Subscribe to our RSS Feed

လာမည့် ဘဏ္ဍာနှစ် အတွက် ကျန်းမာရေး ရန်ပုံငွေအား လေးဆ တိုးမြှင့်ချ ထားပေးရန် ရှိ

From : MRTV-4

လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော် ကနေ ကျန်းမာရေး ကဏ္ဍ အတွက် ရန်ပုံငွေကို လေးဆ တိုးမြှင့်ပေးမှာ ဖြစ်လို့ ကမ္ဘာ့ တီဘီရောဂါ

တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ သ၀ဏ်လွှာ အရ သိရပါတယ်။ အဲ့ဒီ ရန်ပုံငွေမှာ တီဘီရောဂါနဲ့ ပတ်သက်ပြီး တီဘီ လူနာများကို ရှာဖွေပြီး ပျောက်ကင်း အောင် ကုသပေး နိုင်ဖို့အတွက် ပိုမိုတိုးမြှင့် လုပ်ဆောင် သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ တီဘီရောဂါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၄ နှစ် ၀န်းကျင်က ကျန်းမာရေး ၀န်ကြီး ဌာနကနေ တီဘီရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေကို ကျပ်သန်းပေါင်း ၁၄ သန်းသာ ခွဲဝေထား ရာက အခု ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် မှာတော့ ကျပ်သန်းပေါင်း ၆၀၀ ကျော်အထိ တိုးမြှင့်ချထား ပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ တီဘီရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာမှာ အခု ဘဏ္ဍာနှစ် မှာလည်း ကျန်းမာရေး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တီဘီရောဂါ လူနာ တွေကို ရောဂါ ရှာဖွေကာ ပျောက်ကင်းအောင် ကုသမှု တွေကို စနစ်တကျ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီ အများဆုံး ဖြစ်ပွားမှု ၂၂ နိုင်ငံထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက်လည်း ကမ္ဘာ့တီဘီ ရောဂါ တိုက်ဖျက် ရေးနေ့ ဆောင်ပုဒ် ဖြစ်တဲ့ တစ်သက်တာ တီဘီ ကင်းဝေးရေး၊ အားလုံး ပါဝင် ဆောင်ရွက်ပေး ဆိုတဲ့ သတ်မှတ်ချက် အရ လုပ်ငန်းစဉ် ၁၀ ရပ် ချမှတ်ကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်