Subscribe to our RSS Feed

သစ်ခိုးထုတ်မှုများ “ ကျွန်းပွဲတော်” ဟုခေါ်ရလောက် အောင်ရှိနေ

From : myanma age


ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် KIAကချင်
လက်နက်ကိုင် အဖွဲ့နှင့် တရုတ်သစ်ကုန်သည်များ ပူးပေါင်း
ကာ တရားမဝင် ကျွန်းသစ်များနှင့် အခြားသစ်မာသစ်များကို
တရုတ်ပြည်သို့ ခိုးထုတ် နေကြသည်ဟု မိုးမိတ်မြို့မှ ဒေသခံ
တစ်ဦးက ပြောကြားသည်။

မဘိမ်းမြို့နှင့် မိုင်နှစ်ဆယ်ကျော် ကွာဝေးသော ပင်ကြိမ်၊
တုံကွာ၊ စီပိန်း၊ နမ့်ဟွန်၊ နမ့်ဟန်၊ မိုင်းတုံရွာစဉ်များ တလျှောက်
ရှိ တောထဲမှ သစ်များကို ၎င်းအဖွဲ့များက သစ်များခိုးထုတ် သယ်ယူနေကြောင်း၊ နှစ်စဉ် ဒီဇင်ဘာလမှစ၍ ဖေဖော်ဝါရီလ
အတွင်း သစ်များ ခိုးထုတ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ တရား မ၀င်သစ်များသည် ဗန်းမော်မှောင်ခို တောလမ်းမှတဆင့်
တရုတ်ပြည် နယ်စပ်သို့ ပို့နေခြင်းဖြစ်ကြောင်း၊ တစ်ရက်လျှင်
သစ်ခိုးထုတ် ကားအစီး ရေ(၂၀၀)ကျော်ထိ ရှိကြောင်း ထိုသစ်လုပ်ငန်းတွင် ဈေးရောင်းချနေသူများက ပြောကြသည်။

ယင်းသို့ သစ်ခိုးထုတ်မှုများကြောင့် ရွာနီးစပ်မှ ဒေသခံ ရွာသူ ရွာသားများသည် ၎င်းနေရာ၌ အလုပ်ဝင်လုပ်ကာ ဝင်ငွေ
ကောင်းနေကြောင်း၊ တစ်ရက်လျှင် သစ်ခုတ်သားတစ်ဦး၏ အနည်းဆုံးဝင်ငွေသည် နှစ်သောင်းမှ လေးသောင်းထိ ပုံမှန်ရှိပြီး မိမိလုပ်ကိုင်နိုင်သလေက် တစ်ရက်လျှင် ခုနှစ်သောင်းအထိ
ဝင်ငွေရှိနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သော ဒေသခံများ
ပြောကြသည်။

၎င်းသစ်ခိုးထုတ်တောထဲ၌ ဈေးရောင်းဈေးဝယ် လုပ်နေသူ
ကိုသိန်းဇော်က “ဆောင်းအကုန် နွေအကူး အစပ်ရောက် တိုင်း
KIAလက်နက်ကိုင်တွေကတရုတ်သစ်ကုန်သည်တွေနဲ့ နှစ်တိုင်း
လိုလို တောတန်းတလျှောက် တရားမ၀င် သစ်တွေ ခုတ်လှဲ၊ သယ်ထုတ် နေကြတာပါ။ ဘယ်သူမှလည်း မပြောရဲရှာဘူး။ လက်နက်ကိုင်အဖွဲ့နဲ့ တရုတ် သစ်ကုန်သည်တွေဟာ နီးစပ်ရာ
ရွာက ဒေသခံတွေကို ပိုက်ဆံများများပေးတယ်။ ဒေသခံတွေ ၀င်ငွေကောင်းတယ်။ နောက်ဆုံးသူတို့ ယာခင်းကိုတောင်ပစ်ပြီး
သစ်ခုတ်၊ သစ်သယ် အလုပ် ၀င်လုပ်ကြတယ်။ ၀န်းကျင်မြို့တွေ က ဒေသခံတွေလည်း လာကြတော့ သစ်ခိုးထုတ်နေတဲ့ တောထဲမှာ ပွဲတော်တစ်ခုလို ဖြစ်နေရတာမို့ 'ကျွန်းပွဲတော်' ဆိုပြီးဖြစ်သွားတာပါ ” ဟုပြောကြားသည်။ မိုးမိတ်၊ မဘိမ်းမြို့မှ သစ်တင်ကားများ သာမက
မြန်မာပြည် အောက်ပိုင်းမှ သစ်တင်ကားများပင် ယင်းသစ်ခိုးထုတ်
ရာ၌ လာရောက် လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများက
ပြောကြသည်။

အစိုးရဌာနဆိုင်ရာ မည်သည့် အဖွဲ့အစည်းမျှ လာရောက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခြင်းမျိုး ယနေ့ထိ မရှိသေးကြောင်း၊ သစ်
များလည်း ကုန်သလောက်ဖြစ်နေ၍ စခန်းသိမ်းချိန်ပင်
ရောက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မဘိမ်းသစ်တော ဦးစီးဌာနအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့သော်လည်း ဖုန်းမကိုင်သောကြောင့် မဘိမ်းမြို့နယ် ရဲစခန်းမှူး ဦးနော်ခမ်းသို့ ဆက်သွယ်မေးမြန်းရာ ၎င်းက “ဒီကိစ္စကိုကျွန်တော်တို့လည်း
ကြားပါတယ်။ ဒါပေမယ့် တရားဝင် သတင်းလို့ အတည်ပြု
ပေးလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေး အခက်
အခဲရှိနေလို့ ကျွန်တော်တို့ကိုယ်တိုင် မသွားရဲ၊ မလာရဲ ဖြစ်
နေတာ မို့ သတင်းအမှန်ပါလို့ ပြောခွင့်မရှိတာပါဗျာ” ဟု
ပြောကြားသည်။

ယင်းကြောင့် မြန်မာ့ရေမြေအရင်းအမြစ်များသည် နိုင်ငံအတွက်
၊ပြည်သူေ တွအတွက်မခံစား၊ မစံစားရဘဲ တဖက်နိုင်ငံက ကိုလို
နီစီးပွားရေးသမားတွေ လက်ထဲသို့သာ“၀”ကွက် အပ်လိုက်သလို
ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။



 www.MyanmarExpress.net
 

1 comments:

မဘိန်းနယ်မှာစံချိန်ကျော်ကျွန်းပင်တွေအများကြီး တစ်ချိန်ကလက်လွှ ခွန်နဲ့ခုတ်တာမို့ပြုန်းတီးမှုမသိသာဘူး ခုခောတ် အမြန်ခိုးထုတ်တာဆိုတော့ ခောတ်မှီစက်လွှ ဝန်ချီစက် ကရိမ်းတွေ သစ်ကားတွေနဲ့လုပ်ကြတော့့ နေ့မြင် ညပျောက်ပါဘဲ တစ်ရက်မတားရင် သစ်လုံးတန် နှစ်သောင်းကျော် တစ်ပတ်ဆို တစ်လဆို တွက်သာကြည့် ပြောင်ပါပြီဗျာ လို့ပြောပါရစေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်