Subscribe to our RSS Feed

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား

From : Yangon Times

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်းရှိ ပလောင်ကျေးရွာ နောက်ဘက်ခြမ်း တွင်ရှိသည့် ငါးကန်ဧရိယာ ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှ မတ်လ ၂၅ ရက်နေ့အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းသိရသည်။ နောက်ဆက်တွဲသတင်းများအရ ၂၇ ရက်နေ့ နံနက် ၂ နာရီတွင် မအူပင်ဆေးရုံသို့ ထိခိုက်ဒဏ်ရာရ သူ ၁၇ ဦးရောက်ရှိလာပြီး ၁၀ ဦးမှာ အတွင်းလူနာအဖြစ် မအူပင်ဆေးရုံတွင် ကုသနေကြောင်း ယင်းဒေခံများ ၏ ပြောကြားချက်အရသိရသည်။

"လူ ၁၇ ယောက် ညတုန်းက စပြီးတော့ ဆေးရုံကိုရောက်လာတယ် ၁၀ ယောက်ကအတွင်းလူနာကုနေရတယ် " ဟု ယင်းဒေသခံတစ်ဦး ကပြောကြားသည်။

ယင်းပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်များလည်းထိခိုက်ဒဏ် ရာရရှိမှု များ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်ပေါင်း ၃၇ ဦးခန့် ထိခိုက်ဒဏ် ရာရရှိ ခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှု ခံယူထားကြောင်းသိရသည်။

" အခု ရဲတပ်ဖွဲ့ဝင် ၃၇ ဦး ဒဏ်ရာရတယ်လို့သိထားတယ် ၊ အဲဒီထဲက ၂ ဦးကတော့ ရန်ကုန်ဆေးရုံကြီးကိုပို့လိုက်ပြီ ၊ကန်ဘောင်ပေါ်မှာတော့ အခုလူတွေ မရှိတော့ဘူး " ဟု ဒေသခံတစ်ဦးကပြောသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်