Subscribe to our RSS Feed

သစ်ထူးလွင်ရဲ့ သစ်ထူးလိမ်ပြီးတော့ ဒီမိုဝေယံရဲ့ ဒီလိုလိမ်ရန် ဆိုပြီး ပြည်သူအပေါ် လိမ်ညာမှုများ


From : ရွှေမြန်မာ

မကြာသေးမီက သစ်ထူးလွင်ဆိုဒ်ကနေ သူ့ရဲ့ဆိုဒ်ကို မြန်မာပြည်မှာ ကြည့်လို့မရအောင် လုပ်ထားပါတယ်ဆိုပြီး ကြောက်လန့်တကြား အော်ပြီး မီဒီယာလွတ်လပ်ခွင့်မရှိဘူး ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ သို့သော် မြန်မာပြည်က ကြည့်လို့မရဘူးဆိုပြီး သူကပြောပေမယ့် သူ့ရဲ့ဆိုဒ်ကို လာဖတ်တဲ့ Visitors စာရင်းမှာ မြန်မာပြည်က ကြည့်ရှုနေတယ်ဆိုတဲ့အကြောင်း သက်သေအဖြစ်ဖော်ပြနေလို့ သစ်ထူးလွင်ရဲ့ မိမိကိုယ်ကို နာမည်ကြီးအောင် လိမ်ညာမှု အထမမြောက်ဘဲ အရှက်တကွဲ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ သစ်ထူးလွင်ကနေ သစ်ထူးလိမ် ဆိုပြီး နာမည်တွင်ခဲ့ရပါတယ်။

ယခုလည်း ဒီမိုဝေယံ ကနေ ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း အပေါ် အများပြည်သူ အကြည်ညိုပျက်အောင်၊ ယုံကြည်မှု မရှိအောင်လို့ ဦးအောင်သိန်းလင်းကနေ မအောင်သိန်းလင်းဆိုပြီး သတင်းအမှားများနဲ့ လိမ်ညာခဲ့ပါတယ်။ ဦးအောင်သိန်းလင်းအနေနဲ့ မဲဆွယ် စည်းရုံးရာ မှာ ပြောင်းဖူးပေါ်မှာ "မ"လို့ ရေးပြီး မိမိ ရာထူးတည်မြဲအောင်"မပြောင်းဖူး" ဆိုပြီး ယတြာချေ ခဲ့တယ်လို့ ဒီမိုဝေယံကနေ လိမ်ညာ တင်ပြခဲ့တာပါ။

ဖြစ်စဉ်အမှန်က မတ်လ(၁၈)ရက်နေ့မှာ ဦးအောင်သိန်းလင်းနဲ့ ပြည်ခိုင်ဖြိုးပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေတို့ တာမွေဈေး ပြောင်းရွှေ့ဖို့ လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာမွေဈေးကို သွားခဲ့ကြပါတယ်။ တာမွေဈေးကို ယခုနေရာမှ နောက်တစ်နေရာသို့ မပြောင်းရွှေ့ချင်ဘဲ လက်မှတ်ရေးထိုးတောင်း ဆို ခဲ့တဲ့ တာမွေဈေးသူ ဈေးသားတွေရဲ့ ဆန္ဒကို ပြည့်မြောက်အောင် ဒီမိုကရေစီ ကျကျ အများစုဆန္ဒနဲ့အညီ ပြည်ခိုင်ဖြိုးမှ ဆောင်ရွက်ပေးပါ့မယ်လို့ သွားရောက်ကတိပေးစကားပြောကြားတာပါ။ ဒီမိုဝေယံ ပြောသလို မဲဆွယ် စည်းရုံးဖို့ သွားခြင်းလဲ မဟုတ်ပါဘူး။ ပြောင်းဖူးကိစ္စနဲ့ ပတ်သက်ပြီးလဲ ဒီမိုဝေယံ ပြောသလို မဟုတ်ဘဲ ဖြစ်ရပ်အမှန်က ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံရာမှာ တာမွေဈေးသူဈေးသားတွေ ဟာ ပြောင်းဖူး တွေပေါ်မှာ "မ" လို့ရေးပြီး မပြောင်းဖူး ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဈေးနေရာအနှံ့အပြား မှာ ပြောင်းဖူးတွေ ချိတ်ဆွဲကာ ဈေးမပြောင်းချင်တဲ့ သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး ဒီမိုဝေယံကနေ ဦးအောင်သိန်းလင်း မဲဆွယ်ရာမှာ ပြောင်းဖူးနဲ့ ယတြာချေတယ်လို့ ပြည်သူတွေအပေါ် သတင်းလိမ်ခဲ့တာပါ။

သစ်ထူးလွင်ဟာ နာမည်ကြီးချင်လို့ လိမ်ခဲ့ပေမယ့် သူ့လိမ်ညာမှု မအောင်မြင်ဘဲ သစ်ထူးလိမ်လို့ နာမည်တွင်ခဲ့ရသလို ယခုလည်းပဲ ဒီမိုဝေယံ ဟာ နာမည်ကြီးချင်လို့ သတင်းလိမ်ခဲ့ပေမယ့် မအောင်မြင်ပြန်ဘဲ ဒီမိုဝေယံကနေ "ဒီလိုလိမ်ရန်" ဆိုပြီး လိမ်ပုံလိမ်နည်းတွေ ပြသနေတယ်လို့ နာမည်တစ်ခု ရလာပါတော့မယ်။ ယခုလို သတင်းတခု ဆိုတာ ပြန့်နှံ့လွယ်နေတဲ့ ခေတ်မှာ စာဖတ်သူရွှေမြန်မာများ အနေနဲ့ မီဒီယာရဲ့ လှည့်စားလိမ်ညာမှုကို မခံရအောင် အထူးသတိပြု ရှောင်ကြဉ်နိုင်ရင် ရွှေမြန်မာမှ ဖြစ်ရပ်မှန် ဗီဒီယိုဖိုင်ပါ ရှာဖွေ တင်ပြလိုက်ရပါတယ်။

သစ်ထူးလွင်က သူ့ဆိုဒ်ကို မြန်မာမှာ အပိတ်ခံရတယ် အော်နေပေမယ့်
ဘေးနားက Visitors မှာ မြန်မာကနေ ၀င်ဖတ်သူရှိနေကြောင်း ပြထားပုံ


သတင်းအမှန်အား ဖုံးကွယ်ပြီး ဦးအောင်သိန်းလင်းအပေါ်
အသရေ ဖျက်ထားတဲ့ ဒီမိုဝေယံ


ဧရာဝတီကလည်း လိမ်တယ်


အထက်ပါ ဗွီဒီယိုက အဖြစ်မှန်ကို ကွင်းကွင်းကွက်ကွက် ရိုက်ပြသွားတာကို မြင်နိုင်ပါတယ်။ တကယ်တော့ အဲဒီပြောင်းဖူးဟာ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်တာလဲ မဟုတ်ပါဘူး၊ ရတြာချေတာလည်း မဟုတ်ပါဘူး။ ဈေးသူဈေးသားတွေက ဈေးထဲမှာ ဆန္ဒပြချိတ်ဆွဲထားတဲ့ ပြောင်းဖူးများ ဖြစ်ပါတယ်။ ဈေးသူဈေးသားတွေရဲ့ ရတြာလည်း ဖြစ်နိုင်ပါတယ်။ လူပြိန်းကြိုက် စတုတ္ထမဏ္ဍိုင် များ အနေနဲ့ အခုလို လိမ်ညာလုပ်ကြံ သတင်းလွှင့်ခြင်းများကို ရှောင်ရှားသင့်ပါကြောင်း MEG မှ အကြံပြုလိုက်ပါတယ်။

Myanmar Express

1 comments:

မင်းက ကြံ့ဖွတ်အောက်စွဲလား ခရိုနီအောက်စွဲလား
ဒါမှမဟုတ် အောင်သိန်းလင်း(စစ်ဗိုလ်ချုပ်ဟောင်းကြီး)က မင်းပထွေးလား
ဒါမှမဟုတ် မင်းညီမကို ကီပင် တွဲပေးနေလို့ လားကွ
တို့ ပြည်သူတွေတိုင်းတပါးမှာ ကျွန်ခံနေချိန်မှာ တို့ ဗိုလ်ချုပ်ဟောင်းကြီးတွေက မီလျံနာသူဌေးတွေနော်။
လေးစားတယ်ကွာ။ခုမှကြောင်သူတော်တွေလုပ်နေတယ်။
မင်းတို့ သာ စောက်သုံးကျခဲ့ရင် တို့ ပြည်သူတွေ ကုလားနိုင်ငံတွေမှာကျွန်ခံနေစရာ ဘယ်လိုတော့မလဲကွ။
မင်းတို့ တွေ ဗိုလ်အောင်ဆန်း နဲ့ ယှဉ်လိုက်ရင် ချီး နဲ့  နတ်သုဒ္ဓာ လိုပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်