Subscribe to our RSS Feed

အိမ်ရှင်မတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ

လူရယ်လို့ဖြစ်လာကြရင် ကိုယ်ပိုင်ယုံကြည်မူဆိုတာ တစ်ယောက်တစ်မျိုးစီရှိကြပါတယ်။
နိုင်ငံကို အုပ်ချုပ်ချင်နေတဲ့သူက ဟိုဘာသာလိုလို ဒီဘာသာလိုလို နဲ့ ဖြစ်နေတာတွေ တွေ့
ရတာဟာလည်း စိတ်ပျက်စရာ ကောင်းပါတယ်။ဘယ်ဘာသာဘဲ ကိုးကွယ် တစ်သမတ်ထဲ
တစ်ဘာသာဘဲ ရှိသင့်ပါတယ်။လူပြောများမှ ပုတ်ခတ်ဝေဖန်မူတွေ များပြီးမှ
ပုဝါခြုံပြီး ဘုရားကျောင်း တက်တာတွေဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။ကိုယ့်ဘယ်ဘာသာကု
ကိုးကွယ်လည်းဆိုတာတောင် ထုတ်ဖော်ပြသဖို့ ကြောက်နေတဲ့စိတ်ဓာတ်ကြီးနဲ့ ဘယ်လို
အုပ်ချုပ်ချင်တာလဲလို့ မေးချင်လာမိတယ်။နိုင်ငံကို အုပ်ချုပ်ချင်နေတဲ့ သူဟာ စကားပြောဆို
တဲ့ အခါမှာလည်း လိမ္မာပါးနပ်စွာ ပြောဆိုတတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။အရင်ကဒီလိုတွေ ပြောပြီး
နောက်ကျတော့တစ်မျိုးပြောတာတွေ မဖြစ်သင့်ပါဘူး။အရင်က တပ်မတော်ကို အသေအလဲ မုန်းတီးနေပြီး
မဲရချင်တော့မှ တပ်မတော်သားတွေကို မဲဆွယ်ဟောပြောတာတွေဟာ ဘာကိုဆိုလိုချင်တာလည်းဆိုတာ
 ကိုယ်ကိုတိုင်မှ သိရဲ့လား?သိရဲ့သားနဲ့တမင်သက်သက်လုပ်တာလားဆိုတာကိုတော့ ပြောတဲ့သူဘဲ သိမယ်လို့
ထင်ပါတယ်။အခုပြောဆိုနေတာတွေက တပ်မတော်ဘက်ကနေပါပြီး ပြောဆိုနေတာမဟုတ်ဘဲ ပြည်သူတစ်ယောက်အနေနဲ့
(အိမ်ရှင်မတစ်ယောက်) ရင်ထဲမှာ ခံစားမိတာတွေကို ရင်ဖွင့်နေတာပါ။ကျွန်မတို့ အဖိုးအဖွားတွေလက်ထက်ထဲကစပြီး
မြန်မာ့တပ်မတော်ဆိုတာ ရှိနေတာ အခုထိပါဘဲ။ဘာပဲဖြစ်ဖြစ် တပ်မတော်ကို တစ်ခုခုဖြစ်ရင် ဝေဖန်ပြောဆိုနေတာ
မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။နောက်ပြီး ကိုယ်လုပ်မယ့် ကိစ္စကို ပြီးမြောက်အောင်မြင်အောင်မလုပ်ဘဲ ဘေးကပါတီတွေကို
ပုတ်ခတ်ပြောဆိုနေတာတွေဟာ လူကြီး လူကောင်းတွေရဲ့ လုပ်ရပ် မဖြစ်သင့်ပါဘူး။ကိုယ့်နိုင်ငံကြီး တိုးတက်ကောင်းစားဖို့
လုပ်သင့်တာလုပ်နေတာကို ဟိုလူကိုဝေဖန်လိုက် ဒီလူကိုပြောဆိုလိုက်မလုပ်ဘဲ နိုင်ငံကောင်းစားဖို့ လုပ်သင့်နေပါပြီ။
နို်င်ငံတော်ကို အုပ်ချုပ်မယ့်သူတွေဟာ-
(၁) မိမိကိုယ်ကျိုးကိုမကြည့်ဘဲ ပြည်သူလူထုအတွက် ကြည့်တဲ့သူ ဖြစ်စေချင်ပါတယ်။
(၂) ကိုယ်ကျင့်တရားကောင်းမယ့်သူ ဖြစ်သင့်ပါတယ်။
(၃) ကိုယ်ယုံကြည်တဲ့ ဘာသာတရားတစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တဲ့သူဖြစ်စေချင်ပါတယ်။
(၄) အောက်ကမြှောက်ပေးတိုင်း လုပ်တဲ့သူ မဖြစ်စေချင်ပါဘူး။
(၅) မြန်မာနိုင်ငံသားစစ်ဖြစ်ပြီး  တိုင်းတစ်ပါးသွေးမရောတဲ့ သွေးသန့်တဲ့ လူမျိုးကို လိုချင်ပါတယ်။
(၆) ပြည်သူလူထုက ချစ်ခင်တင်မြှောက် ထားတဲ့သူဖြစ်ဖို့လည်း လိုပါတယ်။
(၇) ကိုယ့်နိုင်ငံကို ရောင်းစားကျွန်ပြုမယ့်သူ မဖြစ်သင့်ပါဘူး။
(၈) နာမည်ပျက်ရှိတဲ့သူကို နိုင်ငံမအုပ်ချုပ်စေချင်တာလည်း ပြည်သူတွေရဲ့ စိတ်ထားပါဘဲ။
(၉) ပြည်သူကို ပါးစပ်ကချစ်ပြီး ရင်ထဲက အနှစ်သာရမရှိတဲ့ စကားတွေ ပြောနေသူလည်း မဖြစ်သင့်ပါဘူး။
(၁၀) ပါးစပ်ကနေတ ဖွဖွ ပြောနေတော့ပြည်သူတဲ့၊ဘာမှတန်ဖိုးမရှိတဲ့ အန်တီစုပုံကြီးကို လေလံပစ်ရောင်းတာလည်း မလုပ်
      သင့်ပါဘူး။
(၁၁)  တရားဥပဒေဆိုတာ ကို ဦးစားပေးမယ် ပြောဆိုနေပြီး စည်းမရှိ ကမ်းမရှိ ထင်ရာစိုင်းလုပ်နေတာလည်း မဖြစ်သင့်ပါဘူး။
(၁၂) ကိုယ့်မြန်မာနိုင်ငံကြီး ကို ကျွန်ပြု ဖျက်ဆီးပြီး တိုင်းတစ်ပါးအလိုကျ ကပြအသုံးတော်ခံမယ့် သူကိုလုံးဝ လက်မခံနိုင်ပါဘူး။
ဒီလောက်ဆိုရင် ကျွန်မတို့လို ဘာပါတီ၊ဘာနိုင်ငံရေးမှမလုပ်တဲ့ သူတွေရဲ့ စိတ်ထားတွေကို သိလောက်ပြီ
လို့ထင်ပါတယ်။တပ်မတော်ကိုထောက်ခံတဲ့သူ၊ပါတီတွေကို ထောက်ခံတဲ့သူတွေ ရှိသလို ကျွန်မတို့လိုကြားနေသူတွေ
အများကြီးရှိတယ်ဆိုတာလည်း မချန်ထားပါနဲ့အုံးလို့ပြောချင်ပါတယ်။ဘယ်သူ့ကိုမှ ပုတ်ခတ်ဝေဖန်မပြဘဲ လက်တွေ့ကြကြဖြစ်နိုင်
လုပ်နိုင်တဲ့ ဒီမိုကရေစီကို လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ကိုယ်လုပ်မယ့် အလုပ်ဟာ မှားလား မှန်လား ဝေဖန် မဆုံးဖြတ်တတ်တဲ့သူတွေ
အုပ်ချူပ်မယ်ဆိုရင် လုံးဝ လက်မခံနိုင်ပါဘူးရှင်။

Myanmar Express 

4 comments:

Lady, we can judge you by reading your writing.regardless of some people's emotions and worry , the real disire of people will be clearly shown by coming by-elections and if, it is free and fair as it supposed to be, we will see. We can not know if the housewife you claimed to be really existed in the real world but you know yourself very well. Now you still have time and can live peacefully as there is so many hours left for by-elections to come.I just wish you might have courage to accept the reality when time comes....

- ကဲ .. ဒေါ်စု ရေ ... နားထောင်လိုက်ပါအုံး ....
- ဖတ်ဖြစ်အောင်ဖတ်လိုက်ပါအုံး ....

LIKE . WE ARE NORMAL CIVILIANS WITHOUT ANY PARTY COLOR . THIS ARTICLE IS FAIR AND RIGHT . WE DISLIKE DAW SUU KYI . SHE'S NOT DESERVE AS A LEADER OF A POLITICAL PARTY ..

တစ်ရက်မှာ ကျနော့် ညီမငယ်လေး အောင်ဆန်းစုကြည် ဟာ နယ်ချဲ့နံ့  သိပ်မပျယ်ရှာသေးတဲ့ ကုလာဖြူ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို ကျနော် မယုံကြည်နိုင်စွာ ကြားခဲ့ရပြီး အလွန့်အလွန် ကြေကွဲရပါတော့တယ်။

အဘိုးဖြစ်တဲ့ ဗိုလ်လရောင်ရဲ့ ပုံရိပ်ရယ် သေနတ်ဒဏ်ရာ ပရပွနဲ့ လုပ်ကြံခံလိုက်ရတဲ့ ဖေဖေ့ရုပ်ပုံရယ် ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ ယူနီယံဂျက်အလံရယ် စာပွဲပေါ်က ယောက်ဖတော်ရမဲ့ ကုလာဖြူကောင်ရယ် ဖေဖေ့ ဈာပနမှာ မျက်ရည်တွေခခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေရယ် နောင်ဖြစ်လာမဲ့ အနာဂါတ်မှာ ရှိလာတော့မဲ့ ဖေဖေ့မြေး ကုလားဖြူသွေးလေးတွေ အားလုံး အားလုံးကို တွေးမြင်နေရင်းနဲ့ ကျနော်ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် အဲဒီအချိန်က ချခဲ့ရပါတယ်။

ကျနော်တို့ အဘိုးတွေ အဘွားတွေ ထုဆစ်တည်ဆောက်ခဲ့တဲ့ အနာဂါတ် မျိုးဆက်ကို စောင့်ထိမ်းဘို့တာဝန်ကို မစောင့်ထိန်းဘဲ ပျက်ကွက်ခဲ့တဲ့ ညီမလေး အောင်ဆန်းစုကြည်ကို ကျနော့်ရဲ့မိသားစုဝင်အဖြစ်ကနေ ထာဝရ ထုတ်ပါယ်လိုက်တဲ့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်တစ်ချိန်မှာ ကျနော့်အတွက် နောင်တရဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်သေသေချာချာ သိနေခဲ့ပါတယ်။

ဒီထက်ပိုပြီး ဖြစ်သင့်ခဲ့တာက အဲဒီအချိန်မှာ ဖေဖေ့ကို ချစ်ကြပါတယ်ဆိုတဲ့ ပြည်သူလူထုကြီးရဲ့ နှလုံးသားထဲကပါ ညီမလေး အောင်ဆန်းစုကြည်ကို ထုတ်ပါယ်ခဲ့သင့်တာပါဘဲ။

အောင်ဆန်းဦး (ခေတ္တ ရန်ကုန် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်