Subscribe to our RSS Feed

ကမ္ဘာ့ ကုန်သွယ်ရေး စည်းမျဉ်းများမှာ မမျှတကြောင်း တရုတ်ပြော

From : MRTV-4

ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့မှ သတ်မှတ်ထားသည့် စည်းမျဉ်းများမှာ မျှတမှု မရှိကြောင်း အဘယ်ကြောင့် ဆိုသော် ယင်းအချက်အလက်များမှာ အမေရိကန်နှင့်

ဥရောပ နိုင်ငံများမှ အဓိက အားဖြင့် သတ်မှတ်ထားခြင်းကြောင့် ဖြစ်ကြောင်း တရုတ် အစိုးရမှ ထုတ်ပြန် ပြောကြားလိုက်ပြီ ဖြစ်သည်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ Shen Danyang မှာကြာသပတေးနေ့က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားမှုမှာ ယခုအပတ် အစောပိုင်းက အမေရိကန် ၊ ဥရောပ သမ္မဂ္ဂနှင့် ဂျပန်တို့မှ တရုတ် နိုင်ငံ၏ ရှားပါး သတ္တု ထုတ်လုပ်မှု အတွက် နိုင်ငံခြားသို့ တင်ပို့မှု ကန့်သတ်လိုက်ခြင်းမှာ ကုန်သွယ်ရေး စည်းမျဉ်း ဖောက်ဖျက်ကြောင်း ပြောကြား အပြီးတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ Shen Danyang မှပြောရာ၌ ပို့ကုန် ကန့်သတ်ခြင်းမှာ နိုင်ငံ တစ်ခုအတွက် တရားဝင် လုပ်ဆောင်နိုင်မှု ဖြစ်ပြီး တရုတ် နိုင်ငံ၏ သဘာဝ အရင်းအမြစ်များနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း တစ်မျိုးလည်း ဖြစ်ကြောင်း နှင့် ယင်းသို့လုပ်ဆောင်ခြင်းမှာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများနှင့်လည်း ညီညွတ်ကြောင်း ပြောကြား သွားခဲ့သည်။ ယခုလို ပြောကြားချက်နှင့်အတူ WTO အဖွဲ့ အနေဖြင့် အနောက် နိုင်ငံများမှ ရေးသားထားသည့် ဥပဒေများဖြင့် ကုန်သွယ်ရေးတွင် မမျှတသည့် စည်းမျဉ်းများကို အသုံးပြုနေခြင်းသာ ဖြစ်ကြောင်းလည်း ၎င်းမှ ပြောကြား သွားခဲ့သည်။

source : NHK news


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်