Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာနိုင်ငံသားတစ်ဦးရဲ့အမြင်

From : မင်းခေါင်

ပြည်သူတစ်ဦး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ကျွန်တော်လေးစား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဖြစ်နေလို့ ကျွန်တော် တို့က လေးစားတာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာလည်း အကွီနိုရဲ့သားက ဖခင်ရဲ့အရှိန် အ၀ါကြောင့် သမ္မတတောင် ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံတကာ မှာလည်း ထက်မြက်တဲ့ ခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာ နိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံတွေမှာ ပါဝင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ဟာ ၁၉၈၇ ခုနှစ်မှာ ဒေါ်ခင်ကြည် နေမကောင်းလို့ အင်္ဂလန်နိုင်ငံ ကနေ မြန်မာနိုင်ငံ ကို ပြန်လာခဲ့ ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံကို ရောက်တုန်းမှာ နိုင်ငံရေး အမြတ်ထုတ်ချင် ကြတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ က ဒေါက်တာ စိန်ဝင်းတို့က ဒေါ်စုကြည်ကို နိုင်ငံရေး ဇာတ်ရှုပ်ထဲ ဆွဲသွင်း ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစု ကြည်ဟာ နိုင်ငံရေးလောက ထဲကို ပတ်ဝန်းကျင်က မြှောက်ပေးခဲ့လို့ ဘုမသိဘမသိနဲ့ ၀င်ရောက်လာ ခဲ့ပါပြီး နိုင်ငံရေး လောက သားတွေနဲ့ အသုံးချခြင်းကို ခံလိုက်ရ ပါတယ်။


ဒေါ်အောင်ဆန်း စုကြည်ဟာ ၁၉၉၀ နောက်ပိုင်း ကာလမှာ နေအိမ် အကျယ်ချုပ်ကျခံ ရပါတယ်။ ဒီလိုကျခံ နေတုန်းမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန်၊ သြစတေးလျ၊ နော်ဝေ၊ ဗြိတိန်နိုင်ငံတွေက သံရုံးတွေနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ဟာ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို အပြည့်အ၀ရရှိ ထားသူ တစ်ဦးဖြစ်ပါတယ်။ အကျယ်ချုပ် ကျစဉ် ကာလတွေမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ နိုင်ငံတကာက ခေါင်းစဉ် အမျိုးမျိုးနဲ့ ထောက်ပံ့ပေးတဲ့ ငွေတွေကို လက်ခံရရှိခဲ့ပါတယ်။ ပထမအကြိမ် အကျယ်ချုပ်ကနေ လွတ်လာတော့ မစ္စတာယက်ထောကို ၃ ရက်တိတိ လက်ခံထားမှုနဲ့ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပါတယ်။ ဒီလို နိုင်ငံခြားသားတစ်ယောက်ကို အစိုးရမသိပဲ လက်ခံထားတာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒုတိယအကြိမ် အကျယ်ချုပ်ကျခံဖို့ဖြစ်လာပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီလိုလုပ်တာဟာ မကောင်းပါဘူး။ မိန်းမတွေနေတဲ့အိမ်မှာ ယောင်္ကျားတစ်ယောက် ၃ ရက်လောက် နေသွားတာဟာ နိုင်ငံခြားမှာ အနေကြာလာတဲ့ အမေစုအတွက် ဘာမှမဟုတ်ပေမယ့် မြန်မာ့ယဉ်ကျေးမှုအရ ဘယ်လိုမှ အမြင်မတင့်တယ်ပါဘူး။

ဒုတိယအကြိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက် တဲ့အခါ ပြည်သူတွေက အုံးအုံးကြွက် ကြွက်နဲ့ လာကြည့် ကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဆိုတာဟာ လွတ် လပ်ရေးခေါင်းဆောင် ရဲ့သမီးဖြစ် တာကြောင့် ပြည်သူတွေက လေးစားပြီး အားပေးကြတာပါ။ ဗမာလူမျိုးတွေရဲ့ သဘောအရ လမ်းဘေး မျက်လှည့်ပွဲ ဆိုရင်တောင် ၀ိုင်းအုံကြည့်ကြတော့ ဒီလို ဗိုလ်ချုပ်ရဲ့သမီးကို လေးစားအားပေးတာ မဆန်းပါဘူး။ ဒါပေမယ့် လာအားပေး တဲ့လူတွေမှာ နိုင်ငံရေးနား လည်တဲ့သူ၊ NLD ကိုသိတဲ့ လူက ရှားပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို လာရောက် အားပေးကြတာပါ။ ဒါကို NLD က စိန်နားကပ် အရောင်နဲ့ ပါးပြောင်တာကတော့ လွန်လွန်းပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်ကို လေးစားပေမယ့် သဘောမကျတာ တစ်ချက်ကတော့ အမျိုးဂုဏ်ကို မစောင့် ထိန်းပဲ စိတ်သာယာမှုကို လိုက်ပြီး နိုင်ငံခြားသားကို ယူခဲ့တာပါပဲ။ နိုင်ငံခြားသားတောင်မှ မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်လူမျိုးကို ယူခဲ့တာက ဘယ်လိုမှ ဖျက်လို့မရတဲ့ အမည်း စက်ဖြစ် ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့မြန်မာတွေလည်း အချင်းချင်းပဲ ယူကြတာများပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစု ကြည်က နိုင်ငံခြား သားကိုယူခဲ့တာ စိတ်အလိုလိုက်ခဲ့ပြီး ဖခင်ရဲ့ မျက်နှာကို မထောက်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ သားသမီးဝတ် ဖြစ်တဲ့ “စောင့်လေမျိုးနွယ်” ဆိုတာကို မစောင့်နိုင်တဲ့ လူတစ်ယောက်က နိုင်ငံတော်အတွက် ကျွန်မကို ခိုင်းပါဆိုတာကို ကျွန်တော်တို့ဘယ်လို ယုံကြည်ပေးရမှာလဲ။ မိဘအတွက် သားသမီးဝတ်တောင် မကျေပွန်တာ နိုင်ငံတော်အတွက်တာဝန်ကို ဘယ်လိုခံယူချက်နဲ့ လုပ်ဆောင်မှာလဲ။ အကျယ်ချုပ်ကနေနဲ့ လွတ်မြောက်လာပြီး တနှစ်ကျော် ကြာတဲ့ အချိန်မှာ ဒေါ်အောင် ဆန်းစုကြည် တိုင်းပြည် အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ နိုင်ငံခြားကပေးတဲ့ ပိုက်ဆံတွေနဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ဆန်လှူခြင်း၊ ပုဂံဘက်မှာ ရေတွင်းလှူခြင်း စတဲ့ လူမှုရေးလုပ်ငန်းအသေးအဖွဲတွေကိုသာ လုပ်ဆောင်ပေး ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ အမေရိကန်ကိုယ်စားလှယ်၊ ကုလသမ္မဂ္ဂကအထူး ကိုယ်စားလှယ်နဲ့ အမေရိ ကန်နိုင်ငံခြားရေး ၀န်ကြီးတို့ မြန်မာနိုင်ငံကိုရောက်လာချိန်မှာ စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးဖို့မပြောပဲ ဆက်လက်ပိတ်ဆို့ခိုင်းတာ သဘာဝမကျပါဘူး။

နိုင်ငံတော် သမ္မတကြီးဦးသိနးစိန်နဲ့ တွေ့ဆုံစဉ်က အမြင်မတူတာတွေ ဘေးဖယ်ထားပြီး ပြည်သူအတွက် ၀ိုင်းလုပ်ကြပါ လို့ ပြောဆိုဆွေးနွေးခဲ့ပေမယ့် တကယ်တန်းကျတော့ NLD က ရွေးကောက်ပွဲ အနိုင်မရမှာကို စိုးရိမ်ပြီး ပြည်သူအကျိုးကို မကြည့်ပဲ NLD ပါတီအနိုင်ရရှိရေးကိုသာ ရှေ့တန်းတင်ခဲ့လို့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖွင့်ပေးဖို့ စောပါသေးတယ် ဆိုတာ ဒေါ်စုကြည်ကိုယ်တိုင် ပြောဆိုခဲ့တာကို ကြားရတော့ ဒေါ်စုကြည်အပေါ် အထင်ကြီး လေးစားမှုတွေ လျော့ကျသွားပါတယ်။ အမှန်တကယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေကိုဖွင့်ပေးရင် ပြည်သူတွေ အလုပ်အကိုင်အခွင့်အရေးတွေရရှိမယ်။ နိုင်ငံခြားဝင်ငွေတွေ ရရှိလာပြီး လူနေမှုဘ၀တွေ မြင့်မားလာမယ်ဆိုတာကို သိသိချည်းနဲ့ လုပ်ရက်တယ်ဗျာ။


ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင်နိုင်မှ စီပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဖို့ပြောပေးမယ့် ဆိုတာ အာဏာရဖို့ ပြည်သူတွေကိုလှည့်စားလိုက်တာပါပဲ။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေမှ ကယ်တင်ရှင်လုပ်ပြီး အာဏာရယူဖို့ကြံတာဟာ နိုင်ငံတော်ကို ဆင်းရဲတွင်းထဲကနေ မတက်အောင် အတ္တဆန်တဲ့အပြုအမူပဲဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုထက် နိုင်ငံခြားရဲ့ ထောက်ခံမှုကို အားထားနေ တာကလည်း ပိုထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးလွှတ်တော်ကို ရောက်လာရင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ့ရေးကို ၀င်ရောက်ချယ်လှယ်တော့မှာပါ။ သူ့ကျွန်ဘ၀ ကို ပြန်လည် မကျရောက် တော့ပေမယ့် သူများကြိုးဆွဲရာကရမယ့် ဘ၀ကိုတော့မလိုချင်ပါဘူး။ သာဓကတွေလည်း အများကြီးရှိပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အမေရိကန်ရဲ့ချယ်လှယ်မှုကိုခံနေရပါတယ်။ နိုင်ငံကတော့ တိုးတတ်ပေမယ့် ရိုးရာ ယဉ်ကျေးမှုတွေပျောက်ကွယ်ခဲ့ပြီး အမျိုးကောင်းသားပျို သမီးပျိုတွေက လမ်းပေါ်မှာ အခကြေးငွေနဲ့ စီးပွားရှာနေတာ အာရှတိုက်သားတွေနဲ့ မကိုက်ညီတဲ့ အလုပ်တွေပါပဲ။

တကယ်လိုများ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း အပေါ်ယုံကြည် ကိုးစားမှုနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မဲပေးခဲ့လို့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ရင် အနောက်နိုင်ငံတွေ စီးပွားရေးဆက်ရှင် ပိတ်ဆို့မှုကို ဖွင့်ပေးမှာလား။ ဒေါ်စုကြည်အနေနဲ့ ပြည်သူတွေကို “ကျွန်မကိုခိုင်းပါ။ NLD ကိုယုံကြည်ပါ” ဆိုတဲ့စကားတွေကို ဘာနဲ့ သက်သေပြမှာလဲ။ အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နိုင်ငံ ကြီးတွေ ကရော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ဘယ်လို ဘယ်ပုံနဲ့ နောက်ကွယ် ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးကိုင် တွန်းအားပေးပြီး သူတို့ချယ်လှယ်မှုအောက် ရောက်သွားမှာကို တွေးမိပြီး ရင်လေးမိ ပါကြောင်း မြန်မာနိုင်ငံသား အားလုံးကို ပြောပြချင်ပါတယ်။

Myanmar Express

7 comments:

very good article. i dont like both of you (Daw Suu Kyis NLD and Military regime). But i will vote for USDP. I trust USDP more for our national dignity, moral value and national security.

ဒေါ်အောင်ဆန်းစုကြည်က နဂိုကတည်းက အဲလို အစီအစဉ်တွေ ရှိတာ အမေရိကန်က မြန်မာနိုင်ငံမှာ အခြေစိုက်ချင်တယ်.. ဒါပေမယ့် အစိုးရက လက်မခံဘူး အမေရိကန်ဝင်လာလို့ ကောင်းသွားတဲ့ နိုင်ငံရှိရင် ပြောပြစမ်းပါ.. မြင်ဖူးချင်လို့.. ခုတော့ဗျာ နဖာကလော်လောက်မှ ဇောက်မနက်တဲ့ အကြံနဲ့ အာဏာလေးရဖို့ နိုင်ငံကိုရောင်းစားနေတာ အဖေ့မျက်နှာကိုမှ မထောက် သမီးမိုက်... ကြီးမိုက်..

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင်နိုင်မှ စီပွားရေးပိတ်ဆို့မှုကို ပြန်ဖွင့်ပေးဖို့ပြောပေးမယ့် ဆိုတာ အာဏာရဖို့ ပြည်သူတွေကိုလှည့်စားလိုက်တာပါပဲ။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေမှ ကယ်တင်ရှင်လုပ်ပြီး အာဏာရယူဖို့ကြံတာဟာ နိုင်ငံတော်ကို ဆင်းရဲတွင်းထဲကနေ မတက်အောင် အတ္တဆန်တဲ့အပြုအမူပဲဖြစ် ပါတယ်။

ဗိုချုပ်သား အောင်ဆန်:ဦးကို ရွေးကောက်ပွဲဝင်ခိုင်းကြည့်လေ

ခုလိုမှန်ကန်တဲ့အမြင်ကို သိရှိတာဟာ အင်မတန်ကောင်းမွန်ပါတယ်ဗျာ။ NLD ခေါင်းဆောင်ဒေါ်စုကြည်ကို ယုံကြည်မယ်ဆိုပါက တိုင်းတပါးလက်အောက်ကို နောက်တစ်ကြိမ်ပြန်ရောက်မှာ မလွဲဧကန်ပါပဲဗျာ။

NLD အာဏာရမှ ကုန်ဈေးနှုန်းတွေကျပေးမယ်.. စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှား ပေးမယ်လို့ ဘယ်နိုင်ငံက ပြောလဲ.. အဲလိုမျိုး ပြောတဲ့ နိုင်ငံရော ရှိရဲ့လား.. မယုံကြည်ရမယ့် နိုင်ငံထဲမှာ အမေရိကန်က ထိပ်ဆုံးပါနေတယ်ဆိုတာ မြန်မာပြည်သူတစ်ချို့( NLD အားပေးထောက်ခံတဲ့) မသိကြတာလား.. ဒါမှမဟုတ် မျက်လုံး စုံမှိတ်ပြီး NLD ကို မဲပေးဖို့ အော်နေကြတာလား.. ဘယ်ပါတီကို မဲပေးပါလို့ မပြောလိုပါဘူး.. အမှန်တကယ် ဒီမိုကရေစီကို လိုလားတဲ့ပြည်သူတစ်ယောက်ဆိုရင်တော့ အခုချိန်မှာ မျက်လုံးတွေ နားတွေကို အစွမ်းကုန် ဖွင့်ထားရမှာ မဟုတ်ပါလား.. ဒေါ်စုကြည် ဆိုတာ အမေရိကန်ရဲ့ ကြိုးဆွဲတိုင်း က နေရတဲ့ မြန်မာ့ရုပ်သေးမင်းသမီးတစ်ပါးပါ.. အကောင်းဆုံး ကြိုးဆွဲတိုင်း က တတ်.. က ခဲ့လို့လဲ နိုဘယ်ဆုကို ပေးထားတာပါ။ ဒါကို အဟုတ်ကြီး မှတ်ပြီး မြန်မာပြည်သူတွေကို လိမ်ညာမုသားတွေသုံးပြီး သူ့ကျွန်ဘ၀ပြန်ရောက်အောင် လုပ်နေတာပါ.. တိုင်းတစ်ပါးကို အထင်ကြီး .. မဟုတ်မမှန် လုပ်ကြံလွှင့်တင်နေတဲ့ မီဒီယာကို နားယောင် .. ဒီမို ဒီမို ဆိုတာ ဟေ့လားဝါးလားလို့ထင်.. နို့နံ့မစင်သေးတဲ့ ခလေးငယ်ရဲ့ ခေါင်းမှာ ဒေါင်းရုပ်(အရင်ကတော့ ဒေါင်းရုပ်ပါ. အခုတော့ လဒ ကြီးလိုဖြစ်လို့နေပြီ) နဖူးစီးကို စည်းပေးပြီး ကားအမိုးပေါ်မှာတင်ထား.. အဲဒါက သူတို့အော်နေတဲ့ ဒီမိုကရေစီတဲ့လား..

NLD ကို မဲ ပေး ပြီး ၊ဒေါ် စု ကြည် လွှတ် တော် ထဲ ရောက် လာ မှ နောက် က ရုပ် သေး ကြိုး ဆွဲ ဆရာ တွေ ဆွဲ တဲ. အ တိုင်း က ပြိ ဆို တော. မှ ၊ မြန် မာ စ ကား ပုံ လို " ကျော ချ မှ ဓါး ပြ မှန်း မ သိ ကြ ပါ နဲ. "
ကျော မ ချ ခင် ဓါး ပြ မှန်း သိ ကြ ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်