ပြင်သစ်သမ္မတ နီကိုလပ်ဆာကိုဇီ (၅၇နှစ်)သည် ဧပြီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပြန်လည်အရွေးခံရန် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘတ်စကွေး ဒေသ၌ မဲဆွယ်ပွဲပြုလုပ်နေစဉ် ဆန္ဒပြသူ လူအုပ်ကြီးက ဝိုင်းရိုက်မည်ပြုသောကြောင့် အလျင်အမြန် ဝှက်ခဲ့ရကြောင်း DMသတင်းဌာနက မတ်လ၃ရက်နေ့တွင် ဖော်ပြသည်။ ဘတ်စကွေးဒေသ ဘေယွန်နီမြို့တွင် အရပ် ငါးပေ ငါးလက်မသာရှိသော သမ္မတထံသို့ ကြက်ဥများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး သမ္မတသည် ဒေါသထွက်နေသော လူအုပ်များအကြား၌ စိစိညက်ညက် ကြေသွားမည်ကဲ့သို့ ဖြစ်ခဲ့ရသည်။ သူ၏ လုံခြုံရေး ဝန်ထမ်းများသည် သမ္မတအား အလျင်အမြန်ကာကွယ်ကာ အရက်ဆိုင် တစ်ခုအတွင်းသို့ အလျင်အမြန် ခေါ်ဆောင်ကာ ဝှက်ထားခဲ့ရသည်။ အဓိကရုဏ်း နှိမ်နှင်းရေးရဲများက ဆန္ဒပြသူများအား ရှင်းလင်းနေစဉ်အတွင်း ပြင်သစ် သမ္မတသည် အရက်ဆိုင်၌ထိုင်ကာ တစ်နာရီကျော် ကြာအောင် ကော်ဖီသောက်နေ ခဲ့ရကြောင်း သိရသည်။
Myanmar Express
1 comments:
Is that true democracy? ...that the western country says us
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်