Subscribe to our RSS Feed

လျှာအရိုးမရှိ ပြောနေတဲ့ NLD ပါတီကို ပြည်ခိုင်ဖြိုးပါတီ မှ အမှန်တရားကို ပြောကြားပြ

ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေအတွင်းရေးမူး ဦးဌေးဦး
လာမယ့်ဧပြီ လ ၁ ရက်နေ့ ရွေးကောက်ပွဲနှင့် ပတ်သတ်၍  NLD ပါတီမှ တရားမျှတမူမရှိသော ရွေးကောက်ပွဲ ဖြစ်လိမ်.မည်ဟု တဖွဖွ ပြောဆိုနေသဖြင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ လာမယ့် ရွေးကောက်ပွဲကို အားလုံးက စိတ်ဝင်စားလျှက်ရှိသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမူး ဦးဌေးဦး က သတင်းထောက်များ၏ လာမယ့် ရွေးကောက်ပွဲနှင့် ပတ်သတ်၍တရားမျှတမူ ရှိလား မရှိလား ဆိုသော မေးမြန်းချက်များအား ဤသို့ဖြေကြားခဲ့သည်။

မေး -  အခု ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ် မျှတမယ်လို့ ယူဆပါသလား၊ ဘာကြောင့်ပါလဲ?
ဖြေ - ရွေးကောက်ပွဲတိုင်းဟာ လွတ် လပ် မျှတမှုရှိကြပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်အနေနဲ့ လည်း စနစ်တကျ ညွှန်ကြား ကြပ်မတ်လျက် ရှိပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ လည်း တရားသော နည်းလမ်းအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်နေ ကြသလို ကျန်သောပါတီတွေအနေနဲ့ လည်း သတ်မှတ်ချက်များနှင့်အညီ တရားသောနည်းလမ်းများအတိုင်း ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။

မေး -  ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီတစ်ခု အနေနဲ့ အဲဒီရွေးကောက်ပွဲ နဲ့ မကြာမီ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲ ကို နှိုင်းယှဉ်သုံးသပ်ပေးပါ?
ဖြေ - ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲမှာ နေရာပေါင်း ၁,၁၅၄ နေရာ ရှိပြီး အခုနေရာပေါင်း ၄၈ နေရာသာရှိ ပါတယ်။ ယခင် ၂၀၁၀ ပြည့်နှစ် နေရာများ ရဲ့ အစွန်းထွက် ဆယ်ဂဏန်း ၅၄ ထက် တောင် နည်းနေပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါတီ တချို့က ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ခြင်း၊ ကန့်ကွက်မှု များပြုလုပ်ခြင်းတို့ ရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာ တာ တွေ့ရပါတယ်။ ယခင်နဲ့မတူတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ပါဝင် ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ ရှုမြင် ပါတယ်။

မေး - ရွေးကောက်ပွဲနေ့ မဲရုံတွေမှာ စောင့် ကြည့်သူတွေ ထားရှိဖို့အတွက် ဘယ်လို စီစဉ်ထားပါသလဲ။ အထူး သဖြင့် မဲရေတွက်မှုကို ဘယ်လို စောင့်ကြည့် သွားမလဲဆိုတာ သိပါ ရစေ?
ဖြေ -  ကော်မရှင်က ထုတ်ပြန်ထားတဲ့ ညွှန် ကြားချက်တွေနဲ့အညီ ဖွဲ့စည်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူများနှင့် မဲရုံတာဝန်ရှိသူ များကို ယုံပါတယ်။

မေး -  မဲဆန္ဒနယ် ၄၈ ခုမှာသာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှု လမ်းကြောင်းမှာ ဘယ်လောက် အရေးပါပါသလဲ။ ဘယ်လောက် ရော အရှိန်တွန်းပေးနိုင်ပါမလဲ?
ဖြေ - ၄၈ နေရာသာရှိတဲ့အတွက် အရေ အတွက်ကတော့ နည်းပါတယ်။ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းရေး လမ်းကြောင်းအတိုင်း စိတ်ကောင်း စေတနာမှန်နှင့် ပါဝင်ဆောင်ရွက်လာ ခြင်းဆိုတဲ့ ယုံကြည်စိတ်က တွန်းအားဖြစ် စေမယ်လို့ ယူဆပါတယ်။

မေး -  ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နှ နေရာလောက် နိုင်မယ်လို့ ခန့်မှန်း ယုံကြည်ထားပါသလဲ?
ဖြေ - ပါတီတိုင်းဟာ အနိုင်ရမယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေ နဲ့ ဘယ်ပါတီ၊ ဘယ်လို ပုဂ္ဂိုလ်တွေက အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့လက်တွေ့ အကျိုးပြု နေတယ်၊ အကျိုးပြုနိုင်စွမ်းရှိ တယ်ဆိုတာ ခွဲခြားပြီးသိပါတယ်။ ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုး တွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူကို ယုံကြည်ပါ တယ်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်