Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်အား မ ထောက်ခံရခြင်း အကြောင်းရင်း (ပေးစာ - ၁၂၂)

အခုလိုခေါင်းစဉ်ပေးလိုက်တဲ့အတွက် တစ်မျိုးတော့မထင်ကြပါနဲ့ဗျာ။ ကျွန်တော်အမြင်လေးရထားတာကို နည်းနည်းရှယ်ယာလိုက်တာပါ။ ကိုမာဃလုလင်ရေးထားတာလေး သဘောကျလို့ ညကျစဉ်းစားပြီးရေးဦးမှပဲဆိုပြီး အတွေးပေါ်လာတုန်း ရေးလိုက်တာပါ။ လေရှည်နေမှာစိုးလို့ လိုရင်းပဲရေး လိုက်တော့မယ်ဗျာ။ လူတစ်ယောက် သူတစ်ပါးအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ကျွန်တော်တို့ ဘာကြောင့် မထောက်ခံရလဲဆိုတာ ကို သက်သေပြတာပေါ့ဗျာ။

လူထုခေါင်းဆောင် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ခေါင်းဆောင် မဟုတ်ပါ။ အမေစု ဆိုတဲ့ ဒေါ်စုကလည်း ကျွန်တော့်အမေ မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာက ကျွန်တော်တို့လို ခေတ်ပညာတတ်လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။ မျက်စိစုံမှိတ်ထောက်ခံသူတွေအပေါ်မှာ သာ လွှမ်းမိုးနိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ချိန်နဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲ ဝင်တဲ့အချိန်တွေမှာ ပိုသိသာတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို ဒေါ်စု သပိတ်မှောက်တုန်းက ကျွန်တော်တို့ အကြံပေးခဲ့ပါတယ်။ လွှတ်တော်ထဲ ရောက်မှ အခြေခံ ဥပဒေကို ပြင်ဖို့ပါ။ ဒါပေမယ့် အဲဒီ လမ်းကြောင်းကို မှားတယ် ဆိုပြီး မရွေးချယ်ခဲ့ပါဘူး။ ဒေါ်စု က မရွေးချယ်တော့ သူ့ကို ထောက်ခံသူ နာလဗြိန်းတုံး များကလည်း လွှတ်တော်ထဲကနေ အခြေခံဥပဒေ ပြင်ဖို့ ပြောတဲ့ လူမှန်သမျှ ကို အစိုးရ နှောက်လိုက်တွေ၊ လွှတ်တော် ထဲမှာ လက်ညိုးထောင် ခေါင်းညိမ့်တွေလို့ ပြင်းပြင်းထန်ထန် ပြောပြီး ဝေဖန်ခဲ့ကြပါတယ်။

အခု တော့ အဲဒီလူတွေကရော ဒေါ်အောင်ဆန်းစုကြည်ပါ မျက်နှာပြောင်တိုက်ပြီး လွှတ်တော် တွင်းကနေ အခြေခံဥပေး ကို ပြင်ဖို့ ကြိုး စားခြင်းသာ နည်းလမ်းမှန်ပါလို့ ပြောပြန်ပါတယ်။ နောက်ကလူတွေကလည်း ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ထောက်ခံတယ် ဆိုတဲ့ ကိုယ်ပိုင် အတွေးအခေါ် မရှိတဲ့ လူတွေ သာ ဖြစ်နေပါတယ်။

ဒေါ်စု အနေနဲ့ လူဗြိန်းတွေ အပေါ်မှာသာ သြဇာလွှမ်းမိုးနိုင်ပြီး ပညာတတ် အသိဥာဏ်ရှိတဲ့ လူငယ်တွေအပေါ်မှာ ဘာကြောင့် သြဇာ မလွှမ်းမိုးနိုင်တာလဲ ဆိုတာကို သူတစ်ပါးအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့အချက်များ နဲ့ နှိုင်းယှဉ်ပြလိုပါတယ်...

သူတပါးအပေါ် သြဇာလွှမ်းမိုးစေသော အချက်များ...

(၁) ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း
(၂) ခွန်အားကြီးမားခြင်း
(၃) ရုပ်ရည်ချောမောခြင်း
(၄) သွက်လက်ဖျတ်လတ်ခြင်း
(၅) ဥာဏ်ပညာကြီးမားခြင်း
(၆) ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း
(၇) ပရိယာယ်ကြွယ်ဝခြင်း
(၈) တရားမျှတခြင်း
(၉) စိတ်ဓာတ်ကြံ့ခိုင်ခြင်း
(၁၀) တည်ကြည်ဖြောင့်မတ်ခြင်း
(၁၁) အရွယ်ရောက်ခြင်း
(၁၂) ဥစ္စာဓနကြွယ်ဝခြင်း
(၁၃) မျိုးရိုးမြင့်မြတ်ခြင်း
ဆိုတာတွေပဲ။


အဲဒီအချက်တွေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင်

(၁) ပုဂ္ဂိုလ်ရေးအရည်အချင်းရှိခြင်း ဆိုတဲ့အချက် (၀%) သာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တဲ့ နိုင်ငံရေး (သို့မဟုတ်) တော်လှန်းရေး မှာ ၂၄ နှစ်အတွင် ဘာတွေ အောင်မြင်ခဲ့လဲ ဆိုတာ က သက်သေပါပဲ။ ၂၄ နှစ်အတွက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုဂ္ဂိုလ်ရေး အရည်အချည်း တစ်ခုခုကြောင့် မြန်မာ လူထု ကောင်းကျိုးချမ်းသာ ရရှိသွားတာ တစ်ခုမှ မရှိပါဘူး။ ၂၄ နှစ် အတွက် နိုင်ငံရေး အောင်မြင်မှု ဘာတစ်ခု မှ မရှိခဲ့ပါဘူး။

၂၄ နှစ် ဆိုတာကို လူအများ မမြင်နိုင်ရင်တောင် အခု ပြီးခဲ့ တဲ့ တစ်နှစ် အတွင်းပဲ ကြည့်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ ဒုတိယ ပင်လုံ ပျောက်သွားပါပြီ။ အခြေခံဥပဒေကို သပိတ်မှောက်ခြင်း မအောင်မြင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ခြင်း မအောင်မြင်ပါ၊ နောက်ဆုံးတော့ စစ်အစိုးရ စီစဉ်ထားတဲ့ လမ်းပြမြေပုံအတိုင်းသာ ပါတီကို မှတ်ပုံတင်လိုက်ရတဲ့ အပြင် ရွေးကောက်ပွဲတောင် ဝင်ရပါပြီ။

အစကတည်းက ဒီလိုလုပ်မယ် ဆိုရင် အမျိုးသား ညီလာခံကို ဘာလို့ သွားမတတ်စရာလိုလဲ၊ ပြည်သူ့ဆန္ဒခံယူပဲကို ဘာဖြစ်လို့ ကြက်ခြေခက်ခိုင်းနေစရာလိုလဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးလည်း နေလို့ရတယ်လို့ ပြောနေစရာလိုလဲ... ဒါတွေက အင်မတန် ရှင်းလင်းပြီး မြင်သာတဲ့ အရည်အချင်း ညံ့ဖျင်းမှုတွေပါ။

(၂) ခွန်အားကြီးမားခြင်း ကတော့ ဒီနေရာ ဗလတောင့်တာနဲ့တိုင်းတာမဟုတ်ဘူးဗျ။ ဗလ တောင့်တာနဲ့ တိုင်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်လို မီးယပ်ပိန် မီးယပ်ခြောက်ကို မဆိုင်တာ အပြစ်ပြောတယ် ဖြစ်ပါလိမ့်မယ်။ အမှန်တော့ ခွန်အားကြီးခြင်း ဆိုတာ နောက်မှာ စစ်မှန်တဲ့ ထောက်ခံသူတွေ ရှိတယ်ဆိုတာ သက်သေပြတာပါပဲ။ (၀%) ကန့်ကွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ စစ်မှန်တဲ့ ထောက်ခံမှု ဆိုတာ မရှိသလောက် တွေ့နေရလို့ပါ။ "အမေစု ကိုထောက်ခံပါတယ်" လို့ အော်နေတဲ့ လူတွေ အားလုံးက NLD ပါတီဝင် အများစု သာ ဖြစ်ကြပြီး ပါတီဝင် မဟုတ်သူများကို ဘာကြောင့် ထောက်ခံတာလဲ မေးလိုက်ရင် အဖြေ ရေရေရာရာ ထွက်မလာ ပါဘူး။ အမြင်သာ ဆုံး အချက်ကတော့ စည်းမဲ့ ကမ်းမဲ့ အုပ်အော် သောင်းနင်း သွားနေတဲ့ နောက်လိုက်တွေပါပဲ။ စည်းမဲ့ ကမ်းမဲ့ ဥပဒေမဲ့နေသူ ၁၀၀၀ ဦး ထောက်ခံခြင်း ထက် စည်းကမ်းပြည့်ဝသူ တစ်ဦး ထောက်ခံခြင်းက ပိုပြီး ခွန်အားကြီးမားစေပါတယ်။



(၃) ရုပ်ရည်ချောမောခြင်း ဒါကျတော့ တိုင်းပြည်ခေါင်းဆောင်တွေက ဒါနဲ့မဆိုင်ဘူး ထင်တယ်။ မဆိုင်တော့ ဒါနည်းနည်း ပယ်တယ်။ (%) နည်းနည်း ပါချင်သပဆိုလည်း ပါလို့ ရပါသေတယ်။ ပါးရည်နားရည် တွန့်နေတဲ့ အရိုးပေါ်အရေတင် ဒေါ်စုထက် တခြား ငယ်ရွယ်နုပျိုသူတိုင်က ပိုပြီး ခန့်ညားမယ် ဆိုတာ အိမ်နီးချင်း နိုင်က က ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝတ်နဲ့ ဒေါ်စု ကို နှိုင်းယဉ် ကြည့်ရင် အဖြေရှင်းသွားပါလိမ့်မယ်။


(၄) သွက်လက်ဖျတ်လတ်ခြင်း အင်း ဒီအချက်ကတော့ လူငယ်တွေအတွက်တော့ တက်တက်ကြွကြွ လျင်လျင်မြန်မြန် လုပ်ဆောင်တာ ကို ပြောတာဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေကို လျင်မြန်စွာ ဆုံးဖြတ်ချက် ချနိုင်တာတွေက ပို အဓိကကျမယ် ထင်တယ်။ ဥပမာ ဒုတိယ ပင်လုံလို ပေါ့ဗျာ.. ချက်ချင်း ဆုံးဖြတ်ပြီး ချက်ချင်း လုပ်လိုက်တာပဲ... ရလဒ်ကတော့ မအောင်မြင်ခြင်းပေါ့... ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူး ဆိုတုန်းကလည်း အဲလိုပဲ... အခု ဝင်မယ် ဆိုတော့လည်း အဲလိုပါပဲ။ ခိုင်မာတိကျတဲ့ မူဝါဒ တစ်ခု လက်ဆုတ်လက်ကိုင်ထားတယ် ဆိုတာ မရှိဘူး။ ဒီအချက်ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နားကလူတွေ တဖြည်းဖြည်း ခွာသွားတာပါ။ ဥပမာ NDF တို့လိုပေါ့....

(၅) ဥာဏ်ပညာကြီးမားခြင်း ပညာရှိလည်းဖြစ်တယ်၊ ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်တတ်တဲ့ မဟုတ်ပါဘူး... ဒါကြောင့် မှန်းချက်နဲ့ နှမ်းထွက် အမြဲ မကိုက် ဖြစ်ခဲ့တာ ၂၄ နှစ် ရှိပါပြီ။ (၀%)ပါဗျာ။


(၆) ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း ဒါကတော့ အများပြည်သူသိတဲ့အတိုင်း ပါပဲ... ကမ္ဘာမှာ ဟိုးလေး တကျော်ကျော်ဖြစ်ခဲ့ရတဲ့ ဂျွန်ယက်တောနဲ့ နှစ်ည အတူ အိပ်ခဲ့တာပါ။ ဒါ့အပြင် ဒေးဗစ်လှမြင့် နဲ့ ဖောက်ပြန်တာတွေလည်း ရှိခဲ့ပါတယ်။ ကိုယ်ကျင့်သိက္ခာရှိမှု (၀%) ဗျာ။


(၇) ပရိယာယ်ကြွယ်ဝခြင်း ဒီအချက်က သြဇာလွှမ်းနိုးနိုင်တဲ့ ခေါင်းဆောင်တွေမှာ ရှိကို ရှိရမယ့် အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီနေ့အထိ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မဟာဗျူဟာ ထဲမှာပဲ ပတ်ချာလည်ရင်း NLD ပါတီကိုတောင် ၂၀၀၈ အခြေခံဥပဒေ အရ မှတ်ပုံတင်လိုက်ရပါတယ်။




(၈) တရားမျှတခြင်း ဒီတချက်က ပိုပြီး မြင်သာတယ်လို့တောင် ထင်ပါတယ်။... လူအချင်းချင်း မျှမျှ တတ မဆက်ဆံပါဘူး.. ဥပမာ ကိုယ်တိုင်က ခုံပေါ်ထိုင်ပြီး ဘုန်းကံရှိတဲ့ ယောင်္ကျားတွေ အောက်မှာ ထိုင်နေတာကို လက်ခံနေတာမျိုးပေါ့။ တရားမျှတခြင်း (၀၅) မရှိပါဘူး။



(၉) စိတ်ဓာတ်ကြံ့ခိုင်ခြင်း အားလုံးသိတဲ့အတိုင်းဗျာ ဦးအောင်ကြည်နဲ့ သုံးကြိမ် တွေ့အပြီးမှာ NLD ကို မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ စိတ်ဓာတ်ကို သက်သက်မှတ်မှတ်နဲ့ တစ်ခုထဲမှာ ကြံ့ကြံ့ခိုင်အောင် ထားနိုင်စွမ်းမရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာလည်း ပါပါတယ်။ ဒီတော့ ဒီတချက်လည်း (၀%) ဗျာ။


ဦးအောင်ကြည်ရဲ့ ပထမ ရိုက်ချက် (၂၀၁၁ ဂျူလိုင် ၂၅)

လိမ်မာတော့ အသက်လည်းကြီးပြီ... အမြင်မှန်ရတော့


ဦးအောင်ကြည်ရဲ့ ပထမရိုက်ချက်အပြီး မျက်နှာသေ နဲ့ ဒေါ်စု


ဦးအောင်ကြည်ရဲ့ ပထမ ရိုက်ချက်ကို မရှုမလှ ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် မျက်နှာ
.....


နှစ်ပတ်ခန့် ကြာသော်......



ဦးအောင်ကြည်ရဲ့ ဒုတိယ ရိုက်ချက်


မသိတဲ့လူကို သိတဲ့လူက ပြောရင် နားထောင်ရတယ်...
လမ်းမှားကို ဆက်မလျှောက်နဲ့


ဦးအောင်ကြည်ရဲ့ ဒုတိယ ရိုက်ချက် ဒဏ်ကို ခံလိုက်ရတဲ့ ဒေါ်စု မျက်နှာ
.....


တစ်လခန့်ကြာသော်...


ဦးအောင်ကြည်ရဲ့ တတိယ ရိုက်ချက် (၂၀၁၁ စက်တင်ဘာလ ၃၀)


တော်တော် ဒုံးဝေးတာပဲ
ဦးနောက်မရှိဘူးလား.. ဒီလောက်ပြောနေတာကို နားမလည်နိုင်ဘူး...


ဦးအောင်ကြည်ရဲ့ တတိယ ရိုက်ချက် အပြီး ဒေါ်စု မျက်နှာ နဲနဲပြောင်းလဲလာ
.....

တစ်လ လခန့်ကြာသော်........


ဦးအောင်ကြည်ရဲ့ စတုတ္ထရိုက်ချက် (၂၀၁၁ အောက်တိုဘာ ၃၀)


အာ... စကောလောက်မှ စောက်မနက်တဲ့ဟာ
ဖြုတ်ဦးနောက်လောက်တောင် အသိဥာဏ် မရှိဘူးလားဟ...
လမ်းမှားကို ဆက်မလျှောက်နဲ့တော..ဟ...


ဦးအောင်ကြည် စတုတ္ထမြောက်ရိုက်ချက်နဲ့ ကျင်းဝင်သွားပါပြီ... ဒေါ်စုမျက်နှာကိုသာ ကြည့်ပါ
.......



ဦးအောင်ကြည်ရဲ့ စတုတ္ထရိုက်ချက်အပြီး NLD ကို မှတ်ပုံတင်ဖို့ နေပြည်တော်ကို ပြေးကြပြီ


NLD လမ်းမှန်ပေါ်ကို ရောက်လာပါပြီ




(၁၀) တည်ကြည်ဖြောင့်မတ်ခြင်း နည်းနည်းချွင်းချက်ဗျာ။ ကိုယ်ကျင့်သိက္ခာနဲ့နည်းနည်းဆက်စပ်သလားလို့။ ဒါတော့မပြောတော့ဘူး။

(၁၁) အရွယ်ရောက်ခြင်း သူတစ်ပါးကို လွှမ်းမိုးတယ်ဆိုတဲ့အထဲမှာ ဒါကတော့ ဒီမိုကရေစီနိုင်ငံမှာ ဒီအချက်က အချက်တစ်ချက်အနေနဲ့ပါဝင်တယ်။ အရွယ်လွန်နေသူ တစ်ယောက်ကတော့ သြဇာ အလိုလို ကျလာတာပါပဲ။ ခက်တာက အသက် ၄၃ နှစ် အတွင်း အရွယ်ကောင်းချိန်မှာ မိုက်ကယ်အဲရစ် နဲ့ပဲ သာယာ နေတော့ အခုချိန်မှာ အရွယ်လွန်ရပြီပေါ့ဗျာ။ ဒီတချက်လည်း (၀%)ဗျာ။


(၁၂) ဥစ္စာဓနကြွယ်ဝခြင်း ဒါ လည်း အားလုံး မြင်တဲ့ အတိုင်းပါပဲ.. ဒေါ်အောင်ဆန်းစုကြည်မှာ မိဘ ဘိုးဘွားပိုင် အမွေ ဆိုတာလည်း အိမ်တလုံးကလွဲပြီး မရှိသလို ကိုယ်တိုင် ဝင်ငွေရတဲ့ အလုပ်လုပ်နေတာလည်း မတွေ့ရပါဘူး။ အနောက်နိုင်ငံတွေ အကြိုက်လိုက်ပြောပြီး ပေးစာ ကမ်းစာ စားနေရသူပါ။ ဒီတချက်လည်း (၀%) ပါပဲ။


(၁၃) မျိုးရိုးမြင့်မြတ်ခြင်း
ဟိုးအရင် ရှင်ဘုရင်ခေတ်တွေတုန်းကတော့ ဒါက အဓိကအချက်ပေါ့ဗျာ (ခု မြောက်ကိုရီးယားခေါင်းဆောင်လိုပေါ့ဗျာ)။ အခုဒီမိုကရေစီက ဒါနဲ့လုံးဝမဆိုင်၊ မဆိုင်ပါ။ ပါချင်သပဆိုလည်း အများပြည်သူများ၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဗျာ။ ဒါပေမယ့် နောက်မျိုးဆက် ကို ကြည့်ရင်တော့ မြန်မာ စစ်စစ်တွေ မဟုတ်တော့ပါဘူး။ နောက်မျိုးဆက်တင် မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုာကည်ကိုယ်တိုင်က နိုင်ငံခြားသားကို ယူခဲ့တာ ပါ။ ဒါကြောင့် မြင့်မြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးရိုးဟာ အဲဒီမှာပဲ ဆုံးသွားပါတယ်။ (ဦးအောင်ဆန်းဦး ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ချွေးမ က မြန်မာနိုင်ငံသူ ဖြစ်နေလို့ပါ။ (၀%) ဗျာ။

ဒီလောက်ဆို မိတ်ဆွေတို့ ဘယ်အတန်းစားထဲမှာ ဘယ်အချက်နဲ့ လက်မခံနိုင်လည်း ဆိုတာကို သိကြလောက်ပါပြီ။ ဒီလို သူတပါးပါးကို သြဇာလွှမ်းမိုးစေတဲ့ အချက်တွေထဲက တစ်ခု မှ မပြည့်စုံတဲ့ လူကို လူကြိုက်များတယ်ဆိုတာ အငြိမ့်မင်းသမီး တစ်ယောက်ကို (ဒါမှမဟုတ်) အပြောကောင်းတဲ့ ကွက်စိပ် ဆရာတယောက်ကို လူကြိုက်များတာနဲ့ အတူတူပါပဲ။ အငြိမ့်မင်းသမီး နဲ့ ကွက်စိပ် ဆရာ ဆိုတာ နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျွန်တော့် ခေါင်းဆောင် မဟုတ်တာတော့ သေချာပါတယ်။


Myanmar Express

9 comments:

ဒေါ်အောင်ဆန်းစုကြည်မှာ မိဘ ဘိုးဘွားပိုင် အမွေ ဆိုတာလည်း အိမ်တလုံးကလွဲပြီး မရှိသလို ကိုယ်တိုင် ဝင်ငွေရတဲ့ အလုပ်လုပ်နေတာလည်း မတွေ့ရပါဘူး။ အနောက်နိုင်ငံတွေ အကြိုက်လိုက်ပြောပြီး ပေးစာ ကမ်းစာ စားနေရသူပါ။ ဒီတချက်လည်း (၀%) ပါပဲ။ ... မှန်လိုက်လေခြင်း ...

အဲဒီ အိမ်လေးတောင် အစ်ကို ဖြစ်သူနဲ့ လုနေကြသေး...တစ်ယောက် တစ်ဝက်ယူပေါ့...

I personally vote to DASSK because this is democracy. I can vote the person I like.

မည်သို့ပင်ဆိုစေကာမူ ဒေါ်စုကြည်ကို အကြွင်းမဲ့ ယုံကြည်ချင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ကိုချစ်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာပြည်ကိုချစ်သော မြန်မာလူမျိုးများ သတိပြုစေချင်ပါသည်။

နံပါတ(၁)်အချက်ကို ထောက်ခံတယ် (ဂျီးတော်စုဟာ နိုင်ငံရေးမလုပ်တတ်
ဘူးလို့ ပြည်တွင်းပြည်ပက စည်းပွားရေးသမားတွေက ယုံကြည်ကြတယ်)
နံပါတ်(၅)အချက် (သူကအောက်စဖို့ကသာဘွဲ့ရတာ ဆင်ခြင်တုံတရားတော့
မရှိဘူး)
နံပါတ်(၆)အချက်(ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊မဲဆန္ဒနယ်က
ကရင်လူမျိုးဒေးဗစ်လှမြင့်နဲ့ ဖောက်ပြန်တာ အရင်စစ်ထောက်လှမ်းရေး
ရော ကရင်အသိုင်းဝိုင်းရော သူ့ခြံထဲကသူတွေရော သိတယ် ။
ဒါပေမဲ့ ရေငုံနှုတ်ပိတ်နေကြတာ ။
နံပါတ်(၇)အချက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဆိုက်ဝါးထဲမှာ နှစ်ပေါင်း
အတော်ကြာအောင်မြောခဲ့ရတယ် ။ NLD မှတ်ပုံပြန်တင်တဲ့
၂၅ နိုဝင်ဘာ ၂၀၁၁ နေ့ဟာ ဗိုလ်ချုပ်ကြီးသူရတင်ဦး အပါအဝင်
ဒေါ်အောင်ဆန်းစုကြည်တို့ လူတစ်သိုက်ဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်
အမေရိကန်နှင့်လူမိုက်တစ်သိုက်တို့ ထောက်ပံ့မှုရတာတောင်
စစ်အာဏာရှင်အစိုးရကို နိုင်ငံရေးနည်းနှင့်နိုင်အောင်မတိုက်နိုင်တာ
ဝန်ခံရတဲ့နေ့ဖြစ်ပါတယ် ။
နံပါတ်(၉)အချက်ကိုထောက်ခံတာကတော့ (ဦးအောင်ကြည်
ဘာကောင်လည်းဆိုတာ သူရေးထားတဲ့စာအုပ်တွေကို ဖတ်ကြည့်
ရင်သိနိုင်ပါတယ် ။ ပြည်တွင်းက နိုင်ငံရေးသမားပေါက်စနတွေ
မပြောနဲ့ အောက်စဖို့ကဘွဲ့ရပါတယ်ဆိုတဲ့ ဂျီးဒေါ်စုတောင် ပြာသွား
တယ် ။ အုပ်ချုပ်ရေးပိုင်း၊စီမံခံခွဲမှုအပိုင်းမှာ ဦးအောင်ကြည်ကို
ဒေါ်စုလုံးဝမမှီပါ ။ နိုင်ငံတကာက မြှောက်ပေးထားလို့ပါ ။
နံပါတ်(၁၁)အချက်ကတော့(အရွယ်ရောက်တာနဲ့ ဂျီးတော်စု
တိုင်းပြည်နှင့်လူမျိုးအတွက်ဘာမှ မလုပ်ဘူးပါ၊ ဗိုလ်ချုပ်ကို သတ်ခဲ့
တဲ့ အင်္ဂလိပ်-ီးကို ပြေးစုပ်တော့တာပါပဲ အားတော့နာပါတယ်
မပြောမဖြစ်လို့ပြောရတာပါ )

I agree I cannot vote NLD

အခုလိုသိခွင့်ရတာ ကျေးဇူးတင်ပါတယ် Myanmar Express.

ဟုတ်တယ် ဘာမှအထင်ကြီးစရာမရှိတာ ဒါပေမဲ့ လောကမှာ မြင်တဲ့လူထက်မမြင်တဲ့လူကများတယ် ဆိုတဲ့ ပညာရှိဦးပေါ်ဦးစကားလိုပေါ့ကွယ်.. ခုလဲ အကန်းတွေကပိုများနေတယ်

အော်...လိုသလို ဆွဲရေတာပဲ ဒီထက်ဆိုအောင် ရေးပြရမလား...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်