Subscribe to our RSS Feed

သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ပြင်သစ် စစ်သည် ၃ ဦး သေဆုံး

From : MRTV-4

ပဲရစ်။ ။ ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ Montauban မြို့ အနီးရှိ စစ်စခန်း တစ်ခုတွင် အမည်မသိ သေနတ်သမား တစ်ဦးမှ စစ်သည် နှစ်ဦးကို

သတ်ဖြတ် လိုက်ပြီးနောက် တတိယမြောက် စစ်သည်ကိုလည်း သတ်ဖြတ်လိုက်ကြောင်း သိရသည်။ အဆိုပါ တတိယမြောက် စစ်သည်မှာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ပြီး တစ်ခါတည်း သေဆုံးခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါ စစ်သည် သုံးဦးမှာ ဘဏ်ရှေ့ရှိ ATM ငွေထုတ်စက်မှ ငွေထုတ်နေစဉ် အတွင်း သေနတ်သမား တစ်ဦးမှာ စကူတာ မော်တော်ဆိုင်ကယ်ဖြင့် နောက်မှ ရောက်ရှိ လာခြင်း ဖြစ်ကာ ပစ်ခတ် သွားခဲ့ခြင်း ဖြစ်သည်။ ယင်း အနက်ရောင် စကူတာ ဆိုင်ကယ်ကို စီးနင်းသူအား အပူတပြင်း ရှာဖွေနေကြောင်းလည်း BFMTV သတင်းတွင် ဖော်ပြခဲ့သည်။ ယင်းပစ်ခတ်မှုမှာ အမှတ် ၁၇ လေထီးတပ် ရှိရာ နေရာနှင့် မဝေးသည့် လမ်းတစ်ခုတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောသည်။

source : xinhuanews


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်