Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲနှင့် သတိပြုရမည့် တရားမဲ့ ပြုကျင့်မှု ၁၂ ချက်


    (က) လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့ တစ်ဦးဦး၏ သဘောတူညီချက်ဖြင့် အခြားသူတစ်ဦးဦးက ဖြစ်စေ
        (၁) လာဘ်ပေး လာဘ်ယူမှုပြုလုပ်ခြင်း၊
        (၂) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို အနှောင့်အယှက် ပြုလုပ်ခြင်း၊
        (၃) သူတစ်ပါး အယောင်ဆောင်ခြင်း၊
        (၄) မဟုတ်မမှန် ပြောဆို ကြေညာခြင်း၊
        (၅) မဟုတ်မမှန် ၀န်ခံလက်မှတ် ရေးထိုးခြင်း။
    (ခ) မဲဆန္ဒနယ် တစ်နယ်အတွင်း ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲများကို တစ်ချိန်တည်း ကျင်းပစဉ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒမဲပေးခြင်းဖြင့် မိမိလိုလားသော လွှတ်တော် ကိုယ်စားလှယ်လောင်းအား အကျိုးရှိစေခြင်း။
    (ဂ) လွှတ်တော် ကိုယ်စားလှယ်က သော်လည်းကောင်း၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က သော်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်နှင့် မညီညွတ်သော အသုံးစရိတ်များ ကျခံသုံးစွဲခြင်း သို့မဟုတ် ယင်းသို့ ကျခံသုံးစွဲရန် သဘောတူညီခြင်း၊
    (ဃ) ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းများကို ရွေးကောက်ပွဲ ကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်း၊
    (င) လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့် သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့် သော်လည်းကောင်း-
        (၁) လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရန် သို့မဟုတ် မပါဝင်ဘဲနေရန် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ကျေးဇူးတုံ့ပြန်ချက်ဖြင့်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက လာဘ်လာဘ လက်ခံခြင်း သို့မဟုတ် လာဘ်လာဘလက်ခံရန် သဘောတူခြင်း၊
        (၂) ဆန္ဒမဲပေးရန် သို့မဟုတ် ဆန္ဒမဲမပေးဘဲနေရန် မဲဆန္ဒရှင်တစ်ဦးဦးကို သွေးဆောင်ရန်ဖြစ်စေ၊ သွေးဆောင်လိုသဖြင့် အားထုတ်ရန်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက မိမိအတွက် သို့မဟုတ် သူတစ်ပါးအတွက် လာဘ်လာဘ လက်ခံရန် သဘောတူခြင်း။
    (စ) မမှန်မကန် ပြုလုပ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းကို တင်ပြခြင်း သို့မဟုတ် ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းကို မှန်ကန်သည်ဟု ၀န်ခံခြင်း သို့မဟုတ် သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရန် ပျက်ကွက်ခြင်း၊
    (ဆ) လွှတ်တော် ကိုယ်စားလှယ်လောင်းမဟုတ်သော သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် မဟုတ်သော အခြားသူတစ်ဦးဦးက ယင်းလွှတ်တော် ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရစေရန်ဖြစ်စေ၊ ရွေးကောက် တင်မြှောက်ခံရရေးအတွက် အားပေးလိုသောကြောင့်ဖြစ်စေ အစည်းအဝေး ကျင်းပ၍သော်လည်းကောင်း၊ စာရွက်စာတမ်းများ ဝေငှ၍သော်လည်းကောင်း၊ အခြား တစ်နည်းနည်းဖြင့်သော် လည်းကောင်း ငွေအကုန်အကျခံခြင်း သို့မဟုတ် ကုန်ကျရန် ခွင့်ပြုခြင်း၊
    (ဇ) ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက်စာတမ်း၊ ပိုစတာ စသည်တို့ကို ဖြန့်ချိ ထုတ်ဝေခြင်းဖြင့် မိမိလိုလားသော လွှတ်တော် ကိုယ်စားလှယ်လောင်းအား အကျိုးရှိစေခြင်း၊
    (ဈ) လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့် သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့် သော်လည်းကောင်း မဲဆန္ဒရှင်က ဆန္ဒမဲပေးချိန်တွင် မိမိ၏ ဆန္ဒမဲလက်မှတ်ကို မဲရုံမှအခြားသို့ ယူဆောင်သွားခြင်း၊
    (ည) လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့တစ်ဦးဦး၏ သဘောတူညီချက်အရ အခြားသူတစ်ဦးကဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက် တင်မြှောက်ခံရရေးအတွက် အကူအညီကို ၀န်ထမ်းတစ်ဦးဦးထံမှ ရယူခြင်း၊ ရယူရန်အားပေးကူညီခြင်း သို့မဟုတ် ရယူရန် အားထုတ်ခြင်း၊
    (ဋ) လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် ဘာသာရေး အထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း သို့မဟုတ် လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာကိုဖြစ်စေ အကြောင်းပြု မဲပေးကြရန် သို့မဟုတ် မဲမပေးဘဲနေကြရန် အစီအစဉ်ပြု လျက်လှုံ့ဆော်ခြင်း၊
    (ဌ) လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက် တင်မြှောက်ခံရရေးအတွက် ပါတီတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန် စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်