Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအား မြန်မာ ဖိတ်ခေါ်


လာမည့် ကြားဖြတ် ရွေးကောက်ပွဲများကို စောင့်ကြည့် လေ့လာရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ စောင့်ကြည့် လေ့လာသူများအား စေလွှတ်ရန် မြန်မာနိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဆီယံရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ အမေရိကန်လည်း စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ခေါ် ခံခဲ့ရပါတယ်။ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ အပါအ၀င် နိုင်ငံတကာကိုယ်စားလှယ်တွေကို စောင့်ကြည့်လေ့လာသူများအဖြစ် မြန်မာအာဏာပိုင်များက ဖိတ်ခေါ်ခဲ့တဲ့အတွက် အမေရိကကလည်း ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

အခုလို မြန်မာအစိုးရဖက်မှ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ကြားတဲ့အပေါ်မှာ EU ဥရောပသမဂ္ဂ ကလည်း ကြိုဆိုပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ဖြစ်တယ်လို့ EU ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောခဲ့တာပါ။

မြန်မာအစိုးရဖက်မှ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် အာဆီယံစောင့် ကြည့်လေ့လာသူ ငါးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပါလီမန်အဖွဲ့ဝင် နှစ်ဦးစီအား မြန်မာနိုင်ငံသို့ လာ ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက မတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့နှင့်အတူ မီဒီယာသမားများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ကမ္ဘောဒီယားနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတကြီး ဦးသိန်းစိန်ကလည်း အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ရွေးကောက်ပွဲအတွက် ဖိတ်ကြားတယ်ဆိုတာကို အတည်ပြု ပြောခဲ့ကြောင်း ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံနဲ့ အာဆီယံ မိတ်ဖက်နိုင်ငံတွေဖြစ်ကြတဲ့ သြစတေးသျှ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီယား၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အခုလို အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ အမေရိကန်နဲ့ အီးယူ အပေါအဝင် ကမ္ဘာတဝမ်းက ကြိုဆိုကြပေမယ့် ပြည်ပ အတိုက်အခံမီဒီယာ များနဲ့ ပြည်တွင်း မီဒီယာများကတော့ အပျက်သဘောဆောင် လိမ်ညာဖော်ပြမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

Yangon Press International ကြီးလိမ်ပြန်ပြီ


လွတ်လပ်တဲ့ အာရှာအသံကြီး လွတ်လွတ်လပ်လပ်လိမ်ပြန်ပြီ

ဒါ့အပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ နိုင်ငံခြားခရီးစဉ်တွေထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နားလည်ရခက်တဲ့ လုပ်ဆောင်မှုတွေကိုသာ အသားပေးဖော်ပြနေကြောင်းလည်း တွေ့ရပါတယ်။


ဂုဏ်ယူစရာ

စိတ်ပျက် ရှုံ့ချစရာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲများအတွက် ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်ကြောင်း သိရပါတယ်။



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်