Subscribe to our RSS Feed

သီလ၀ါ ဆိပ်ကမ်းတွင် ၁၆နာရီကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့

From : MRTV-4

မတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီဝ န်းကျင်ခန့် အချိန်က သန်လျင်မြို့နယ် သီလ၀ါ ဆိပ်ကမ်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ

မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီး ဌာနမှ ၂ နာရီ မိနစ် ၄၀ အချိန်ခန့်မှာ သတင်းရရှိပြီး သွားရောက် ငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးလောင်ကျွမ်းမှုကို သွားရောက်သတင်း ယူရာမှာတော့ သက်ဆိုင်ရာ သီလ၀ါ ဆိပ်ကမ်းမှ တာဝန်ရှိသူများက သတင်းဝင်ရောက် ရယူခွင့် မပြုခဲ့တာ ဖြစ်ပါတယ်။ သတင်း ရယူခွင့် မပေးတဲ့အပြင် အဆိုပါ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါ့အပြင် အဆိုပါ မီးလောင်ကျွမ်း မှုကိုတော့ သက်ဆိုင်ရာ မီးသတ် စခန်းများမှ တာဝန်ရှိသူများက အဆက်မပြတ် ငြှိမ်းသတ်လျက်ရှိပြီး ညနေ ၆ နာရီကျော်အထိ အဆိုပါမီးကို ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်းမှုဟာ သစ်ပုံများကို ဆက်လက်ကူးစက် လောင်ကျွမ်းလျက်ရှိပြီး အဆိုပါ ဆိပ်ကမ်းမှ ကားဝယ်ယူ တင်သွင်းထားတဲ့ ကားပိုင်ရှင် အများစုဟာလည်း အဆိုပါ ဆိပ်ကမ်းကို ရောက်ရှိလာ ကြတယ်လို့ သိရပါတယ်။ ဒီလို ကားပိုင်ရှင်များ ရောက်ရှိလာပေမယ့် ဆိပ်ကမ်း တာဝန် ရှိသူများက ကားထုတ်ယူခြင်း များကိုလည်း ခွင့်ပြုခြင်း မရှိသေးကြောင်း သိရပါတယ်။ အဆိုပါ မီးလောက်ကျွမ်း မှုကိုတော့ ပြည်တွင်း မီဒီယာများဖြစ်တဲ့ ပြည်မြန်မာဂျာနယ် ၊ ဧရာဝတီဂျာနယ် ၊ မြန်မာတိုင်းမ်ဂျာနယ် ၊ EPA ဥရောပ သတင်းဌာန နဲ့ 7 Day ဂျာနယ် အစရှိတဲ့ မီဒီယာများ လာရောက် သတင်းရယူ ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်