Subscribe to our RSS Feed

ပြည်သူ့အသံ ကဏ္ဍသို့ ပေးပို့တင်ပြလာသော တိုင်ကြားစာများ၊ အသနားခံစာများ၊ အကြံပြုစာများနှင့် ပစ်စာများနှင့် စပ်လျဉ်း၍ စစ်ဆေးပြီးစီးမှုများ

From : သမ္မတရုံး


၁။    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ခွင့်မဲ့ ပျက်ကွက်မှုဖြင့် အလုပ်မှ ထုတ်ပယ်သည့် အမိန့်အပေါ် ပြန်လည် စိစစ်ပေးရန်နှင့် အလုပ်ပြန်လည်ခန့်ထားပေးရန် တင်ပြခြင်း ကိစ္စ
   

ဝန်ထမ်းကျင့်ဝတ်နှင့် မလျော်ညီသည့် ကိစ္စရပ်များကို လုပ်ဆောင် ခဲ့သူ ဖြစ်ပြီး (၂၁) ရက် ထက် ကျော်လွန်ခွင့်မဲ့ ပျက်ကွက် သဖြင့် ဌာနမှ ကင်းကွာသော ပြစ်ဒဏ်ဖြင့် အလုပ်မှ ထုတ်ပစ်ခြင်း ခံရသူဖြစ်ကြောင်း သိရှိရသည်။

၂။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ မမှန်ကန် သော စွပ်စွဲချက် များဖြင့် ပြင်းထန်စွာ သတိပေးခြင်းနှင့် အလုပ်တာဝန်မှ ထုတ်ပစ် ခဲ့ခြင်းအပေါ် မကျေနပ်၍ တိုင်ကြားလာသည့် ကိစ္စ
   

(၂၁) ရက်ထက် ကျော်လွန် ခွင့်မဲ့ ပျက်ကွက်ခဲ့သူ ဖြစ်ကြောင်း၊ စက်သုံးဆီ ရောင်းပြီး ကိုယ်ကျိုး သုံးစွဲသူလည်း ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်း ကျင့်ဝတ်နှင့် မညီ၍ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသူဖြစ်ပြီး ပညာတော်သင် စာချုပ်အရ လျော်ကြေးငွေ ကျပ် (၆၅) သိန်းပေးလျော်စေရန် ချမှတ်ထားကြောင်း သိရှိရသည်။

၃။သားဖြစ်သူ သေဆုံးခဲ့သည့် လူသတ်မှု ဖြစ်စဉ်အား အမှုမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်ပေးရန် တင်ပြခြင်း ကိစ္စ
   

ဖြစ်စဉ် အမှန်မှာ လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ် အဖြူရောင်ယာဉ်အားအရက်မူးယစ်နေသူ (သေဆုံးသူ) မောင်းနှင် လာသည့် စူပါကပ် အစိမ်းရောင် ဆိုင်ကယ်က အရှိန် ပြင်းစွာဖြင့် နောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ်စီးသူ သေဆုံး ရခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

၎။သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပညာရေး ဝန်ထမ်းများအား လစာ၊ ရာထူးများ တိုးပေး ရာတွင် အခြေခံပညာ တစ်ခုတည်း ကိုသာ တိုးမပေးသင့်ကြောင်း တင်ပြခြင်းကိစ္စ
   

ဝိဇ္ဖာနှင့် သိပ္ပံဘာသာရပ် အထူးပြု ဘွဲ့ရ ဆရာ၊ ဆရာမများကို အလုပ် ခန့်ထားရာတွင် အထောက်အကူပြု ဘာသာရပ် များ သင်ကြားပြသရန် ခန့်ထားခြင်း ဖြစ်သဖြင့် ဝိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ်များ၏ သဘော သဘာဝနှင့် မတူညီကြောင်း၊ သို့သော် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ လက်ရှိ ကျင့်သုံး ဆောင်ရွက် လျက်ရှိသော အလုပ် ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေး သတ်မှတ် ချက် မူဝါဒများနှင့် စပ်လျဉ်း၍ ဝိဇ္ဇာနှင့် သိပ္ပံ အထူးပြု ဘွဲ့ရဆရာ၊ ဆရာမများ နစ်နာမှု မရှိစေရန်အတွက် သတ်မှတ်ချက်များဖြင့် ညှိနှိုင်း ဆောင်ရွက်ထား ကြောင်း သိရှိရသည်။

၅။သတ်မှတ် အရည်အချင်း ပြည့်မီသူများကို B.Tech, B.E သင်တန်းများသို့ တက်ရောက် ခွင့်ပြုရန် နည်းပညာ တက္ကသိုလ် ကျောင်းသူ/ကျောင်းသား များ၏ တင်ပြစာ ကိစ္စ
   

B.Tech, B.E တစ်ဆင့်မြင့် သင်တန်းများသို့ ပေါင်းကူး တက်ရောက်ရန် သတ်မှတ် အရည်အချင်း မပြည့်မီသူများကို အလုပ်အကိုင် အခွင့်အလမ်းနှင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အရ လိုအပ်ချက်အပေါ် မူတည်ပြီး ပေါင်းကူး ဝင်ခွင့် အရည်အချင်း စစ်စာမေးပွဲများ ကျင်းပပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ အားလုံး သိရှိ စေရန် နိုင်ငံပိုင် သတင်းစာ များတွင် ကြိုတင် ထည့်သွင်း ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

၆။ဖုန်းခေါ်ဆိုခများကို သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်နှုန်းဖြင့် မှန်ကန်စွာ ကောက်ခံသင့်ကြောင်း တင်ပြ ခြင်း ကိစ္စ
   

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ည (၁၁) နာရီမှ နံနက် (၇) နာရီအထိ တယ်လီဖုန်း ခေါ်ဆိုခ (၅၀) ရာခိုင်နှုန်း လျော့ချ သည့် အစီအစဉ်ကို ၁၄-၃-၂၀၁၂ ရက်နေ့မှ စ၍ ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာန တာဝန်ရှိသူမှ ကာယကံရှင်ထံ ဆက်သွယ်၍ တင်ပြချက်ပါ အချိန် အပိုင်းအခြားအား ပြန်စစ်ရန်အတွက် စိစစ်မေးမြန်းရာ မမှတ်မိတော့ ကြောင်းနှင့် ယခုနှုန်းထား မှန်ကန် နေ၍ ကျေနပ်ကြောင်း ပြန်လည် ဖြေကြားကြောင်းနှင့် ယင်းကိစ္စ အပါအဝင် အများပြည်သူ စုံစမ်း မေးမြန်းနိုင်ရန် တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို သတင်းစာ၊ ဂျာနယ်များတွင် ထည့်သွင်း ကြေညာထား ကြောင်း သိရှိရသည်။

၇။စီမံကိန်း ဧရိယာအတွင်း ပါဝင်ခြင်း မရှိသော မြေကွက်အား မူလပိုင်ရှင်သို့ ပြန်လည် ပေးအပ်ရန် တင်ပြခြင်း ကိစ္စ
   

တိုင်ကြားသူ တင်ပြသော မြေသည် နိုင်ငံပိုင် သိမ်းယူထားသည့် (ထွေ/အုပ်)ပိုင် မြေဖြစ်ပြီး ၎င်း၏ ဖခင်အား ပေ (၄၀×၆၀) မြေကွက် (၅) ကွက်ကို အစားထိုး ပေးအပ်ပြီး ဖြစ်ပါ၍ တာဝန်ရှိသူ များရှေ့ တွင် ကာယကံရှင်များအား ရှင်းပြပြီး ဖြစ်ကြောင်း သိရှိရသည်။

၈။မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်အား ရာထူး တိုးမြှင့်ရေး ကိစ္စနှင့် စပ်လျဉ်း၍ အရေးယူပေးရန် တင်ပြခြင်း ကိစ္စ
   

ရာထူး တိုးမြှင့်ရေးအတွက် သတ်မှတ် လုပ်သက်နှင့် ကိုက်ညီ သည့် အချိန်တွင် လက်ထောက် စာကြည့်တိုက်မှူး ရာထူး တိုးမြှင့် ပေးရာ၌ ပါမောက္ခချုပ် တစ်ဦးတည်း၏ သဘောဖြင့် ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ အဖွဲ့ဖြင့် အဆင့်ဆင့် စိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

၉။အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေ သည့် ဝန်ထမ်းများ၏ အချိန်ပို ဆင်းခိုင်းခြင်း လျော့ချပေးရန်နှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များ အား မျှတစွာ ဆောင်ရွက်  ပေးရန်  တင်ပြခြင်း ကိစ္စ
   

ဝန်ထမ်းအားလုံး သတ်မှတ်ရုံးချိန် အတိုင်း နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ ရုံးလုပ်ငန်း များကို နေ့စဉ် ပုံမှန်ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းလိုအပ်ချက်အရ အရေးပေါ် ဆောင်ရွက် ရန် လိုအပ်ပါက အခါအားလျှော်စွာ အချိန် ပိုဆင်း ဆောင်ရွက်ရာ တွင်လည်း ဝန်ထမ်း ကြို/ပို့ မော်တော်ယာဉ် များ စနစ်တကျ စီစဉ် ဆောင်ရွက်ကြောင်း၊ ရုံးလုပ်ငန်းနှင့် အခြား လုပ်ငန်းများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲ (၅) ကြိမ်နှင့် သင်တန်း (၆) ကြိမ် ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံခြားသို့ မသွားရောက်ရသေး သူများကို ဦးစားပေးရွေးချယ်ပြီး နယ်ဝန်ထမ်း များကို ပိုမို ရွေးချယ် စေလွှတ်ကြောင်း သိရှိရသည်။

၁၀။သံဃာ့ အဖွဲ့အစည်းဆိုင်ရာ (၂၀/၉၀) ဥပဒေအား ပယ်ဖျက် ရုပ်သိမ်းပေးရန် တင်ပြခြင်း ကိစ္စ
   

ကာယကံရှင် အနေဖြင့် ဖြစ်စဉ်နှင့် ဆောင်ရွက် နေမှု အခြေအနေများကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့သို့ ထပ်မံ ရှင်းလင်း လျှောက်ထားစေရေး ပြည်နယ် သာသနာ ရေးမှူးမှ တဆင့် သက်ဆိုင်ရာ တိုင်ကြားသူ ဆရာတော် ထံ လျှောက်ထား သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၁၁။အားကစားဝန်ကြီးဌာနမှ ခေါ်ယူခန့်အပ် ထားသော ဆက်သွယ် ဆက်ဆံရေး အရာရှိများ ထောက်ပံ့ကြေး မရရှိကြောင်း တင်ပြခြင်း ကိစ္စ
   

ဆက်သွယ်ဆက်ဆံရေး လူငယ် လုပ်အားပေး ဝန်ထမ်းများအား ၎င်းတို့ သဘောတူညီချက်အရ အငယ်တန်းစာရေးနှင့် လစာ နှုန်းတူ နေရာ များတွင် အမြဲတမ်း ဝန်ထမ်းအဖြစ် ၂၀၁၂ ခုနှစ်၊ ဧပြီလမှစ၍ ခန့်ထားခဲ့ပြီး အားကစား ဝန်ကြီးဌာန ဝန်ထမ်းများနည်းတူ ထောက်ပံ့ကြေး (၁) လလျှင် ငွေ ကျပ် (၁၈၀၀၀ိ/-) နှုန်းဖြင့် (၁၂/၂၀၁၂) လမှ စ၍ ပေးခဲ့ကြောင်း သိရှိရသည်။

၁၂။ကိုယ့်အား ကိုယ်ကိုး မူလ တန်းကြိုကျောင်း ဖျက်သိမ်းခဲ့ ပြီး ကျောင်းမြေ ရောင်းချမှု ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

ရပ်ရွာလူထုသည် မူကြိုကျောင်း အဟောင်းကို မပြုပြင်နိုင်တော့၍ ကျောင်းကော်မတီ၏ အစည်း အဝေး ဆုံးဖြတ်ချက်အရ ၈-၁-၂၀၁၁ ရက်နေ့ တွင် ကျောင်းမြေကို ကာလ ပေါက်ဈေးဖြင့် ရောင်းချပြီး ရောင်းရငွေ ကျပ် သိန်း (၁၁၀) ကို ပရိယတ္တိ ဓမ္မ ဗိမာန်တော်ကြီး ဆောက်လုပ်ရန် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

၁၃။လက်ထောက်ဆရာဝန်များ ရွေးချယ် ခန့်ထားခြင်း ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

တိုင်ကြားသူ၏ သားဖြစ်သူသည် ရေးဖြေ စာမေးပွဲတွင် အင်္ဂလိပ်စာ ကျရှုံးခဲ့သဖြင့် Moderaion ဖြင့် လူတွေ့စစ်ဆေးမှုတွင် ပါဝင်လာ သော်လည်း ကျန်းမာရေးဝန်ကြီး ဌာနမှ အမှတ်ပေး ကိုယ်စားလှယ် မှ စိတ်တိုင်း မကျသဖြင့် အကျ ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြေဆိုသူများအနက် အနိမ့်ဆုံး အဆင့်ဖြင့် ရွေးချယ်ခြင်း ခံရသူ၏ ရမှတ်ထက် ပင် လျော့နည်း လျက် ရှိခြင်းကြောင်း အရွေးမခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

၁၄။တရားဝင် ပိုင်ဆိုင်သော ခြံမြေအတွင်းတွင် “ဌေးပိုင်” ကျောက်မျက် ကုမ္ပဏီမှ ကျောက်မျက် တူးဖော်နေ ခြင်း ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

တရားဝင် မြေပိုင်ဆိုင်ခွင့် မရှိသူက တရားဝင် ကျောက်မျက် တူးဖော်ခွင့် ရသူထံ လျော်ကြေး ငွေ ရယူလို၍ တိုင်ကြားခြင်း ဖြစ်ကြောင်း သိရှိရသည်။

၁၅။အဂတိ လိုက်စားနေသော ဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခချုပ်အား အရေးယူ ပေးရန်နှင့် မလိုအပ်ပဲ မိမိအား ပင်စင် ပေးခြင်းကို ပြန်လည် စစ်ဆေးပြီး မူလ စာရင်းကိုင် (၂) တာဝန် ဆက်လက် ထမ်းဆောင်ခွင့်ပြုပါရန် တင်ပြခြင်း ကိစ္စ
   

ဌာနဆိုင်ရာ (PE,DE) နှင့် စိစစ် အရေးယူခြင်း ဖြစ်ပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့၏ စီမံခန့်ခွဲရေး ကော်မတီသည် ဆေးတက္ကသိုလ် ၏ ဂုဏ်သိက္ခာ ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် ၎င်းအား မယူမနေရ ပင်စင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

၁၆။စက်ရုံများနှင့် လုပ်ငန်းများကို ပြည်သူပိုင် သိမ်းယူပြီး လျော်ကြေးငွေ မပေးခြင်းနှင့် ဘိုးဘွားပိုင်မြေ ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

တိုင်ကြားသူပိုင် မြေများအား (၁-က) မှတ်ပုံတင် စာရင်းတွင် အမည်ပြောင်းလဲ သတ်မှတ် ပေးရေး အား သက်ဆိုင်ရာ မြို့နယ် တရားရုံး၌ တရားစွဲဆို ဆောင်ရွက်၍ တရားရုံး၏ အမိန့် ဒီဂရီ၊ တရားမပုံစံ (၁၀၆) တို့ဖြင့် ဆက်လက် ဆောင်ရွက်သွားစေရန် သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ အကြောင်း ကြားထားပြီး ဖြစ်ကြောင်း၊ မြင်းခြံမြို့၊ အမှတ် (၁၅) ရပ်ကွက်၊ မိတ္ထီလာလမ်းရှိ ပြည်သူပိုင် သိမ်းယူခဲ့သော ရွှေခြံ ရေခဲ စက်၊ ရွှေခြံ ဒန်သတ္တု လုပ်ငန်း စက်ရုံစသည့် လုပ်ငန်း ကိစ္စနှင့် စပ်လျဉ်း၍ စိစစ် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

၁၇။မွန်ပြည်နယ် ကွန်ပျူတာအသင်း ဖွဲ့စည်း နိုင်ရေး ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

လုပ်ထုံးလုပ်နည်း နှင့်အညီ ရေးဆွဲဖွဲ့စည်း တင်ပြစေရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန သို့ တင်ပြစာ လွှဲပြောင်းပေးပို့ပြီး ဖြစ်ကြောင်း သိရှိရသည်။

၁၈။မောင်းမကန် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေသဖြင့် စုံစမ်းဖော်ထုတ်ပေးရန် တင်ပြခြင်း ကိစ္စ
   

ရဲတပ်ကြပ်ကြီး ပျောက်ဆုံး နေမှုနှင့် ပတ်သက်၍ စုံစမ်း ရှာဖွေခဲ့ရာတွင် လူသတ်မှု ဖြစ်နိုင် သည့် သဲလွန်စ အထောက် အထား မတွေ့ရှိရခြင်း၊ အလောင်း တွေ့ရှိမှု မရှိခြင်း၊ သေဆုံး သည် ဟု တထစ်ချ မှတ်ယူ၍ မရနိုင်ခြင်း တို့ကြောင့် မောင်းမကန် ရဲစခန်းမှ လူပျောက်အမှတ်စဉ် (၁/၂၀၁၂) ဖြင့် အမှုဖွင့် စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

၁၉။ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် မြတ်ကြီးပေါ်တွင် (၈၈) ကျောင်းသား အတုများ အုပ်စုဖွဲ့ ရမ်းကားနေခြင်း ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

ဈေးသူ ဈေးသားများအား ထိခိုက် နှောက်ယှက်သော အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ် များအား တရားဥပဒေ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ကြီးကြပ် ကွပ်ကဲ ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀။မိတ္ထီလာ အထူးတပ်ဆွယ်တွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်သား မှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်း ကိစ္စ
   

၁၁-၁၂-၂၀၁၂ ရက်နေ့မှစ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နုတ်ထွက် ခွင့်ပြုပြီး ဖြစ်ကြောင်း သိရှိ ရသည်။

၂၁။တက္ကသိုလ်ဘွဲ့ရတစ်ဦး၏ ဘာသာရပ် အခေါ်အဝေါ် မတူညီမှု ကြောင့် အခွင့်အရေး ဆုံးရှုံးနေရခြင်းနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာဖြင့် ကြော်ငြာခေါ်ယူရန် ပညာ အရည်အချင်း ကို ကွန်ပျူတာ သိပ္ပံဘွဲ့ B.C.Sc/ M.C.Sc ဟူ၍ အတိအကျ ဖော်ပြ သတ်မှတ် ထားသဖြင့် တိုင်ကြားသူ ၏ လျှောက်လွှာတွင် ပညာအရည် အချင်း၌ သိပ္ပံဘွဲ့ (ကွန်ပျူတာ သိပ္ပံ) B.Sc (CS) ဟူ၍ ဖော်ပြ ထားသဖြင့် ဘွဲ့အခေါ်အဝေါ် ကွဲလွဲနေမှုကြောင့် ၎င်း၏ လျှောက်လွှာကို လက်ခံနိုင်ခြင်း မရှိဟု ပြန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၂။မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ရုံးမှ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ်-၁၄/၂၀၁၂ ဖြင့် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့မှုအား ပြန်လည် စစ်ဆေး ပေးရန် တင်ပြခြင်း ကိစ္စ
   

တရားရုံးတစ်ရုံး၏ စီရင် ဆုံးဖြတ် ချက်သည် ဥပဒေအရ မှန်ကန် ခြင်း ရှိ/မရှိကို ၎င်း၏ အထက် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ပိုမိုကျယ်ပြန့်စွာ ဆင်ခြင် သုံးသပ်၍ ဆုံးဖြတ် စီရင်ထားခြင်း သာ ဖြစ်ကြောင်း သိရှိရသည်။

၂၃။ဆည်ရေသောက် လယ်မြေပေါ်တွင် ကျူးကျော် ဘုန်းကြီးကျောင်း တည်ဆောက် နေမှုကို ဖျက်သိမ်းပေးပါရန် ကိစ္စနှင့် ပတ်သက်၍ တင်ပြခြင်း ကိစ္စ
   

တိုင်ကြားမှုနှင့် ပတ်သက်၍ စိစစ် မေးမြန်းရာတွင် ဆည်ရေသွင်း ရာတွင် အခက်အခဲ မရှိကြောင်း နှင့် ကျောင်းသစ် ဖြစ်ပေါ်လာ ပါက စိတ်ဝမ်းကွဲမည်စိုး၍ တိုင်ကြားခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၄။အမှန်တကယ် ဝယ်ယူထားသူများ နစ်နာ နေခြင်းအပေါ်  အရေးယူ ဆောင်ရွက်ပေးရန် တင်ပြခြင်း ကိစ္စ
   

ဂရန်များကို မျက်ကွယ်ပြုခြင်း မဟုတ်ဘဲ ၁၉၉၃-၉၄ ဂရန် ပေးရေး စီမံချက် ကာလ မမှန် ကန်သော နည်းလမ်းဖြင့် ရယူသွားသည့် ဂရန် များကို လုပ်ထုံးလုပ်နည်း နှင့်အညီ စိစစ်ပြီး ပယ်ဖျက်ခြင်း၊ မြေပေါ်တွင် အမှန် တကယ် လက်ရှိ နေထိုင်ပြီး မူလကပင် ဂရန် ရထိုက်ခွင့် ရှိသော နစ်နာသူများအား ဂရန် ထုတ်ပေးခဲ့ခြင်း သာ ဖြစ်ကြောင်း သိရှိရသည်။

၂၅။ရေလုပ်ငန်း လုပ်ပိုင်ခွင့် လေလံ ချထားပေးရာတွင် မှန်ကန်မှု မရှိသည့်အပြင် ထောင်ကျ အကျဉ်းသားအား ထောင်ပြင် ထုတ်၍ လေလံဆွဲခွင့်ပြုခဲ့ခြင်းအား အရေးယူ ပေးရန် တင်ပြခြင်း ကိစ္စ
   

တိုင်ကြားသူသည် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် နစ်နာမှုများ အပေါ် အခြေခံ၍ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ တရားရုံးနှင့် အကျဉ်းဦးစီးဌာန တို့၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်မှု မရှိ၍ ထင်မြင်ချက် လွဲမှားစွာ တိုင်ကြားခဲ့ခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

မှတ်ချက်။        တိုင်ကြားသူများထံသို့ အီးမေးလ်ဖြင့် သီးခြားစီ ပြန်လည်အကြောင်းကြားပြီး ဖြစ်သည်။


 www.MyanmarExpress.net
 

3 comments:

မဂ်လာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂လမ်း အတွင်း မြေညီထပ်များ ဖြစ်သော အမှတ် ၇၁ ၇၂ မှကုန်ပစ္စည်းများလမ်းပိတ်ဆို့ကာအရောင်းအဝယ်ပြုလုပ်နေပါသဖြင့်စည်ပင်သာယာအုပ်ချူပ်ရေးမှုးထံအကြိမ်ကြမ်တိုင်ကြားပါသော်လည်းအရေးယူဆောင်ရွက်မှုမရှိသည့်အပြင်ပိုမိုဆိုးရွားလာပါသည် သို့ဖြစ်ပါ၍မည်သည့်ဖုန်းနံပါတ်အားခေါ်ဆိုတိုင်တန်းရမည်ကိုသိလိုပါသည် တိတိကျကျအရေးယူဆောင်ရွက်ပေးစေလိုပါသည်

မဂ်လာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂လမ်း အတွင်း မြေညီထပ်များ ဖြစ်သော အမှတ် ၇၁ ၇၂ မှကုန်ပစ္စည်းများလမ်းပိတ်ဆို့ကာအရောင်းအဝယ်ပြုလုပ်နေပါသဖြင့်စည်ပင်သာယာအုပ်ချူပ်ရေးမှုးထံအကြိမ်ကြမ်တိုင်ကြားပါသော်လည်းအရေးယူဆောင်ရွက်မှုမရှိသည့်အပြင်ပိုမိုဆိုးရွားလာပါသည် သို့ဖြစ်ပါ၍မည်သည့်ဖုန်းနံပါတ်အားခေါ်ဆိုတိုင်တန်းရမည်ကိုသိလိုပါသည် တိတိကျကျအရေးယူဆောင်ရွက်ပေးစေလိုပါသည်

မဂ်လာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် ၁၂၂လမ်း အတွင်း မြေညီထပ်များ ဖြစ်သော အမှတ် ၇၁ ၇၂ မှကုန်ပစ္စည်းများလမ်းပိတ်ဆို့ကာအရောင်းအဝယ်ပြုလုပ်နေပါသဖြင့်စည်ပင်သာယာအုပ်ချူပ်ရေးမှုးထံအကြိမ်ကြမ်တိုင်ကြားပါသော်လည်းအရေးယူဆောင်ရွက်မှုမရှိသည့်အပြင်ပိုမိုဆိုးရွားလာပါသည် သို့ဖြစ်ပါ၍မည်သည့်ဖုန်းနံပါတ်အားခေါ်ဆိုတိုင်တန်းရမည်ကိုသိလိုပါသည် တိတိကျကျအရေးယူဆောင်ရွက်ပေးစေလိုပါသည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်