Subscribe to our RSS Feed

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ (Communist Youth League of China) ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ် ပါတီလူငယ်အဖွဲ့ (Communist Youth League of China) ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng ခေါင်းဆောင်သည့်အဖွဲ့ဝင် (၅) ဦးပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့ ၂၀၁၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့ အထိ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ (Communist Youth League of China) ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng ခေါင်းဆောင်သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်

အဆိုပါချစ်ကြည်ရေးလူငယ်အဖွဲ့သည် မတ်လ(၁၅)ရက် နေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ် သို့ မြန်မာ့ လေကြောင်းခရီးစဉ်ဖြင့် ရောက် ရှိလာရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပါတီဝင်များက နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ (Communist Youth League of China) ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng အား အမှတ်တရလက်ဆောင်ပေးအပ်စဉ်

ထို့နောက် တရုတ်ချစ်ကြည်ရေး လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်း (၄)နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံးသို့ သွားရောက်ပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ဂါဝရပြုတွေ့ ဆုံသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ (Communist Youth League of China) ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng တို့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးစဉ်

တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဆွေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး၊ တရုတ်ကွန်မြူ နစ်ပါတီလူငယ်အဖွဲ့ဒုတိယဥက္ကဋ္ဌ Mr.Lu Youngzheng Deputy Director General Mr. Jis Bo ချစ်ကြည်ရေးလူငယ်ကိုယ်စားလှယ် အဖွဲ့ဝင်များဖြစ်ကြသော Mr. Chan Zhigang, Mr. Sun Yanhua, Ms.Yuan Li, Mr.Tang Hao တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် တရုတ်ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng တို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီအကြား ရှိပြီးဖြစ်သော ချစ်ကြည်ရေးရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်သွားကြရေးတို့အား ခင်မင်ရင်းနှီးစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက တရုတ်ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်း များပေးအပ်ပြီး တက်ရောက်လာသောအဖွဲ့ဝင်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးသည်။

ညပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးသည် တရုတ် ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Lu Youngzheng ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ် စားလှယ်အဖွဲ့အား နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်