Subscribe to our RSS Feed

အများပြည်သူသန့်စင်ခန်းများအားဖျက်ဆီးပါက ဥပဒေအရအရေးယူမည်

From :hot news

အများပြည်သူပိုင်ပစ္စည်းများ အားဖျက် ကိုဖျက် ဆီးပြုလုပ် ပါက စုံစမ်းကာ တရားဥပဒေအရ စစ် ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါ ရီလ ၂၅ရက်က ရန်ကုန် မြို့(၃၈) လမ်းရှိ ရန်ကုန်မြို့စည် ပင်သာယာရေးကော် မတီပတ်ဝန်း ကျင်သန့်ရှင်းရေးဌာနတွင် လက် ထောက်ဌာန မှူးဦးရဲကျော်မိုးက မီဒီယာများ အားပြောကြား သည်။
““ပထမတစ်ခါက ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ သိမ်ဖြူ လမ်း ထောင့်မှာရှိတဲ့ အများပြည်သူသုံး သန့်စင်ခန်းတစ်ခုကိုစည်းကမ်းမဲ့ ဆေးတွေနဲ့ စာတွေကိုရေး သွားပါ တယ်။ အခု ဒုတိယတစ်ခါ ဗိုလ် တစ်ထောင်မြို့နယ်၊စိန်ပေါလ်မြေ ပေါ်သန့်စင်ခန်းတစ်ခုကိုထပ်လုပ် သွားပါတယ်။
ဒါတွေကိုလည်း စုံ စမ်းစစ်ဆေးမှုတွေပြုလုပ်နေပါ တယ်။ ဒီလိုအများပြည်သူပိုင် ပစ္စည်း၊အများပြည်သူ သုံး သန့်စင်ခန်းတွေကို စည်းကမ်းမဲ့ဆေးတွေ နဲ့စာတွေရေးထားတာတို့ဖျက်လို့ ဖျက်ဆီးလုပ်တာတွေဆိုရင် စည် ပင်သာယာဥပဒေအရအရေးယူမှာ ပါ””ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဆေးများဖြင့်စာ ရေးသားခြင်းများအား ရန်ကုန်မြို့ ရှိ သန့်စင်ခန်းများ၊ဘတ်စ်ကား မှတ်တိုင်များ၊လူသွားလူလာများ သော အုတ်နံရံများတွင် ပြုလုပ် လေ့ရှိကြောင်းတွေ့ရှိရသည်။

  www.MyanmarExpress.net
 

1 comments:

So dirty toilets for foreigners n public?faces floating,urine spreading,flies flying toilets?Shit!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်