Subscribe to our RSS Feed

မတ်လမှစ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ယာဉ်များ မန္တလေး၌ အရေးယူတော့မည်

From :Myit Makha Mediagroup



လာမည့်မတ်လမှစ၍ မန္တလေးမြိုလမ်းမများပေါ်မှ  ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ဥပဒေအတိုင်း အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။
 
ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာဦးစီးဌာနတို့ ပူးပေါင်းကာ ချမှတ်ထားသည့် စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ယာဉ်စည်ကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သိရှိရသည်။
 
လက်ရှိယာဉ်စည်းကမ်းဥပဒေဖောက်ဖျက်သော ဖြူနီမျဉ်းကြားတွင် ရပ်ထားသည့် ကားများ၊ မီးနီဖြတ်မောင်း သည့်ယာဉ်များ နှင့် မ၀င်ရနေရာများတွင် ၀င်ရောက်လာသည့် ကုန်တင်ယာဉ်ကြီးများအား အဓိကထား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
 
ကားတွေက စည်းကမ်းမဲ့ရပ်နားတာတွေ များလာတယ်။ ၈၄လမ်းမပေါ် ဈေးချိုအနီး တစ်ဝိုက် နဲ့ ၇၈လမ်းလမ်း မကြီးတွေပေါ်မှာ အဆိုးဆုံးပဲ။ ကားတွေ စည်းကမ်းမဲ့ လမ်းပေါ်မှာရပ်လာတော့ လမ်းပိတ်ဆို့မှုတွေခဏခဏဖြစ်တယ်။သက်ဆိုင်ရာက ထိထိရောက်ရောက်အရေးယူမှုတွေ စတင်လာတော့မယ်ဆိုတော့အရမ်းကောင်းပါတယ်" ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
 
စည်းကမ်းမဲ့ယာဉ်များအား ထိန်းသိမ်းရေးယာဉ်အကြီးနှင့် တင်ဆောင်ခေါ်ယူ၍ ယာဉ်စည်းကမ်းဖောက်ဖျက်မှု ဥပဒေအရ ဖမ်းဆီးဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း ထိုသိုဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနတို့ ပူးပေါင်း၍ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။
 
အရင်ကနဲ့မတူဘူး မန္တလေးမှာ လမ်းပိတ်ဆို့မှုတွေ ယာဉ်မတော်တဆ မှုတွေ မကြာခဏ ဖြစ်နေတယ်။ သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်မှုတွေ စတင်နေပါပြီ။ ဆိုင်ကယ်သွားလမ်း ဆို ဆိုင်ကယ်သွားလမ်း သူ့လမ်းနဲ့သူ သွားလို့ရအောင် ယာဉ်စဉ်းကမ်းသင်္ကေတတွေနဲ့ ပြထားတယ်။ လမ်းဆုံတွေမှာ အဆင့်မြင့်မီးပွိုင့်တွေ ၊ လုံခြုံရေးကင်မရာတွေပြောင်းလဲတပ်ဆင် ထားပါတယ်။
 
ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးကတာဝန်ရှိသူတွေ အားလုံး  ယာဉ်အန္တရယ်ကင်းစင်ရေး ယာဉ်တိုက်မှုပပျောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမှာပါ။ဟု တာဝန်ကျယာဉ်ထိန်းရဲ တစ်ဦးကပြောသည်။
  www.MyanmarExpress.net

4 comments:

ခု မွ ေ ရ း ယူ မွာ လား ။

အိတ်ဇော်ဖြုတ်ပေးတဲ့ဝပ်ရှော့နဲ့စီးနင်းမောင်းသူတွေကိုထိ ထိရောက်ရောက်အရေးယူအပြစ်ပေးပါ

စည်းကမ်းမဲ့ဆိုင် ကယ်တွေမပါဘူးလါး

without ကားတွေအရေးယူပေးပါ ဗျို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်