Subscribe to our RSS Feed

နော်ဝေတွင်သမ္မတဦးသိန်းစိန်းအား ဆန္ဒပြသူများနှင့် ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့မရောက်ဘူးသေးသော ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ် နန့် ကြည်အေးအား မြန်မာနိုင်ငံသို့လာရောက်လေ့လာရန်ဖိတ်ခေါ်

From : ဦးရဲထွဋ်

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ကျွန်တော်တို့ ယာဉ်တန်းဟိုတယ်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ လူသုံးဆယ်၊ လေးဆယ်လောက် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြနေတာ ကို တွေ့ရပါတယ်။

ဒါကိုတွေ့တဲ့ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို အဲဒီ ဆန္ဒပြသူ တွေထဲက ဦးဆောင်သူအချို့နဲ့တွေ့ ပြီး သူတို့ ပြောချင်တာကို နားထောင်ဖို့ ၊ ပြီးရင် မိမိတို့လုပ်ဆောင်နေတာတွေကို ရှင်းပြဖို့ မှာပါတယ်။

ဒါ့ကြောင့် ဦးစိုးသိန်းနဲ့ ကျွန်တော်က ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးမြင့်အေး နဲ့ ဒေါ်နန်းကြည်အေးကို တစ်နာရီကျော် တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သူတို့ အမြင်တွေ ကိုပြောပါတယ်။ ဦးမြင့်အေးက မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး သူ့ခံစား ချက်များကို သီးခြားပြောသလို ဒေါ် နန်းကြည်အေးကလည်း ကရင်တိုင်းရင်း သားများအခြေအနေနဲ့ပတ်သက်ပြီး သူ့ခံစားချက်များကို သီးခြားပြောပါတယ်။

ကျွန်တော်တို့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြင်ရဘူးလို့ မဆိုလို ကြောင်း၊ အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ပြင်ဆင်နိုင်ကြောင်း၊ အခြေခံဥပဒေအရ ဒီလိုပြင်ဆင်ဖို့ကို လွှတ်တော် အတွင်းမှာသာ စတင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လို့ မရကြောင်း၊ သက်ဆိုင်သူအားလုံးက ဆွေးနွေးသဘောတူရင် ပြင်နိုင်ကြောင်းနဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုအခြေအနေများကို ရှင်းပြခဲ့ ပါတယ်။

မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ စီမံကိန်းများ အတွက် မြေသိမ်းဆည်းမှုမရှိကြောင်း၊ ယခင်က အမွေဆက်ခံခဲ့ရသော မြေယာပြဿနာများကိုသာဖြေရှင်းပေးနေရခြင်း ဖြစ် ကြောင်း၊ တစ်ဖက်ကလည်း လယ်သမားများရဲ့ မြေယာပိုင်ဆိုင်မှုများကို အာမခံနိုင်မယ့် မြေယာမှတ်ပုံတင်ခြင်းများကိုဆောင်ရွက်ပေးနေကြောင်း၊ အစိုးရဘက်က တရားနည်းလမ်းတကျဖြေရှင်းပေးနိုင်ရေးဆောင်ရွက်နေ သလို တစ်ဘက်ကလည်း လူအုပ်စုနဲ့ အတင်းကျူးကျော်တာ၊ အကြမ်း ဖက်တိုက်ခိုက်တာမျိုးမလုပ်သင့်ကြောင်း၊ နစ်နာမှုများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောကြားခြင်း၊ ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရန်လိုကြောင်း ပြည့်ပြည့်စုံစုံဖြေကြားခဲ့ပါတယ်။

ဒီလိုပဲ ကေအင်ယူအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအခြေအနေ၊ တွေ့ ကြုံရတဲ့အခက် အခဲများကို ရှင်းပြခဲ့သလို ကရင်ပြည်နယ်အတွင်းမှာ IDP များ ပြန်လည် နေရာချထားရေးအတွက် ဆောင်ရွက်ပေးနေမှုများလည်း ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးက တာဝန်ရှိသူကလည်း သူတို့ကိုယ်တိုင် အဲဒီလုပ်ငန်းစဉ်များမှာ ပါဝင်လုပ်ဆောင်နေတဲ့အခြေ အနေများကို ရှင်းပြခဲ့ပါတယ်။

ဒီလိုဆွေးနွေးရင်းနဲ့ ဒေါ် နန့် ကြည်အေးဟာ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံထဲကို တစ်ခါမှ မရောက်ခဲ့သေးကြောင်း သိရတဲ့အတွက် ၀န်ကြီး ဦးစိုးသိန်းက သူ့ကို မြန်မာနိုင်ငံကိုလာလည်ဖို့၊ ယခင် ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေမှာ ပြန်လည်နေရာချထားရေးလုပ်တာ တွေကို လာပြီးလေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မယ့် အခြေအနေ မျိုးရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန် တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်။

ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆိုဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။


 www.MyanmarExpress.net
 

9 comments:

ဒီဟာတွေကိုအရေးလုပ်ပီး ခေါ်မနေနဲ့ အလကားဟာတွေ
တိုင်းပြည်ကိုချစ်တာမဟုတ်ဘူး နှစ်တာ။ ပြည်ပက အတိုက်ခံတွေ လာရင် အပြင်ကနေ အာမချောင်ဘို့ ဆန္ဒ ပြ ရမယ် လက်ကြောမတင်းတဲ့ဟာတွေ

Very good..
All of our countary problem are should be solve by this way.please don't used force both parties should respected each other and peacefully solve the problem on the table. Give and take is very inportant
Happy to read this kind of news.

သန်း ခြောက်ဆယ်ရှိတဲ့ပြည်သူ

တွေအတွက် အလုပ်လုပ်နေတာ

လူသုံးလေးဆယ်အတွက်ဒီထက်ပို

အချိန်မပေးပါနဲ့သမ္မတကြီးခင်ဗျာ။

Our President is greatest for ever our history as General Aung San.

လမင်းကို ခွေးဟောင်တာ အရေးလုပ်စရာ မလိုပါဘူး ဘဘသမ္မတကြီး လူကောင်းဆိုတာ ကလေးကအစ သိတယ် ခွေးတွေကို ဟောင်တာရပ်အောင် ချီးသာကျွေးခဲ့ပါ

New government is solving the land problems which were created by previous government. My question is what is the different between Previous and New Government? All are the same. Liar.

ဝမ်းနည်းလိုက်တာ သမ္မတကြီးရာ
ဒီလိုခွေးအောက်တန်းစားတွေကို အဖက်လုပ်ပြီး တွေ့
ရတယ်လို့ဗျာ ။ ဖိနပ် နဲ့ ပါးတွေ တန်းစီရိုက်ပြီး သတ်ပစ်
ရမှာ ။ အေးပေါ့လေ ..မင်း တို့လုပ် ရပ်တွေက မင်းတို့
ကို ပြန်အကျိုးပေးမှာပါ

သမ္မတကြီးခင်ဗျား၊ ဒီလို ခွေးလေခွေးလင့်တွေကို အရေးလုပ်ပြီး အိပ်ရေးပျက်ခံ၊ လှည့်ကြည့်မနေပါနဲ့ခင်ဗျာ၊ ဒီပေါက်လွှတ်ပဲစား၊ နိုင်ငံတကာလှည့် တောင်းရမ်းစားနေတဲ့ အခြေအမြစ်မရှိ၊ နိုင်ငံရေးအသိမမြင်နည်း၊ ရှူးတိုက်ပေးတိုင်း ထကိုက်တတ်တဲ့ကောင်တွေပါ။ သမ္မတကြီးမှာ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ပစ်ထားလိုက်စမ်းပါ၊ ဒီလိုကောင်တွေကို၊ ဒီမိုကရေစီအမှိုက်၊ ဘေးတိုက်တွေပါ။

ဖေဖေါ်ဝါ၇ီ ၂၇ ၇က်က နော်ဝေးနိုင်ငံ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး နော်ဝေးနိုင်ငံသားခံယူထားသူတွေပါ မျိုးချစ်စိတ်တကယ်၇ှိတာမဟုတ်ပဲ မြန်မာနိုင်င်ငံကောင်းစားေ၇းကိုတကယ်လိုလားတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင်လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ အဲ့ဒီ နော်ဝေးကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေဒုက္ခသည်လျှောက်ပီး နော်ဝေးကိုေ၇ာက်လာတာပါ

နော်ဝေးနိုင်ငံကဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် နဲ့ ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေလဲစိတ်ပျက်နေကြပါပီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်