Subscribe to our RSS Feed

ပြည်နယ်များ၌ ဂျီအက်စ်အမ်ဖုန်းများစတင်ချထားပေး

From : Internet Journal

ပြည်နယ်များ၌ ဂျီအက်စ်အမ်ဖုန်းများစတင်ချထားပေး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့၏ မတ် လ ၅ ရက်နေ့ထုက်ပြန်ချက်၌ ပါရှိသည့်အတိုင်း ပြည်နယ်များသို့ ယခု လ ၁၄ ရက်နေ့မှစတင်၍ ၂ သိန်း တန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ ချထားပေးခဲ့ကြောင်း ဖုန်းလိုင်းများချထားပေးသည့် နယ်မြေ၌ပါဝင်သော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူကြီးမင်း ဟန်းဆက်အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ “ကျွန်တော်တို့သိသလောက် ဒီနေ့အထိ တောင်ကြီးမှာ ဖုန်းလိုင်းအလုံးရေ တစ်ထောင်ကျော်ရောင်းခဲ့ရပြီလို့ သိရတယ်။ ဈေးနှုန်းနိမ့်ဟန်းဆက်တွေလည်း ဒီမှာရောင်းအားကောင်းလာတယ်”ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အခြားသော ပြည်နယ်များရှိ မြို့ကြီးများ၌ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်းဖြင့် တစ်ပြိုင်တည်းရောင်းချခဲ့ ခြင်းဖြစ်သည်။ “ရှမ်းပြည်တောင်ပိုင်းက မြို့တွေအကုန်လုံးမှာ ရောင်းချပေးနေတာပါ။ အင်တာနက်စနစ် မပါသေးဘူး။ ထပ်လျောက်ရင်ရမှာလား၊ ပိုက်ဆံပေးရမှာလား မသိဘူး”ဟု တောင်ကြီးမြို့အတွက် ၂ သိန်းတန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ သွားရောက်ရောင်းချပေးနေသည့် Elite Tech ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောသည်။ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများ၌သာ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံမိုဘိုင်းဖုန်းဆိုင်များ၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသေးကြောင်း၊ စတင်ရောင်းချပေးနေသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းများသည် ဂဏန်းနံပါတ် ၁၁ လုံးပါဝင်ကြပြီး ဝယ်ယူရာမြို့အတွင်း၌ သယ်ဆောင်အသုံးပြုခဲ့ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးက ဒီတစ်ခါ ချထားပေးမယ့်ရက်ကို စာထုက်လာတာတွေရတယ်။ အရင်က ချထားပေးမယ်ပြောနေပြီးတော့ချထားပေးနိုင်ခဲ့ခြင်းမရှိဘူး။ စာထဲမှာပါတဲ့အတိုင်း ၁၄ ရက်နေ့က စချပေးတယ်ဆိုတော့ ရန်ကုန်မှာ ဧပြီ ၉ ရက်နေ့ရမှာ သေချာတယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့လည်းဝယ်ဖို့စောင့်နေတာပါ”ဟု ရန်ကုန်မြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၂ သိန်းသက်မှတ်၍ တန်ဖိုးနည်းဖုန်းလိုင်းအဖြစ် စတင်ရောင်းချပေးခဲ့သော်လည်း ငွေကျပ် ၂ သိန်းဟူသည်မှာ တန်ဖိုးနည်းစာရင်း၌ ပါဝင်သေးခြင်းမရှိကြောင်း ဆက်သွယ်ရေးစနစ်အတွက် ကုန်ကျစရိတ်များကို ယခုထက် ပိုမိုလျော့ချပေးရန် လိုအပ်နေသေးကြောင်း မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူများကဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းဖုန်းလိုင်း ၁ သိန်းခွဲနှင့် တစ်နိုင်ငံလုံးအတွက် မိုဘိုင်းဖုန်းလိုင်း ၁ သန်းခွဲကို ပထမဦးစွာ ချထားပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်း Call center မှသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်