Subscribe to our RSS Feed

ဒေါ်လာ ၅ သန်းဖြင့် လေလံတင်သည့် မြန်မာနိုင်ငံမှ ငဇင်ကာ၏ အမှတ်အသားတံဆိပ်

From : http://www.oppositeyes.info/2013/02/blog-post_8390.html


မြန်မာပြည်သို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ပေါ်တူဂီလူမျိုး ငဇင်ကာ စီးနင်းလာသည့် သင်္ဘောအား မြန်မာ လူမျိုး များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့စဉ် နစ်မြုပ်ခဲ့သော သင်္ဘော၏ အမှတ်အသားတံဆိပ်ဖြစ်ပါသည်။ ၁၈၆၈ ခုနှစ်ခန့်တွင် နစ်မြုတ်ခဲ့ခြင်းဖြစ်ပါသည်။ ရှေးဟောင်းပစ္စည်းစုဆောင်လိုသူများ အကြိုက်တွေ့ေ စမည့် အဖိုးတန်ပစ္စည်းဖြစ်ပါသည်။ လက်ရှိပေးနေသောဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄.၂ သန်းဖြစ် သဖြင့် လက်မလွှတ် သင့်သည့် အခွင့်အရေးဖြစ်ပါသည်။ စိတ်ဝင်စား သူရှိပါက အသေးစိတ် ဓာတ်ပုံနှင့် မူဗီပါ ပို့ပေးပါမည်။ လေ့လာရန် ဒီကို နှိပ်ပြီး သွားပါ။



 www.MyanmarExpress.net

5 comments:

ME ရေ...

ဝေဖန်တာတော့ မဟုတ်ပါဘူး။ လွဲနေတာလေးတော့ နည်းနည်း ပြင်ပေးပါရစေ။

ငဇင်ကာရဲ့ သင်္ဘော ၁၈၆၈ မှာ နစ်မြုပ်ခဲ့တယ်လို့ ရေးထား တာလေးကို ထောက်ပြ ချင်တာပါ။( ဆောင်းပါးမှာ ပါတဲ့ တံဆိပ်က ငဇင်ကာရဲ့ သင်္ဘောက တံဆိပ် ဟုတ်/မဟုတ် ကတော့ သမိုင်းပညာရှင်တွေ ဆုံးဖြတ် ပေးနိုင်ပါလိမ့်မယ်)

ငဇင်ကာရဲ့ အကြောင်း ပြောဘို့ဆိုရင် သမိုင်းကြောင်းလေး နဲ့ ပြောမှ ပြည့်စုံ ပါလိမ့်မယ်။ ဘုရင့်နောင် မင်းတရားကြီး နောက် ဆက်ခံတဲ့ နန္ဒဘုရင် လက်ထက်မှာ ပဲခူးဟံသာဝတီ နေပြည်တော်ကြီး ပျက်သုဉ်းခဲ့ရပါတယ်။ သူတလူ ငါတမင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည် ထူထောင်ဘို့ ညောင်ရမ်းမြို့စားဟာ အင်းဝကို ဗဟိုပြုပြီး ပြန်လည် စည်းရုံး ခဲ့ပါတယ်။( ညောင်ရမ်းမြို့စား ဟာ ဘုရင့်နောင် မင်းတရားကြီးနဲ့ မိဖုရား ခင်ပြည့်စုံက မွေးဖွားတဲ့ သားတော် ရှင်သစ္စာပါ။) ၁၆၀၀ ပြည့်နှစ်မှာ မဟာသီဟသူရ ဘွဲ့နဲ့ နန်းတက်လာပြီး ညောင်ရမ်းမင်းဆက်ကို ပြန်လည် ထူထောင် နိုင်ခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်း လှည့်လည် စည်းရုံးရင်း နန်းစံသက်(၆) နှစ် အရမှာ နတ်ရွာစံ ခဲ့ပါတယ်။

ညောင်ရမ်းမင်းကို ဆက်ခံတဲ့ သားတော် မဟာဓမ္မရာဇာ( အနောက်ဘက်လွန်မင်း) လက်ထက်မှာ မြန်မာတို့က ငဇင်ကာ..လို့ ခေါ်ကြတဲ့ ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို အရေးကိစ္စ ပေါ်ပေါက် လာတာပါ။ ငဇင်ကာက အလွန်အကြံ ကြီးပါတယ်။ သူ့ကို အစောင့်အနေအဖြစ် တာဝန် ပေးထားတဲ့ သံလျင်မြို့ကို အခိုင်အလုံ ပိတ်ပြီး မြန်မာဘုရင်ကို အာခံဘို့ ကြိုးစား ခဲ့ပါတယ်။ ဂိုအားမြို့မှာ ရှိတဲ့ ပေါ်တူဂီဘုရင်ခံချုပ် ကလည်း ငဇင်ကာကို သူ့သမီးနဲ့ ပေးစားပြီး လူသူ လက်နက် ခဲယမ်း၊ စစ်သင်္ဘော...စတာတွေ ထောက်ပံ့ပေးပြီး မြန်မာပြည် နယ်ချဲ့ရေး တွန်းအားပေး ခဲ့ပါတယ်။

အကြံကြီးတဲ့ ငဇင်ကာက (အဲဒီအချိန်က မြန်မာပြည် အောက်ပိုင်းမှာ အင်အားကြီးနေတဲ့) မုတ္တမစား ဗညားဒလ ရဲ့ သမီးတော်နဲ့ သူ့မယားကြီးက မွေးထားတဲ့ သားဖြစ်သူ ဆိုင်မွန်ကို ပေးစားပြီး ခမည်းခမက်တော်လို့ မဟာမိတ်ပြု ခဲ့ပါတယ်။ စိတ်ချရတဲ့ အနေအထား ရောက်ပြီလို့ ယူဆတာနဲ့ ငဇင်ကာဟာ စေတီပုထိုးတွေက ဌာပနာတွေ ဖောက်ယူ၊ ကြေးဆင်းတု ကြေးခေါင်းလောင်း တွေကို အရည်ကြိုပြီး အမြောက် သွန်းလုပ်ပါတယ်။ တစ်ဖက်က လည်း နိုင်ငံခြား သင်္ဘောတွေအားလုံး သံလျင်ဆိပ်ကမ်း မှာ ဆိုက်ကပ်စေပြီး အခွန်အတုပ်တွေ ကောက်ယူလို့ စီးပွားရေး တောင့်တင်းအောင် စီမံပါတယ်။

ဒီလို မိစ္ဆာဒိဌိတွေရဲ့ လက်အောက်မှာ မြန်မာအမျိုးသားတွေ သိမ်ငယ် နိမ့်ကျနေရတဲ့ ဒုက္ခဆင်းရဲ ပေါင်းစုံကို မကြည့်ရက် နိုင်တဲ့ အနောက်ဘက်လွန်မင်း တရားကြီး ဟာ မွန်၊ ဗမာ၊ ရခိုင်တပ်တွေကို စုစည်းပြီး ခရစ်နှစ် ၁၆၁၃ မှာ သံလျင်ကို တိုက်ခိုက် သိမ်းပိုက်လို့ ကျူးကျော်သူ ပေါ်တူဂီတို့အား အမြစ်ပြတ် ချေမှုန်း နိုင်ခဲ့ပါတယ်။ ငဇင်ကာနဲ့အတူ အမျိုးသား သစ္စာဖောက် ရတုဘုရင် နတ်သျှင်နောင်ကိုပါ သံလျင်မြို့လယ်ခေါင်မှာ တံကျင်လျှို ကွပ်မျက် ခဲ့ပါတယ်။ နတ်သျှင်နောင်ရဲ့ အုတ်ဂူကတော့ ယခုချိန်ထိ သံလျင်ကျိုက်ခေါက် စေတီတော်မြတ်ကြီးရဲ့ ကုန်းတော် အောက်ခြေ တစ်နေရာမှာ ရှိနေပါသေးတယ်။

သမိုင်းအမှန်နဲ့ ခုနှစ်သက္ကရာဇ် အမှန်ကို ဖတ်ရှုသူအားလုံး သိစေချင်တဲ့ စေတနာ အရင်းခံဖြင့် တင်ပြရခြင်း ဖြစ်ပါတယ် ခင်ဗျား။

လေးစားစွာဖြင့်

မောင်မှန်

MEG n shwe than lwin kyar win must buy it.

Myanmar Express ရေ..။ ဒီသတင်းကို အွန်လိုင်းမှာ အရင်ဆုံး တင်တယ်လို့ ထင်ရတဲ့ OppositEye မှာ ဝေဖန်ထားတဲ့ ကျွန်တော့်ရဲ့ ကော်မန့်ကို ကျွန်တော် ပြန်ကူးပေးလိုက်တယ်။ အောက်ပါ အတိုင်းပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

OppositEye ရေ..။ အရင်ဆုံး ဒီသတင်းကို လုံးဝမှားနေတယ်လို့ ကျွန်တော် ပြောချင်တယ်။ သို့သော်လည်း ၊ ဒီသတင်း ရဲ့ စာသားထဲက 1868 ခုနှစ် လို့ သက္ကရာဇ်လေး မှားပြီးရေးမိတဲ့အကြောင်းလောက်ကို ပြောနေမှာတော့ မဟုတ်ဘူး။ ( ငဇင်ကာက 1566 မှာ ပေါ်တူဂီမှာ မွေးတယ်။ 1613 မှာ မြန်မာပြည်မှာ သေဆုံးတယ်။ ) ကျွန်တော် အဓိက ပြောချင်တာကတော့ ဒီသတင်း ဓာတ်ပုံထဲက တံဆိပ်ပြားဟာ ငဇင်ကာနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ အကြောင်းပဲ။ ဒီတံဆိပ်ပြားဟာ သမိုင်း ပညာရှင်တွေကိုယ်တိုင် ငဇင်ကာ ရဲ့ ပစ္စည်း အစစ် ဟုတ်/မဟုတ် ဆိုတာ ဆုံးဖြတ် နေစရာလည်း မလိုဘူး။ တံဆိပ်ပြားထဲက စာတွေကို ဖတ်ကြည့်တာနဲ့ သိနိုင်တယ်။

ဓာတ်ပုံထဲက တံဆိပ်ပြားမှာ စာလုံးအချို့ကို ဖတ်ကြည့်လို့ရတယ်။ အားလုံးကိုတော့ သေသေချာချာ မမြင်ရဘူး။ ဖတ်လို့ရသလောက် စာလုံးတွေနဲ့ပဲ ကျွန်တော်ပြောမယ်။ အောက်ပါ စာလုံးတွေလောက်ပဲ မြင်သာအောင် ဖတ်လို့ရတယ်။

(1) WINDLASS ( အပေါ်ဆုံးစာတန်းရဲ့ နောက်ဆုံးစာလုံး )
(2) DUMBARTON ( ဒီဇိုင်းရုပ်ပုံရဲ့ အောက်က ကပ်ရပ် စာလုံး။ ဒါပေမယ့် ဒီစာလုံးပေါင်းက သိပ်မသေချာဘူး ၊ ပုံထဲမှာလည်း သိပ် ဝေဝါးနေတယ် )
(3) 1868 ( အောက်ဆုံးကစာတန်းရဲ့ အပေါ်က စာလုံး )
(4) PATENTEES MAKER ( အောက်ဆုံး စာတန်း )

နံပါတ်(1) >>> WINDLASS ဆိုတဲ့ စကားလုံးက အစရှေးတုန်းက - လေးလံတဲ့ အရာဝတ္ထုတွေကို သယ်မဖို့ အသုံးပြုတဲ့ ကိရိယာတွေ ခေါ်ခဲ့ကြတာ ဖြစ်တယ်။ WINDLASS ဆိုတဲ့ အထဲမှာ ရွှေတူးသမားတွေ ၊ သင်္ဘောသားတွေက ကြိုးတွေ ၊ စက်သီးတွေ ၊ ဒလက်တွေနဲ့ လူအင်အားပေါင်းပြီး သုံးခဲ့တဲ့ ကိရိယာတွေလည်း အပါအဝင် ဖြစ်တယ်။ သင်္ဘော နယ်ပယ်မှာ သုံးတဲ့ WINDLASS ဆိုတာကတော့ သင်္ဘောကျောက်ဆူး လို အလေးချိန်စီးတဲ့ အရာဝတ္ထုတွေကို ဆွဲမတင်ယူရာတွေမှာရယ် ၊ သင်္ဘောကမ်းကပ်ရင် ကြိုးချည်တဲ့နေရာမှာရယ် သုံးတဲ့ ကိရိယာ ဖြစ်တယ်။ အခုခေတ်မှာ WINDLASS ဟာ လူအားသက်သက် မဟုတ်တော့ဘဲ စွမ်းအင်
( ဟိုက်ဒရောလစ် ၊ လျှပ်စစ် စသဖြင့် ) နဲ့ လည်ပတ်ပြီး သုံးကြတဲ့ ပစ္စည်းကိရိယာတွေ အဖြစ် တိုးတက်လာတယ်။

နံပါတ် (2) >>> DUMBARTON ဆိုတဲ့ စာလုံးကတော့ ဖတ်လို့ရပေမယ်လို့ တော်တော်လေး ဝေဝေဝါးဝါး ဖြစ်နေတယ်။ အဲဒီစာလုံးပေါင်း အတိုင်း အမှန်ပဲ ဆိုရင် ဒါဟာ စကော့တလန် ပြည်က မြို့တစ်မြို့ ရဲ့ နာမည်ဖြစ်တယ်။

နံပါတ် (3) >>>1868 ဆိုတာကတော့ ခုနှစ်သက္ကရာဇ်ပဲ ဖြစ်ဖို့များတယ်။

နံပါတ် (4) >>> PATENTEES MAKER ဆိုတာက မူပိုင်ပစ္စည်းကိရိယာကို မှတ်ပုံတင်ပြီး ထုတ်လုပ်သူကို ဆိုလိုတယ်။

ဒီတော့ ၊ မှတ်ချက်ချမယ် ဆိုရင် ဒီဓာတ်ပုံထဲက တံဆိပ်ပြားဟာ 1868 ခုနှစ် ၊ စကော့တလန်ပြည် DUMBARTON မြို့မှာ ထုတ်လုပ်ခဲ့တဲ့ WINDLASS လို့ခေါ်တဲ့ သင်္ဘော ကျောက်ဆူး နဲ့ ကြိုးချည်ရာမှာ သုံးတဲ့ ကိရိယာ (သို့မဟုတ် ) အလားတူ ဝန်ချီတဲ့ စက်ကိရိယာ တစ်ခုခုမှာ တပ်ဆင်ထားတဲ့ မူပိုင်ပစ္စည်းမှတ်ပုံတင် အမှတ်အသား တံဆိပ်ပြားတစ်ခုလို့ဆိုနိုင်တယ်။

ဝေဝေဝါးဝါးနဲ့ သိပ်မထင်မရှား ဖြစ်နေတဲ့ DUMBARTON ဆိုတဲ့ စာလုံးကို မယူဘဲ ဘေးဖယ်ထားပြီး အဓိပ္ပါယ်ကောက်မယ် ဆိုရင်တောင် ၊ ဒီ WINDLASS ဆိုတဲ့ ပစ္စည်းဟာ 1868 ခုနှစ်မှာ ထုတ်လုပ်တဲ့ စက်ပစ္စည်းကိရိယာ တစ်ခုရဲ့ မူပိုင်ပစ္စည်း မှတ်ပုံတင် အမှတ်အသား တံဆိပ်ပြား တစ်ခုဆိုတာတော့ ကောက်ချက်ချလို့ရတယ်။ မူပိုင်ပစ္စည်း အနေနဲ့ မှတ်ပုံတင်ပြီး ထုတ်လုပ်ပါတယ်လို့ ဆိုထားမှတော့ ငဇင်ကာတို့ ခေတ်က မြန်မာပြည်မှာ အသုံးပြုခဲ့တဲ့ ပစ္စည်းကိရိယာတော့ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် တံဆိပ်ပြားမှာပါတဲ့ 1868 ဆိုတာကလည်း အဲဒီ WINDLASS ဆိုတာကို ထုတ်လုပ်တဲ့ ခုနှစ် သက္ကရာဇ်ဖြစ်ဖို့ လုံးဝသေချာနေတယ်။ ငဇင်ကာ သက်ရှိထင်ရှား ရှိခဲ့တဲ့ ခေတ်ကာလနဲ့ ဘာမှ မဆိုင်ဘူး။

ဒီတော့ ဒီပစ္စည်းဟာ သင်္ဘောသုံးပစ္စည်း ကိရိယာတစ်ခုရဲ့ ပစ္စည်းတံဆိပ် အမှတ်အသား တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆနိုင်စရာရှိပေမယ့် ၊ 1613 ခုနှစ်မှာ သေဆုံးခဲ့တဲ့ ငဇင်ကာ ရဲ့ သင်္ဘောက ပစ္စည်း တစ်ခုဆိုတာတော့ ဘယ်လိုမှ ဆက်စပ်ဖို့မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ ဒီသတင်းကို ပိုပြီး ပြည့်စုံအောင် တင်ပေးနိုင်မယ်ဆိုရင် ကောင်းပါလိမ့်တယ်။ အခု ကောက်ချက်ချကြည့်တာကတော့ ငဇင်ကာနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ ( အင် ) ပစ္စည်း တစ်ခုသာ ဖြစ်နေတယ်။ ခင်ဗျားတို့ OppositEye က လုပ်ကြံဖန်တီးထားတဲ့ သတင်းတစ်ခု မဟုတ်ဘူးဆိုတာ အာမခံနိုင်တယ်ဆိုရင် အခုထက်ပိုပြီး ပြည့်စုံခိုင်လုံတဲ့ အချက်အလက်တွေနဲ့ ထပ်ပြီး ဖော်ပြဖို့ကောင်းတယ်။ တကယ်လို့ သမိုင်း ပညာရှင်တွေက ဒါဟာ ငဇင်ကာရဲ့ပစ္စည်း အစစ်ပါလို့ လူသိရှင်ကြား ဆုံးဖြတ်ခဲ့ရင်တော့ ကျွန်တော် ကောက်ချက်ချမိတာ မှားကြောင်း လာပြီး ဝန်ခံပါမယ်။ ဒါပေမယ့် အခု အဆုံးစွန်ထိ တွေးကြည့်ရသလောက်တော့ ဒါက OppositEye ရဲ့ ရွှေဥာဏ်တော် စူးရောက်ပြီး ဆူလွယ်နပ်လွယ် လုပ်ကြံဖန်တီးထားတဲ့ “ငဇင်ကာ ရဲ့ရှေးဟောင်း ပစ္စည်း” လို့ အမည်တပ်ပြီးပြီး ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ပေါက်တတ်ကရ သတင်းတစ်ခုလို့ပဲ ဝေဖန်ချင်တယ်။

ငဇင်ကာ ရဲ့ ရှေးဟောင်း ပစ္စည်း မဟုတ်မှန်း ပိုသေချာ သွားတဲ့ အချက်ကို ရှာတွေ့လို့ ဒီနေ့ပဲ OppositEye မှာ ကော်မန့် အသစ် ရေးပြီး တင်လိုက်တယ်။ ဒီမှာ ပြန်ကူးပေးလိုက်တယ်။ အောက်ပါအတိုင်းပေါ့။

>>>>>>>>>>>>>>>>>>>>>>>>>>

OppositEye ဆိုတဲ့ ရွှေဥာဏ်တော် စူးရောက်တဲ့ စစ်သား ပညာရှိ လဒူများရေ..။

ငဇင်ကာ ရဲ့ သင်္ဘောက အမှတ်အသား တံဆိပ်ပြားပါလို့ ခင်ဗျားတို့ ဖောရှော အင်ထုထားကို သက်သေပြနိုင်မယ့် အချက်ကို အခု ကျွန်တော် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ဒီ တံဆိပ်ပြားပေါ်က စာသား အားလုံးကို အနည်းငယ် သေချာအောင် ဖတ်ရင် အောက်ပါ အတိုင်းတွေ့ရပါမယ်။

PATENT STEAM WINDLASS
MATTHEW PAUL & CO
DUMBARTON
1868
PATENEES MAKER

ဒီစာတွေကို ဖတ်ကြည့်ရင် ရေနွေးငွေ့စွမ်းအားသုံး သင်္ဘော စက်ပစ္စည်း တစ်ခုကို (DUMBARTON) မြို့ မှာ ( MATTHEW PAUL & CO ) ဆိုတဲ့ ကုမ္ပဏီက မူပိုင်ထုတ်လုပ်ခဲ့ ဆိုတာထင်ရှားပါတယ်။ အဲဒီ ကုမ္ပဏီက ၁၉ ရာစု ရဲ့ နောက်ပိုင်းကာလလောက်မှ စက်ကိရိယာတွေကို ထုတ်လုပ်တာဖြစ်တယ်။ အောက်က ပေးထားတဲ့ Link မှာ ( MATTHEW PAUL & CO ) ဆိုတဲ့ စက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ဟာ ( DUMBARTON ) မြို့မှာ တကယ်ရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီ တံဆိပ်ပြားကြီးကို တကယ်ပဲ ဒေါ်လာ ငါးသန်းလောက်နဲ့ လေလံတင် သလားတော့ မသိပါ။ မည်သို့ပင်ဆိုစေကာမူ ၊ ခင်ဗျားတို့ OppositEye ရဲ့ စောက်သုံးမကျတဲ့ ဦးနှောက်နဲ့ ပေါ်တူဂီကောင် ငဇင်ကာကို မဆီမဆိုင် ဆွဲထည့်ပြီး သတင်းတစ်ခု လုပ်လိုက်တာကို အလွန်ပဲ လေးစားကြောင်း ပြောပါရစေ။

http://www.gracesguide.co.uk/File:Im189806Cass-Paul.jpg

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်