Subscribe to our RSS Feed

1500 CC အထက်ကား ဈေးတက်ချိန် 1300 CC နှင့် အောက်ကားများ တန်ဖိုးကျဆင်းလျက်ရှိ

From : Myit Makha Mediagroup on 26 Feb, 2013



ရန်ကုန်ကားဈေးကွက်အတွင်း 1500 CC အထက်ကားများဈေးတက်လာချိန် 1300 CC နှင့် အောက်ကားများမှာ ဈေးကျလျက် ရှိကြောင်းကားအကျိုးတော်ဆောင်များထံမှ သိရသည်။
အထူးသဖြင့် Honda CRV နှင့် BMW 6 Series ကဲ့သို့သောမော်ဒယ်မြင့်ကားများမှာ ဈေးကွက်အတွင်း သိသာထင်ရှားစွာ ဈေးတက်လာသည်။
ထို့အပြင် 1300 CC ကားများဖြစ်သော Provox ၊ AD Van နှင့်Honda Fit ကဲ့သို့သော ကားများမှာ  ဈေးနှုန်း ကျဆင်းလျက်ရှိသည်။
``ဒီမှာဆို 1500 CC  1800 CC နဲ့ 2000 CC ကားတွေ ဈေးနည်းနည်းတက်တယ်၊ဘာလို့လဲဆိုတော့ ဈေးတွေက ၂၀၀ ၊ ၃၀၀ ပဲရှိတယ်၊ ပြီးတော့ကားကလည်းကောင်းတာကြောင့်ပါ´´ သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှမန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။
  
မြန်မာနိုင်ငံတွင် ၂၀၁၀ နောက်ပိုင်း ကားဈေးကွက် သိသာစွာပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပြီး ဈေးများ သိသာစွာ ကျဆင်းလာသည်။ အထူးသဖြင့်လူကြိုက်များသော မော်ဒယ်မြင့်ကာများသည် ယခင်က သိန်းထောင်ချီ ပေးဝယ်ရသည့် အခြေအနေမှ ယခုအခါ သိန်းရာဂဏန်းဖြင့် ၀ယ်ယူနိုင်သည်။
`` ကားတွေက ဈေးတွေကတော့ တက်လိုက်ကျလိုက်ပဲ၊ အရောင်းအ၀ယ်ပေါ်ပဲ မူတည်ပါတယ်၊လူတွေ အ၀ယ်လိုက်တဲ့ကားတွေက ဈေးတက်လာမယ်၊ ကျန်တဲ့ကားတွေက ဈေးကျလာမယ်၊ဈေးတက်တယ်ဆိုပေမဲ့လည်း အရင်ကနဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး၊အခုဈေးတက်တယ်ဆိုတာက အရင်တုန်းက ဈေးနဲ့ဆိုရင် မသိသာဘူး´´ ဟုကားရောင်းဝယ်တစ်ဦးဖြစ်သည့်ကိုဇော်က ပြောသည်။
ယခုကားဈေးကွက်အတွင်း ယခင်က သိန်း ၁၉၀ ၀န်းကျင်သာ ရှိခဲ့သော Honda CRV( 2000CC) သည် ယခုအခါ သိန်း ၂၃၀ ၀န်းကျင်အထိရှိလာသည်။BMW 6 Series(2933 CC) သည်ယခင်က သိန်း ၅၈၀ ၀န်းကျင်မှ ယခုအခါ သိန်း ၆၀၀ နီးပါးဈေးတက်လာသည်။
သို့သော် 1300 CC နှင့် အောက်ကားများသည် ရောင်းချရမှုမှာ ယခင်ကထက် သိသာစွာမြင့်တက်လာသော်လည်း   ဈေးကွက်အတွင်း တင်သွင်းမှုများလာသည့်အတွက်ဈေးကျလာခြင်းဖြစ်သည်။
`` အရင်တုန်းက Provox တွေဆိုရင် ၁၃၀ လောက်ကနေ အခု ၁၀၀ ၀န်းကျင်ပဲရှိတော့တယ်၊AD Van တွေလည်း ဒီအတိုင်းပဲ၊ ၁၃၀ ၁၄၀ လောက်ကနေ အခု ၁၀၀ကျော်ကျော်ပဲရှိတော့တယ်၊ Honda Fit ဆိုရင်လည်း အရင်က ၁၂၅ သိန်းလောက်ကနေ အခု၉၀ ကျော်ကျော်လောက်နဲ့ရတယ်´´ ဟု သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှကိုမင်းထက်ကိုမှ ပြောသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၂ ခုနှစ်နိုဝင်ဘာလ(၃၀)ရက်နေ့ထိ စည်းကြပ်ဆောင် ရွက်ပေးခဲ့သော   စာရင်းများအရ ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များမှာ လူစီးယာဉ် (၁၀၅၇၉၈) စီး၊ ဘတ်စ်ကား (၁၄၃၇)စီး၊ ကုန်တင်ယာဉ် (၆၁၅၁) စီး စုစုပေါင်း (၁၁၃၃၈၆) စီးဖြစ်ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်