Subscribe to our RSS Feed

ကြားဖြတ် ရွေးကောက်ပွဲအတွက် အမေရိကန်နှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များ ရောက်ရှိ

From : ခေတ်လူငယ်


မြန်မာနိုင်င၏ ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများသာမက ပြည်ပနိုင်ငံများကပါ အထူးစိတ်ဝင်စားနေကြသည်။ ၂၀၁၀ ရွေးကောက်ပွဲထက်ပင် စိတ်ဝင်စားနေကြပါသည်။ အကြောင်းမှာ ယခင်ရွေးကောက်ပွဲ မဝင်ခဲ့သည့် NLD ပါတီက ရွေးကောက်ပွဲဝင်၍ ဖြစ်မည်ဟု ဆိုနေကြသည်။ မြန်မာအစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ပြည်ပနိုင်ငံများမှ ကြည့်ရှုလေ့လာရန် ခွင့်ပြုလိုက်သည်။ EU နိုင်ငံခြားဆက်ဆံရေး အကြီးအကဲရုံးက ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို စေလွှတ်မည်ဟု ကြေညာချက်ထုတ်လိုက်သည်။ အလားတူပင် အာဆီယံကိုယ်စားပြု ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကမူ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကလည်း ကိုယ်စားလှယ်အဖွဲ့များ ရောက်လာကြပြီး ဖြစ်သည်။ အမေရိကန်က စောင့်ကြည့်မည့်အဖွဲ့ ရောက်လာပြီဖြစ်သည်။ သို့သော် အမေရိကန်က ပြောသည်က ရွေးကောက်ပွဲကို စောင့်ကြည့်သည်ဆိုသည့် အဆင့်မှာ မရှိကြောင်း၊ ဘာကြောင့်လဲဆိုလျှင် မြန်မာအစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ပိုင်းအလိုမှာမှ ဖိတ်ခေါ်ခဲ့၍ ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေး အချက်တွေနှင့်အညီ စစ်ဆေးနိုင်မည် မဟုတ်၍ ဖြစ်သည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဧပြီ ၁ ရက် ရွေးကောက်ပွဲ ပြုလုပ်သည့် ကာလမှာ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံက ကိုယ်စားလှယ်များသည် မြန်မာပြည်သို့ စောင့်ကြည့်ရန် ရောက်နေကြကြောင်းသိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်