Subscribe to our RSS Feed

အပြောနဲ့မဟုတ်ဘဲ ပြည်သူကို လက်တွေ့အကျိုးပြုမယ့် ပြည်ခိုင်ဖြိုးပါတီ

ပြည်သူအကျိုးပြုမယ့် ပြည်ခိုင်ဖြိုးပါတီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေအတွင်းေ၇းမူး ဦးဌေးဦးမှ ပြည်တွင်းသတင်းထောက်များအားပြောကြားခဲ့ပုံကို MEG သတင်းထောက်တစ်ဦးမှ မှတ်တမ်းတင်ခဲ့သည်။အထွေထွေအတွင်းရေးမူး ဦးဌေးဦးပြောကြားခဲ့ပုံမှာ- "ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ရည်မှန်းချက်မှာ နိုင်ငံတော်နှင့် ပြည်သူများအားလုံး၏ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခံစားနိုင် ရေးဖြစ်ပါတယ်။ ပါတီရဲ့ ရည်မှန်းချက် အတိုင်း ပြည်သူများ တည်ငြိမ်အေးချမ်း မှုရရှိခံစားနိုင်ရေးနဲ့ ပြည်သူ များအကျိုး ရှိစေသော လိုအပ်ချက်တွေကို တတ်စွမ်း သရွေ့ ပါဝင်ဖြည့် ဆည်းဆောင်ရွက်ပေး နေပါတယ်။ ဒီဆောင်ရွက်နေမှုတွေက ကြားဖြတ် ရွေးချယ်မယ့် ၄၈ နေရာ မှာသာ ဆောင်ရွက်နေတာမဟုတ်ဘဲ ကျန်တဲ့ နေရာတွေမှာလည်း ဆောင်ရွက်နေပါ တယ်။ မိမိတို့ပါတီအနေနဲ့ အကျိုး ပြု လုပ်ငန်းတွေကို ယခင်ကလည်း ဆောင် ရွက်ခဲ့ပြီး ယခုလည်း ဆောင် ရွက်လျက်ရှိ ပါတယ်။ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေ ကျန်ရှိနေပါက အခြေအနေပေးတာနဲ့ ပြီးပြတ် အောင် ဆောင်ရွက်ပေးပါမယ်လို့ အာမခံပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့ ဆောင် ရွက်မှုတွေကို ပြည်သူတွေ သိရှိကြပြီးဖြစ် ပေမယ့် လက်တွေ့ဆောင်ရွက်ခြင်းမရှိ သူတွေရဲ့ ပြောကြားချက်တွေအပေါ် မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ရန်သာ မိမိလုပ်ဆောင်ချက်တွေနဲ့ ယှဉ်တွဲပြီး ရှင်းလင်းအသိပေးမှု ပြုလုပ်ပါတယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း အကျိုးရှိစေ မိမိတို့ရဲ့လက်တွေ့ လုပ်ဆောင် ခဲ့မှုတွေ အတွက် ပြည်သူတွေ က ကျေနပ်အားရမှုရှိသကဲ့သို့ မိမိတို့ အနေနဲ့လည်း ၀မ်းသာပီတိဖြစ်မိပါ တယ်။ ပြည်သူတွေ အကျိုး အတွက် လက် တွေ့ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ် တွေဖြစ်လို့ ပြည်သူတွေရဲ့ အားပေးမှု၊ လွတ်လပ်မှုတွေအပေါ် ကျေနပ် အားရ မှု ရှိပါတယ်" ဟု ပြောကြားခဲ့သည်။ပြည်ခိုင်ဖြိုးပါတီ သည် အပြောဖြင့်သာမဟုတ်ဘဲ ယခုအချိန်ထိ မြန်မာနိုင်ငံသူ နိုင်ငံသား တို့၏ အကျိုး အတွက် လက်တွေ့ဆောင်ရွက်ပေးနေသည်မှာ အားလုံးမျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်