Subscribe to our RSS Feed

ဗြိတိသျှသံအမတ်ကြီးမှ အရှင် ဂမ္ဘီရကိုသံရုံးသို့ပင့်ဖိတ် (ပေးစာ - ၁၁၈)

From : ဒဂုံ(မြောက်)သား

ဂမ္ဘီရဟာ သင်္ကန်းခြုံပြီး သာ့သနာ့အကျိုးကို ထမ်းဆောင်ခြင်းမရှိတဲ့အတွက် သံဃာတော်လို့ မခေါ်ထိုက်တဲ့ သာသနာအရေခြုံ ပုထုဇဉ် လူပုဂ္ဂိုလ်တစ်ယောက်သာသာဖြစ်ပါတယ်။ အခုလည်း သင်္ကန်းခြုံပြီး စာဝါမတက်ပဲ ပိဋကတ်သုံးပုံနဲ့မဆိုင်တဲ့ တဏှာကိလေသာဘက်ကိုပဲ စိတ်ရောက်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သံဃာတော်တွေရဲ့ကျင့်ဝတ်တွေနဲ့ နေထိုင်ကျင့်ကြံနိုင်ခြင်းမရှိဘဲ သင်္ကန်း အရေခြုံပြီး ဒကာဒကာမတွေ အိမ်မှာ နိုင်ငံရေးအကြောင်းလေးပြောလိုက်၊ ဝေဖန်ရေးလေးလုပ်လိုက်နဲ့ အနေအစား ချောင်အောင် တွေ့ရာလျောက်ပြော တော်တော်ဖောနိုင်တဲ့သူ၊ သာသနာပိုင်ဆရာတော် ကြီးတွေက တောင်မနိုင်တဲ့ ဂမ္ဘီရတစ်ယောက် ဘယ်ကျောင်းထိုင်က မှလက်မခံတဲ့ အခြေအနေကို ရောက်နေတာကြောင့် အစ်မအိမ်မှာကပ်စားပြီး ထိုင်ညည်းနေတာလည်း မကြားချင်အဆုံး ဖြစ်ပါတယ်။




အဲ့လိုလူတစ်ယောက်ကို ဗြိတိန်သံရုံးကသံအမတ်ကြီးက ထမင်းစားဖိတ်ပြီး ကျွေးတာ ကတော့ တော်တော် လေးစဉ်းစားစရာ ကောင်းပါတယ်။ အဲ့ဒီအရာရှိကြီးအနေနဲ့ ဦးနှောက်ဥာဏ်တော်တော်နည်းပါး ပါလား လို့မတွေးပါနဲ့။ အရှင်ဂမ္ဘီရကို ဘာတွေမြှောက် ပင့်ပေးအုံးမလဲဆိုတာ ပဲတွေးစရာဖြစ်လာပါတယ်။ ထေရ၀ါရဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ သာသနာတော်ကို တကယ်ကြည်ညို တယ်ဆိုရင် ၀ိနည်းနဲ့နေထိုင်ကျင့်ကြံသီတင်းသုံးတဲ့ ဆရာတော် ဘုရားကြီးတွေ၊ သံဃာတော်တွေ၊ ကိုရင်လေးတွေအများကြီးရှိပါရက်နဲ့ သီလအားဖြင့်မစဉ်ကြယ် ၊ သမာဓိအားမတည်ကြည်၊ ဥာဏ်ပညာမမှီတဲ့ သူတစ်ယောက်၊ အသိပညာ ဗလာနတ်ထိနဲ့ သင်္ဃန်းအရေခြုံတစ်ယောက်ကို ထမင်းဖိတ်ကြွေးတယ် (ဆွမ်းစားပင့်တယ်လို့သုံးနှုံးရမှာ သာသနာတော်ကို အားနာလို့ပါ) ဆိုတာကတော့ ဗြိတိန်သံရုံးက အရာရှိကြီးတစ်ယောက် နိုင်ငံရေးကမောက်ကမဖြစ်အောင် အရူးအမဲသားကြွေးပြီး ဘုံပျောက်အောင် မြှောက်နေတာလားဆိုတာကတော့ တွေးစရာဖြစ်နေပါပြီ။

သံအမတ်ကြီး ကျွေးလိုက်တဲ့ ထမင်းကိုစားလို့ ဂမ္ဘီရ ဘာတွေဆက်လုပ်အုံးမှာလဲ? နိုင်ငံရေး တရားတွေပဲ ဟောမှာလား? အစိုးရမကောင်းကြောင်းတွေပဲ ပြောမှာလား? ထောင်ထဲမှာ ကျန်ခဲ့တဲ့ အကျဉ်းသား လွှတ် မြောက်ရေး တွေပဲ တောင်းဆို အုံးမှာလား? သေချာတာ ကတော့ ဂမ္ဘီရလုပ်ဆောင်မှာတွေက သာသနာတော် ထွန်းကား ပြန့်ပွားရေး မဟုတ်ဘူးဆိုတာပါပဲ။

Myanmar Express

8 comments:

You Piece of Sht!! you know how to write "All Shit" here. Go back and Fix the fucking system of Telecommunication. I can't Contact with My 3 gfs. You piece of shit.. Go back and FIX now

ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ ခေတ်ကို ရောက်လာပါပြီ။ လူတိုင်း လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်။ စည်းရုံးနိုင်တယ်။
ဒီလိုခေတ်ထဲမှာ နိုင်ငံရေးက နိုင်ငံရေးသမားတွေ ဆက်လုပ်လိမ့်မယ်။
ဘုန်းကြီးတွေ နိုင်ငံရေး လုပ်ချင်ရင် လူထွက်ကြပါ။ သံရုံးကလဲ ကိုယ့်အလုပ်ကိုယ် ဂုဏ်သိက္ခာရှိရှိ လုပ်သင့်တယ်။

နိုင်ငံတော် သံဃမဟာနာယက က အကြိမ်ကြိမ်ဆင့်ခေါ်တုန်းကတော့ သုံးကြိမ်လုံး မသွားပဲနေတယ်
ဘာမဆိုင် ညာမဆိုင် သံရုံးက ပြေးတယ်
သာဓု သာဓု

သင်္ကန်းကိုတော့ ရိုသေလေးစားပါတယ်ဗျာ။ သံဃာတော်တွေကိုတော့ မဝေဖန်ပါဘူး။ ဒါပေမယ့် ကိုးကွယ်မှုကို အကာကွယ်ယူပြီးတော့ အများသူငှာ ဒုက္ခရောက်အောင်တော့ မလုပ်သင့်ပါဘူး။ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံကို ကျွန်ပြုအုပ်ချုပ်ဂုတ်သွေးစုပ်ခဲ့လို့ မြန်မာနိုင်ငံဟာ ခုလိုသူများနောက်ရောက်နေတာကိုတော့ မြန်မာနိုင်ငံသားတိုင်း သိကြပါတယ်ဗျာ။ ခုလိုငွေကြေးနောက်လိုက်ပြီး သခင်အားရ ကျွန်ပါးဝကြတဲ့ လူနည်းစုစကားကို ယုံလို့ကတော့ မြန်မာနိုင်ငံဟာ နောက်တကြိမ် သူ့ကျွန်ဘ၀ကို ရောက်ရဦးမှာ မလွဲဧကန်ပါပဲဗျာ

We respect the ropes whatever inside it may be.

ဗြိတိသျှဆိုတာက မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် ကျွန်ပြုခဲ့တဲ့နိုင်ငံ မဟုတ်လား.. ဘုံဘေဘားမားသစ်ကိစ္စကို အကြောင်းပြပြီး ကျူးကျော်စစ် ၃ ခါဆင်နွှဲပြီး မြန်မာနိုင်ငံကို ကျွန်သားပေါက်အဖြစ် ဗြိတိသျှအင်ပါယာအောက် သွတ်သွင်းခဲ့တာပဲမဟုတ်လား.. အခုလဲ NLD အော်နေတဲ့ဒီမိုကရေစီရရှိရေးကို အကြောင်းပြပြီး ဂမ္ဘီရကို မြှောက်ပင့်နေပြန်ပြီ... ဂမ္ဘီရကတော့ ကြိုးဆွဲတိုင်း က နေတော့မှာတော့ သေချာနေပီ... ဗြိတိသျှတို့ကတော့ ထောင်မြင်လို့ ရာစွန့်နေပြီဆိုတော့ သတိတော့ ထားရတော့ ပြည်သူအပေါင်းတို့...

ဗြိတိသျှတွေကတော့ ထောင်မြင်လို့ ရာစွန့်နေပြီနော်.. သတိထားရတော့မယ်.. ဗြိတိသျှဆိုတာက ဘာလဲဆိုတာ မြန်မာ ပြည်သူများသိကြမှာပါ.. ဗြိတိသျှစကား နားထောင်မိရင်တော့ အရူးအမဲသားကျွေးမိသလို နွားမြင်တိုင်း လက်ညိုးထိုးပြနေတော့မှာပဲ.. ဦးဥတ္တမ အစရှိတဲ့ သံဃာတော် အရှင်မြတ်တွေက မြန်မာပြည်သူများအတွက် လွတ်လပ်ရေး ရရှိအောင် အစာငတ်ခံဆန္ဒပြပြီး နိုင်ငံရေးလုပ်ဆောင်ခဲ့တာပါ.. ဂမ္ဘီရ ကတော့ ဒီမိုကရေစီအကြောင်းပြပြီး သူ့ကျွန်ဘ၀ပြန်ရောက်အောင် နိုင်ငံရေး လုပ်တော့မယ်ထင်တယ်..

ဒီ လူ ( ဘုန် ကြီး မ ဟုတ် တော. ဘူး ) ကို သိပ် ဂ ရု စိုက် မ နေ နဲ. ၊ ၄၀၁ နဲ. လွှတ် ထား တယ် ၊ သ ဘော ပေါက်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်