Subscribe to our RSS Feed

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲ တစ်ဦးအတွင် ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခဆရာတော်တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း

From :messenger

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာတွင်
ဖေဖော်ဝါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့်ထိခိုက်ဒဏ်ရာရရှိ သူများနှင့်သေဆုံးသူရဲတပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုအား
ရွှေည၀ါဆရာတော်၊ ဆရာတော်ဦးဝီရသူနှင့်မကွေးဆရာတော်ရှင်ပါမောက္ခတို့ကအလှူငွေကျပ်သိန်း(၂၀)
ကိုလှူဒါန်းထောက်ပံ့ခဲ့ကြောင်းအဆိုပါဒေသသို့သွားရောက်သတင်းရယူနေသော The Messenger သတင်းထောက်ကသတင်းပေးပို့သည်။
“နှစ်ဘက်လုံးကဒဏ်ရာရတဲ့လူတွေကိုလှူတာပါ။ရွှေည၀ါဆရာတော်ကကျပ်(၁၀)သိန်း၊ဆရာတော်ဦးဝီရသူက ကျပ်(၁၀)သိန်းလှူတယ်။ ဒဏ်ရာရသူတစ်ဦးစီကိုငွေကျပ်ငါးသောင်း စီလှူတယ်။သေဆုံး သွားတဲ့ရဲတပ်ဖွဲ့ဝင်ကိုရဲကျော်သူရဲ့ မိသားစုကိုငွေကျပ်သုံး သိန်းထောက်ပံ့လှူဒါန်းတယ်” ဟု၎င်းကဆက်ပြောသည်။
ရဲတပ်ဖွဲ့ဝင်ကိုရဲကျော်သူမှာဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးဦးနှောက်နှင့် အာရုံကြောဌာနသို့ညတွင်းချင်းပို့ဆောင်ပေးခဲ့ရပြီးဒဏ်ရာပြင်းထန်သဖြင့်သေဆုံးသွားကြောင်းကိုမအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ညနေပိုင်းက အတည်ပြုပြောကြားခဲ့သည်။
ဆရာတော်ကြီးများသည်ဒဏ်ရာရရှိသူများကိုအလှူငွေထောက်ပံ့ချီးမြင့်ရန်ဆေးရုံသို့ကြွစဉ်မအူပင်မြို့၊
(၃)ရပ်ကွက်၊မင်းလမ်းရှိကိုအောင်ကျော်မိုး၊မလင်းလင်းတို့နေအိမ်တွင်ခေတ္တသီတင်းသုံးကာ မလက်တိုကျေးရွာ
အုပ်စုမှလယ်သမားများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။လယ်သမားများမှဖြစ်ပွားခဲ့သောအခြေအနေများကို
ဆရာတော်ကြီးများလျောက်ထားခဲ့ကြောင်းသတင်းရရှိသည်။


 www.MyanmarExpress.net
 

5 comments:

သံဃာဆိုတာ သာသနာတော် မှာ စာသင် စာချ အလုပ်နဲ့ ဝိပဿနာ အလုပ်ဆိုပြီး နှစ်မျိုးပဲ ရှိတယ် ။ ဘာသာ သာသနာ ထွန်းကားအောင် လုပ် ရင် လုပ် ဒါမှမ ဟုတ် အမြိုက် တရားတိုက်ကျွေး ပြီး သတ္တဝါတွေကို ကယ်တင် ပါ။ အဲဒီလို မဟုတ်ပဲ ဒါကာ ဒါကာမ တွေ လှူတဲ့ ဘောဇင်တွေ ကို သုံးဆောင် နေမယ်ဆိုရင် အပယ်လေးဘုံ ပြေးမလွတ်ဘူး

၈၈တွေ ကတမျိုး နိုင် ငံရေး သမား တွေက တ မျိုး ကုလားတွေ ဘုန်းကြိးတွေ ရခိးတွေ ကတမျိုး တပ် မ တော် ရဲ့ ရဲ ရင့် ပြတ် သား တဲ့ အုပ် ချု ပ်ရေးစ နစ် ကို တမ်း တ တယ်ဗျာ

It is true that the place where the fish farm is located were paddy fields owned by many local poor farmers. Now they are land less people and their life is poor and poor after their land were lost. At the same time, the fish farm owner (Dr Myint Sein who is a crony) is richer and richer after he invaded in local farmers land. Justice should be fair for both parties (the fish farm owner and local farmers).

ဝန်ထမ်း တစ်ဦး ပါ အပြောအဆို ခံနေ ကြရရုံ မက အသက် ပါ အသေ ခံ ရပြီ:-)

20lakhs! So much to this police who rudely behave towarmyard the public.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်