နိုင်ငံ့ဦးသျှောင် မိသားစုနှင့် ပတ်သက်ပြီး ပြောဆိုထားသည့် စာမျက်နှာပေါင်း ၅၀၀၀ ကျော်ကို လွန်ခဲ့သည့် ဒီဇင်ဘာနှင့် မတ်လ အကြားတွင် ပိတ်ပင်ပစ်ခဲ့ကြောင်း ထိုင်း အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ Piya Utayo မှ သတင်း သမားများသို့ ပြောကြား သွားခဲ့သည်။ မိမိတို့ အနေဖြင့် မသင့်လျော်သော သို့မဟုတ် စော်ကားထားသော ဝက်ဆိုက်တွင် တင်ထားသည့် စာများမှာ တဖြည်းဖြည်း နည်းပါး သွားသည်ကို တွေ့ရှိရကြောင်း ကိုလည်း ၎င်းမှ ပြောကြား သွားခဲ့သည်။ ထိုင်းပြစ်မှု ဆိုင်ရာ ဥပဒေ အရ ပုဒ်မ ၁၁၂ မှာ တော်ဝင် နိုင်ငံ့ဦးသျှောင် ကို စော်ကားမှု အတွက် အပြစ်တစ်ခု အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကာ နိုင်ငံ့ဦးသျှောင် များကို စော်ကားမှု မပြုစေရန် အတွက် ယခုလို ဥပဒေ ရေးဆွဲထားခြင်းလည်း ဖြစ်သည်။
source : channelnewsasia

Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်