Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံ

From : သမ္မတရုံး


နေပြည်တော် ဖေဖော်ဝါရီ ၂၇
နော်ဝေနိုင်ငံအော်စလိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၆) ရက် မွန်းလွဲ (၁၂) နာရီခွဲတွင် အော်စလိုမြို့ရှိ Holmenkolln Park Hotel ၌ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် Holmenkolln Park Hotel သို့ ရောက်ရှိလာရာ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုနှုတ်ဆက်ပြီး ဟိုတယ်ရှေ့ရှိ ရှုရပ်မှ အော်စလိုမြို့ ရှုခင်းကို ပြသသည်။

ထို့နောက် ဟိုတယ်ဧည့်ခန်း၌ နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် နော်ဝေအစိုးရနှင့် ပြည်သူများက ပံ့ပိုးကူညီမှုများအတွက် မြန်မာပြည်သူများနှင့် မိမိတို့အစိုးရက များစွာကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ သိသာထင်ရှားသည့် ရလဒ်ကောင်းများ ရရှိခဲ့ပြီဖြစ်ပါကြောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ပြည်သူများ အနေဖြင့် သိသာထင်ရှားသည့် ရလဒ်များရရှိလာရန် အရေးကြီးပါကြောင်း၊ ထို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် လိုအပ်နေပါကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ဆက်လက် ကူညီပေးနေသကဲ့သို့ နော်ဝေကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့အတူ နော်ဝေနိုင်ငံနိုင်ငံခြားရေးဝန်ကြီးကလည်း နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများကို ပထမဆုံး အသိအမှတ်ပြုခဲ့ပြီး ကူညီပံ့ပိုးပေးခဲ့ပါကြောင်း၊ ထိုအချိန်တွင် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် သံသယဖြင့် စောင့်ကြည့်နေချိန် ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတွင် တိုးတက် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများကို ကြည့်ပါက မိမိတို့၏ ဆုံးဖြတ်ချက် မှန်ကန်သည်ကို တွေ့ရှိလာရပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကူအည ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံက မြန်မာနိုင်ငံကို အကူအညီများပေးနိုင်ရန် အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် သာမက အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာရှဒေသတွင်း နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံမှ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ယူမှု အပြည့်အဝရှိသည့် ရင်းနှီးမြှုပ်နှံမှု များကို ဆောင်ရွက်သွားရန်  စိတ်ဝင်စားလျက် ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ဂုဏ်ပြု နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

 www.MyanmarExpress.net
 

1 comments:

ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ

နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် နဲ့ ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေလဲစိတ်ပျက်နေကြပါပီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်