Subscribe to our RSS Feed

နိုင်ငံသားအမည်ခံ ပြည်ပလုပ်ငန်းများအား လုံးဝအရေးမယူဘဲ တရားဝင်ပြောင်းလဲမှတ်ပုံတင်ရန် ရက် ၉၀ ခွင့်ပြု


From : သတင်း

ပြည်တွင်း၌ နိုင်ငံသားအမည်ခံကာ လာရောက်ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားသားပိုင် ကုမ္ပဏီများအား နောက်ကြောင်းပြန် အရေးယူမှု လုံးဝမရှိဘဲ အမှန်အတိုင်း မှတ်ပုံတင်ရန် ရက်ပေါင်း ၉၀ ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ပြောကြားသည်။ အဆိုပါ အမိန့်ကြေညာစာအား ဖေဖော်ဝါရီလ ၂၇ ရက်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းနေ့မှစ၍ ရက်ပေါင်း ၉၀ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားက အမည်သာခံပြီး မည်သည့်ပိုင်ဆိုင်မှုမှ မရှိခြင်း၊ ငွေကြေးထည့်ဝင်မှု လုံးဝမရှိခြင်းဖြစ်ပါက ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင်အဖြစ်လည်းကောင်း၊ နိုင်ငံခြားသားက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ လက်ထပ်ထိမ်းမြားကာ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ပါက ၅၀ ရာခိုင်နှုန်း နိုင်ငံခြားသား ပိုက် ဖက်စပ်လုပ်ငန်းအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားတစ်ဦးအား အမွေစား အမွေခံအဖြစ်မွေးစားကာ လုပ်ငန်းလုပ်ကိုင်စေခြင်းဖြစ်ပါက မြန်မာနိုင်ငံသားအတွက် သင့်တင့်သည့် ရှယ်ယာ ရာခိုင်နှုန်းပေးပြီး ဖက်စပ်လုပ်ငန်းအဖြစ်လည်းကောင်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား လုပ်ငန်းတစ်ခုတွင် အနည်းဆုံး ၃၅ ရာခိုင်နှုန်း ပါရှိရမည်ဟု သတ်မှတ်ထားရာ ပုံစံပြောင်းလဲ မှတ်ပုံတင်ခြင်းများအားလည်း ထိုအတိုင်းသာ ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်