထမြန်မာနိုင်ငံတော်အဖြစ်အသက်သွင်းသွားတယ်။ သူမသေခင်အထိ အလုပ်တွေဆက်တိုက်လုပ်သွားတယ်။ ဒါပေမယ့်သူ့သမီး ကုလားဖြူမယားကတော့ ကုလားဖြူတွေလုပ်သလို ကျူပ်တို့နိုင်ငံကိုခုချိန်ထိပြည်တွင်းစစ်တွေဖြစ်နေသလို၊ အစိတ်စိတ်အမွှာမွှာခွဲနေပြီ။အရင်ထဲကရိတ်မိတယ်။ တကယ်တော့ဒေါ်စုအကြံက အာဏာရဖို့သက်သက်မဟုတ်ဘူး။နိုင်ငံတော်ပြိုကွဲအောင် လုပ်ဖို့ကအဓိကပါ။ကံကောင်းရင်တော့ နေရာတစ်ခုခုရလို့ရငြားပေါ့။ဒါကိုပြည်သူတွေသတိထားဖို့လိုတယ်။နောက်တစ်ကြိမ် သူ့ကျွန်ဘ၀ကိုဘယ်နည်းနဲ့မှရောက်လို့မဖြစ်ဘူး။ အားလုံးသတိရှိကြပါ။ တမျိုးသားလုံးသတိရှိကျပါ။မျိုးချစ်စိတ်ရှီရှိနဲကာကွယ်ကြပါ။

ဗိုလ်ချုပ်ကအစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့နိုင်ငံတော်ကို စတုတ္ထမြန်မာနိုင်ငံတော်အဖြစ် အသက်သွင်းသွားတယ်။ သူမသေခင်အထိ အလုပ်တွေဆက်တိုက်လုပ်သွားတယ်။ ဒါပေမယ့်သူ့သမီး ကုလားဖြူမယားကတော့ ကုလားဖြူတွေလုပ်သလို ကျူပ်တို့နိုင်ငံကိုခုချိန် ထိပြည်တွင်းစစ်တွေဖြစ်နေသလို အစိတ်စိတ်အမွှာမွှာခွဲနေပြီ။ အရင်ထဲကရိတ်မိတယ်။ တကယ်တော့ဒေါ်စုအကြံက အာဏာရဖို့ သက်သက်မဟုတ်ဘူး ။နိုင်ငံတော်ပြိုကွဲအောင် လုပ်ဖို့ကအဓိကပါ။ ကံကောင်းရင်တော့ နေရာတစ်ခုခုရလို့ရငြားပေါ့။ ဒါကိုပြည်သူတွေသတိထားဖို့လိုတယ်။ မြန်မာတွေစည်းလုံးဖို့လိုအပ်နေပြီ။ စတုတ္ထမြန်မာနိုင်ငံတော်ကြီးပြိုကွဲဖို့ဘယ်နည်းနဲမှ အဖြစ်မခံနိုင်ဘူးဆိုတာကို အမြဲ သတိရှိဖို့လိုတယ်။ အနုကြမ်းတော့စီးနေပြီ။ သတိထားကြပါ။ အားလုံးကျွန်ဖြစ်ကုန်မယ်။

ဘယ်ပါတီကို မဲထည်.ထည်.အရေးမကြီးပါဘူး အဓိကက NLD မဖြစ်ဖို.ပဲ မုန်းလို.ပြောတာမဟုတ်ပါဘူး အဲလို မဲပေးရအောင်ထိ အရည်အချင်းမရှိလို.ပါ ...

ကျွှန်တော်က အစကတည်းက ကြိုတွက်ထားတာဗျ.... ဘာလဲဆိုတော့.. NLD ပါတီက ဘာမှစွမ်းဆောင်နိုင်မယ့်အရည်အချင်း မရှိဘူးဆိုတာကိုပါ..။ ကျွှန်တော်စိတ်ကူးပေါက်လို့ ဟာသလိုတောင် NLD ဆိုတာကို အဓိပ္ပါယ်ဖွင့် ထားသေးတယ်ဗျ။ သူတို့အရည်အချင်းနဲ့လုပ်ရည်ကိုင်ရည်လေး တွေကိုကြည့်ပီးတော့ ရေးထားတာဗျ ။ ကျွှန်တော်စပ်ထားတာလေးက
NLD = Never Lousy Damned
(ဘယ်တော့မှ အသုံးမကျသော ငရဲသား) လို့အဓိပ္ပါယ်ရပါတယ်။ခင်ဗျာ။

ဘွားတော် မြန်မြန်သေမှ နားအေးမယ်..

ပြည်. ပြည်. စုံ စုံ ရေး ထား တာ ၊ သိပ် ရှင်း ပါ တယ် ၊ ပို. စ် ရေး သူ ရေ ၊ စိတ် မ ပူ နဲ. ၊ အင် နယ် လ် ဒီ ဘယ် တော. မှ အာ ဏာ မ ရ နိုင် ဘူး ၊ ဘာ ဖြစ် လို. လဲ ဆို တော. ၊ အ တွင်း သ ရုပ် မ မှန် လို. ဘဲ
ဒေါ် စု က ပြည် ပ နိုင် ငံ တွေ ကို သြ ဇာြောင်း တာ မ ဟုတ် ဘူး၊ ပြည် ပ က ဒေါ် စု ကို လွှမ်း မိုး နေ တာ ၊ ဒါ ကြောင်. ဆု တွေ ဗုံး ဘော လ အော ပေး နေ တာ ။ တိုင်း တ ပါး မျက် နှာ ကြည်. ပြီး နေ ရ မဲ. ဘ ၀ ၊ တိုင်း တ ပါး အား ကိုး နေ ရ မဲ. ဘ ၀ ကို မ လို ချင် သူ အား လုံး အင် နယ် လ် ဒီ ကို ဆန်. ကျင် နေ မှာ ဘဲ၊ ကျွန် တော် တို. ဘိုး ဘွား အ ဖေ အ မေ တွေ ၊ အင် ဂ လိပ် ကျွန် ဘ ၀ မှာ နေ ခဲ. ရ တာ ကို မ မေ. ကြ ပါ ဘူး။

ဖြူဖြူသင်းကိုမဲပေးဖို့စဉ်းစားထားတာကွာ..
ဒီစာဖတ်လိုက်မှပဲပေးချင်စိတ်ပျောက်သွားတယ်

ဘယ်တုန်းကမှ၊ ဘယ်တော့မှ ဒင်းတို့ကိုအားမပေးဘူး။ အလကား အပြောတစ်မျိုး အလုပ်တစ်မျိုး၊ အကျင့်ကလည်းပျက်ကြသေးတယ်
ဝိုင်းရံတယ်ဆိုတာတွေကိုလည်းကြည့်လိုက် သူခိုး၊ ကြမ်းပိုး၊ အလေ
အလွင့် ရပ်ကွက်ထဲမှာ ဘာမှလုပ်မရတော့လို့ အနေအစားချောင်အောင်
သခင်မကြီးအလိုကျ အော်နေကြတာ၊ နိုင်ငံရေးဆိုတာဘာလဲသိဖို့ဝေးစွ
ဆိုင်းဘုတ်တောင် အတည့်လားပြောင်းပြန်လားမသိတဲ့ဟာတွေ ။ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်ကို ကိုယ်မလုပ်ပဲ နာမည်ကြီးမလားလို့ ကိုယ်စားလှယ်လောင်းလုပ်တဲ့သူကလည်းရှိသေးတယ်၊ နိုင်ငံရေးဆိုတာ ဘာလဲမေးကြည့်လိုက် ပြောလိမ့်မယ်၊ စောက်တလွဲတွေ၊ NLD မှာ အဲလိုလူမျိုးတွေချည်းပဲ၊ လွှတ်တော်ထဲမှာ ပါဝင်ဆွေးနွေးဖို့နေနေသာသာ
လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာတောင် လူလေးငါးယောက်လောက်ကို
ဆွေးနွေးကြည့်စမ်းပါဦး၊ စောက်ရူးဆိုပြီး ၀ိုင်းမရိုက်ရင်ကံကောင်းပဲ အဲဒီလို ဘာအရည်အချင်းမှမရှိတဲ့(ခေါင်းဆောင်ကြီးကအစ)သူတွေကို
တစ်မဲမှမပေးကြပါနဲ့ တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား....

ကောင်းပါတယ်ဗျာ။ ရေးသားချက်က မှန်ကန်ပြီးတော့ ရှင်းလင်းတယ်။ ခုလိုရေးပေးတာကိုကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လဲ အဲသလို လူတော်တော်များများနားလည်သွားအောင် ရေးချင်တာကြာပြီဗျ။ ဒါပေမယ့် ခုလိုအချက်လက်စုံစုံတွေ့ရတော့ အားကြီးဝမ်းသာတယ်ဗျာ။ မြန်မာနိုင်ငံက လူတော်တော်များများ(ဝေလေလေ လေလွင့်နေသူများ) က ဒေါ်စုကြည်ကို အင်မတန်ယုံကြည်ချင်တာဗျ။ ဒါပေမယ့် ကျွန်တော်လက်လှမ်းမှီသမျှ မေးမြန်းကြည့်တော့မှ သူတို့လဲမသိဘူးတဲ့ သူများကောင်းတယ်ပြောလို့ပါတဲ့ဗျာ။ လူငယ်ဆိုတော့ အတွေးခေါင်တာလဲပါတယ်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်နေနေ သူတို့ကိုလဲ ကျွန်တော် လက်လှမ်းမှီသမျှတော့ ထောက်ပြပါတယ်။ ခုတော့ ကျွန်တော်မမောတော့ဘူးပေါ့။ ဒီလင့်လေးကိုပေးလိုက်ရင် အိုကေတယ်ဗျာ။ ခုလို အမှားကေိုဖော်ထုတ်ပြီး အမှန်ကိုဖော်ပြပေးတဲ့အတွက် အတိုင်းထက်လွန်ကျေးဇူးတင်ပါတယ်ဗျာ။ မြန်မာနိုင်ငံသားတိုင်း မျိုးချစ်စိတ်ရှိပြီး မြန်မာနိုင်ငံကို ကာကွယ်နိုင်ကြပါစေဗျာ.....

ကျေးဇူးပြုပြီး ခေါင်းစဉ်ပြောင်းပေးပါ
"ဒါဖတ်ပြီးမှ NLD တွေကိုထည့်ဖို့စဉ်းစားပါ(မဲ)"

ဒေါ်စု နိုင်ငံ ခြား သားကို လက် မထပ်အပ်ဘူး....ဗိုလ် ချုပ် ရှိရင် သတ်တောင်ပစ် ဦးမယ်...အမေ ခင် ကြည် ကိုရော တိုင်ပင်ခဲ့ သေးလား...လုံးဝ ကန့်ကွက်မှာပဲ...ဒေါ်စု လည်း လက်ထပ်ဖို့ စဉ်းစားခဲ့ ဖူးမှာပေါ့...အဲ တုံးက အမျိုးသား ခေါင်းဆောင် ကြီးဗိုလ်ချုပ် ရဲ့ သမီး တယောက် အနေနဲ့ မြန်မာပြည်သား တွေအပေါ် စောင့် ထိန်း အပ်တဲ့ မျိုး ရိုး ဂုဏ်သိက္ခာ အတွက် စဉ်းစား ခဲ့ မှာပေါ့....ဒါမဖြစ်ရဘူးဗျာ...နောက်...ဆန်စ်ရှင် ဆိုတာ မလုပ်အပ်ဘူး....ကိုယ့် အစွမ်း တွေကို လက် ငင်း အများအကျိုး ရှိမယ့် ပူးပေါင်း ဆောင်ရွက်မှု မျိုးပဲ လုပ်ရမှာ....သတင်းဂျာနယ် တွေက လည်း တည့်မတ် ထိန်းကျောင်း တတ်သိ နားလည် ဖို့ သိပ် အရေးကြီးတယ်... . အမျိုးသား နိုင် ငံ ရေး ကို ပဲ ဦးတည် သင့်လှတယ်... ဂုဏ် သိက္ခာ ရှိ ရှိ ရပ်တည် သင့်လှတယ်.... ကျုပ်တို့ နိုင် ငံ ရဲ့ နိုင် ငံ ရေး နဲ့ ပထ၀ီ ၀င် အခင်း အကျင်း ဟာ အင် မ တန်မှ အဆန်း တကျယ် ရှိ လှတာမို့ ကျုပ် တို့ နိုင် ငံ ၊ ကျုပ် တို့ ပြည် သူတွေရဲ့ အစဉ် အလာ ၊ ဓလေ့စ ရိုက်၊ ပကတိ အခြေအနေများနဲ့ ထင် ဟပ်နိုင် တဲ့၊ လိုက်လျော ညီထွေ ရှိလှ တဲ့ နိုင် ငံ ရေး စနစ် သည် သာ ကျုပ် တို့ ရဲ့ အဆွေ ခင်ပွန်း ကောင်း ဖြစ်လိမ့် မယ်.... ကျုပ်တို့နိုင်ငံ၊ ပြည်သူ နဲ့ ကျုပ်တို့ ရဲ့ ဇာတိ နဲ့ အစဉ်အလာကို အမှန်တကယ် သိနားလည် သူများသည် ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား တန်ဘိုးထား သက်ဝင် ယုံကြည်ကြသည်....သိပ် မဝေးတော့ သည့် အနာဂတ် ကာလတွင် ကမ္ဘာမှာ မြန်မာဟေ့ လို့ ဂုဏ် သိက္ခာ ရှိရှိ နေထိုင် သွားလာ နိုင်ဖို့ ပြည်ထောင်စု အစိုးရ နဲ့ အစိုးရအဖွဲ့ အဆင့်ဆင့်၊ တိုင်းရင်းသား ပြည်သူ အားလုံး ၊ မဏ်ဏိုင် အရပ်ရပ် တို့သည် ဆန္ဒဇောတွေ ရှေ့မစောဘဲ နားလည် မှု ရှိရှိ၊ ယုံကြည်မှု ရှိရှိ၊ သဘောထားကြီးကြီး ဖြင့် ခေတ်ပြောင်း စနစ်ပြောင်းကို ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် အားလုံးပါဝင်သော အေးချမ်းတဲ့ ဖွံ့ဖြိုးတဲ့ မြန်မာပြည် ကြီးကို အခိုင် အခန့် တည်ဆောက်ကာ အစဉ်သဖြင့် ကမ္ဘာတည်သရွေ့ ထာဝရ တည်တံ့ ပါစေသတည်း။ ။

We can integrate any myanmar nationality except Daw Su Kyi.Because she always let my country down.Don't believe whatever she said.She is the one to lie to people and myanmar.I wish NLD lose by-election because i love my country.

အားလုံးပြောသွားတာတွေကို ထောက်ခံပါတယ်.. မြန်မာမှန်ရင် ကိုယ်နိုင်ငံကိုချစ်ရမယ် ကာကွယ်ရမယ် ကျွန်တော်လဲနိုင်ငံခြားမှာနေနေပါတယ် မြန်မာလူမျိုးတော်တော်များများဟာ နိုင်ငံခြားရောက်သွားတဲ့အခါ သူတို့နိုင်ငံတွေလိုမျိုး ကိုယ်နိုင်ငံကို တိုးတတ်စေချင်ကြတယ်... အဲဒိစိတ်ဖြစ်လာတဲ့အခါမှာလက်ရှိတာဝန်ရှိတဲ့ ခေါင်းဆောင်းတွေကြောင့်မတိုးတတ်တာဆိုတဲ့ အတွေးမျိုးကိုလွယ်လွယ်လေးတွေးခေါ်လိုက်ကြပါတော့တယ်... ဘာကြောင့်လဲဆိုတော့ ဖြစ်ချင်တာပဲရှေ့တန်းတင်တတ်တဲ့ အတ်တတွေကြီးတတ်တဲ့ ကျွန်တော်တို့လူမျိုးတွေကြောင့်ပါပဲ ကိုယ်ကိုတိုင် ပြည်ပရောက်ပြီးကိုယ်လူမျိုး ကိုယ်နိုင်ငံကိုအမျိုးမျိုး သိပ်ခါချပြောဆိုဖို့ပါ ဖြစ်လာပါတော့တယ်... ငါကိုယ်တိုင်သူတို့အထင်ကြီးလေးစာရတဲ့သူဖြစ်အောင်လုပ်မယ်ဟေ့ဆိုတဲ့သူတွေ လက်ချိုးရေတွက်လို့တောင်ရမယ်ထင်ပါတယ် ... နိုင်ငံကို အမှန်တကယ် ချစ်တယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံက သတင်းဠာနတွေလို ပိုက်ဆံရဖို့တစ်ခုတည်းအတွက် မလုပ်သင့်ပါဘူး.. အပိုတွေမပြောတော့ဘူး စိတ်ဓါတ်မကောင်းတဲ့ ကိုယ်လူမျိုးအကြောင်းကို ကိုယ်သာအသိမို့ စုကြည် အနိုင်မရဖို့သား အားလုံးတတ်အားသရွေ့ ကာကွယ်ကြပါ...

ကောင်းပါ့ဗျာ။

တတ်လဲတတ်နိုင်တဲ့လူတွေနော် ကျေးဇူးတင်ပါတယ် ဒီလို ဥာဏ်နဲတဲ့ လူတစုရှိနေတယ်ဆိုတာကို ပြသလိုက်တဲ့အတွက်ပါ

တင်ပြသွားတာ တကယ်ကိုထောက်ခံပါတယ်။ တစ်ခုတော့ မေးချင်တယ်
မြန်မာတိုင်းရင်းသားနဲ့ ဗမာ ဆိုတာ ဘာများကွာခြားပါသလဲ။
၂၀၀၈ ဥပဒေမှာရော ဒီစကားစုများပါ ပါသလား။
အခုဖြစ်နေသောပြဿနာများသည် မြန်မာတိုင်းရင်းသားများအရေးဖြစ်သည်။
ဗမာ နှင့် မြန်မာ ဆိုသည့်စကားလုံး အရေးအသားကို သတိထားရမည့်အချိန်ဖြစ်ပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်