Subscribe to our RSS Feed

မော်လမြိုင် အမှတ်(၁) မြို့မဈေး အနီး မီးလောင်

From : 7day


မော်လမြိုင်မြို့ အမှတ်(၁) မြို့မဈေးအနီးတွင် မီးအားမြှင့်စက် အပူချိန်လွန်ကဲရာမှ မီးစတင်လောင်ရာ ဈေးအနီးရှိဖက်တန်းလမ်းဆိုင်ခန်းတွဲ လေးခန်းတွဲ သုံးထပ်တိုက်အပေါ်ဆုံးထပ် မီးလောင် သွားကြောင်း မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးမှာ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန် စတင်လောင်ကျွမ်းရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ကား ၁၇ စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း ၎င်းကပြောသည်။

“မီးအားမြှင့်စက် အပူချိန်ကြောင့် လောင်တာ၊ ဆိုင်းခန်းတွေကတစ်ဆင့် လူနေအိမ်သုံးထပ်တိုက်ကို ကူးသွားတာ”ဟု မော်လမြိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျပ် ၃၆ သိန်းဝန်းကျင် ဆုံးရှုံးမှုတန်ဖိုးရှိကြောင်း မီးသတ်ဌာနမှ သတင်းရရှိသည်။

“ဈေးနားလေးမှာ ကောင်တာဆိုတော့ တော်တော်ကို လန့်သွားတယ်” ဟု မော်လမြိုင်အမှတ်(၁) ဈေး၌ ကုန်စုံဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။ ၂၀၁၃ ဇန်န၀ါရီ ၁၉ ရက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ မြို့မစည်ပင်သာယာရေးဈေးတွင် ဆိုင်ခန်းပေါင်း ၆၂၉ ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းတန်ဖိုးကျပ်သိန်း ၂၇၀၀ ကျော် ဆုံးရှုံးခဲ့သည်။ 



. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်