Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ မစ္စတာကျုံးသန်စန်း၊ ကမ္ဘောဒီးယားနိုင်ငံဘုရင် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျူမာလီ ဆိုင်ညဆွန်တို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် မတ် ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာသွားကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်