Subscribe to our RSS Feed

နာမည်ကြီးဖို့ လိမ်ညာ သတင်းလွှင့်တဲ့ သစ်ထူးလိမ် ဘလော့

မနေ့တနေ့က မှ ပေါ်လာတဲ့ သစ်ထူးလွင် ဆိုတဲ့ ဘလော့ ဆိုက်ဟာ နာမည်ကြီးဖို့အတွက် မြန်မာအစိုးရက ၎င်းတို့ရဲ့ ဘလော့ ကို ဘန်းခဲ့တယ်လို့ သတင်းတင်ခဲ့ကြောင်း သိရပါတယ်။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းမှာ သစ်ထူးလွင် လို မနေ့တနေ့က မှ ပေါ်လာတဲ့ ဆိုက်သာမကပဲ နှစ်ပေါင်း ၇၀ ကျော် မြန်မာနိုင်ငံနဲ့ အစိုးရကို မကောင်းပြောနေသမျှ စာမျက်နှာအားလုံးကိုပါ လွယ်ကူလွတ်လပ်စွာ ကြည့်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ပနိုင်ငံကြီးများနဲ့ ဒိုနာတွေရဲ့ အထောက်အပံ့ အကူအညီများကို ယူကာ အခကြေးငွေယူပြီး လခ စား ဖြင့် ရေးသားနေတဲ့ စာမျက်နှာတွေကတောင် ဘာမှမပြောပဲ အခုလို ဘာမဟုတ်တဲ့ သစ်ထူးလွင်က သူ့တို့ ဝက်ဆိုက်ကြီးကို အစိုးရ က ဘန်း ပါတယ် လို့ ရေးသားခဲ့ခြင်းကြောင့် သစ်ထူးလွင် စာမျက်နှာကို လူအများက စိတ် ဝင်စားခဲ့ ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း သတင်းကြားလို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သွားကြည့်ကြတာကြောင့် ချင်တဲ့ အတွက်ကြောင့် သွားကြည့်ကြပြီးမှ ဘန်းတယ် ဆိုတာ မဟုတ်ပဲ လိမ်ညာ တင်ထားတာ မှန်း သိချိန်မှာတော့ အလွန်ပဲ စိတ်ပျက်သွားကြကြောင်း သိရပါတယ်။

အခုလို လိမ်ညာသတင်းဖြန့်မှုကြောင့် လက်တလောအားဖြင့် သစ်ထူးလွင် စာမျက်နှာကို ဘာကြည့်သူ အရေအတွက် များလာပေမယ့် သစ်ထူးလွင်ရဲ့ ဂုဏ်သိက္ခာကိုတော့ ထိခိုက်သွားပြီဖြစ်ကြောင်းကို စင်္ကာပူနိုင်ငံမှ blog reader တစ်ဦးက အခုလို ပြောပြပါတယ်

"ဘလော့ တစ်ခုကို လုပ်ပြီးရင် ဘလော့ဂါတွေက ဘယ်နှစ်ယောက် လာလဲဆိုတာကိုကြည့်ပြီး အလုပ်တစ်ခုလုပ်ကြတယ်ဗျ... ပြီးရင် ဘယ်လိုနည်းနဲ့ လူလာအောင်လုပ်မလဲ ဆိုတာကို တွေးနေတတ်ကြတယ်... အခု သစ်ထူးလွင် သုံးတဲ့ နည်းလမ်းကတော့ တနပ်စား ဥာဏ်ပေါ့ဗျာ... လောလောဆယ်တော့ ဘန်းမဘန်း သိချင်လို့ သွားကြတာပဲ နောက်မှ သတင်းလိမ်တာ သိသွားကြတာပေါ့... ကျွန်တော့အမြင်ပြောရရင်တော့ လူလာဖို့ထက် သိက္ခာရှိဖို့နဲ့ မှန်ကန်ဖို့က ပိုအရေးကြီးပါတယ်..." လို့ ပြောသွားပါတယ်။

thithtoolwin.blogspot.com သို့မဟုတ် thithtoolwin.com ကို ဒီကနေ့ မှာ အင်တာနက်လိုင်းတွေ သိပ်မကောင်းလို့ မြန်မာနိုင်ငံမှာ ဖွင့်မရဘူးလို့ သိရပြီး။ ဖွင့်မရတာနဲ့ တပြိုက်နက် သစ်ထူးလွင် ဘလော့မှ အခွင့်ကောင်းယူကာ လိမ်ညာ ရေးသား ခဲ့ကြောင်း သိရပါတယ်။

လှည်းကူးမြို့မှ အင်တာနက် သုံးသူ ပြည်တွင်း သတင်းထောက် တစ်ဦးကို မေးကြည့်ချိန်မှာတော့ သူ့ဆီမှာ ဖွင့်လို့ရကြောင်းကို အခုလိုပြောပြပါတယ်

"ဖွင့်လို့ရပါတယ်ဗျာ... လျှောက်ပြောတာပါ... မယုံမှာ စိုးလို့ ကျွန်တော့်စက်က printscreen ဖမ်းပြီးတင်ပေးလိုက်တယ်။ နာမည်ကြီးချင်ရင် ကြိုးစားဖို့နဲ့ အခြေခိုင်ဖို့ လိုပါတယ်ဗျ။ ဒီလို ကလိန်ကကျစ်စိတ်နဲ့ အချောင်နာမည်ကြီးအောင် လုပ်တာက အောက်တန်းစားဆန်လွန်းပါတယ်ဗျာ။ စတုထ္တမဏ္ဍိုင်ဆိုပြီး ပြည်သူတွေကို သတင်းပေးရမယ့်လူက ခုလိုကလိန်ကျပြီး နာမည်ကြီးအောင် မလုပ်သင့်ပါဘူး။ ဧရာဝတီတို့လို့ သတင်းတွေ ပြည်သူတွေကို တင်ပြရင်းနဲ့ ပြည်သူတွေက ပိုသိလာမှာပါ။" လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖွင့်ထားသော သတင်းလိမ်ဆိုက် စာမြန်မာ

သစ်ထူးလွင်ရဲ့ လိမ်ညာ ပြောကြား ဖြန့်ဝေမှုဟာ အစိုးရ အပြောင်းအလဲကို စောင့်ကြည့်နေတဲ့ အခိုက်မှာ ဒီလိုမျိုးလုပ်ကြံဖန်တီးတာ ဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အစိုးရကို ရန်တိုက်ပေးနေသလို ဖြစ်နေကြောင်း မြန်မာ ဘလော့ဂါများက သုံးသပ်ကြပါတယ်။

သစ်ထူးလွင် ဆိုသည်မှာ ဘယ်ကမှန်းမသိ၊ ဘယ်သူရေးမှန်းမသိ၊ အထောက်အထားမရှိတဲ့ တိုင်စာ ပစ်စာ တွေ နဲ့ အစိုးရအဖွဲ့တွေ ဝန်ထမ်းတွေ မကောင်းကြောင်းများကို လိမ်ညာဖြန့်ဝေနေတဲ့ ဘလော့တစ်ခု ဖြစ်ပြီး လူအများကတော့ သစ်ထူးလိမ် လို့ သာ ခေါ်ဝေါ်သုံးစွဲကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

6 comments:

တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်.. ကဲ အခုတော့ ပေါ်ကုန်ပြီးပေါ့.. အဟုတ်မှတ်လို့ ဖွင့်ကြည့်လိုက်တော့ လုပ်ကြံသတင်းတွေက များနေတာကို... အမေပြောတော့ တစ်လ. မယားပြောတော့တစ်ည ဆိုသလို သစ်ထူးလွင်ပြောတော့တစ်ညပေါ့.. ဟဟ..

သိပ်မှန်တာပေါ့ သစ်ထူးလိမ်မဟုတ်ဘူး..ဒီကောင့်ဘလော့က သစ်ထူးကလိန်ကကျစ်ဗျ....တိုင်းပြည်ကိုသပ်လျှိုသွေးခွဲနေတဲ့....ကလိန်ကကျစ်သမားဗျ

ရုပ်ကိုက ကလိန်ကကျစ်ရုပ်နဲ့ကောင်။

ရုပ်ကိုက စောက်ဂှုးပါ

သစ်ထူးလိမ်က420သမားကြီးလား ...ဟားဟာားး

သစ်ထူးလွင် ဆိုတဲ့ဘ လော့သတင်း တွေက ရေ ရာတာဘယ် မှာရှိလို့လဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်