Subscribe to our RSS Feed

နော်ဝေရောက် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမေးမြန်းချက် ၁

From : dvb


ဥရောပခရီးစဉ် ၅ နိုင်ငံထဲကမှ ဘာကြောင့် နော်ဝေနိုင်ငံကို ပထမဆုံး ခရီးအနေနဲ့ ရွေးရသလဲဆိုတာ ရှင်းပြပေးပါ။

ဦးသိန်းစိန်
“ပထမနော်ဝေ၊ ဖင်လန်၊ ဩစတြီးယား၊ ဘရားဇီးနဲ့ နောက်ဆုံးက အီတလီ။ ဒီ ၅ နိုင်ငံမှာမှာ နော်ဝေကို ဘာလို့ပထမဆုံးခရီးစဉ်အဖြစ်ရွေးရလဲဆိုတော့ နော်ဝေနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့ ပတ်သက်ပြီး များစွာအကူအညီပေးခဲ့တဲ့ နိုင်ငံ။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ကိစ္စတွေ အင်းလေးကန်ထိန်းသိမ်းဖို့ ငွေကြေးစိုက်ထုတ်ပေးခဲ့တာတွေရှိတယ်။ နောက် ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး အကူအညီပေးတာတွေ ရှိပါတယ်။ နောက် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစင်တာ ဖွင့်ထားပါတယ်။ အလှူရှင်နိုင်ငံတွေ ရှာရာမှာလည်း နော်ဝေကနေ ကမကထလုပ် ဦးဆောင်ပြီးတော့မှ အလှူရှင်တွေရအောင် ၀ိုင်းဝန်းကြိုးပမ်းပေးတာတွေလည်း ရှိတယ်။ အထူးခြားဆုံးကတော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တင်ကျန်နေတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်ပြီးတော့ ပဲရစ်ကလပ်နိုင်ငံတွေနဲ့ ကျနော်တို့ဆီက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ လာရောက်တွေ့ဆုံတယ်။ ကြွေးမြီတွေ လျော်ရေးနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးကြတဲ့အခါ သူတို့ပေးနိုင်တဲ့ ရာခိုင်နှုန်းရယ် နောက်ထပ်ပေးဖို့လည်း သူတို့ဝန်လေးနေတာ တွေ့ရပါတယ်။ အဲအချိန်မှာ နော်ဝေနိုင်ငံက နေဦးဆောင်ပြီး ပထမဆုံး ၅၀ ရာခိုင်နှုန်း အရင်ဆုံးလျှော်ပေးတာအပြင် နောက်ထပ်တင်ရှိနေတဲ့အကြွေးထဲကနေ ၅၀ ရာခိုင်နှုန်း ရာနှုန်းပြည့်လျှော့လိုက်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေကလည်း လိုက်လံလျှော့ပေးတာတွေ့ရတယ်။”
မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရ သံရုံးတွေဖွင့်တော့မယ်။ သံရုံးတွေဖွင့်ဖို့အလားအလာရော ဘယ်လိုရှိပါလဲ။ ဘယ်တော့လောက်ဖွင့်နိုင်မယ်ထင်ပါလဲ။
“မြန်မာပြည်မှာ နော်ဝေသံရုံးဖွင့်ပြီးပြီ။ နော်ေ၀၀န်ကြီးချုပ်ပဲ ခရီးစဉ်တခုမှာ လာရောက်ဖွင့်ပေးသွားတယ်။ သို့သော် သံအမတ်ထားတဲ့အဆင့်မရောက်သေးဘူး။ သံအမတ်လည်း မကြာခင်ထားဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ အင်္ဂလန်သံအမတ်ကနေတဆင့် တာဝန်ယူနေရပါတယ်။ နော်ဝေနဲ့ဆက်စပ်နေတဲ့ ဒိန်းမတ်၊ ဖင်လန်နဲ့ ဆွီဒင်တို့ ဒီ ၄ နိုင်ငံ သံအမတ်ထားဖို့ကို နော်ဝေမှာထားမယ်လို့ စဉ်းစားနေတဲ့အဆင့်ဖြစ်တယ်။ သေချာဆုံးဖြတ်ချက် မချရသေးဘူး။”
နော်ဝေကုမ္ပဏီတွေ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ နော်ဝေကုမ္ပဏီတွေကို မြန်မာအစိုးရဘက်ကပဲ အထူးအခွင့်အရေးတွေပေးမလားဆိုတဲ့ စိုးရိမ်စိတ်၊ သံသယတွေရှိတယ်။ နော်ဝေကုမ္ပဏီတွေ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအလားအလာ ဘယ်လိုရှိပါလဲ။
“ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်လို့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ထွက်ပြီးဖြစ်တယ်။ နော်ဝေမှ အခွင့်အရေးတိုးပေးတယ်ဆိုတာမျိုး မရှိပါဘူး။ ဥပဒေနဲ့အညီ အားလုံးက တန်းတူပဲလုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။”
နောက် အခြေခံဥပဒေပိုင်းပြင်ဆင်ရေးကိစ္စမေးချင်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရပိုင်းကလည်းပြောတာ ကြားဖူးတယ်။ ၀န်ကြီး ဦးစိုးသိန်းဆိုလည်း အခြေခံဥပဒေပြင်သင့်တယ်ဆိုတာမျိုး ပြောဖူးတယ်။ အခြေခံဥပဒေပြင်ရေးနဲ့ပတ်သက်လို့  အစိုးရရဲ့ သဘောထားပေါ့။ အစိုးရက လွှတ်တော်ထဲအများဆုံးအနိုင်ရတဲ့ပါတီကလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထောက်ခံမှုမရှိဘဲ အခြေခံဥပဒေပြင်ဆင်ရေးမဖြစ်နိုင်ဘူးလို့ အများကမြင်နေကြတယ်။ ဒါနဲ့ပတ်သက်လို့ရော သမ္မတကြီး ဘယ်လိုရှင်းပြလို့ရမလဲ။
“အခြေခံဥပဒေပြင်ရေး မပြင်ရေးဟာ အစိုးရရဲ့အဆုံးအဖြတ်ပေါ် မူမတည်ပါဘူး။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ ဆန္ဒပေါ် မူတည်တယ်။ ကိုယ်စားလှယ်တွေကလည်း ပြည်သူကရွေးကောက်တင်မြှောက်ထားတာဆိုတော့ ပြည်သူ့ဆန္ဒပေါ်မူတည်ပါတယ်။ ပြင်ဖို့ မပြင်ဖို့နဲ့ပတ်သက်ပြီး အစိုးရဘက်က ဘာမှဝေဖန်ချက်ပေးစရာမရှိပါဘူး။ အများသဘောတူတယ်ဆိုရင်တော့ ကျနော်တို့ကလည်း သဘောတူရမှာပဲ။”
မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို နိုင်ငံတကာက အားပေးထောက်ခံတာတွေရှိတယ်။ တပြိုင်နက်တည်းမှာ ကချင်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ ပဋိပက္ခတွေ ဒါတွေကို ရေရှည်မှာ ဘယ်လိုမျိုးနည်းလမ်းတွေရှာပြီး ဆောင်ရွက်နေသလဲဆိုတာ ရှင်းပြပေးလို့ရမလား။
“အခုလက်ရှိ ငြိမ်းချမ်းရေးဆောင်ရွက်နေတယ်။ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိတယ်။ ၁၀ ဖွဲ့နဲ့ကတော့ အပစ်ခတ်ရပ်စဲရေးလုပ်ပြီးတော့ တချို့ကိစ္စတွေမှာ ဆွေးနွေးသဘောတူညီချက်ရထားတာတွေရှိတယ်။ ဥပမာ အဓိကကျတဲ့ ပြည်ထောင်စုထဲကခွဲမထွက်ဘဲနဲ့ တိုင်းရင်းသားအားလုံးဟာ ရာသက်ပန်အတူတကွနေထိုင်ကြမယ်ဆိုတဲ့ အချက်။ နောက် ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ။ ဒါတွေလည်း ညှိနှိုင်းရရှိပြီးဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရမှာတွေလည်း အများကြီးကျန်သေးတယ်။ အပစ်အခတ်ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ ပြောလို့မရဘူး။ အပစ်အခတ်ရပ်စဲရုံနဲ့ ရေရှည်ငြိမ်းချမ်းရေးရဖို့ဆိုတာ မလုံလောက်သေးဘူး။ နောက်ထပ်ဆွေးနွေးဖို့ ရှိသေးတယ်။ အဲအတွက်လည်း မကြာခင်မှာ မျှော်မှန်းထားတာတော့ နိုင်ငံရေးအရစကားပြောဖို့ရှိတယ်။ ဆွေးနွေးတဲ့အခါ အစိုးရကနေ တာဝန်ယူ ကမကထလုပ် ဆွေးနွေးတာမျိုး မဟုတ်ဘဲ လွှတ်တော်ကနေ သင့်တင့်တဲ့အဖွဲ့အစည်းတွေလည်းပါမယ်။ အစိုးရအဖွဲ့ကလည်းပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါမယ်။ လူထုလူတန်းစားအဖွဲ့အစည်းတွေလည်းပါမယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်းပါမယ်။ လူမျိုးစု ကိုယ်စားလှယ်တွေလည်းပါမယ်။ ဒီလိုအဖွဲ့ဖွဲ့ပြီးတော့ ဆက်ဆွေးနွေးသွားဖို့ အစီအစဉ်ရှိတယ်။”
အဲအစီအစဉ်ကိုရော လွှတ်တော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုရော ချပြဆွေးနွေးပြီးပြီလား။ စဉ်းစားချက်ပဲရှိသေးတာလား။
“ငြိမ်းချမ်းရေး အဆင့် ၃ ဆင့်နဲ့ ဆွေးနွေးမယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ အပစ်ခတ်ရပ်စဲရေးကိစ္စ အရင်လုပ်မယ်။ ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်အနေနဲ့ သူတို့နဲ့ ထိတွေ့မယ်။ သဘောတူနိုင်တဲ့အချက်လေးတွေ လက်မှတ်ထိုးထားမယ်။ တတိယအဆင့်ကတော့ လွှတ်တော်ကနေ တာဝန်ယူလုပ်ပေးဖို့ဆိုပြီး အစိုးရအနေနဲ့ အတိအလင်း ပြောထားပြီးသားဖြစ်တယ်။ အဖွဲ့အစည်းဖွဲ့တဲ့အခါမှာလည်း လွှတ်တော်ကိုပဲဖွဲ့ခိုင်းရမယ်။ လွှတ်တော်ကဖွဲ့ပေးပြီးမှ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ တိုင်းရင်းသားပေါင်းစုံ၊ ကိုယ်စားလှယ်ပေါင်းစုံရှိတယ်လေ။ လွှတ်တော်ကအတည်ပြုပြီး ဆောင်ရွက်သွားရမယ့် ကိစ္စလို့ သဘောထားပါတယ်။”

 www.MyanmarExpress.net
 

မအူပင်ခရိုင် မလက်တိုကျေးရွာ ပဠိပက္ခ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

From : ပြန်ကြားရေးဝန်ကြီးဌာန



ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအနီးရှိ အော့ချက် (ဒ်) ကုမ္မပဏီပိုင် ဧက ၅၅ဝရှိ ငါးမွေးမြူရေးကန် အနီး၌ ဒေသခံလူတစ်စုနှင့် လုံခြုံရေး တာဝန်ယူထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလောင်ကျေးရွာ အမက၌ ရွာသူရွာသား ၁၅ဝ ခန့်ကို တွေ့ဆုံပြီး ငါးကန် ပြုလုပ်ထားသည့် မြေများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အခြေအနေအရ လိုအပ်၍ ခရိုင်အုပ်ချုပ်ရေးမှူးက တားမြစ်မိန့် ပုဒ်မ(၁၄၄) ကို ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကန်ပေါင်ပေါ်တွင် ရောက်ရှိနေသည့် အင်အား ၁၅ဝ ခန့်ရှိ လူအုပ်စုနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသဖြင့် အဆိုပါ လူအုပ်စုမှာ ပြန်လည်ထွက်ခွာ သွားခဲ့ကြသည်။

သို့ရာတွင် ညနေ ၅ နာရီခွဲခန့်တွင် လူအင်အား ၁၅ဝ ခန့်သည် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ ပြန်လည် ရောက်ရှိလာကြသဖြင့် ကန်ပေါင်တွင် လုံခြုံရေးတာဝန် ယူထားသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက အေးချမ်းစွာ ပြောဆို၍ တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ် လူစုခွဲ သော်လည်း လူစုကွဲမသွားဘဲ ညနေ ၆ နာရီမှ ၆ နာရီ မိနစ် ၅၀ ခန့်အထိ ဆက်လက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်မှ အရာရှိနှစ်ဦး၊ အခြားအဆင့် ၂၈ ဦးနှင့် အရပ်သား ၁၅ ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆေးဝါးကုသမှုခံယူ

အဆိုပါ ဒဏ်ရာရရှိသူများ အနက်မှ ရဲတပ်သား ရဲကျော်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် မအူပင်မှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ကွယ်လွန်သွားခဲ့သည်။

အလားတူ အရပ်သား ၁၅ ဦးတို့သည် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများဖြင့် မအူပင်ဆေးရုံသို့ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီခွဲတွင် ရောက်ရှိလာခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တည်ငြိမ်မှုရှိ

ယခုအခါ အဆိုပါနယ်မြေတွင် တည်ငြိမ်မှု ရှိနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


 www.MyanmarExpress.net
 

တံတားဦး NLD ပြိုကွဲ၊ NLD အမတ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပါတီဝင် မဲဆန္ဒရှင်တစ်ထောင်ကျော် တောင်းဆို

From :7day

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို တာဝန်မှ ရုပ်သိမ်းပေးရန် ပါတီဝင်များ အပါအ၀င် မဲဆန္ဒရှင် ၁၂၀၀ ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ယင်းကိစ္စအား အရေးယူဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပေးရန် ကော်မရှင်က လွှတ်တော်သို့ တင်ပြဆောင်ရွက်ထား
ပြီးဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာပါတီသို့ အကြောင်းပြန်ထားကြောင်းသိရှိရသည်။

ဥပဒေပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပါတီသို့ ပေးပို့သော အကြောင်းပြန်ကြားစာတွင် ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ဒေါ်ခင်သန္တာကို ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားရန် အစီအစဉ်မရှိဘဲ ပါတီက ရွေးချယ်ထားသည့် ကိုယ်စားလှယ်ဖြစ်သည့်အတွက် ပါတီမူဝါဒများအတိုင်း စည်းရုံးလှုပ်ရှားသွားမည်ဟု ပါတီဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သည့် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားသည်။

“ဥပဒေနဲ့အညီလုပ်ရမှာပေါ့။ ဥပဒေနဲ့ အညီမလုပ်ရင်ကျွန်တော်တို့က ဘယ်သည်းညည်းခံမလဲ၊ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခွင့်ရှိတယ် ဆိုပေမယ့်လည်း လုပ်ချင်တဲ့သူက ထလုပ်လို့ရအောင် ဘယ်ခွင့်ပြုလို့ ရမလဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဒေါ်ခင်သန္တာကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ကိစ္စမှာ ပါတီတွင်းညီလာခံ
များပြုလုပ်ရာမှာ မကျေနပ်ချက်များရှိသည့်အတွက် အဖွဲ့ချုပ် အမည်ကိုသုံး၍ ပြုလုပ်ကြခြင်းဖြစ်သည်ဟု ဒေါ်ခင်သန္တာက 7Day News အား ပြောသည်။

ထိုသို့တိုင်ကြားသည့် ကိစ္စကို တံတားဦးမြို့နယ်၏ ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်လည်း တိုင်ပင်ခြင်းမရှိဘဲ ပြုလုပ်ကြခြင်း  ဖြစ်ပြီး ပါတီစည်းမျဉ်းစည်းကမ်းများအရ အရေးယူမှု အားနည်း၍ အဖွဲ့ချုပ်ကို တိုက်ခိုက်ခံရခြင်းဟု ထင်မြင်ကြောင်း ဒေါ်ခင်သန္တာက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံဘုရင် His Majesty King Harald အား တွေ့ဆုံ နှုတ်ဆက်ပြီး နော်ဝေနိုင်ငံတွင် အခြေချ နေထိုင်ကြသည့် မြန်မာတိုင်းရင်းသား မိသားစုများနှင့် တွေ့ဆုံ အမှာစကား ပြောကြား

From : သမ္မတရုံး


နေပြည်တော် ဖေဖော်ဝါရီ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၇) ရက် နံနက် (၉) နာရီတွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ ခေတ္တတည်းခိုသည့် Hotel Continental ၌ နော်ဝေနိုင်ငံမှ သံအမတ်ကြီးများနှင့် အတူတကွ နံနက်စာ သုံးဆောင်ရင်း ငြိမ်းချမ်းရေး လမ်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် သံအမတ်ကြီး ဦးကျော်မျိုးထွဋ်တို့ တက်ရောက်ကြပြီး နော်ဝေနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး Ms. KatjaNordgaard၊ သံအမတ်ကြီး Ms. Mona Juul၊ သံအမတ်ကြီး Mr. Kai Eide နှင့် ဗိုလ်ချုပ်ကြီး Wlhelmsen တို့ တက်ရောက်ခဲ့ကြသည်။    

တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် နော်ဝေ နိုင်ငံဘက်မှ ပါဝင်ကူညီပေးနိုင်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် Norway Public Broadcasting Co.မှ နိုင်ငံခြားရေးရာ သတင်းထောက် Mr. Philip Lote အား လက်ခံတွေ့ဆုံပြီး မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ (၁၂) နာရီ (၂၅) မိနစ်တွင် နော်ဝေပါလီမန်သို့ ရောက်ရှိပြီး ပါလီမန်ဒုတိယဥက္ကဋ္ဌ Mr. Per Kristian Foss နှင့် တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံရာတွင် နော်ဝေပါလီမန် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲလာမှုများအပေါ် နော်ဝေနိုင်ငံရှိ အာဏာရ ပါတီများနှင့် အတိုက်အခံ ပါတီများ အားလုံးတို့က တညီတညွတ်တည်း ထောက်ခံ အားပေးနေပါကြောင်းဖြင့် ပြောကြားခဲ့ပြီး ပါလီမန်၏ ရပ်တည်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတကလည်း ဒီမိုကရေစီစနစ်သို့ ပြောင်းလဲဖော်ဆောင်နေသည့် မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီစနစ် ရင့်ကျက်ရှင်သန်နေသည့် နော်ဝေနိုင်ငံ၏ အားပေး ထောက်ခံ ကူညီနေမှုအပေါ် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ ဥပဒေပြုရေးမဏ္ဍိုင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင် ဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ဆောင်ရွက် နေမှုနှင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် နော်ဝေပါလီမန်မှ နိုင်ငံတကာရေးရာနှင့် ကာကွယ်ရေးရာ အမြဲတမ်း ကော်မတီဥက္ကဋ္ဌ Ms.Ine Marie Eriksen Soereidc နှင့် ကော်မတီဝင် များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးရာ၌ ကော်မတီဥက္ကဋ္ဌက နော်ဝေပါလီမန် အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲတိုးတက်မှုများကိုလည်း ကြိုဆိုပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဆက်လက်ဆောင်ရွက်မည့် အနာဂတ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် တွေ့ကြုံနိုင်ဖွယ်ရှိသည့် စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် ဆောင်ရွက်မည့် အခြေအနေများကို သိရှိလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုကို အကောင်အထည်ဖော် နိုင်ရေးအတွက် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး တည်ဆောက်ပြီးနောက် ထာဝစဉ် တည်တံ့မည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အတွက် နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကော်မတီဝင်များက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား လူနည်းစုများနှင့် သယံဇာတများ ခွဲဝေအသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် အခြေအနေများကို မေးမြန်းကြရာ နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဘုရင့်နန်းတော်သို့ သွားရောက်ပြီး နော်ဝေနိုင်ငံ ဘုရင် His Majesty King Harald အား တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် နော်ဝေနိုင်ငံဘုရင်က နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဘုရင့် နန်းတော်၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတသည် ညနေပိုင်းတွင် အော်စလိုမြို့ရှိ House of Literature သို့ သွားရောက်ပြီး နော်ဝေနိုင်ငံတွင် အခြေချနေထိုင်ကြသည့် မြန်မာတိုင်းရင်းသား မိသားစုများ နှင့် တွေ့ဆုံသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အမှာစကား ပြောကြားရာတွင် မြန်မာတိုင်းရင်းသားများ အနေဖြင့် မည်သည့်နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ မိမိတို့ နိုင်ငံသားများအဖြစ် သတ်မှတ်ထားပါကြောင်း၊ မြန်မာတိုင်းရင်းသား များသည် အကြောင်း အမျိုးမျိုးကြောင့် အခြားနိုင်ငံများတွင် အခြေချ နေထိုင်ရသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်များမှာ မိမိတို့နှင့် အတူတူပင် ဖြစ်ပါကြောင်း၊ မိမိတို့အကြားတွင် အမြင်သဘောထား မတူညီမှုများ ရှိနေမည်ဖြစ်သော်လည်း နိုင်ငံကိုချစ်သည့်စိတ် တူညီသည့်အပေါ် အခြေခံပြီး လက်တွဲ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ သဘောအရ သဘောထား အမျိုးမျိုး ကွဲပြားကြမည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်သဖြင့် အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းသွားရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းသားများ အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တတ်နိုင်သမျှ ပါဝင်ကူညီပါရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင်တို့က ပြန်လည်ဖြေကြား ခဲ့ကြသည်။

နိုင်ငံတော်သမ္မတသည် ညနေ (၅) နာရီခွဲတွင် Hotel Continental ၌ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။  


 www.MyanmarExpress.net
 

ကျပ်သိန်းတစ်သောင်းခွဲ အကုန်ခံကာ သတ္တဌာနသုံးခု တည်ဆောက်ရန်စီစဉ်

From :Myit Makha Mediagroup 




မြို့တည်၊နန်းတည်သတ္တဌာနများအား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်းပြီး နောက်ပိုင်း တစ်နှစ်ခွဲအတွင်း တည်ဆောက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
 
တည်ဆောက်ခြင်းလုပ်ငန်းအတွက် မြန်မာငွေကျပ်သိန်ပေါင်းတစ်သောင်းခွဲခန့်ကုန်ကျခံကာ တစ်ဦးတည်း အလှူရှင်က တည်ဆောက်သွားမည်ဖြစ်ကြောင်း၊တည်ဆောက်မည့်နေရာများမှာ ပိဋိကတ်တိုက်တော်၊ သုဓမ္မာဇရပ်တော်၊ ပဌာန်းဟေသိမ်တော်တို့ကို မူလနေရာများတွင် တည်ဆောက်သွားမည့် အစီအစဉ် ဖြစ်သည်။
 
`ပျက်စီးနေတဲ့ သုံးဌာနလုံးကို အလှူရှင်တစ်ဦးတည်းက တည်ဆောက်သွားမှာပါ၊ အရင်နေရာဟောင်းတွေ မှာပဲ ပြန်လည် တည်ဆောက်သွားမှာပါ၊ ဒါမျိုးဖြစ်ဖို့အတွက် ခေတ်အဆက်ဆက်ကြိုးစားလာခဲ့ကြတာ မအောင် မြင်ခဲ့ပါဘူး၊ အခုလို သတ္တဌာန ခုနှစ်ခုလုံးပြည်ပြည်စုံစုံရှိသွားတော့ မန္တလေးရဲ့ဂုဏ်ကျက်သရေတိုးလာ တော့မှာ အမှန်ပါပဲ´ ဟုမြန်မာဗိသုကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်ကပြောသည်။
 
တည်ဆောက်မှုလုပ်ငန်းများအား သီတဂူမြန်မာမှုဗိသုကာအဖွဲ့က တာဝန်ယူတည်ဆောက်သွားဖြစ်ပြီးသီတ ဂူဆရာတော်ကြီးမှ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဥက္ကဌနေရာတွင် တာဝန်ယူကာ အစအဆုံးတာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ယခင်လက်ထက်က တည်ဆောက်ခဲ့သောနေရာများနှင့် ကွဲပြားခြားနားမှုမရှိစေရန်အတွက် ခေတ်အဆက် ဆက်မှ ထိန်သိမ်းလာခဲ့သော ရှေးဟောင်းစာပေများထဲတွင် ဖော်ပြထားရှိသော ပုံစံများအတိုင်း တည်ဆောက် သွားမည့် အပြင် ပြည်သူပြည်သားများအတွက် သိမ်ဝင်ခြင်း၊ ပဌာန်းရွက်ဖတ်ခြင်းနှင့် စာပေလေ့လာနိုင်ရန် အတွက်လည်း ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
`အရင်လက်ထက်ကတည်းက ပုံစံအတိုင်း ပြုပြင်မွမ်းမံသွားမှာပါ၊ ကွဲလွဲမှုတစ်ခုကတော့ ယခင်ကကျွန်းလုံးတိုင် တွေအစား RCတိုင်တွေမှာ ကျွန်းပြားတွေကပ်မှာပဲ ပိုပါတယ်၊ကျန်တာတွေအားလုံးကို တပုံစံတည်း တည်ဆောက်မှာပါ´ဦးဝင်းမောင် ကပြောသည်။
 
သတ္တဌာနခုနှစ်ခုမှာ ရွှေမြို့ရိုးတော်၊ ကျုံးတော်၊ ကုသိုလ်တော်စေတီတော်၊ အတုမရှိကျောင်းတော်၊ ပိဋကတ် တော်၊ သုဓမ္မာဇရပ်တော်နှင့်ပဌာန်းဟောသိမ်တော်တို့ဖြစ်သည်။
 
သို့သော်လည်း မင်းတုန်းမင်းဘုရားလက်ထက်က မန္တလေးမြို့တည်နန်းတည် သတ္တဌာနခုနှစ်အား တည်ထားခဲ့ပြီး အဆိုပါဌာနထဲ မှ ပိဋိကတ်တိုက်တော်၊သုဓမ္မာဇရပ်တော်နှင့် ပဌာန်းဟောသိမ်တော်တို့မှာ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင် မွန်းမံရန်အတွက် စီစဉ်နေခြင်းဖြစ်သည်။
 
သို့သော် နှစ်(၁၀၀) သက်တမ်း ရှိသောမည့်သည့် ပစ္စည်းမဆို ရှေး ဟောင်းပစ္စည်းအဖြစ် သတ်မှတ်သော ကြောင့် လက်ရှိထားရှိသောပစ္စည်းများကို နဂိုမူလအတိုင်းထားရှိစေလိုခြင်းကြောင့် ယခုကဲ့သို့ သဘောထား ကွဲလွဲမှုများ ရှိနေကြောင်းကိုလည်း သိရသည်။
 
  www.MyanmarExpress.net

မတ်လမှစ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ယာဉ်များ မန္တလေး၌ အရေးယူတော့မည်

From :Myit Makha Mediagroup



လာမည့်မတ်လမှစ၍ မန္တလေးမြိုလမ်းမများပေါ်မှ  ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ဥပဒေအတိုင်း အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။
 
ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာဦးစီးဌာနတို့ ပူးပေါင်းကာ ချမှတ်ထားသည့် စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ယာဉ်စည်ကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သိရှိရသည်။
 
လက်ရှိယာဉ်စည်းကမ်းဥပဒေဖောက်ဖျက်သော ဖြူနီမျဉ်းကြားတွင် ရပ်ထားသည့် ကားများ၊ မီးနီဖြတ်မောင်း သည့်ယာဉ်များ နှင့် မ၀င်ရနေရာများတွင် ၀င်ရောက်လာသည့် ကုန်တင်ယာဉ်ကြီးများအား အဓိကထား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
 
ကားတွေက စည်းကမ်းမဲ့ရပ်နားတာတွေ များလာတယ်။ ၈၄လမ်းမပေါ် ဈေးချိုအနီး တစ်ဝိုက် နဲ့ ၇၈လမ်းလမ်း မကြီးတွေပေါ်မှာ အဆိုးဆုံးပဲ။ ကားတွေ စည်းကမ်းမဲ့ လမ်းပေါ်မှာရပ်လာတော့ လမ်းပိတ်ဆို့မှုတွေခဏခဏဖြစ်တယ်။သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူမှုတွေ စတင်လာတော့မယ်ဆိုတော့အရမ်းကောင်းပါတယ်" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
 
စည်းကမ်းမဲ့ယာဉ်များအား ထိန်းသိမ်းရေးယာဉ်အကြီးနှင့် တင်ဆောင်ခေါ်ယူ၍ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ဥပဒေအရ ဖမ်းဆီးဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း ထိုသိုဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနတို့ ပူးပေါင်း၍ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
 
အရင်ကနဲ့မတူဘူး မန္တလေးမှာ လမ်းပိတ်ဆို့မှုတွေ ယာဉ်မတော်တဆ မှုတွေ မကြာခဏ ဖြစ်နေတယ်။ သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်မှုတွေ စတင်နေပါပြီ။ ဆိုင်ကယ်သွားလမ်း ဆို ဆိုင်ကယ်သွားလမ်း သူ့လမ်းနဲ့သူ သွားလို့ရအောင် ယာဉ်စဉ်းကမ်းသင်္ကေတတွေနဲ့ ပြထားတယ်။ လမ်းဆုံတွေမှာ အဆင့်မြင့်မီးပွိုင့်တွေ ၊ လုံခြုံရေးကင်မရာတွေပြောင်းလဲတပ်ဆင် ထားပါတယ်။
 
ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးကတာဝန်ရှိသူတွေ အားလုံး  ယာဉ်အန္တရယ်ကင်းစင်ရေး ယာဉ်တိုက်မှုပပျောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမှာပါ။ဟု တာဝန်ကျယာဉ်ထိန်းရဲ တစ်ဦးကပြောသည်။
  www.MyanmarExpress.net

ရက်ပေါင်း ၇၀၀ကျော်ကြာမြင့်မည့် ကမ္ဘာလှည့် ယာဉ်တန်း မန္တလေးမြို့သို့ရောက်ရှိ

From : YMG


ရက်ပေါင်း ၇၀၀ကျော်ကြာမြင့်မည့် The Sea Bridge for Motor Home ကမ္ဘာလှည့် ယာဉ်တန်းသည် မန္တလေးမြို့သို့ဖေဖော်ဝါရီ၂၆ရက်နေ့ကရောက်ရှိ လာကြောင်းသိရသည်။ ထိုယာဉ်တန်းသည် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ရက်နေ့က ဂျာမနီနိုင်ငံမှစတင်ထွက်ခွါလာပြီးရှရှား၊ တူရကီ၊အီရန်၊ဘူတန်၊နီပေါ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့နှင့်အိန္ဒိယနိုင်ငံများ ကိုဖြတ်ကျော် ကာမြန်မာနိုင်ငံ မန္တလေးမြို့သို့ ရာက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

The Sea Bridge for Motor Home အဖွဲ့တွင် ဂျာမနီလူမျိုး ၄၆ ဦး ဆွစ်ဇာလန်လူမျိုး ၄ ဦး စုစုပေါင်း ၅၀ ဦးပါဝင်ကာ ယာဉ် ၂၈ စီးဖြင့် ကမ္ဘာတစ်ပတ်လှည့်ပတ်ရန်နှင့် ဂရင်းနစ် စံချိန်ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်ကြောင်း သိရသည်။

"ဂျာမနီ နိုင်ငံကနေ စတင်ထွက်ခွာလာပြီးတော့ မြန်မာနိုင်ငံအပါအ၀င် ၁၀ နိုင်ငံ ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ် အချိန်လေးလကျော်ကြာမြင့်ခဲ့ပါတယ်။ အဓိကအကြောင်းကတော့ နိုင်ငံအသီးသီးရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလေ့လာဖို့ အတွက်ရည်ရွယ်ပြီး ကမ္ဘာပတ်ရခြင်းဖြစ် ပါတယ်။ "ဟုအဖွဲ့စီစဉ်သူ မစ္စ ခရစ္စတင်း ကပြောသည်။

အဆိုပါအဖွဲ့သည် မန္တလေး ၊ ကလော ၊ နေပြည်တော် ၊ ရန်ကုန် ၊ မြ၀တီ ၊ ထိုင်း သို့ ဆက်လက်ထွက်ခွာပြီး အမေရိကားအထိ ယာဉ်တန်းဖြင့်သွားရောက်ကြမည် ဖြစ်ကြောင်းသိရသည်။


 www.MyanmarExpress.net
 

ထားဝယ်စီမံကိန်းကို စင်ကာပူနှင့် မလေးရှား ဖျက်နေသလော

From : popular


ထားဝယ်စီမံကိန်းကို စင်ကာပူ၊ မလေးရှားနိုင်ငံမှ ဖျက်လိုဖျက်ဆီးလုပ်နေသည်ဟု စီမံကိန်း ထောက်ခံသူများအကြား ကောလာဟလအသွင်ပြောဆိုနေသည်မှာ တစ်နှစ်ခန့် ရှိနေပေပြီ။ တနင်္သာ ရီတိုင်း ဒေသကြီး အောက်ခြေအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းအချို့ အကြားတွင် အဆိုပါအငြင်းပွားဖွယ်ရာ အယူအဆပျံ့နေသည်မှာ ၂ဝ၁၂ခုနှစ် နှစ်ဆန်းကတည်းက။

သို့သော်ထားဝယ်မြို့ မြို့တော် ခန်းမ၌ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်၊ရေနက်ဆိပ်ကမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက်
ညှိနှိုင်းအစည်းအဝေးတွင် ထားဝယ်စီမံကိန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဒုတိယဝန်ကြီးအဆင့်မှ ပုဂ္ဂိုလ်တစ်ဦးက လူသိရှင်ကြား ပထမဦးဆုံးအကြိမ် ပြောကြားလိုက်ပြန်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၏ အဆိုအရ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းဖြစ်ထွန်းလာလျှင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဆိပ်ကမ်းများအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် ယင်းနှစ်နိုင်ငံက စီမံကိန်းကိုကန့်ကွက်မည့် လူထုအခြေ ပြုအဖွဲ့အစည်းများအား ရန်ပုံငွေ များပေးပြီး ပျက်စီးအောင်လုပ်နေသည်ဟု ဆိုသည်။ သို့ဆိုလျှင် စီမံကိန်းကို မလေး ရှားနှင့်စင်ကာပူက ဖျက်လိုဖျက်ဆီးလုပ်နေပါသလော။

စင်ကာပူနဲ့ မလေးက
ဖျက်မဖျက်

ထားဝယ်စီမံကိန်းသည် ထိုင်း နိုင်ငံအစိုးရ၏ မဟာဗျူဟာမြောက် စဉ်းစားချက်ထဲတွင်ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အင်မတန်ကြီးသည့် စီမံကိန်းဖြစ်သည့်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ
ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟူ သည့် ပြည်ထောင်စုဒုတိယဝန်ကြီး ၏ ပြောကြားချက်သည် မဖြစ်နိုင်ဟု တပ်အပ် မပြောနိုင်ဟု သမ္မတ ဦးသိန်းစိန်၏ လူမှုရေးနှင့် စီးပွားရေး အကြံပေးကောင်စီဝင် ဒေါက်တာဇော်ဦးက ပြောကြားသည်။

ယင်းသို့ စွပ်စွဲချက်သည်မှန်းဆ ပြောခြင်းသာဖြစ်ပြီး အမှန်တကယ် ခိုင်လုံလျှင် ချပြသင့်ကြောင်း၊ စင် ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ယင်းသို့လုပ်နိုင်သည့် အနေအထား မရှိကြောင်း Eco Dev အဖွဲ့မှ
ဦးဝင်းမျိုးသူက မှတ်ချက်ပြုသည်။ ''ဒါမျိုးက စီအိုင်အေရဲ့ လုပ်ကွက် မျိုးပါ။ ဆရာ့အမြင်အရတော့ မဖြစ်နိုင်ဘူး'' ဟု မြန်မာနိုင်ငံ အတွင်း ထင်ရှားသော ပတ်ဝန်းကျင်ထိန်း သိမ်းရေး လှုပ်ရှားသူတစ်ဦးလည်း ဖြစ်သူ ဦးဝင်းမျိုးသူက ဆိုသည်။

စင်ကာပူနိုင်ငံအနေနှင့် ယင်း သို့လုပ်ဆောင်မည်မဟုတ်ဘဲ ထား ဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဖြစ် မြောက်လာလျှင်သာထိုင်းထံမှ အစု ရှယ်ယာများကိုဝယ်ယူရန် စိတ်ဝင် စားနိုင်ကြောင်း ဘန်ကောက်မြို့ တော်အခြေစိုက် သုတေသီဦးဇော် အောင်က ပြောသည်။

''ဘာမှ ရေရေရာရာ မရှိသေး တဲ့ဟာတစ်ခုအတွက် အဲလိုလုပ်မှာ မဟုတ်ဘူး။ အောင်မြင်လာမှ ရှယ် ယာတွေရအောင် ဝယ်လိမ့်မယ်'' ဟု ဦးဇော်အောင်က ဆိုသည်။ ထိုင်းနှင့်စင်ကာပူ နိုင်ငံတို့တွင် ယင်းသို့ ဖြစ်ရပ်များ ရှိခဲ့ပြီး ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက် ထက်က ၎င်းပိုင်ဆက်သွယ်ရေး လုပ်ငန်းများကို စင်ကာပူက မရ မကဝယ်ခဲ့ဖူးကြောင်း ဦးဇော်အောင် ကရှင်းပြသည်။

အစိုးရများသည် အစိုးရအချင်း ချင်းသာ ချိတ်ဆက်လုပ်ကိုင်လေ့ ရှိပြီး လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းအရနိုင်ငံနှစ်နိုင်ငံ၏ သံတ မန်ဆက်သွယ်ရေးအပေါ် အထူး အလေးထားလေ့ရှိသည်။
စင်ကာပူနိုင်ငံသည် မြန်မာ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပို့ချပေးရန် ကမ်းလှမ်းခဲ့ဖူးသည့် အတွက် ထားဝယ်ကဲ့သို့သော စီမံ ကိန်းတစ်ခုအတွက် ယင်းသို့ပြုလုပ်
မည်မဟုတ်ဟု ဦးဇော်အောင်က မှတ်ချက်ပြုသည်။

ထားဝယ်စီမံကိန်း စတင် အ ကောင်အထည်ဖော်လာသည့် ၂ဝဝ၈ ခုနှစ်မှာကတည်းက စင်ကာပူနိုင်ငံ အနေနှင့် နိုင်ငံတကာအသိုင်းအဝိုင်း တွင် တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ် သည်ကို မိမိအနေဖြင့် မတွေ့မိ ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (DDA) မှ ထားဝယ်ညှိနှိုင်း ရေးမှူးဦးသန့်ဇင်က ပြောကြား သည်။

မည်သို့ပင်ဆိုစေ ယုံသော်ရှိ၊ မယုံသော်ရှိ၊စင်ကာပူနှင့် မလေးရှား နိုင်ငံများက 'ငွေပေးဖျက်ဆီးခိုင်း နေသည်' ဟု ထားဝယ်စီမံကိန်းကို ထောက်ခံသူများအကြားတွင် ပျံ့နှံ့ နေပြီဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးပြည်ထောင် စုဝန်ကြီး ဦးဘုန်းဆွေက ''ဘယ် သူမှတော့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက် မပေးဘူး။ ဘယ် သူမှလုပ်မနေနိုင်ဘူး ကိုယ့်ထမင်း ကိုယ်စားပြီးတော့'' ဟု ပြောခဲ့ သည်။

လူထုအခြေပြုအဖွဲ့များ
ကြိုးဆွဲခံရ မခံရ

ထားဝယ်ဒေသတွင် ထားဝယ်စီမံကိန်းကြောင့် ဒေသခံများ ထိ ခိုက် နစ်နာမှုနှင့်ပတ်သက်ပြီး ထား ဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA)၊ ထားဝယ်သုတေသနအဖွဲ့ (DDA)၊ ထားဝယ် ၈၈ မျိုးဆက်ကျောင်း
သားများ၊ နဘုလယ်ဒေသတွင် ကျေးရွာအလိုက် ဖွဲ့စည်းထားသည့် ကော်မတီများ၊ ထားဝယ်-ထိုင်း လမ်းဖောက်လုပ်ရာဒေသတွင် ဖွဲ့ စည်းထားသည့် ၁၂ ရွာ စုပေါင်း ကော်မတီများ အပါအဝင်လူထု
အခြေပြု အဖွဲ့အစည်းများက သတင်းအချက်အလက်များ ဖြန့်ဝေ ပေးခြင်း၊ အသိပညာပေးခြင်း၊ လျော်ကြေးကိစ္စနှင့် ဒေသခံများ ရင်ဆိုင်ရသည့် မြေယာပြဿနာများကိုဝင်ရောက်ညှိနှိုင်းစသည်တို့ကို
ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တို့အနေနှင့် စီမံကိန်းကို ဖျက်ဆီးနေခြင်းမဟုတ်ဘဲဒေသခံ များမနစ်နာရေး၊ ရေနံဓာတုကဲ့သို့သော အကြီးစားညစ်ညမ်းစက်ရုံများ မတည်ဆောက်ရေးကို သာ လုပ်ဆောင်နေကြောင်း ပြောဆို ထားသည်။

''ထားဝယ်မှာ လုပ်နေကြတဲ့ သူတွေက ဘယ်သူမှ ရော့ဆိုင် ကယ်၊ ရော့ကား၊ ရော့ရုံးခန်းဆိုပြီး ရလို့လုပ်နေတဲ့ သူတစ်ယောက်မှ မရှိဘူး။ အားလုံးက လုပ်သင့်လို့ လုပ်နေတာ''ဟုဦးသန့်ဇင်က ချေပ ပြောဆိုသည်။

စီးပွားရေးအကျိုးအမြတ်ဆိုင် ရာ ကိစ္စများကြောင့် လူထုအခြေ ပြု အဖွဲ့အစည်းများကို အသုံးချမှုများရှိပါက စီမံကိန်းအကောင်အထည် ဖော်ရေးထောက်ခံရန် လူမွေးခြင်း မျိုးသာရှိပြီး ယင်းသို့ ဆန့်ကျင်ရန် လူထုအခြေပြု အဖွဲ့အစည်းများကို အသုံးချသည့်နည်းမျိုး မကြားဖူးကြောင်း ဦးဝင်းမျိုးသူကဆိုသည်။

''ထိုင်းနိုင်ငံ မတ္တာပွတ် စက်မှု ဇုန် အတွေ့အကြုံအရဆိုရင်တော့ အစိုးရနဲ့ ကုမ္ပဏီကဖွဲ့တဲ့ မာဖီးယား ဂိုဏ်းတွေရှိတယ်။ အဲဒီ အဖွဲ့တွေထဲမှာ အုပ်ချုပ်ရေးမှူးတွေတောင် ပါတယ်''ဟု ဗဟုဖွံ့ဖြိုးရေး
အဖွဲ့မှ ဦးအောင်သူငြိမ်းက ရှင်းပြသည်။

စီမံကိန်းကို လူထုအခြေပြု အဖွဲ့များ ဖျက်ဆီးနေပြီဆိုကာ ထားဝယ်စီမံကိန်းကို ပြီးမြောက် အောင်မြင်ရန် မြို့မိမြို့ဖအဖွဲ့များ၊ ပြည်သူ့စစ်ကဲ့သို့သော လုံခြုံရေး အဖွဲ့များကိုအစိုးရ အစီအစဉ်ဖြင့်
စတင်ဖွဲ့စည်းရန် စီစဉ်နေပြီ ဖြစ်သည်။ ''ပြည်သူ့စစ်အဖွဲ့ လိုပေါ့။ ရန်သူကပေါ်လာပြီလေ။ ပြည်သူ့ စစ်ဆိုတာ ရန်သူရှိလို့ ဖွဲ့တာ မဟုတ်လား'' ဟု ဦးဘုန်းဆွေက ပြောသည်။

ထားဝယ်မည်သူ့အတွက်နည်း

ဦးဘုန်းဆွေ၏ အဆိုအရ ထားဝယ်ရေနက် ဆိပ်ကမ်း ဖြစ် မြောက်ခဲ့လျှင် စင်ကာပူဆိပ်ကမ်း မှ ကုန်သေတ္တာတစ်ဝက်ခန့်သည် ထားဝယ်ဆိပ်ကမ်းသို့ ရောက်လာ မည်ဖြစ်သည့်အတွက် ၎င်းတို့ စီးပွားပျက်မည်ကို စိုးရိမ်လျက်ရှိ သည်။ ပြည်တွင်း ပညာရှင်အချို့က လည်း ထားဝယ်ကြောင့် စင်ကာပူ နောက်ကောက် ကျသွားနိုင်ကြောင်း သုံးသပ်ဖူးသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ဖြစ်ထွန်းလာလျှင် ထားဝယ်သို့ ကုန်တင်သင်္ဘောများ ဝင်ရောက် မည်ဟု ယေဘုယျအားဖြင့် ပြော နိုင်သော်လည်း ဆိပ်ကမ်းကုန်တင် ကုန်ချ ဝန်ဆောင်မှုအနေအထား၊
လူဝင်မှုကြီးကြပ်ရေး အပါအဝင် အခြားဌာနဆိုင်ရာများနှင့် လုပ်ကိုင် ရသည့် ကိစ္စများ မည်မျှ မြန်ဆန် ချောမွေ့မှု အပေါ် မူတည်ပြီး စဉ်း စားမည်ဖြစ်ကြောင်း နိုင်ငံတကာ ကုန်တင်သင်္ဘောလိုင်းတစ်ခုမှကုန်း ပတ်အရာရှိတစ်ဦးက ဆိုသည်။

''ဘယ် သင်္ဘောလိုင်းပိုင်ရှင် ကမှ ကမ်းကပ်ဖို့ စောင့်နေရတာ ကို မကြိုက်ဘူး'' ဟု ၎င်းက ဆိုသည်။ ကမ္ဘာ့အကောင်းဆုံး ဆိပ်ကမ်းများအနက် တစ်ခုဖြစ်သည့် စင်ကာပူဆိပ်ကမ်းတွင် ကုန်တင်ကုန် ချပြုလုပ်နိုင်သည့် ကရိန်း တစ်ရာကျော်ရှိသည့်အတွက် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက် မည့် စီမံချက်ဒီဇိုင်းတွင် ယင်းသို့ပါမပါသာ စဉ်းစားရမည်ဖြစ်ကြောင်း ဦးဇော်အောင်က အကြံပြုသည်။

စီမံကိန်း အကောင်အထည်ဖော်သူများက ထားဝယ်စီမံကိန်းကို အင်ဒိုချိုင်းနား ကျွန်းဆွယ် အတွက်မြေသားဖြတ်လမ်းဟုပင် တင်စားပြောဆိုကြသည်။
သို့ဆိုလျှင် စီမံကိန်းက မည်သူ့အတွက်နည်း။

မြန်မာအစိုးရကလည်း ကျေး ရွာပေါင်း မည်မျှရွှေ့ပြောင်းရမည် ဟူသည့် အချက်အလက်မျိုးကိုသာ အကြိမ်ကြိမ်ပြောင်းလဲ ထုတ်ပြန် သော်လည်း ထားဝယ်စီမံကိန်းသည် မြန်မာနိုင်ငံအတွက် မည်မျှ အကျိုး ရှိနိုင်သည်ဟူသည့် သတင်းထုတ် ပြန်ချက်မျိုးအား တိတိကျကျ တစ်ခါမျှ တွက်ချက်မဖော်ပြနိုင်ဟု ဦးသန့်ဇင်က နှိုင်းယှဉ်ပြောဆို သည်။

ထားဝယ်စီမံကိန်း စိတ်ကူး စီမံချက်အရ ကုန်စည်သယ်ဆောင် ရာတွင် အချိန်ကာလအားဖြင့် သက်သာမည်မှာ မှန်သော်လည်း ကုန်းလမ်းပို့ဆောင် စရိတ်ကိုပါ ထည့်တွက်လျှင် အခြား လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများအတွက် 'ထူးမခြားနား' သာဖြစ်ပြီး ထိုင်းမှ ဗီယက်နမ်သို့ ကုန်သေတ္တာတစ် လုံး၏ အသွားအပြန် သယ်ယူစရိတ် မှာ အမေရိကန် ဒေါ်လာ ၅၅ဝဝ ကျသင့်ဆဲ ဖြစ်သည်ဟု ဦးဇော်အောင်က ထောက်ပြသည်။

''ထားဝယ်စီမံကိန်းက ထိုင်း နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သီးသန့် ဒီဇိုင်းဆွဲထားတာပါ'' ဟု သူက ဆိုသည်။

စီမံကိန်း တာဝန်ရှိသူများ အနေဖြင့် ယင်းသို့ စွပ်စွဲနေမည့်အ စား မိမိတို့ လုပ်ငန်းစဉ်များတွင် မည်သည့်အားနည်းချက် ရှိသည်၊ မည်သို့ပြုပြင်မည်ကိုသာ အာရုံစိုက် သင့်ကြောင်း ၎င်းကပြောသည်။
ထားဝယ်စီမံကိန်းတွင် ပြန် လည် နေရာချထားရေးနေရာ အချို့ တည်ဆောက်ပြီးစီးနေပြီး ဒေသခံများကို လျော်ကြေး ကွဲပြား စွာ ပေးအပ်နေမှု၊ မညီမျှသော မူ ဝါဒများ စသည်တို့ ကြုံတွေ့နေ ရသည်။
''တကယ်ဖြစ်နေတဲ့ ပြဿနာ တွေကို လက်တွေ့ကျကျ မဖြေရှင်း ဘဲ အခုလို လျှောက်ရမ်းနေရင် ဘာတစ်ခုမှ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး'' ဟု ဦး သန့်ဇင်က ဆိုသည်။

ထားဝယ်စီမံကိန်းကို ၂ဝ၁ဝ ခုနှစ်ကတည်းက မြေပြင်လုပ်ငန်း များကို စတင်ခဲ့သော်လည်း နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်းများ ၏ စိတ်ဝင်စားမှုအားနည်းသည့် အတွက် ဘဏ္ဍာရေးအခက်အခဲ များဖြင့် ရင်ဆိုင်နေရပြီး စီမံကိန်း အကောင်အထည်ဖော်ရန် လေးဖင့် လျက်ရှိသည်။
ယင်းနောက် မြန်မာနှင့် ထိုင်း အစိုးရ ပူးတွဲအကောင်အထည် ဖော်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့ပြီး တတိယနိုင်ငံ ဂျပန် ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိသည်။သို့သော် ဂျပန်၏ စိတ်ဝင်စား မှု ထင်သလောက်မရသေးပေ။

ရေကြောင်းပိတ်ဆို့မှု မရှိစေ ရန် ထိုင်းနိုင်ငံ၊ မတ္တာပွတ် စက် မှုဇုန်ဆိပ်ကမ်းနှင့် လန်ချဘန် ကုန် တင်ကုန်ချဆိပ်ကမ်းကဲ့သို့ ထားဝယ် စီမံကိန်းရှိ အထူးစီးပွားရေးဇုန်နှင့် ကုန်တင်ကုန်ချ ဆိပ်ကမ်းကို သီး ခြားစီ ထားရှိရန် ဂျပန်အစိုးရက တောင်းဆိုထားသည်။

''ထိုင်းနိုင်ငံ အဆိုပြုထားတဲ့ ထားဝယ်က ဆိပ်ကမ်းနေရာတွေကို ဂျပန်အစိုးရက သဘောမတူဘူး'' ဟု ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးက ယခုလဆန်းက ဆိုထား သည်။

ယင်းအချိန် ထားဝယ်စီမံကိန်း ကို မလေးရှားနှင့် စင်ကာပူတို့က လူထုအဖွဲ့အစည်းများကို ပူးပေါင်း ၍ ဖျက်ဆီးနေကြောင်း ပြောဆို ချက်များပိုမိုကျယ်လောင်စွာ ထွက် ပေါ်လာခြင်း ဖြစ်သည်။
''ဒုဝန်ကြီး အနေဖြင့် အဲလို သံသယရှိလျှင် စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ တိုက်ရိုက် မေးသင့်တယ်''ဟု ဦးသန့်ဇင်က ဆိုသည်။



 www.MyanmarExpress.net
 

ဟောင်ကောင် အခြေစိုက် အမေရိကန် အာမခံကုမ္ပဏီ AIA မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် ရှိ

From : myanma age


ဟောင်ကောင် အခြေစိုက် အမေရိကန် အာမခံကုမ္ပဏီ
AIA သည် မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရန်
အတည်ပြုချက် ရရှိထားပြီး မကြာမီအတွင်း ရုံးခွဲဖွင့်လှစ်၍
လုပ်ငန်းများဆောင်ရွက်သွားမည်ဟု သိရသည်။

AIA ၏ အမှုဆောင်အရာရှိချုပ် မက်တက်ကာက ကုမ္ပဏီသည်
အစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး မြန်မာတွင် စီးပွားရေးအခွင့်
အလမ်းများ စူးစမ်းခြင်း၊ရှာဖွေခြင်းတို့ ကို ပြုလုပ်သွားမည်ဟု
ပြောကြားသည်။

၎င်းက မြန်မာဈေးကွက်နှင့် ပတ်သက်၍ “မြန်မာဟာ တစ်ခါက အလွန်ဆွဲဆောင်မှုရှိတဲ့ဈေးကွက် ဖြစ်ခဲ့ပြီး နောက်တစ်ခါအဲဒီလို
ထပ်ဖြစ် လာမှာပါ” ဟု ပြောကြားသည်။

ယခုဖွင့်လှစ်မည့် ကိုယ်စားလှယ်ရုံးခွဲသည် နိုင်ငံတွင်း ကုမ္ပဏီ တည်ထောင်ရေးအတွက် ပြင်ဆင်ရန်သာဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ ဆောင် ရွက်ခွင့်ကိုမူ ရရှိဦးမည်မဟုတ်ကြောင်း
သိရသည်။

AIA ၏ ပြိုင်ဖက်ဖြစ်သည့် Prudential သည် မြန်မာတွင်
မူလကပင် ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားခဲ့ပြီး မြန်မာ့
ဈေးကွက်မှာ အာမခံ ပရီမီ ယမ်ကြေးနှစ်စဉ်ဝင်ငွေ ဒေါ်လာ
၁ဒဿမ ၆ ဘီလီယံခန့် ရှိကြောင်း သတင်းက ဖေါ်ပြသည်


 www.MyanmarExpress.net
 

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို

From : Myit Makha Mediagroup 




ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက် ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။
 
ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်  ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။
 
ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  KIA အရာရှိ တစ်ဦးမှ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။
 
KIA  တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များပေးနေခြင်းနှင့်ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။
 
KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊  လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့် ရိက္ခာဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြားရှိလာကြောင်းကိုလည်း သိရသည်။
 

အော်စလိုမှ သူရဲကောင်းကြီး များသိစေရန် နေမင်း၏ ရှင်းတမ်း

From : http://www.mmdailystar.com/2013/02/blog-post_9009.html



ကဲ မျက်စိထဲမှာ မြင်လာတော့လည်း မပြောပဲကလည်း မနေနိုင်တော့ဘူး ဆိုတော့
ပြောလိုက်ရသေးတာပေါ့ သူများနို်င်ငံမှာ ကိုယ့်သမ္မတကို သက္ခာကျအောင်လုပ်တဲ့
စကောလောက်မှ ဇောက်မနက်တဲ့သူ တွေကိုပေါ့ ဗျာ....

သူတို့က ဘာတွေ အော်သွားသလဲဆိုတော့ ...

ကြွေးကြော်ကြတဲ့ တောင်းဆိုချက်တွေကို ကြည့်ပါ....

၁) စစ်အစိုးရ အလိုမရှိ

၂) ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ

၃) ကြံ့ဖွံ့အစိုးရ အလိုမရှိ

၎) သိန်းစိန် လူလိမ်

၅) ဒီမိုကရေစီ ချက်ချင်းပေး တဲ့ ......

ဟုတ်ပြီ တစ်ခု ချင်းကို ပြန်ရှင်း ကြပါစို့

နံပါတ်(၁) စစ်အစိုးရ အလိုမရှိလို့အော်ကြတယ် ခု အချိန်မှာ သမ္မတကြီးဟာ
တစ်ချိန်က စစ်တပ်က ဆိုပေမဲ့ ခု အချိန်မှာ အစိုးရ တစ်ယောက် အနေနဲ့
နိုင်ငံ အပေါ် ကျောသား ရင်သား မခွဲခြားပဲ အစစ အရာရာ အုပ်ချုပ်နေသလို
စစ်တပ် တစ်ခုတည်းကိုပဲ အရေးပေးပြီး အုပ်ချုပ်နေတဲ့ သမ္မတ လည်းမဟုတ်ဖူးဆိုတာ
ဦးနှောက်ရှိတဲ့ ပြည်သူတွေ အားလုံးလည်း သိကြမယ် ထင်ပါတယ်....

နံပါတ်(၂) ၂၀၀၈ ဖွဲ့စည်းပုံ ကိုအလိုမရှိဆိုတာ သူတို့ကိုယ်တိုင်အော်တာလား
တစ်ယောက်ယောက်ရဲ့ ခိုင်းစေ ချက်ကြောင့် အော်တာလား ဆိုတာ စဉ်းစားစရာရှိလာတယ်
ဆန္ဒပြတဲ့ သူတွေရဲ့ နောက်မှာ ကြိုးကိုင်တဲ့သူမရှိဘူးလို့ ပြောလို့မရဘူး....
နောက်တစ်ချက် သူတို့ အော်နေတဲ့ ဖွဲ့စည်းပုံ ဆိုတာကြီးကိုရော အကုန်ဖတ်ဖူးပါသလား
အဲဒီ မေးခွန်း တစ်ချက်နဲ့တင် သူတို့ တွေရဲ့ နောက်မှာ တစ်စုံ တစ်ယောက်
ကြိုးကိုင်နေတယ်ဆိုတာ မြင်နိုင်ပါတယ်.....

နံပါတ်(၃) ကြံ့ဖွံ့ အစိုးရ အလိုမရှိ အဲဒီ နေရာမှာ ခုလက်ရှိကြံ့ဖွတ် အစိုးရကြောင့်
နိုင်ငံသိက္ခာကျစေမည့် ပြည်သူများ သိက္ခာကျစေမည့် ဘာသာ အသိက္ခာကျစေမည့်
အပြုအမူ မရှိခဲ့သလို အရင် စစ်အစိုးရ အဖွဲ့မှ လူများ အဖွဲ့ဝင်ဖြစ်သည် ဟုဆိုသည့်
အချက် တစ်ချက်နဲ့တင် ပြန်လည် ဖြေရှင်းစရာ မလိုတော့ပါဘူး.....

နံပါတ်(၄) သိန်းစိန် လူလိမ် ဆိုတဲ့ အချက် ဆန္ဒပြတဲ့ သူတွေ အနေနဲ့ ဘာကိုကြည့်ပြောတာလဲ
ဘယ်နေရာမှာ လိမ်ခဲ့တာလဲ သူတစ်ယောက် ကောင်းဖို့ အတွက် သူ့မိသားစု ကောင်းဖို့
အတွက် လုပ်နေတဲ့ လုပ်ရပ် ရှိခဲ့ပါသလား သမ္မတ သက်တမ်းတစ်လျောက်မှာ အမဲစက်
မရှိခဲ့သလို တပ်မတော်သားဘ၀ ကတည်းက နာမည်ပျက်မရှိတဲ့ သမ္မတ ဦးသိန်းစိန်ဟာ
နိုင်ငံကောင်းစား ဖို့ အတွက် သူ့ကျန်းမာရေး အတွက် နှလုံးခုန် စက်ကို အသုံးပြုပြီး
နိုင်ငံ အတွက် အပင်ပန်ခံပြီး ကြိုးစားနေခဲ့တာပါ.....

နံပါတ်(၅) ဒီမိုကရေစီ ချက်ချင်းပေး ဆိုတဲ့ နေရာမှာ တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့တဲ့
ကျွန်တော်တို့ နိုင်ငံဟာ ခုချက်ချင်းရေတွင်းတူ ခုချက်ချင်း ရေကြည်သောက်လို့ မရသေးတဲ့
အခြေ အနေမှာရှိနေသလို တစ်ဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှု နိုင်ငံတော်၏ တိုးတက်လာမှု
တို့ကို ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုချင်းခံ ထားရပါတယ် အဆင့်မှာ ရှိနေပါတယ် ....
သူတို့ ပြောတဲ့ ဒီမိုကေ၇ စီဆိုတာ ဘာကို ဆိုလို တာလဲ .......
သူတို့ နိုင်ငံခြားမှာ ဒုက္ခသည် အမည်ခံပြီး သူတို့ ကောင်းစားဖို့ အတွက်လား .....

ပြီးရင် တင်လာတဲ့ စတေးတပ်တွေကို ကြည့်ပါ

အရှက်ကွဲသွားတဲ့ သမ္မတ၊ နော်ဝေအစိုးရကတောင် အံ့သြသွားတယ် ဆိုတဲ့ ဟာတွေ

အင်တာဗျူးမှာ ပြောတဲ့စကားတွေ ကြည့်ပါ
လဒလောက်တော့ ငှက်တိုင်းလှပါတယ်....
စစ်ဖွဲ့စည်းပုံ ရှိနေသရွေ့ ဒီနိုင်ငံ နောက်ထပ် အနှစ်ငါးဆယ်လည်း မတိုးတက်ဘူး..
အနှစ် ၂၀ လုံးလုံး ခံလာရတာ တဲ့လို့လည်း နော်ဝေ သူရဲကောင်းကြီးတွေက
ဆိုထားပါတယ်...

ငါတို့လုပ်တာကြောင့် ဦးသိန်းစိန် သိက္ခာကျသွားပြီ ကွ....
နော်ဝေအစိုးရတော့ အရှိုက်ထိသွားပြီ ငါတို့ လုပ်လိုက်တာကွ....
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သောက်အဆင့်မရှိဘူးလို့ ငါတို့ ချလိုက်ပြီကွ...
ဆိုတဲ့ နော်ဝေက သူရဲကောင်းကြီးတွေ

ခင်ဗျားတို့လုပ်ရပ်ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပြင်မှာ မဟုတ်ပါဘူး
ခင်ဗျားတို့ သိက္ခာ ချလိုက်လို့ ဦးသိန်းစိန် အစိုးရ ပြုတ်ကျ မသွားပါဘူး
ခင်ဗျားတို့ ဆန္ဒပြလိုက်လို့ ပြည်သူတွေ ထမင်းဝမှာ မဟုတ်ပါဘူး

ကမ္ဘာက ၀ိုင်းပြီး ချီးကျူးနေတဲ့....
ပတ်ဝန်းကျင်နိုင်ငံတွေက မနာလို တိုရှည် ဖြစ်နေကြတဲ့....
ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ ပြည်သူတွေ သိက္ခာကျသွားရုံ သက်သက်ပါ...

ခု အချိန်မှာ အနှစ်ပြန်ချုပ်ရမယ်ဆိုရင် ....

ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်တဲ့အချိန်မှာ အော်စလို သူရဲကောင်းကြီးတွေ ဆန္ဒပြခဲ့ပါသလား..

နော်ဝေမှာ ကြီးထွားနေတဲ့ ဘင်္ဂါလိမ် လော်ဘီတွေကို ဘယ်လိုမျိုး တန်ပြန် ဆန္ဒပြခဲ့ပါသလဲ ..

နော်ဝေအခြေစိုက် မီဒီယာတွေက ရိုဟင်ဂျာဘက်က ရပ်တည်ပြီး ပြောခဲ့တဲ့ အော်စလို

သူရဲကောင်းကြီးတွေ ဘာလုပ်နေခဲ့ကြပါသလဲ.....

နိုင်ငံ့ အတွက် သူရဲကောင်း ဖြစ်ချင်လို့ လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ်လုပ်တဲ့ လုပ်ရပ်က
အဓိပ္ပာယ်ရှိစေလား နိုင်ငံသိက္ခာကျစေလားဆိုတဲ့... အတွေးကို အော်စလို သူရဲကောင်းကြီးတွေ
တွေးခဲ့ကြပါသလား....
 
 www.MyanmarExpress.net
 

သေဆုံးခဲ့သည့် ရဲတပ်သား ရဲကျော်သူ၏ ဖြစ်စဉ်အား လူသတ်မှုဖြင့် အမှုဖွင့်မည်ဟု ဒုတိုင်းရမှူးကြီးပြော

From : http://www.oppositeyes.info/2013/02/blog-post_6706.html


မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဓားဒဏ် ရာဖြင့်သေ ဆုံးခဲ့ရသော ရဲတပ်သား ရဲကျော်သူ ၏ဖြစ်စဉ်အပေါ် ကျူးလွန်သူအား လူသတ်မှုဖြင့် အမှုဖွင့် အေ ရး ယူဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး ဒုတိုင်းရဲမှုးကြီးက ပြောသည်။
 " ဒီေ န့ မနက် ၉ နာရီကျော်ကျော်မှာ သေဆုံးသွားပါတယ်၊ ဥပဒေအတိုင်းပဲ လုပ်ရမှာပေါ့" ဟု၎င်းကပြော သည်။ 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာ အုပ်စုရှိ ကျေးရွာ များမှ ဒေသခံများ၏ သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဆက်စပ်ပြီးေ ဖဖော်ဝါရီလ ၂၆ ရက်နေ့ တွင် တောင်းဆိုမှု ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ များ အကြား ပဋိပက္ခ ဖြစ်ပွားလျက်ရှိကြောင်းသိရကာ ပဠိပက္ခ ကြောင့် ရဲတပ်ဖွဲ့မှ ဒဏ်ရာရရှိသူ၁၄ ဦးကို အတွင်း လူနာအဖြစ်လည်းကောင်း၊၁၃ ဦးကို ပြင်ပလူနာအဖြစ် လည်းကောင်း၊ဒေသခံတောင်သူများမှ ၁၅ ဦးကြို ပင်ပလူနာအဖြစ် မအူပင်ဆေးရုံတွင် ကုသနေရကြောင်း မအူပင် မြို့နေ ဒေသခံတစ်ဦးက ပေါ်ပြူ လာ နယူးစ်ဂျာနယ် သို့ပြောကြားသည်။ 

 www.MyanmarExpress.net
 

နော်ဝေရောက် မြန်မာဒုက္ခသည်များ ရိုင်းစိုင်းမှုကို ဘယ်ဂျာနယ်ကမှ အပြစ်တင်ဝေဖန်ခြင်း မရှိသေးသော်လည်း လူထု၏ မကျေနပ်သံများဆူညံနေ


သက်တန့်ချို : သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င်မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။ လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှုမပြုဘူး ဆွေးနွေးခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။  

 Ingyin Htay Aung : မြန်မာကိုတောင်မရောက်ဖူးတဲ့ ဆန္ဒပြခေါင်းဆောင် ကကိုယ့်နိုင်ငံကခေါင်းဆောင်ကိုသိက္ခာချလိုက်တာ… ဘယ်လိုမှလက်ခံပေးလို့မရဘူး…

Thant Zin Tun နိုင်ငံကြီးရောက်နေလို့ သာဘဲဗျာ အဆင့်ရှိရှိဆနပြကြပါလားဗျာ

Thant Zin အဲဒီ အပြင်ကနေ အော်နေတဲ့လူတွေက ဦးနှောက်မရှိကြတာလေ ...

Thura Aung နော်ဝေရောက်မြန်မာတွေသုံးတဲ့စာသားမျိုး

ကမ္ဘာမှာသုံးတာမတွေ့ဘူးသေးဘူး။

မြန်မာတွေမှဟုတ်ရဲ့လား?

Ko Gyi Kyaw ပြည်ပရောက် နိုင်ငံရေး ခိုလှုံသူ အများစုဟာ အနေအစားချောင်တာကို မက်ပြီး ပြန်မလာနိုင်ကြတော့တာ များပါတယ် ဘာနဲ့တူလည်းဆိုတော့ ကျွေးတာစား ရှူးတိုက်ရင် ဟောင် ဆိုတဲ့ အကောင်လိုပါပဲ . . .

Acid Ma လူတွေရဲ့သဘာဝကဒီလိုပါပဲ သူများကိုပြောဖို့ပဲရှာနေကြတာကိုယ့်ကိုယ်ကိုမဆန်းစစ်တတ်ကြဘူးအကောင်းမြင်တဲ့စိတ်မထားတတ်ကြဘူး သူများကိုပုတ်ခတ်ရမှထမင်းစားလို့ကောင်းတဲ့လူတွေကခပ်များများရယ်

Lin Thank မြန်မာတွေက သန်းရွှေနဲ့ ပဲတန်တယ်

Kuku January ဟုတ်တယ် ဒီသတင်းတွေကြားပြီး တော်တော်စိတ်မကောင်းဖြစ်ရပါတယ်...

Kai Young ဘယ်လိုမှကိုနားမလည်နိုင်အောင်ကိုဖြစ်ရတယ်ဗျာ

Prince Orchid အဲဒီစောက်ရူးတွေကနိုင်ငံရေးဆိုတာနားလည်လို့လား သူများလုပ်တိုင်းလိုက်လုပ်နေတာလေ

Thantsin Naing ဘာတွေပြောပြော ခုနကဖတ်လိုက်ပါတယ် နော်ဝေးမှာဆန္ဒပြတဲ့ခေါင်းဆောင်တွေထဲက ဒေါ်နန်းကြည်အေးဆိုတာ
မြန်မာနိုင်ငံထဲကိုတောင် တစ်ခါမှမရောက်ဖူးဘူးတဲ့ ဒါနဲ့ဘာကိုကြုံတွေ့ခဲ့လို့
ဆန္ဒပြတာလဲ စဉ်းစားလို့ကိုမရဘူး.....ဘေးကပြောတာကိုနားယောင်ပြီး
ဆန္ဒပြတာလား မသိ............

Pan So နိုင်ငံရေးကိုနားလည်လှတယ်ရယ်လို့လည်းမဟုတ်ပါဘူး.....ဒါပေမယ့် ဖွံ့ဖြိုးဆဲ ပြုပြင်ပြောင်းလဲဆဲ နိုင်ငံတစ်ခုကိုထိန်းချုပ်ရတယ်ဆိုတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး........ သမ္မတကြီးလက်ထက်မှာအကောင်းဘက် ကပြောင်းလဲလာတွေလဲတစ်ပုံကြီးပါ..... တစ်ခုခုဆိုလက်ညိုးထိုးအပြစ်ဆိုချင်နေကြတဲ့သူတွေကိုပြောချင်တယ်........ ကိုယ်ကိုယ်တိုင်ရောနိုင်ငံအတွက်ဘယ်လောက်တွေးဖူးလို့လဲ.... .အမှိုက်တစ်စကိုအမှိုက်ပုံးထဲရောက်အောင်ဘယ်နှစ်ကြိမ်များကြိုးစားဘူးလဲ..... ကွမ်းတံတွေးထွေးခါနီးရောထွေးသင့်ရဲ့လားဆိုစဉ်းစားဖူးရဲ့လား...... ကိုယ့်ပတ်ဝန်းကျင်လေးတောင်မှကောင်းအောင်လုပ်ဖူးကြရဲ့လားလို့......... ကိုယ်တောင်ဒီလောက်လေးကိုမပြုပြင်နိုင်ရင်.မပြုပြင်ဖြစ်သေးရင်..နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်နေရတဲ့သူတွေနေရာကို တွေးပေးကြည့်စေချင်တယ်

Thant Zin Tun ရေးထားတဲ့ မြန်မာစာစာလုံးက လမ်းဘေးဂလေဂချေ လောက်အဆင့်နဲ့  refugeeတွေ

Hay Won အဆင့်မရှိတဲ့လူတွေ လေ...သူတို့ကို တိုင်သမတဝင် လုပ်ချင်ကြလို့ လားမှ မသိတာ..မြန်မာနိုင်ငံမှာမွေးပြီးကြီးပြင်းလာရင်လဲ ထားပါတော့..အခုတော့ မြန်မာပြည်တောင်မရောက်ဖူးတဲ့ လူတွေ က..ဘာကို လိုချင်လို့ ဆန္ဒ ပြတာလဲ မသိဘူး...လူရယ်ချင် စရာ တွေ လုပ်နေတယ်..ကို့ အရှက် ကိုခွဲနေသလိုပဲ..ပေါ်ပြူလာဖြစ်ချင်လားမှ မသိတာ...

Pyae Sone Myat Moe သူတို့ကမြန်မာဆိုတာအမည်ခံပဲရှိတာလေ
မြန်မာနိုင်ငံ မြန်မာလူမျိုးကိုချစ်မှမချစ်တာ
ဘယ်လောက်ပဲမကျေနပ်သည်ဖြစ်စေ
ဒီလိုရိုင်းရိုင်းစိုင်းစိုင်းတော့ မလုပ်သင့်ဘူးလေ
နိုင်ငံတော်အလံကို အမေရိကန်ရောက်လူတွေ(လူတိုင်းကိုမဆိုလို) ချနင်းပြီးဆန္ဒပြတုန်းကလိုပဲ
ရင်ထဲမှာမချိဘူး
သူတို့တွေက နိုင်ငံကြီးတွေရောက်နေတာတောင်
ငြိမ်းချမ်းစွာဆန္ဒပြခြင်းဆိုတာကိုနားမလည်သေးဘူး
မြန်မာစိတ်လည်းပျောက်ကုန်ပြီထင်ပါရဲ့

Pu Tu သူတို့ကကော ဘယ်လောက်ကောင်းနေလို့လဲ တိုင်းပြည်တိုးတက်အောင်ဘာလုပ်ပေးနိုင်ကြလို့လဲ..သမ္မတကြီးကိုမစော်ကားကြပါနဲ့

Moe Lay ငါသာ သမ္မတဆို အားလုံး နားရင်း ဆင်းရိုက်ပစ်မယ်.. သူ့လိုတော့ မဆွေးနွေးတော့ဘူး.. တကထဲ. .ဒေါသထွက်လာပြီ..

Pun Ei ဟုတ်တယ်... အခုဆန္ဒပြတဲ့ ကိစ္စက ကိုယ့်မိဘကို သူစိမ်းတွေ ရှေ့မှာ အရှက်ခွဲ နေသလို ဖြစ်နေတယ်

Shan Lay "No 2008 Constitution" တဲ့.. ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ မရှိဘဲနဲ့ ယနေ့လို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုတာ မဖြစ်လာနိုင်ဘူး လို့ပဲ အဲ့ဒီ နော်ဝေးရောက် ဗလချီးနမ်း နိုင်ငံရေးသမားတစ်စုကိုပြောပါရစေ။ မိမိနိုင်ငံ ၏နိုင်ငံရေးကိုနားလည်အောင်လုပ်ကြပါဦးလို့ဘဲ ယဉ်ယဉ်ကျေးကျေးတိုက်တွန်းလိုပါတယ်။

Myat Woon သမ္မတကြီကောင်းအောင်ဘယ်လောက်လုပ်လုပ် စဉ်းစားချင့်ချိန်တဲ့ ပြည်သူဆိုတာမရှိရင် အကောင်းမြင်မှာမဟုပ်ဘူး လုပ်သမျှလည်းကောင်တယ်မပြောကြဘူး အခွင့်ရေးရင်တော့စံကြတယ် အားလုံးကောင်ဖို့ နိုင်ငံတော် ခတ်မှိဖို့ ပြုပြင်ရေးလုပ်လို့ ကိုယ်များနည်နည်လောက် နစ်နာသွားရင် အော်ငါတို့တိုးတက်ဖို့ပါလား ဆိုပြီ ငြိမ်နေတဲ့လူမရှိဘူး ဆန္ဒပြဖို့လောက်ပဲသိတယ်...... နစ်နာကျေးတောင်ဖို့လောက် ဒါပဲသိကြတယ်.....အပျင်ထူပြီ အလုပ်လုပ်မစားပဲ အိမ်မှာငတ်နေရင်တောင် သမ္မတမကောင်းလို့ပဲ အော်ကြမှာ တနိုင်ငံလုံးအဖက်ဖက်က အကောင်းဆုံးတွေဖြစ်အောင် အမျိုးမျိုးတွေးတော တိုင်ပင်ပြီလုပ်ပေးနေတာတောင်အကောင်းမပြောကြဘူး..... အိမ်တစ်အိမ်မှာတောင် စိတ်သဘေားထားညီမရတာ တနိုင်ငံလုံးကို ဘယ်လို ညီရမလဲ ဆန္နပြတဲ့သူတွေ အိမ်ကမိသားစုအရင်အချာတွေနဲ့ရော ဆန္ဒတူညီကြလား အဆင်ပြေကြလား.....ကိုယ်ကရောအိမ်မှာအကောင်းဆုံးလူလား......သမ္မတကြီး ခေါင်းစားခံမနေနဲ့.... ဦသန်းရွှေသာပြန်အုပ်ချုပ်ခိုင်းလိုက်ပါ....အမေစု အမေစု ဘယ်လိုပဲအနစ်နာခံ အချုပ်ကြနေချိန် တုန်းကအမေစုက နိုင်ငံအတွက် လူမျိုးအတွက်အနစ်နာခံ တယ်ဆိုပြီ အခု လွပ်လပ်လို့ မြန်မာနိုင်ငံအတွက် ပြည်သူလူထုအတွက် လုပ်သင့်တာကို စဉ်းစားချင်ချိန်ပြီလုပ်ခွင့်ရသလောက်ကြိုးစားနေလည် အကောင်းမမြင်ကြဘူး ဘယ်သူပဲသမ္မတလုပ်လုပ် ဒီအတိုင်းပဲသွားမှာ.................( လူအလိုနက်တောင်မလိုက်နိုင်တာ )

Minaung Khant မြန်မာစာ အရေးအသားကိုကြည့်ခြင်းအားဖြင့် အဆင့်အတန်းကိုခွဲခြားနိင် ပါသည်

Nan Win ဘယ်သူတွေဘာပြောပြောအစဉ်အဆက်အုပ်ချုပ်လာတဲ့သူတွေထဲမှာဦးသိန်းစိန်အတော်ဆုံးပဲ

Wunna Soe မြန်မာတွေ တော်တော်များများ စိတ်ဓာတ်အောက်တန်းကျပါသည်။အကောင်းမြင်တဲ့စိတ်ကလေးတွေမွေးကြပါ နော်ဝေး ကဗလချီးနမ်း ဟောင်တဲ့ခွေးတွေ။။

Zin Htet Naing ဒီထဲ မှာ ပါတဲ. မိန်းမတွေ က အမျိုးဖျက်တဲ. ကောင်မတွေ ဟိုကပ် ဒီကပ် ဆိတ်လစိ တွေ

Jelly Jelli တော်တော်လေး စိတ်ဆင်းရဲ့ဖို့ ကောင်းတာပဲ့။
ဦးနှောက်များမရှိကြဘူးလား
အခုချိန်မှာ မြန်မာပြည်ကောင်းဖို့ အားလုံးက ကြိုးစားရမယ်လေ။
အခု သူတို့ ကကောင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ မကြိုဆိုကြပဲ့ အဲ့လိုလုပ်တာတော့ လုံးဝမကောင်းဘူးလို့ တင်ပါတယ်... ဒီမိုကရေစီ မရခင်က မရလို့  အခုသူတို့ ကောင်းအောင်လုပ်နေတဲ့ အချိန်မှာ ဘာလို့ အားမပေးကြတာလည်း????
အားလုံးအရင်က ဘာပဲ့ဖြစ်ဖြစ်နာလည်ပေးပြီး အခုမြန်မာပြည်ကို ဒီထက်မက တိုးတက်အောင် ပူးပေါင်းဆောင်ရွက်သက်ပြီးလို့ တင်ပါတယ်။ အဲ့လိုတွေမလုပ်သင့်တော့ဘူးလို့ သမီးထင်ပါတယ်။

Ei May Khine ကိုယ်ကျိုးအတွက်လုပ်ကြတာ။

Aye Nyein San မြန်မာပြည်ခတ်ကောင်းရင် သူတို့ပြန်ရမှာမို့လို့ အဲဒီလိုလုပ်တာ

Aung Zaw Latt တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာ၊ယာဉ်ကျေးမှူ ဓလေ့စရိုက်ပေါင်းစုံ နေထိုင်နေတဲ့ နိုင်ငံတနိုင်ငံကိုမပြောနဲ. ကိုယ့်မိသားစုအတွင်းမှာတောင် ကိုယ့်မိဘတွေရဲ. စိတ်တိုင်းကျ စည်းနဲ. ကမ်းနဲ.၊ မိ

Swe Tun ဦးသိန်းစိန် ရဲ့ ကြိုးပမ်းမှုတွေကြောင့် ပြည်တွင်းကလူတွေ အသက် ရှုချောင်တာကို ငါတို့ပြည်တွင်းကလူပဲ သိတယ်
အမေစုလုပ်ပေးလို့ အခွင့်အလမ်းတွေ နိုင် ငံတကာ ကရနေတာကိုရော ဘယ်လိုကျေးဇူးပြန်ဆက်မလဲ
သူတို့ အသက်အရွယ်တွေနဲ့ နိုင် ငံအတွက် မီးကုန်ယမ်းကုန် ဆောင်ရွက်နေတာကို မသိချင်ယောင်ဆောင်ပြီး အပြစ်တွေထောက်ပြ နေတဲ့ နင်တို့ ကသာ လိမ်နေတာ မိုက်ရိုင်းလိုက်တာ
ဝက်စားကျင်းကော်အဖွဲ့တွေ။

BęęŽy Bäyb လူတွေအားလုံး ထမင်းစားပြီးကြီးလာတာ...
ကိုယ့်ဦးနှောက်နဲ့ ကိုယ် စဉ်းစားကြစေချင်တယ်...
သူများယောင်တိုင်းလိုက်ယောင်
ဟောင်တိုင်းလိုက်ဟောင်နဲ့.... ထမင်းစားတဲ့ဦးနှောက်တွေ ကျပ်ပြည့်စေချင်တယ်.....
အရှင်းဆုံးပြောမယ်... သမ္မတကြီး သေချိန်တန်လို့သေသွားရင်တောင် လူတွေ ဆန္ဒပြလို့ တောင်းဆိုလို့ ပြီးမှာမဟုတ်ဘူး....လောကီသားပေမို့..
ပြည့်သည်မရှိ အမြဲလိုနေအုံးမည်။
Thuya Kyaw Norway ကလူတွေ ဟာ နိုင်ငံတော်နဲ့ အမျိုးကို မျက်နှာပြောင်တိုက် သစ္စာဖောက်တဲ့ အမျိုးသစ္စာဖောက် ထမင်းစားကျွန်တွေပါ။ သူတို့ ကိုခင်ဗျားတို့ ဘယ်လိုပဲ နားချချ သူတို့ဖအေ နော်ဝေ က ဘယ်လိုပဲကန်ထုတ်ထုတ် နော်ဝေမှာ အမြီးနှံ့ပြီး အသနားခံနေကြမဲ့လူစားမျိုးတွေပါ။ ဘယ်တော့မှပြန်လာမည့်လူစားများမဟုတ်ပါ။ UN card ရဖို့ ကို မဟုတ်မဟတ် လံကြုတ်လုပ်ပြီး ကြိုးစားရယူရသူတွေပါ။ ကိုယ်တွေ့ ကိုယ်တိုင်အဆွယ်ခံခဲ့ရသူပါ။

Kyaw Khaing သမ္မတကြီးလို နှလုံးစက်တပ်ပြီးြုပပြင်ပြောင်းလဲရေး ကြိုးစားဆောင်ရွက်နေသူ အမေစုလို ဒုက္ခပေါင်းစုံခါးစည်းခံပြီး တိုင်းကြိုးပြည်ပြု ဆောင်ရွက်နေသူတွေကိုမှ အကောင်းမမြင်နိုင်ရင် .... ကိုယ့်ကိုယ်ကိုရော အကောင်းမြင်တတ်သေး ရဲ့လား လို့  ...

Lwin Naing Tun ကိုယ့်နိုင်ငံကိုယ်ချစ်တဲ့သူတွေက ဘယ်တော့မှကိုယ်နိုင်ငံခေါင်းဆောင်ကို အရှက်မခွဲကြပါဘူး။ဟိုတလောက ကချင်တွေ အမေရိကားမှာသူများကျွေးစာ ကမ်းစာစားပြီး မြန်မာနိုင်ငံအလံကို နင်းချေပြီးမီးရှို့ဖျက်စီးတာတွေ့တယ်ဟုတ် ပြောတော့အစိုးရမကောင်းဘူး ရန်ကုန်မှာချမ်းသာနေတဲ့ကချင်တွေကျတော့ လီးမို့လို့ချမ်းသာနေတာလား အဖြေကရှင်းရှင်းလေး ကိုယ်ကသူများထက်သာအောင်ကြိုးစားရင်အောင်မြင်ကြမှာပါပဲ စောက်ပြင်းတစ်ပြီး အချောင်သူများပေးတာစားချင်ရင်တော့မြန်မာပြည်မှာမနေကြနဲ့ ။ပြည်ပမှာသွားရောက်လုပ်ကိုင်နေကြတဲ့ညီအကိုမောင်နှမများမပါ။ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုစော်ကားနေသောလူတစ်စုအတွက်သာ။

Rock Lee ခွေးလောက်အဆင့်မှရှိတဲ့သူတွေ။ခွေးတောင်မှရိုးရိုးခွေးမဟုတ်ဘူးခွေးစုတ်တွေ။ ဘဘဦးသိန်းစိန်ကိုများပြောရက်လိုက်တာ။

May Soe ကိုယ်ကိုတိုင်လဲ ကိုယ့်နိုင်ငံအတွက်ဘာမှ မလုပ်ပေးနိုင်ပါဘဲနဲ့ အတတ်နိုင်ဆုံးကောင်းအောင်လုပ်ပေးနေတဲ့သူ ကို အားပေးသင့်ပါတယ်။ ။ ဒီ ၂ နှစ်လောက်အတွင်းမှာ president ကရော ချက်ခြင်းပြောင်းလဲအောင် လုပ်ပေးရအောင် သူက တန်ခိုးရှင်တစ်ယောက်လဲမဟုတ်။ ကိုယ်ကိုတိုင် ကိုယ့်နိုင်ငံကောင်းကျိုးအတွက် တစ်ဖက်တစ်လမ်းကနေ အားပေးကူညီသင့်တယ်လို့ ထင်ပါတယ်။ဦးသိန်းစိန်ကြောင့်ပြောင်းလဲမှူတွေလဲအများကြီးပါ။ပြည်ပနေသူ တစ်ယောက်အနေနဲ့ အခွန်လွတ်ငြိမ်းခွင့်တစ်ခုကလည်း ကျေးဇူးတင်စရာ တော်တော်ကောင်းပါတယ်။နည်းတဲ့ငွေတွေလား တစ်နှစ်တစ်နှစ်ပေးရတာ။နှလုံးစက်လေးနဲ့ ဒီထက်မကပြည့်သူအကျိုးကို ကျန်းကျန်းမာမာနဲ့သယ်ပိုးနိုင်ပါစေလို့ ကျွန်မကတော့ ဆုတောင်းတယ်။ I love my president .

Moe Zaw အဲဒီ ဆန္ဒပြ ဆိုင်းဘုတ်ကိုင်ထားသူတွေက မြန်မာပြည်ကိုရောင်းစားထားသူတွေပဲဖြစ်မယ်

Khaing Tun နိုင်ငံခြားနေပြီး ကိုယ်ကြိုးအတွက်ပဲလုပ်နေပြီး နိုင်ငံအတွက်ဘာပေးဆပ်ဘူးလို့လဲ..အရာအားလုံးကို ဘယ်လိုလုပ် အကုန်ပြောင်းလဲရမှာလဲ..တစ်ဖြည်းဖြည်းပြောင်းလဲလာတာ အားလုံးအမြင်ပါ..နိုင်ငံဂုဏ်မမြင့်တင်နိုင်တောင်....အဆင့်တန်းမရှိအောင်မလုပ်ကျပါနဲ့ဗျာ....

Shweyi Maung အမြင်ကျဉ်းမြောင်းမှုတွေမရှိသင့်တော့ပါဘူး။ တိုင်းပြည်တိုးတက်အောင်ဝိုင်းဝန်းကြိုးစားအားပေးသင့်ပါပြီ။

Tun Tun Lin ခင်ဗျားတို့သိလား အဲ့ကောင်တွေ ကောင်မတွေက အဲ့လိုလုပ်ရင် နေ့တွက်ပိုက်ဆံရတယ် ယုံကြည်ချက်ရှိလို့လုပ်နေတာမဟုတ်ဘူး

 www.MyanmarExpress.net